24 w - Translate

EXCLUSIVE: Pentagon leaker Jack Teixeira, who was sentenced to 15 years on federal charges for disclosing defense information, tells Linsey Davis he doesn't feel he betrayed his country and wouldn’t change what he did.
Read more: https://abcnews.link/XSBcb6t

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ နှစ်ဖက်တပ်များ ပြန်လည်ရုပ်သိမ်းရန် အိန္ဒိယနှင့် ပါကစ္စတန် သဘောတူ
စစ်ရေး ပဋိပက္ခများဖြစ်ပွားခဲ့စဉ် အင်အားဖြည့်တင်း ဖြန့်ကြက် ထားသော တပ်ဖွဲ့ဝင်များကို ယခုလကုန်တွင် ပြန်လည်ရုပ်သိမ်းရန် ပါကစ္စတန်နှင့် အိန္ဒိယတို့က သဘောတူထားကြောင်း ပါကစ္စတန် ထိပ်တန်းလုံခြုံရေးတာဝန်ရှိသူတစ်ဦးက မေ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား မေ ၇ ရက်တွင် စတင်ဖြစ်ပွားခဲ့သော လေးရက်ကြာ စစ်ရေးပဋိပက္ခများကြောင့် နှစ်ဖက်သေဆုံးသူ ၇ဝ ကျော်အထိရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ ဂျမူးနှင့်ကက်ရှ်မီးယားဒေသ၌ ဧပြီ ၂ ရက်တွင် ဖြစ်ပွားခဲ့သော လူပေါင်း ၂၆ ဦးသေဆုံးခဲ့ရသည့် အကြမ်းဖက်တိုက်ခိုက်မှုကိုအကြောင်းပြု၍ အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား လေးရက်ကြာ စစ်ရေးပဋိပက္ခများ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။
သို့ရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဖိအားပေးမှု ကြောင့် အိန္ဒိယနှင့်ပါကစ္စတန်တို့သည် မေ ၁ဝ ရက်တွင် အပစ်အခတ်ရပ်စဲခဲ့ရာ လက်ရှိအချိန်ထိ အပစ်အခတ်ရပ်စဲမှု ခိုင်မြဲနေဆဲဖြစ်သည်။
လက်ရှိအချိန်တွင် လေးရက်ကြာစစ်ရေး ပဋိပက္ခကာလအတွင်း အင်အားဖြည့်ဆည်း ဖြန့်ကြက်ထားသော နှစ်ဖက်တပ်ဖွဲ့ဝင်များကို ပဋိပက္ခမတိုင်ခင်ကာလ မူလတပ်စခန်းနေရာများသို့ ပြန်လည်ရုပ်သိမ်းရန် အိန္ဒိယနှင့်ပါကစ္စတန်တို့ကသဘောတူညီချက် ရယူထားကြောင်း ပါကစ္စတန်တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။
ရိုက်တာ

image

#နိုင်ငံတကာသတင်း
◼ထရမ့်၏ရွှေကွန်ချာကာကွယ်ရေးစနစ်သစ်တွင်ပူးပေါင်းရန်အမေရိကန်နှင့်ဆွေးနွေးနေကြာင်းကနေဒါပြော
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကကြေညာထားသော မျိုးဆက်သစ် ဝေဟင် ခြိမ်းခြောက်မှုများကို တန်ပြန်ရန် ရည်ရွယ်သည့် ‘ရွှေကွန်ချာ’ ဒုံးကျည်ကာကွယ်ရေးစနစ်သစ်တွင် ပူးပေါင်းပါဝင်ရန် ကနေဒါအစိုးရက အမေရိကန်နှင့်အဆင့်မြင့် ဆွေးနွေးမှုများလုပ်ဆောင်နေ‌ကြောင်းဝန်ကြီးချုပ်မာ့ခ်ကာနေးကပြောကြားသည်။
ဒုံးကျည်ကာကွယ်ရေးစနစ်သစ်အတွက် အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကအင်္ဂါနေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပြီး ကနဦးတန်ဖိုးမှာ ဒေါ်လာ ၂၅ ဘီလီယံ (ပေါင် ၁၈ဒသမ၇ ဘီလီယံ) ဖြစ်ကြောင်း ကြေညာခဲ့သည်။
လက်ရှိနှင့် ‘ရွှေကွန်ချာ’စနစ်ကဲ့သို့အစီအစဉ်သစ်များ အပါအဝင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုကနေဒါနှင့် အမေရိကန်တို့အကြား တက်ကြွစွာ ဆွေးနွေးမှုများ ရှိနေကြောင်း ၀န်ကြီးချုပ် မာ့ခ်ကာနေး ၏ရုံးက ပြောကြားသည်။
သို့ရာတွင်ကျယ်ပြန့်သောစနစ်တစ်ခုကို အမေရိကန်က မည်သို့ပေးအပ်မည်နှင့်ပတ်သက်၍ ကျွမ်းကျင်သူများ၏ သံသယများရှိနေပြီး ကနေဒါက မည်သို့ပါဝင်မည် သို့မဟုတ် မည်မျှပေးချေမည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်းမရှိသေးပေ။
"ကနေဒါနိုင်ငံသားတွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ ပြီးပြည့်စုံတဲ့ လုံခြုံရေးနဲ့ စီးပွားရေး ဆက်ဆံရေးသစ်ကို ဆွေးနွေးညှိနှိုင်းဖို့ ၀န်ကြီးချုပ်ကို ခိုင်မာတဲ့ လုပ်ပိုင်ခွင့် ပေးခဲ့တယ်။ အဲဒီအတွက်ကြောင့် ဝန်ကြီးချုပ်နဲ့ သူ့ရဲ့ဝန်ကြီးတွေဟာ သူတို့ရဲ့ အမေရိကန်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျယ်ပြန့်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။” ဟု ဝန်ကြီးချုပ်ကာနေး၏ ပြောရေးဆိုခွင့်ရှိသူ မစ္စအောဒရေးရှမ်းပေါ့ဇ်က ပြောကြားသည်။
အဆိုပါဆွေးနွေးမှုများတွင်မြောက်အမေရိကလေကြောင်းကာကွယ်ရေးကွပ်ကဲမှု(Norad)ကိုအားကောင်းလာစေရန်နှင့် ရွှေကွန်ချာစနစ်ကဲ့သို့ဆက်စပ်လုပ်ဆောင်မှုများ ပါဝင်ကြောင်း၎င်းကဆိုသည်။
“ဒါပေမယ့် အစီအစဉ်မှာ ကနေဒါက ဘာတွေပေးရမလဲ၊ ဒါမှမဟုတ် တိုင်းပြည်အတွက် ဘယ်လို အလုပ် လုပ်မယ် ဆိုတာ ပြောဖို့ စောလွန်းသေးတယ်။”ဟု မစ္စရှမ်းပေါ့ဇ် ကဆက်လက်ပြောကြားသည်။
ရွှေကွန်ချာ အစီအစဉ်တွင် တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ရန် ကနေဒါက စိတ် ဝင်စား ကြောင်း အင်္ဂါနေ့အစောပိုင်းတွင်ထရန့် ကပြောကြားခဲ့သည်။
“ကျွန်တော်တို့သူတို့နဲ့ စကားပြောမယ်၊သူတို့က အကာအကွယ်လည်း လိုချင်နေတယ်၊ ထုံးစံအတိုင်းပဲ ကျွန်တော်တို့ ကနေဒါကို ကူညီပါတယ်။" အမေရိကန် သမ္မတကဆိုသည်။
အမေရိကန်အဆိုပြုထားသောရွှေကွန်ချာစနစ် သည် အသံထက်မြန်သော ဒုံးကျည်များ အပါအဝင် ပိုမိုခေတ်မီသော ဝေဟင်လက်နက်များကို ပစ်မှတ်ထားရန် ရည်ရွယ်ပြီး အာကာသအခြေပြု အာရုံခံကိရိယာများနှင့် ကြားဖြတ်ကိရိယာများ ပါဝင်မည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။
ရွှေကွန်ချာ ကာကွယ်ရေး အစီအစဉ်သစ်သည် ၎င်း၏ ရာထူးသက်တမ်းကုန်ဆုံးချိန်တွင် စတင်လည်ပတ်မည်ဖြစ်ပြီး ဒေါ်လာ ၁၇၅ ဘီလီယံ အထိကုန်ကျမည်ဟုထရန့်က ပြောကြားခဲ့ပြီး ကနေဒါက သင့် တင့်မျှတစွာထည့်ဝင်နိုင်ရေးအတွက် ၎င်း၏ အစိုးရအဖွဲ့ကကြိုပမ်း နေကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
သို့ရာတွင် အဆိုပါစနစ်၏ အာကာသအခြေပြု အစိတ်အပိုင်းများအတွက် အနှစ် ၂၀ အတွင်း နောက်ဆုံးရှိလာနိုင်သည့်စျေးနှုန်းမှာ ဒေါ်လာ ၅၄၂ ဘီလီယံ အထိဖြစ်နိုင်ကြောင်း ပါတီဝင်များမပါသော ကွန်ဂရက်လွှတ်တော်ဘတ်ဂျက်ရုံးက ခန့်မှန်းထားသည်။
အာကာသနှင့် ရေကြောင်းထောက်လှမ်းမှုသတိပေးချက်နှင့် ကာကွယ်ရေးအတွက် တာဝန်ယူပြီး ခရုဇ်ဒုံးကျည်များကို ထောက်လှမ်းပစ်ချနိုင်သည့် စနစ်ဖြစ်သည့် Norad အား ကနေဒါနှင့် အမေရိကန်တို့က ပူးပေါင်းလုပ်ဆောင်ထားပြီးသားဖြစ်သည်။
Noradသည်၁၉၅၈ခုနှစ်ကတည်းကတည်ရှိပြီး၎င်းစနစ်ကိုခေတ်မီစေရန်နှစ်မကြာသေးမီနှစ်များအတွင်းနိုင်ငံစလုံးကဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
သတင်း-လင်းခေတ်
ကိုးကား- BBC

image
24 w - Translate

#ပြည်တွင်းသတင်း
◼မေလနောက်ဆုံးပတ်အတွင်း တိုင်းနှင့်ပြည်နယ်တချို့မိုးကြီးနိုင်
မနက်ဖြန်(မေ ၂၃ ရက်မှ ၃၀ ရက်) အတွင်းတိုင်းနှင့်ပြည်နယ်တချို့၌ မိုးကြီးနိုင်ကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။
အဆိုပါ ရက်များအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တို့တွင် လေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်သော်လည်းကောင်း၊ မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့်သော် လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းများကြောင့်သော်လည်းကောင်း မိုးကြီးနိုင်ကြောင်းယင်းထုတ်ပြန်ချက်အရသိရသည်။
စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍မိုးကြီးမည်ဖြစ်ကြောင်း မိုးဇလကထုတ်ပြန် ထားသည်။
"၂၅ ရက်ကျော်ရင်ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်း၊ မုန်တိုင်းတစ်လုံးဖြစ်ဖို့ရှိတယ်။ သူကအားပိုကောင်းလာနိုင်တာတော့တွေ့တယ်။ ဆိုင်ကလုန်း activity chart မှာတော့ ၅၀ ရာခိုင်နှုန်းဆိုင်ကလုန်းဖြစ်နိုင်ချေပြတယ်။ အခုလောလောဆယ်တော့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာဖြစ်တဲ့လေဖိအားနည်းရပ်ဝန်းက မုတ်သုံကိုတွန်းတင်ပေးရုံ လောက်ပဲသက်ရောက်မှုရှိတယ်။ နောက်တစ်လုံးမှမိုးများမယ်ဆိုတော့ ၂၅ ရက်၊၂၆ ရက်နဲ့ ဇွန်လ ပထမ ပတ်အတောအတွင်းမှာတော့ မိုးများမယ့်အနေအထား၊ မိုးသက်လေပြင်းကျမယ့်အနေအထား ရှိပါတယ်" ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်ကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်နိုင်‌သောကြောင့် သတိပြုနေထိုင်ကြရန် မိုးဇလကအသိပေးနှိုးဆော်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - CJ

image
24 w - Translate

#ပြည်တွင်းသတင်း
◼တာချီလိတ်၌ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရပ်ကွက်တချို့ရေကြီးရေလျှံ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ယမန်နေ့(မေ ၂၁ ရက်)ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရပ်ကွက်တချို့ရေကြီးရေလျှံခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မယ်ဆိုင်ချောင်းရေနှင့် တောင်ကျချောင်းရေများမြင့်တက်လာကာ အနိမ့်ပိုင်းရပ်ကွက်နှင့်လမ်းများပေါ်သို့ရေကြီးရေလျှံခြင်းများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရသည်။
"မိုးက မနေ့ကတည်းကရွာနေတာ ဒီနေ့လည်းရွာနေတယ်။ ကျွန်တော်တို့ဆီမှာ မိုးရွာတာနဲ့မယ်ဆိုင် ချောင်းရေကမြင့်တက်လာတယ်။ အဲဒီတက်လာတဲ့ရေတွေက ရပ်ကွက်တွေထဲဝင်လာတာ။ အခုတက် လာတဲ့ရေကမိုးရေဆိုတော့ မိုးတိတ်တာနဲ့ရေကချက်ခြင်းပြန်ဆင်းပါတယ်။ တောင်ကျရေပဲစိုးရိမ်ရ တာ။ တောင်ကျရေဆိုရင်အနည်းဆုံးသုံးလေရက်ကြာတယ်" ဟု တာချီလတ်မြို့မှဒေသခံတစ်ဦးက ပြောသည်။
တာချီလိတ်မြို့အတွင်းမိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် မယ်ခေါင်၊ ဆန်ဆိုင်(က၊ ခ) စသည့်ရပ်ကွက်များတွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်နေကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - CJ

image
24 w - Translate

Miss World Designer Award Fashion Shoot
Inspired by the serpent-a powerful emblem of transformation, wisdom, and resilience-this design features a stunning beaded motif that gracefully coils from shoulder to bodice. Meticulously crafted with white beads, the serpent symbolizes strength, adaptability, and the mysterious elegance of nature.
Designed by Kham Philip & Win Sandar Htet
Photo - Khant Min Htin
MUA - SORA
Get ready for one of the most anticipated events of the Festival! The Miss World Top Model Competition goes live from the stunning Trident Hyderabad on May 24th🖤🐍