35 ပတ် - ဘာသာပြန်ပါ။

မေ့လွယ်ပျောက်လွယ်မဟုတ်တဲ့‌ အိန္ဒိယ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်
ဒီအိန္ဒိယ ရုပ်ရှင်လေးကတော့ IMdb မှာလည်း 7.6 အထိ ရရှိထားပြီး တကယ်လည်းကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လေးမလို့ ဒီနေ့အတွက် ပြောပြချင်ပါတယ်။
ဇာတ်လမ်းကတော့ ဘာသာရေး ကိုင်ရှင်းတဲ့မိသားစုတစ်ခုမှာ ဆာရူးဆိုတဲ့ သမီးတစ်ယောက်ရှိပါတယ်။သူက ရိုးလည်းရိုး၊ညာဏ်လည်းကောင်းပေမယ့် လည်လည်၀ယ်၀ယ်လည်းမရှိတဲ့ ကောင်မလေးဖြစ်ပါတယ်။ဆာရူးကို မိဘတွေက ယောကျာ်းပေးစားဖို့ ကြိုးစားပေမယ့်လည်း သူတို့ စိတ်တိုင်းကျတဲ့ မျိုးရိုးလည်းမြင့် ပညာအရည်အချင်း‌လည်း မနည်းတဲ့ သမက်မျိုးဆိုတော့ အဲ့လိုကောင်လေးတွေကလည်း ရိုးအ တဲ့ ဆာရူးကို မလိုချင်ပြန်ပါဘူး။ဆာရူး အောက်မှာတော့ နောက်ထပ် ညီမလေး တစ်ယောက်ရှိပါသေးတယ်။သူကတော့ သွက်သွက်လက်လက်နဲ့ ခေတ်ဆန်တဲ့ကောင်မလေးဆိုတော့ ကောင်လေးတွေက သဘောကျပေမယ့်လည်း အကြီးပြီးမှ အငယ်က မဂ်လာ ဆောင်ရတဲ့ အိန္ဒိယ ရဲ့ထုံးစံကြောင့် အငယ်မကတော့ ဆာရူးကို ကြည့်မရပါဘူး။ဆာရူးတို့ အငှားချတဲ့ တိုက်ခန်းမှာ အင်ဒါ ဆိုတဲ့ ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ရှိပါတယ်။နာမည်ဆိုး၊အကျင့်ဆိုး တွေရှိပေမယ့် ဗလတောင့်တောင့်နဲ့ ရုပ်ဖြောင့်တဲ့ကောင်လေးတစ်ယောက်ပေါ့။အဲ့လို ခပ်ဆိုးဆိုး ကောင်လေးတစ်ယောက် နဲ့မှ ဘာသာရေးကိုင်းရှိုင်းတဲ့ မိသားစုက ဆာရူးတို့ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်က မထင်မှတ်ပဲ ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့်လည်း သူ့မိဘတွေရဲ့ ဘာသာရေး အစွဲကြီးမှု‌တွေကြောင့် ဆာရူးကို ခွင့်လွှတ်ပေးနိုင်ပါ့မလား ၊ အင်ဒါကရော သူရဲ့ ဖူးစာရှင်အစစ်များ ဖြစ်ပါ့မလား ဆိုတာကတော့ စိတ်၀င်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။
တစ်ကားလုံး မျက်ရည်နဲ့မျက်ခွက် ကို တိပ်နဲ့ကပ်ထားသလို ၀မ်းနည်းရမယ့် ၊ကြည်နူးရမယ့် ရုပ်ရှင်လေးဖြစ်ပါတယ်။ဒါကြောင့် အိန္ဒိယက အချစ်ရုပ်ရှင်လေးဖြစ်တဲ့ "Sanam Teri Kasam(201" ကိုကြည့်ရှုခံစားဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

image
35 ပတ် - ဘာသာပြန်ပါ။

Production အဖွဲ့ဟာ ဒီအခန်းကိုရိုက်ဖို့ နားမကြားသူအယောက် 100 ကိုဖြတ်လျှောက်အဖြစ်ငှားခဲ့ပါတယ် ။

image
35 ပတ် - ဘာသာပြန်ပါ။

Wonder Woman ရုပ်ရှင်အသစ်အတွက် ဇာတ်ညွှန်းစတင်ဖန်တီးနေပြီဖြစ်ကြောင်း James Dunn အတည်ပြု။ DC Universe (DCU) ထဲက ဇာတ်ကားတစ်ကား ဖြစ်နိုင်ပြီး အရင်မင်းသမီး Gal Gadot ပါဝင်ခဲ့တဲ့ Wonder Woman ရုပ်ရှင်တွေနဲ့ ဆက်စပ်မှုရှိမရှိကတော့ မသိရသေးဘူး။

image
35 ပတ် - ဘာသာပြန်ပါ။

“Incredibles 3” ရဲ့ ဒါရိုက်တာ အပြောင်းအလဲ
Brad Bird ကတော့ Incredibles နှစ်ကားလုံးကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး သူက လက်ရှိမှာ ဆယ်စုနှစ်တစ်ခုကျော် ပြင်ဆင်နေတဲ့ ပရောဂျက် “Ray Gunn” ကို ရိုက်ကူးနေတာမို့ “Incredibles 3” ကို အချိန်မပေးနိုင်တော့ဘူးလို့သိရပါတယ်။
ဒါ့ကြောင့် Pixar က “Elemental” နဲ့ “The Good Dinosaur” တို့ကို ရိုက်ကူးခဲ့တဲ့ Peter Sohn ကို “Incredibles 3” ရဲ့ ဒါရိုက်တာအဖြစ် တာဝန်ပေးလိုက်ပါတယ်။
ဒါပေမယ့် Brad Bird က “Incredibles” ရုပ်ရှင်နှစ်ကားလုံးမှာ ဒါရိုက်တာလုပ်ခဲ့သူဖြစ်ပြီး၊ “Incredibles 3” အတွက် ဇာတ်ညွှန်းနဲ့ တတိယအပိုင်းမှာ co-producer အဖြစ်လည်း ပါဝင်မှာပါ။ ဒါ့အပြင် အရင်ရုပ်ရှင်နှစ်ကားက ဝေဖန်ရေးသမားတွေဆီကလည်း အောင်မြင်မှုရခဲ့ပြီး၊ ကမ္ဘာတဝှမ်း box office မှာ ဒေါ်လာ ၁.၈ ဘီလီယံလောက် ရရှိခဲ့ပါတယ်။
Disney က ၂၀၂၄ သြဂုတ်မှာ ကျင်းပခဲ့တဲ့ D23 Expo မှာ “Incredibles 3” ကို ကြေညာခဲ့ပြီး Brad Bird က ပရောဂျက်ကို “developing” လုပ်နေတယ်လို့ ပြောခဲ့ပေမယ့်၊ သူ့ရဲ့ အချိန်ဇယားက Skydance နဲ့ Disney ရဲ့ “1906” အပါအဝင် “Ray Gunn” ကို အာရုံစိုက်နေရတာမို့ ဒီတစ်ကြိမ်မှာ ဒါရိုက်တာအဖြစ် မပါဝင်နိုင်ခဲ့ပါဘူးလို့သိရပါတယ်။
သတင်းကောင်းကတော့ “Ray Gunn” ပရောဂျက်ကို Netflix က ဒေါ်လာ ၁၅၀ သန်းဘတ်ဂျက်နဲ့ ထောက်ပံ့ပေးခဲ့ပြီး နောက်နှစ်မှာ ထွက်ရှိလာဖွယ်ရှိပါတယ်။ “Ray Gunn” က Brad Bird ရဲ့ နှစ် ၃၀ နီးပါး စိတ်အားထက်သန်စွာ လုပ်ကိုင်ခဲ့တဲ့ passion project တစ်ခုပါ။ စာရေးဆရာ Matthew Robbins နဲ့ အတူ စတင်ဖန်တီးခဲ့တာဖြစ်ပြီး၊ အနာဂတ်ကမ္ဘာမှာ လူသားနဲ့ ဂြိုလ်သားတွေ အတူနေထိုင်တဲ့ နောက်ဆုံး လူသားစုံထောက် Raymund Gunn ရဲ့ ဇာတ်လမ်းကို ပြောပြမယ်လို့ သိရပါတယ်။
Brad Bird က Animation နယ်ပယ်မှာ တကယ့် visionary တစ်ယောက်ပါ။ သူ့ရဲ့ ထင်ရှားတဲ့ လက်ရာတွေထဲမှာ “Incredibles”၊ “The Iron Giant”၊ “Ratatouille”၊ “Mission: Impossible — Ghost Protocol” တို့ ပါဝင်ပါတယ်။

image
35 ပတ် - ဘာသာပြန်ပါ။

I'm what i'm 2 ကတော့ သိုင်းကားကြိုက်တဲ့ သူတွေအတွက် ရှယ်ပါပဲ
I'm what i'm 2 ကတော့ ပထမထွက်ခဲ့တဲ့ ရုပ်ရှင်နဲ့ တော်တော်လေးလမ်းလွဲသွားတယ်လို့ မြင်မိပါတယ်။ ဒါပေမယ့် ဇာတ်လမ်းကို ရိုးရာသိုင်းနဲ့ ခြင်္သေ့ အက ကို သုံးပြီး ပြန်ထိန်းသွားတဲ့ အကွက်ကတော့ တော်တော်လေး ချီးကျူးရပါမ​ယ်။
တရုတ် Animation တွေထဲမှာတော့ I'm what i'm က အကောင်းကြီးမဟုတ်ဘူးဆိုပေမယ့် ကြည့်လို့ တော်တော်လေးကောင်းတဲ့ ရုပ်ရှင်ထဲတော့ပါပါတယ်။ ဒီနေရာမှာ Disney တို့ Pixar တို့ ကြည့်ပါများနေရင်တော့ တရုတ် Animation တွေကတိုးမှာမဟုတ်ပါဘူး။
I'm what i'm 2 ကို အကြောင်းပြောရရင် ပထမ ဇာတ်လမ်းမှာ A Juan ဆိုတဲ့ ကောင်လေးတစ်ယောက်က ခြင်္သေ့ အကကို ငယ်ငယ်လေးထဲက ရူးသွပ်ခဲ့ပေမယ့် အဖေဖြစ်သူက ဆောက်လုပ်ရေးလုပ်ငန်းထဲမှာ မတော်တဆဖြစ်ပြီး ကိုမာဝင်သွားတဲ့နောက်မှာ အဖေဖြစ်သူအစား မြို့တက် အလုပ်လုပ်ရတာနဲ့ အဆုံးသတ်ထားပါတယ်။
I'm what i'm 2 မှာတော့ မြို့တက်အလုပ်လုပ်ရင်းနဲ့ ဖခင်ရဲ့ ဆေးကုသစရိတ်ကိုရှာပြီး ကုသဖို့ လုပ်ပေမယ့် ခြင်္သေ့ အက ကရင်း ရတဲ့ ပိုက်ဆံက မလောက်တာကြောင့် သိုင်းပြိုင်ပွဲ ဝင်ပြိုင်ဖို့ ဖြစ်လာတာနဲ့ စတင်ထားပါတယ်။
I'm what i'm 1 မှာတော့ ခြင်္သေ့အကနဲ့ ပတ်သက်ပြီး ဆရာတွေ သူငယ်ချင်းတွေကြားထဲက အချိတ်ဆက်မိမိတွေပြသွားခဲ့ပေမယ့် I'm what i'm 2 မှာတော့ ခြင်္သေ့ အက ထက် သိုင်းပညာကို ဦးစားပေးထားပြီး သိုင်းကားကြိုက်တဲ့သူတွေအတွက် ကောင်းတယ်ဆိုပေမယ့် ဒီထက် အများကြီး မျှော်လင့်ထားတဲ့ ပရိတ်သက်တွေအတွက် နည်းနည်း ရိုးအီးနေတဲ့ ဇာတ်လမ်းလို့တော့ ပြောလို့ရပါတယ်။
ဒါပေမယ့် I'm what i'm 2 က ဇာတ်ရှိန်မကျသွားအောင် သွက်လက်တဲ့ သိုင်းကွက်တွေ၊ ရိုးရာသိုင်းနဲ့ Boxing ကြားကွာခြားချက်တွေကို တော်တော်လေး အသားပေးပြသသွားခဲ့ပါတယ်။
နောက်ပြီး ဆရာတွေအများကြီး လေ့ကျင့်ပြီး ကျောက်စရစ် လက်အိပ်ကို ထိုးခွဲပြသွားတဲ့ အကွက်တွေ၊ Social Media ကြောင့် လူတစ်ယောက်ဘဝ ပျက်စီးသွားတာတွေ၊ လေ့ကျင့်ရေးပုံစံတွေက မာန်ပါ ဟန်ပါပြီး ကြည့်နေရင်းနဲ့ IP Man တို့လို ဇာတ်ကားတွေကြည့်နေရသလို ခံစားခဲ့ရတာတွေတော့ရှိပါတယ်။
ဆိုတော့ အချုပ်အားဖြင့်ပြောရမယ်ဆိုရင် I'm what i'm 2 က Rating အနေနဲ့ 7.5/10 ရထားပြီး ရှေ့က ဇာတ်ကားနဲ့ လမ်းလွဲသွားတယ်ဆိုပေမယ့် သိုင်းကားတွေ ကြိုက်တဲ့သူဆိုရင် ကြည့်ဖို့ အကြံပေးပါတယ်။

image
35 ပတ် - ဘာသာပြန်ပါ။

Review ကောင်းတွေရနေတဲ့
How to Train Your Dragon Live-Action
ဇွန် ၁၁၊ ၂၀၂၅။
DreamWorks Animation ရဲ့ အောင်မြင်ကျော်ကြားလှတဲ့ How to Train Your Dragon ကို live-action အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ရုပ်ရှင်ထွက်ရှိလာခဲ့ပြီး၊ ထင်ထားတာထက်ပိုကောင်းပြီး မူရင်းရဲ့မှော်ဆန်မှုတွေကို ပြန်လည်ဖမ်းယူနိုင်ခဲ့တယ်လို့ Variety မဂ္ဂဇင်းရဲ့ နာမည်ကျော်ဝေဖန်ရေးဆရာ Owen Gleiberman က ချီးကျူးရေးသားထားတာ တွေ့ရပါတယ်။
မူရင်း animated trilogy ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Dean DeBlois ကိုယ်တိုင် ပြန်လည်တာဝန်ယူရိုက်ကူးထားတာဖြစ်ပြီး၊ Hiccup အဖြစ် Mason Thames၊ Astrid အဖြစ် Nico Parker တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Gerard Butler ကလည်း Hiccup ရဲ့ ဖခင် Stoick the Vast အဖြစ် သူ့ရဲ့ အထင်ကရဇာတ်ကောင်ကို ပြန်လည်အသက်သွင်းထားတာ တွေ့ရမှာပါပဲ။ ဝေဖန်ရေးဆရာကတော့ လူငယ်သရုပ်ဆောင်နှစ်ဦးရဲ့ အတွဲညီမှုနဲ့ Butler ရဲ့ ပြန်လည်ပါဝင်လာမှုက ရုပ်ရှင်ကို ပိုပြီးအသက်ဝင်စေတယ်လို့ ဆိုထားပါတယ်။
ဒီ live-action ရဲ့ အဓိကစိန်ခေါ်မှုတစ်ခုကတော့ ချစ်စရာကောင်းတဲ့ နဂါးလေး Toothless ကို ဘယ်လိုပုံဖော်မလဲဆိုတာဖြစ်ပြီး၊ ရုပ်ရှင်ကတော့ Toothless ရဲ့ ချစ်စရာကောင်းပြီး လေးနက်တဲ့ပုံစံကို ကောင်းကောင်းဖမ်းယူနိုင်ခဲ့တယ်လို့ Gleiberman က သုံးသပ်ထားပါတယ်။ အထူးသဖြင့် Hiccup နဲ့ Toothless တို့ရဲ့ နာမည်ကျော် ပျံသန်းခန်းတွေဟာ အသက်ဝင်ပြီး ရင်သပ်ရှုမောဖွယ်ဖြစ်အောင် ဖန်တီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ CG နည်းပညာနဲ့ ဖန်တီးထားတဲ့ Toothless ဟာ တကယ့်သက်ရှိတစ်ကောင်လို ခံစားရပြီး သူ့ရဲ့ မျက်လုံးတွေကနေတစ်ဆင့် ခံစားချက်တွေကို ဖော်ပြနိုင်စွမ်းရှိတယ်လို့လည်း ချီးကျူးထားတာ တွေ့ရပါတယ်။
ဇာတ်လမ်းရဲ့ အဓိကကျတဲ့ လူသားနဲ့ နဂါးကြားက သံယောဇဉ်၊ မိဘနဲ့သားသမီးကြားက နားလည်မှုစတဲ့ ခံစားချက်တွေကိုလည်း live-action မှာ ထိထိမိမိပြန်လည်ပုံဖော်နိုင်ခဲ့တယ်လို့ ဝေဖန်ထားပါတယ်။ ဒါပေမဲ့လည်း animated ရုပ်ရှင်တွေရဲ့ ထူးခြားတဲ့ လွတ်လပ်မှုမျိုးကို live-action မှာ အပြည့်အဝပြန်လည်ရရှိဖို့ကတော့ စိန်ခေါ်မှုတစ်ခုဖြစ်နေဆဲဖြစ်ပြီး၊ တချို့နေရာတွေမှာတော့ CG နဂါးတွေက လက်တွေ့ဆန်လွန်းနေတာကြောင့် မူရင်းရဲ့ ကာတွန်းဆန်တဲ့ ချစ်စရာကောင်းမှုအချို့ လျော့ပါးသွားတယ်လို့လည်း ထောက်ပြထားတာလေးတွေ ရှိပါတယ်။
ခြုံပြီးပြောရရင်တော့၊ Disney ရဲ့ live-action remake တွေအပေါ် စိုးရိမ်မှုတွေရှိနေတဲ့အချိန်မှာ Universal က ထုတ်လုပ်လိုက်တဲ့ How to Train Your Dragon live-action ဟာ မူရင်းပရိသတ်တွေကိုရော ပရိသတ်အသစ်တွေကိုပါ ဆွဲဆောင်နိုင်မယ့် အားရစရာကောင်းတဲ့ ရုပ်ရှင်တစ်ကားဖြစ်တယ်လို့ Owen Gleiberman က သူ့ရဲ့သုံးသပ်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

image
35 ပတ် - ဘာသာပြန်ပါ။

James Gunn က ပြောတယ် ‘THE BATMAN 2’ ဟာ DC မှာ သူတို့ တည်ဆောက်နေတဲ့ အရာအတွက် “တကယ်ကို အရေးကြီးတယ်” တဲ့။
“မကြာခင် အဲဒီ ဇာတ်ညွှန်းကို မြင်ရတော့မယ်၊ မစောင့်နိုင်တော့ဘူး။” လို့ပြောလာပါတယ်။
ဆိုတော့ James Gunn ဖန်တီးနေတဲ့ DC Universe အသစ်နဲ့ Matt Reeves ဖန်တီးနေတဲ့ Batman တို့က ပေါင်းမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

image
35 ပတ် - ဘာသာပြန်ပါ။

HAPPY BIRTHDAY ပါနော် သမီးလေး မြူလင်းကိုကို
😍❤️
မွေးနေ့မှာ ပျော်ရွှင်မူတွေရရှိပါစေနော်

image
35 ပတ် - ဘာသာပြန်ပါ။

Geisha tattoo designs

image
35 ပတ် - ဘာသာပြန်ပါ။

Geisha tattoo designs

image