25 w - Translate

ကင်းမစ်ဟာ ဇွန်လကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံး တော့မဲ့အပေါ်
ကစားသမားဘဝ စွန့်စားဖို့ အသင်းပြောင်းမလား
ဒါမှမဟုတ် ဘိုင်ယန် ဂန္ဓဝင် အဖြစ် ဆက်ရှိဖို့
သူဘာဆုံးဖြတ်မလည်း
သူဒီမှာနေမယ်ဆိုရင်လည်း စာချုပ် သစ်ထပ်ချုပ်ဖို့ အဆင်သင့်ပါပဲ
လို့ ဘိုင်ယန်ဒါရိုက်တာပြော

image
25 w - Translate

ငယ်ငယ်ကစားဖူးတဲ့ကျွဲခေါင်းသီးဆိုလားပဲ
အခုတွေ့လို့စားကြည့်တော့ငယ်ငယ်ကလောက်အရသာမကြိုက်တော့ဘူး
ဒါနဲ့စကားမစပ် သူကဘယ်အပင်ကနေပေါက်တာလည်းဟင်သိချင်လို့😁

image

မြင်းခွာရွက်သုပ်

မြင်းခွာရွက်ကို တို.စရာ၊သုပ်စား၊ ပာင်းခါးချက်စားကြပါတယ်
ဘာပဲချက်ချက် နှစ်ယောက်စာပဲချက်ဖြစ်တာများပါတယ်..
တစ်ခါတစ်လေ မှသာ အခြားအခန်းကလူ
တွေ အတွက်ပါ 6 ယောက်စာချက်ဖြစ်ပါတယ်…

မြင်းခွာရွက်သုပ်အတွက်

မြင်းခွာရွက် - 200 g
ကြက်သွန်နီ - တစ်လုံး ကို ပါးပါးလှီးပြီးရေဆေးထားပါ။
ခရမ်းချဉ်သီး - 1 လုံး ကိုလဲရေဆေးပြီး ပါးပါးလှီးထားပါ။
ဆား၊ အရသာမှုန်.၊ ငံပြာရည်၊ အနဲငယ်စီ
ကြက်သွန်ဖြူဆီချက်၊
ပုဇွန်ခြောက်ထောင်း - အနဲငယ်စီ၊
မြေပဲလှော်ထောင်း ထမင်းစာဇွန်း 2 ဇွန်း၊
နံနံပင် - 1 ပင် ရေဆေးပြီး ပါးပါးလှီးထားပါ..
ငရုပ်သီးစိမ်း -2 တောင့် ရေဆေးပြီး ပါးပါးလှီးထားပါ…
သံပုရာသီး- တစ်စိတ်၊

မြင်းခွာရွက်ကို ရေစင်စင်ဆေးပြီး နုတ်နုတ်လှီးထားကာ
ပါးပါးလှီးထားသောကြက်သွန်၊ခရမ်းချဉ်သီး၊ နံနံပင်၊ ငရုပ်သီးစိမ်း ၊
ဆား၊ အရသာမှုန်. ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း ၊
မြေပဲလှော်ထောင်း နှင့် သံပုရာသီးတစ်စိတ် ကိုညှစ်ထည်.ကာ
သမအောင်ဖွဖွနယ်ပြီး သုံးဆောင်နိုင်ပါပြီရှင်၊
သက်သတ်လွတ် စားသူများ ပုဇွန်ခြောက် နှင့် ငံပြာရည်မထည်ပဲသုပ်စားနိုင်ပါတယ်ရှင်..

image
25 w - Translate

လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း (၂၇၅၀) ကျော်ရရှိ

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလ (၂၅) ရက်အထိ ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း (၂၇၅၀) ကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ယင်းတွင် ပင်လယ်ရေကြောင်း တင်ပို့မှုမှ အမေရိကန်ဒေါ် လာ သန်းပေါင်း (၂၃၁၇) သန်းကျော်နှင့် နယ်စပ်တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်းပေါင်း (၄၆၆) သန်းကျော်တင်ပို့ထားပြီး တရုတ်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံ အစရှိသည့် နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ပြည်ပသို့တင်ပို့ခဲ့သည့် လယ်ယာထွက်ကုန်ပစ္စည်းများအနေဖြင့် ဆန်၊ ဆန်ကွဲ၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ ဝဥ၊ ပန်းနှမ်း၊ ဝါး၊ ချင်း၊ ကြက်သွန်နီ၊ ဖရဲ၊ သခွားမွှေး အစရှိသ ည့် ပစ္စည်းများကိုတင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ လယ်ယာထွက် ကုန်ပစ္စည်းများအပြင် သစ်တောထွက် ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် အ ခြားပို့ကုန်ပစ္စည်းများ တင်ပို့လျက်ရှိပြီး ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန် ပစ္စည်းနှင့် CMP တို့ကို ပြန်လည် တင်သွင်းကြောင်း သိရသည်။

image
25 w - Translate

ထိန်းချုပ်လို့မရတဲ့အရာတွေထဲ မင်းမျက်ဝန်းတွေ ပါနေတယ်
ခဏခဏ ငေးကြည့်ချင်ခဲ့တဲ့ မသိစိတ်ရဲ့အထဲမှာ
မျှော်လင့်ချက်တွေ ပါနေတယ် အချစ်ရယ်

ဖွင့်ဟဖို့ လုံလောက်တဲ့သတ္တိတွေကနည်းလို့
စောင့်နေတဲ့ ရာသီတွေပေါင်းများစွာ
မင်းရှေ့ကို ဘယ်တော့မှ အရောက်မလာရဲခဲ့ပေါ့

ခဏလောက်ပိုင်ဆိုင်ကြည့်ချင်တာမျိုး မဟုတ်
ဘဝတစ်လျှောက်လုံး ငေးကြည့်ချင်တဲ့ နေဝင်ချိန်ထဲက
ခိုဖြူဖြူလေးဟာ မင်းပဲ

အိမ်မက်တွေ သိပ်လှတယ်ဆိုတာ
မင်းနာမည်ကလေးနဲ့ ရောက်လာလို့ပါပဲ။

-ဇူခီ

image
25 w - Translate

တချို့ရင်ခွင်တွေများ သိပ်ကျယ်တာပဲ နှစ်ယောက် ၊ သုံးယောက် ဆံ့တယ် ။

ကျွန်တော့် ရင်ခွင်များ သိပ်ကျဥ်းတာပဲ တစ်ယောက်ထဲထည့်တာတောင် ပြန်ပြန် ပြီးထွက်တယ် .....။

#ကြည်ရွှန်းခ

image
25 w - Translate

ညအိပ်ယာမဝင်ခင်မှာ ရ/န်ဖြစ်စကားများရင်း
ဘယ်တော့မှ ပြန်မဆုံချင်တဲ့သူတွေလို
ပြောဆိုနေခဲ့ကြပေမဲ့ နောက်တစ်နေ့မနက်လဲရောက်ရော
အရင်လိုပုံမှန် ကြည်နူးစရာဆက်ဆံရေးလေး ပြန်ဖြစ်သွားရော။

ချစ်ခြင်းမေတ္တာကို ခွင့်လွှတ်ခြင်းတွေ၊ နားလည်ပေးခြင်းတွေ
အလျော့ပေးလိုက်ခြင်းတွေနဲ့ တည်ဆောက်ကြတဲ့အခါ
ဘယ်လိုပဲပြဿနာဖြစ်ဖြစ် ဘယ်လောက်စကားတွေများများ
တကယ်ကိုပျော်ရွှင်ရတယ်။ စိတ်ညစ်ရတယ်ဆိုရင်တောင်
အဲ့တာက ခဏတာပဲ။ ပြီးရယ် အတူတူရယ်မောကြတာပဲ။
-𝑇𝑟𝑖𝑠𝑡𝑎𝑛 𝑃𝑦𝑛𝑒

image
25 w - Translate

“A life full of regrets.”

image
25 w - Translate

မိမိမှာ ဘယ်နေရာမှ အသုံ:မ ကျ သော်လည်း အိမ်မှာ အင ယ် ဆုံ: ဖြစ်နေသောအခါ

image
25 w - Translate

လူတွေက ကိုယ်က
စိတ်ဒ၊ဏ်ရာရမှာသာ ကြော၊က်ကြတာ။
ငါ့ လုပ်ရပ်ကြောင့်
သူစိတ်ဒ၊ဏ်ရာရသွားမလားဆိုတာကိုတော့ ဘယ်တော့ မှ
ထည့်မတွေးကြပါဘူး။
ကိုယ်လုပ်ချင်တာကို လုပ် လိုက်ကြတာပဲ။

❤️‍🩹🍂

#crd_to_owner_with_respect

image