ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သရက်သီးစိမ်းနဲ့တို့စားတဲ့ အမှုန့်နှစ်မျိုး
ဆားနဲ့လုပ်တဲ့ တို့စားတဲ့အမှုန့်အတွက်
သကြား 500 g
ကြက်သားမှုန့် ထမင်းစားဇွန်း ၃ဇွန်း
ဆား 65 g
အချိုမှုန့် ထမင်းစားဇွန်း၁ဇွန်း
ငရုတ်သီးအလှော်မှုန့် ထမင်းစားဇွန်း ၁၄ဇွန်း
ပါဝါသကြားအမှုန့် လက်ဖက်ရည် ၁ဇွန်း (မထည့်ချင်လဲရ) အားလုံးရောမွှေလိုက်ပြီး စက်နဲ့ ၃ချက်လောက်ကြိတ်လ်ိုက်ရင်ရပြီ။
ငါးပိပါတဲ့ တို့စားတဲ့အမှုန့်အတွက်
သကြား 500 g
ကြက်သားမှုန့် ထမင်းစားဇွန်း ၁ဇွန်း
ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း
ပုစွန်ငါးပိမှုန့် 90 g (ငါးပိကိုမီးကင်ပြီး အမှုန့်လုပ်ထားတာ)
အချိုမှုန့် ထမင်းစားဇွန်း၁ဇွန်း
ငရုတ်သီးအလှော်မှုန့် ထမင်းစားဇွန်း ၁၄ဇွန်း
ပါဝါသကြားအမှုန့် လက်ဖက်ရည် ၁ဇွန်း (မထည့်ချင်လဲရ) အားလုံးရောမွှေလိုက်ပြီး စက်နဲ့ ၃ချက်လောက်ကြိတ်လ်ိုက်ရင်ရပြီ။
#credit
အိမ်မှာ မိသားစုနဲ့အတူ လုပ်စားဖို့ #မုန့်ချိုသွင်း #မုန့်ကြက်ဥ လုပ်နည်းလေးပါ Save😍😍
+++++++++++++++++++++++++++++
(အိမ်မှာ အလွယ် လုပ်စားကြမယ်)
ပါဝင်ပစ္စည်းများ
++++++++++++++
၁-မွှေးကောက်ညင်းမှုန့် -၁ထုတ်
၂-မွှေး ဆန်စိမ်းမှုန့် -၁ထုတ်
၃-ရွှေလိပ်ပြာ အကြော်မှုန့်-၁ထုတ်
၄-ရေ-၆၀၀ ml(မုန့်အနှစ်နယ်ရန်)
၅-ထန်းလျှက်-၅၀ ကျပ်သား
(ထန်းလျှက်ကြိုရန် ရေ ၅၀၀ ml)
၆-ဆီ/ဆား
ပြုလုပ်နည်း
၁-ကောက်ညှင်းမှုန့် ဆန်စိမ်းမှုန့် ရွှေလိပ်ပြာမှုန့်တို့ကို ဆားအနည်းငယ် ရေ ၆၀၀ ml ဖြင့် သမအောင်မွှေထားပေးပါ။
၂-ထန်းလျှက် ၅၀ ကျပ်သားကို ရေ ၅၀၀ml ဖြင့်ကြိုပြီး ဇကာဖြင့်အမှိုက်များ စစ်ထားပါ။
၃-ရေသန့်ဘူးခွံတစ်ခုထဲသို့ မုန့်အနှစ်များထည့်ပါ။ဘူးအဖုံးကို အပေါက်သေးတစ်ခုဖောက်ထားပါ။
၄-ဒယ်ပူလာလျှင်ဆီထည့်ပြီး ဆီပူလာလျှင် ရေသန့်ဘူး အပေါက်လေးမှ မုန့်အနှစ်များ ညှစ်ချပြီးကြော်ပါ။
၅-မုန့်များကျက်လျှင် ထန်းလျှက်ရည်ထဲ ထည့်စိမ်ပြီး ပန်းကန်တစ်ခုထဲ ဆယ်ထည့်ပါ။
(မိမိအိမ်မှာပဲ မုန့်ချိုသွင်းလေး အလွယ်တကူကြော်စားနိုင်ပါပြီနော်)
“ငါသိချင်မိတယ်၊ ဘုရားက ငါတို့အချင်းချင်း လုပ်နေကြတဲ့ အရာတွေအပေါ် ခွင့်လွှတ်ရဲ့လား၊ ငါ့ဘေးနားတဝိုက်ကိုကြည့်ပြီး သိလိုက်ရတာက ဘုရားသခင်က ဒီနေရာကို စွန့်ပစ်ခဲ့တာ အတော်ကြာခဲ့ပြီဆိုတာပဲ”
ဒီဇာတ်ကားထဲက အကြိုက်ဆုံး စာသားလေးတစ်ခု၊Leonardo ရဲ့ ရုပ်ရှင်ကောင်းထဲက တစ်ခုလည်းဖြစ်တာမလို့မလွှတ်တမ်းကြည့်သင့်တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ ဒန်ဒီ အဖြစ် Leonardo DiCaprio,ဆိုလိုမွန်အဖြစ် Djimon,မက်ဒီ အဖြစ် Jennifer Connelly တို့ဖြစ်တာမလို့ သရုပ်ဆောင်ပိုင်းကတော့ ပြောစရာလိုမထင်ပါဘူး။
ဇာတ်လမ်းကတော့ ဒီလို ပြည်တွင်းစစ်တွေကြားမှာ တရားမ၀င်လက်နက်ကုန်သည် ဇင်ဘာနိုင်ငံသားလေး အာဖရိကသားလူဖြူ ဒန်ဒီ အာချာ ရယ်၊ အာဖိရိကသား တံငါသည် ဆိုလိုမွန် ဗန်ဒါ နှင့် အာဖရိကကို စွန့်စားဖို့ရောက်ရှိလာတဲ့ သတင်းသမားမလေး မတ်ဒီ ဘိုဝင် တို့အကြောင်းဖြစ်ပါတယ်။တံငါသည် ဆိုလိုမွန် ဗန်ဒါက သူပုန်တွေ ဖမ်းတာ ခံလိုက်ရပြီး စိန်ရှာတဲ့အလုပ်သမားအဖြစ်ခိုင်းတော့ တကယ့်တန်ဖိုးအကြီးဆုံး ပန်းရောင် စိန်ကြီးကိုရှာတွေ့သွားပါတယ်။တွေ့တွေ့ချင်းပဲ အစိုးတပ်တွေ ဝင်စီးတော့ ဆိုလိုမွန်ဗန်ဒါက နေရာတစ်ခုမှာ မြှပ်ခဲ့ပြီး သူလည်း အစိုးရတပ်တွေ ဖမ်းတာထပ်ခံလိုက်ရပြန်ပါတယ်။ဆိုလိူမွန်ဗန်ဒါ ကတော့ သူ့မိသာစုနဲ့ ကွဲသွားတာမလို့ သူ့မိသားစုအတွက်ပဲ စိတ်ပူနေပါတယ်။ဒါပေမယ့် သူ့ ပန်းရောင်စိန်အကြောင်းကို အာဖရိက ကနေထွက်ပြေးဖို့ကြိုးစားနေတဲ့ လက်နက်ကုန်သည်လေး ဒန်ဒီ အာချာ ကသိသွားပါတယ်။သတင်းသမားမလေး မတ်ဒီဘို၀င် ကလည်း ဒီကစိန်တွေကို နိုင်ငံခြားကို ဘယ်လိုတင်သွင်းလည်းသိအောင်လုပ်ပြီး လူထုကို ချပြချင်တာမလို့ လက်နက်ကုန်သည် ဒန်ဒီ အာချာ ကိုမရမက လိုက်မေးပါတယ်။သူတို့သုံးယောက်ရဲ့ ရည်ရွယ်ချက်ကတော့ ဆိုလိုမွန်ဒီက သူ့မိသားစုနှင့် သူ့သာလေး ဒီရာ နောက်ကိုလိုက်ပါတယ်။ဒန်ဒီ အာချာ လည်း ပန်းရောင်စိန်နောက်ကိုလိုက်တယ်။မတ်ဒီဘို၀င် ကလည်း တရားမ၀င် စိန်သတင်းတွေနောက်လိုက်တယ်။ပန်းရောင်စိန်ကိုတော့ အစိုးရတပ်ကရော သူပုန်တပ်ကပါလိုချင်နေတော့ သူတို့ သုံးယောက် ကိုယ်လိုချင်တဲ့ အရာနောက်ကိုလိုက်ရင်း ပြည်တွင်းစစ်ကြီးကြားမှာ ဘယ်လိုများ ကြိုးစားရုန်းကန် ရှင်သန်သွားမလဲ။ဒါကိုတော့ ဇာတ်ကားထဲမှာ တ၀ကြီး ကြည့်ရှုရမှာဖြစ်ပါတယ်။
အချစ်ကားတွေလည်း တော်တော်များများလည်း တင်ပေးခဲ့ပြီးပြီဆိုတော့ ရှယ်ငိုရမယ့် ဇာတ်ကားလေးတစ်ခုကို ပြောပြချင်ပါတယ်။2009 ခုနှစ်က ထွက်ရှိထားတဲ့ ကိုရီးယားရုပ်ရှင်တစ်ခုဖြစ်တဲ့ More Than Blue ရဲ့ Remake လေးဖြစ်ပြီးတော့ ဒီ နာမည်နဲ့ပဲ တရုတ်ရုပ်ရှင်လေးအဖြစ် ထက်မံ ထွက်ရှိလာတာဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ လူတစ်ယောက် ခပ်ဟောင်းဟောင်း သီချင်းလေးတစ်ပုဒ်ကို နားထောင်ရင်း သဘောကျမိတာမလို့ ဒီသီချင်းကို ဆိုဖို့ တေးရေးဆရာကိုလိုက်ရှာပါတယ်။ဒီလို လိုက်ရှာရင်း သီချင်းထက်ပိုစိတ်၀င်စားဖို့ကောင်းတဲ့ K နှင့် Cream ဆိုတဲ့ လူနှစ်ယောက်အကြောင်းရဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုရမှာဖြစ်ပါတယ်။K နှင့် Cream တို့ နှစ်ယောက်လုံးက 16 နှစ်အရွယ်မှာပဲ မိသားစုတွေကို ဆုံးရှုံးလိုက်ရတာမလို့ သူတို့နှစ်ယောက်က တစ်ယောက်ရှေ့မှာ တစ်ယောက်ရပ်တည်ပေးခဲ့ကြပါတယ်။ဒီလိုမိသားစုလို ဖြစ်နေတဲ့ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်ကို အရောင်စိုးထားတဲ့ နောက်ထပ် သံယောဇဉ်တွေ၀င်ရောက်လာတဲ့အခါမှာ ထုတ်မပြောကြပဲ မျိုသိပ်ထားကြတဲ့ သူတို့နှစ်ယောက် နောက်ဆုံးမှာ မိသားစုဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ တစ်သက်လုံး နေသွားကြမလား... ဒါမှမဟုတ် တစ်ယောက်ယောက်ကစပြီး သူရင်ဘတ်ထဲက အချစ်တွေကို ဖွင့်ဟလာမလား...
ဇာတ်လမ်းလေးကတော့ အငိုတစ်လိုင်းမလို့ ကြည့်တဲ့သူတွေကို စိတ်ကျေနပ်မှုပေးနိုင်မယ်လို့ထင်ပါတယ်။ဒါကြောင့် crush လေးကပြန်မကြိုက်လို့ ငိုချင်လို့ပဲဖြစ်ဖြစ် ပျင်းလို့ငိုချင်လို့ပဲဖြစ်ဖြစ် "More Than Blue(2018)" ဆိုတဲ့ ရုပ်ရှင်ကောင်းလေးကို ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
Author : JinX
ကဗျာတွေရဲ့ ကြီးကျယ်ခမ်းနားမှု ၊ လူသားတွေ အသက်ရှင်နေရတဲ့အကြောင်းအရင်း ၊ ဆယ်ကျော်သက် လူငယ်တစ်ယောက်မှာ ခံစားရတဲ့ အကြောင်းအရာတွေ ဒါတွေ အားလုံးကို ရုပ်ရှင်တစ်ခုတည်းမှာ ခံစားရမယ့် ဇာတ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကို မပြောပြခင်မှာဇာတ်ညွှန်းလေးကိုအရင်ပြောပြပါမယ်။
ဇာတ်ညွှန်းမဖတ်ဘဲ ကြည့်ချင်ရင်တော့ ဒီစာရဲ့အောက်ဆုံးမှာ ဇာတ်ကားနာမည် နှင့် လင့် ထည့်ပေးထားပါတယ်။
ဇာတ်လမ်းရဲ့ပုံစံက ရိုးရိုးရှင်းရှင်းလေးမလို့ အသေးစိပ်ကျကျ ရေးပြဖို့ထက် သူတို့ပြချင်တဲ့ ပုံစံလေးကို အဓိကပြောပြသွားပါမယ်။
ဇာတ်လမ်းလေးကတော့ ဓလေ့ထုံးတန်း၊ ဂုဏ်သက္ခာ ၊ စည်းကမ်း နှင့် ထူးချွန်ခြင်း ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆောင်ထားတဲ့ ဝယ်တန် အကယ်ဒမီပညာရေးကျောင်း ရဲ့ ကြိုဆိုပွဲ အခမ်းအနားတစ်ခုနဲ့ အစပြုထားပါတယ်။အောင်ချက်ကောင်းတာမလို့ ကျောင်းသားမိဘတွေရဲ့ မျက်စိကျတဲ့ ကျောင်းတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမယ့် လည်း အောင်ချက်ကောင်းတဲ့ကျောင်းဆိုတဲ့အတိုင်း စည်းကမ်းကြီးတာကတော့ ထိပ်ဆုံးကပေါ့။အဲ့လိုကျောင်းမှာမှ သင်ရိုးအတိုင်းသင်တာထက် ကျောင်းသားတွေ ကိုယ်တိုင် တွေးတတ်အောင်သင်ပေးတဲ့ ဆရာ အကြောင်းကို ရိုက်ပြထားပါတာဖြစ်ပါတယ်။
“ ဆေး၊ဥပဒေ၊စီးပွားရေး၊ဆောက်လုပ်ရေး တွေက အရေးပါတဲ့ အလုပ်တွေပဲ၊အသက်ရှင်ဖို့အတွက် အရေးကြီးတယ်”
“ဒါပေမယ့် ကဗျာ၊အလှတရား၊စိတ်ကူးယဉ်မှု၊အချစ်ဆိုတာတွေက ဆရာတို့ ဘာလို့ အသက်ရှင်နေလဲဆိုတဲ့ အကြောင်းပြချက်ပဲ”တဲ့
ဆရာတစ်ယောက်က သူရဲ့ ကျောင်းသားတွေကို လွတ်လွတ်လပ်လပ် အတွေးနယ်ချဲ့တတ်အောင် သင်ပေးတဲ့ပုံစံလေးပါ။အဲ့လိုသင်တော့ အခြားဆရာတွေတင်မက ကျောင်းသားမိဘတွေကပါ သိပ်သဘောမတွေ့ကြပါဘူး။တကယ်တော့ ဒီလိုဆရာမျိုးတွေနဲ့မှ ကျောင်းသားတွေရဲ့ ကြောက်ရွံ့မှုတွေကို ဖြေဖျောက်ပေးနိုင်တာဖြစ်ပါတယ်။
ပြီးတော့ ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဘာဝါသနာပါလဲ မမေးတဲ့အပြင် ကိုယ်ဝါသနာပါတဲ့ အရာကို လုပ်ခွင့်မပေးဘဲ ကိုယ့်သားသမီးကို တစ်သက်လုံး သူတို့ဖြစ်ချင်တဲ့ ပုံစံအတိုင်း အတင်းလုပ်ခိုင်းတဲ့ မိဘတွေရဲ့ ပုံစံကိုလည်း ဒီဇာတ်ကားထဲမှာ ရိုက်ပြထားပါသေးတယ်။
ဇာတ်ကားလေးက တကယ်ရိုးရိုးရှင်းရှင်းလေးနဲ့ တစ်ကယ်ကြည့်ကောင်းအောင် ရိုက်ပြထားတာမလို့ မကြည့်မိရင် နောင်တရမိမယ် ထင်ပါတယ်။ဒါကြောင့်မလို့ "Dead Poet Society" ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ကျွန်ဝောာ်တို့ MSP က ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။
Author : JinX
ကလေးအစ လူကြီးအဆုံး generation အားလုံးသိကြတဲ့ စင်ဒရဲလားပုံပြင်ကို မြင်တွေ့နေကျမဟုတ်ဘဲ တခြား side က ပြောင်းကြည့်ကြမယ်ဆိုရင် ဘယ်လိုလဲ ?
Cinderella story ကို စင်ဒရဲလားရဲ့ pov ကမဟုတ်ဘဲ မိထွေးရဲ့သမီးကြီးနေရာကနေ ခံစားကြည့်ရှုရမယ့်ရုပ်ရှင်ကတော့ The Ugly Stepsister (2025) ဖြစ်ပါတယ်
ရုပ်ရှင်ပိုစတာကို စမြင်ထဲက ဒီကားငါကြည့်ရမယ်ဆိုပြီး တွေးမိတဲ့အထိ ပိုစတာက powerful ဖြစ်လွန်းတယ်
ကလေးဘဝရဲ့အိမ်မက်တွေထဲမှာ အရမ်းလှတဲ့စင်ဒရဲလားလေးလို တစ်နေ့မင်းသားလေးနဲ့တွေ့ပြီးလက်ထပ်နိုင်ဖို့ စိတ်ကူးခဲ့ဖူးကြပေမဲ့ အသက်အရွယ်တစ်ခုကို ရောက်လာတော့ စင်ဒရဲလားအပြင် မိထွေးရဲ့သမီး ရုပ်ဆိုးဆိုးညီအမနှစ်ယောက်အကြောင်းကိုလည်းတွေးမိလာတယ်
ဇာတ်လိုက်ထက် ဗီလိန်တွေကို ပိုစိတ်ဝင်စားတတ်တဲ့ကိုယ့်အတွက် ဒီရုပ်ရှင်ဟာ စိတ်ကျေနပ်မှုအပြည့်ရခဲ့တယ်
ဘော်ဒီဟော်ရာအမျိုးအစားဖြစ်ပြီး 18+ အခန်း
တွေ၊ ရွံစရာအခန်းတွေပါလို့ မကြည့်ရဲတဲ့သူတွေအတွက် ကြိုတင်သတိပေးပါရစေ ‼️
အိပ်ယာဝင်ပုံပြင်တွေဟာ ကလေးတွေအတွက် ချစ်စရာကောင်းအောင်ဖန်တီးထားပြီး happy ending ဖြစ်ခဲ့ပေမဲ့ တကယ့်လက်တွေ့
real story တွေမှာတော့ ရက်စက်ကြမ်းကြုတ်မှု တွေရှိတတ်တယ်ဆိုတာကိုသိကြမှာပါ
၂၁ရာစုတိုင် " ရုပ်မလှတဲ့သူက ဘောင်မဝင်
ဘူး " ဆိုတဲ့ beauty standard တွေကြား မြေစာပင်ဖြစ်ခဲ့ရသူကတော့ အယ်လ်ဗီယာပါပဲ
Storyline ကို အားလုံးသိကြတာမို့ မပြောတော့ဘူး
[ အခုကစပြီး spoiler alert ပါ 🚨 ]
တကယ်တော့ အယ်လ်ဗီယာမှာ အပြစ်မဟုတ်တဲ့အပြစ်ဆိုလို့ ရုပ်ဆိုးတာလေးပဲရှိခဲ့တာ
မိခင်ရဲ့မှားယွင်းစွာသွန်သင်မှုတွေနဲ့ society ရဲ့
စံနှုန်းသတ်မှတ်ချက်တွေကြား ရှင်သန်ရတဲ့အခါ သူ့ရဲ့နာကြည်းချက်တွေက အမှားတွေဖြစ်လာတယ်
တခြားသူတွေစားကောင်းသောက်ဖွယ်ရာတွေ
စားသုံးနေချိန်မှာ အယ်လ်ဗီယာက ဝိတ်မတက်ဖို့ သံပရာသီးနဲ့လုပ်ထားတဲ့ soup ပဲစားရတယ် နောက်ဆုံး သူဘာစားစား ဝ မလာစေဖို့
သန်ကောင်ဥကို မြိုချထားတဲ့အထိပဲ
အဲဒီ့ plot ကြီးက တကယ်စားတယ် 🥲🥲
နှာခေါင်းကို ဆောက်နဲ့ထွင်းပြီးပြင်၊ မျက်တောင်တုတွေကို မျက်လုံးနဲ့တွဲချုပ်စတဲ့ အစိမ်းလိုက် ခွဲစိတ်ပြုပြင်မှုတွေလုပ်ပြီး ဖိနပ်နဲ့တော်ဖို့ ခြေချောင်းတွေကို ဖြတ်ထုတ်ပစ်တဲ့အထိ အစွမ်းကုန်ကြိုးစားခဲ့ရှာတယ်
အဲ့လိုမျိုး တစ်စုံတစ်ယောက်ရဲ့ဘဝထဲ အတင်းတိုးဝင်ဖို့ ကိုယ့်ကိုယ်ကိုယ် အများကြီးပြုပြင်ပြောင်းလဲခဲ့ပေမဲ့လည်း ရွေးချယ်ခြင်းမခံရပါဘူး
ဒီရုပ်ရှင်မှာ စင်ဒရဲလားဟာ ဖြူစင်ရိုးသားသူ မဟုတ်သလို မင်းသားလေးကလည်း ပြည့်စုံနေတဲ့သူမဟုတ်ဘူး သူကိုယ်တိုင်ကျ သန့်စင်မနေဘဲ အပျိုစစ်စစ်မှလိုချင်တဲ့မင်းသားတစ်ယောက် နွားဖားကျိုးထိုးခံလိုက်ရတာကိုလည်း အလွန်စိတ်ကျေနပ်မိပါတယ် 😌
အယ်လ်ဗီယာဟာ မိသားစုရဲ့ငွေကြေးအခြေအနေကြောင့် မင်းသားကို မရရအောင်လက်ထပ်ယူချင်တာလို့ထင်ခဲ့ပေမဲ့ သူတကယ်ချစ်ခဲ့ပါတယ်
မင်းသားက ထင်သလောက်မကောင်းတဲ့သူမှန်းသိပြီးတာတောင် အချစ်လျော့မသွားဘဲ လက်ထပ်ခွင့်ရဖို့ ဆက်ကြိုးစားပြီးတော့ ကပွဲမှာ တခြားမင်းညီမင်းသားတွေ သူ့ကိုလိုချင်တာတောင် မင်းသားကိုပဲအဆုံးထိ ငေးနေခဲ့တယ်
သူပြောခဲ့သလိုပေါ့ မင်းသားဆိုတာ ဖြူသလား မည်းသလားမသိခင်အချိန်ထဲက မင်းသားလေးရေးတဲ့ကဗျာတွေဖတ်ရင်းနဲ့ ချစ်မိခဲ့တာတဲ့
ဒီရုပ်ရှင်မှာ အငယ်မလေးရဲ့story သိပ်မပါဘူးဆိုပေမဲ့ အပျိုဖော်ဝင်ပြီးနောက် သူ့အမလိုဖြစ်မှာစိုးလို့ Tomboy လိုလို လုပ်ပစ်သွားတဲ့အခန်းလေးကို ပါးပါးလေးထည့်ပုတ်သွားတာသတိထားမိတယ် ပြီးတော့ သူ့အမရဲ့ဘဝကို သူကယ်ခဲ့တာဆိုလည်းမမှားဘူးမို့ sequel သဘောမျိုး ဆက်ရိုက်မယ်ဆိုရင် အငယ်မဇာတ်လမ်းပါ ထပ်ရိုက်လို့ရလောက်တယ်
တကယ်တော့ ကိုယ်ကြည့်ချင်တာပါ ဟီး
အယ်လ်ဗီယာအဖြစ်သရုပ်ဆောင်တဲ့
Lea Myren အရမ်းတော်တယ်
သူ့မျက်လုံးလေးတွေ သိပ်လှတာ
ရုပ်ဆိုးနေရာကနေ ပြုပြင်လိုက်လို့လှသွားပြီး ရုပ်ပျက်ဆင်းပျက်ပြန်ဖြစ်သွားတဲ့ ပုံစံအမျိုးမျိုးကို သူမို့လုပ်တတ်တယ်
မိတ်ကပ်တွေ ကောင်းတာလည်းပါတာပေါ့
နောက်တစ်ခုသဘောကျတာက ကပွဲမှာဝတ်တဲ့ဝတ်စုံအရမ်းလှပြီး သူနဲ့လိုက်နေရော
ငယ်ငယ်က princess dress တွေ ဝတ်ချင်ခဲ့တဲ့ဖီလင်မျိုးပြန်ရသွားတယ်
လမ်းမလျှောက်နိုင်တော့လို့ အဲ့ဒီ dress ကြီးနဲ့လှေကားပေါ်က မှောက်လျက်သား လျှောဆင်းသွားတဲ့အခန်းဆို တကယ်မိုက်တယ် အများကြီးလည်း ပင်ပန်းခဲ့မှာ
Beauty is pain ဆိုတဲ့ concept ကို သေချာပုံဖော်သွားပြီး ပေးချင်တဲ့မက်ဆေ့လေးတွေကောင်းလို့ horror fan တွေအတွက် recommend လုပ်လိုက်ပါတယ်
ဒီကားကြည့်ပြီးသူတိုင်း သန်ချဆေး ပုံမှန် သောက်ဖို့ အသိတရားဝင်သွားမှာတော့ အသေအချာပါပဲ :3
Personal rating 8/10 ⭐⭐⭐
“ငါတို့ဇာတ်လမ်းမှာ မျက်ရည်တွေဟာ အဓိကဇာတ်ကောင်”
(The Classic ခံစားမှု)
လူ့ဘဝဟာ စပြီဆိုကတည်းက ငိုခဲ့ရတယ်။ ကောင်းကင်ကြီးမှာ မိုးရေတွေ ဘယ်တော့မှ ခမ်းခြောက်မသွားသလိုမျိုး ငါတို့ကိုယ်စီမှာလည်း စိုစွတ်ဝမ်းနည်းမှုတွေနဲ့ပေါ့ကွာ။ အရာရာ မလွယ်ကူလို့ပဲ လူအဖြစ်ကို ခက်ခက်ခဲခဲရခဲ့ကြ။ နောက်ပြီး ငါတို့ အချစ်ကို တွေ့ရှိခဲ့ကြ။ နွားချေးပိုးကောင်လေးကို မတွေ့ဖူး မမြင်ဖူးတဲ့ ကောင်မလေး၊ မြစ်တစ်ဖက်ကမ်းက သရဲခြောက်တဲ့ အိမ်အိုကြီးဆီကို သွားကြည့်ချင်တဲ့ ကောင်မလေး။ ငါ ဟာလှေကိုလည်း မလှော်တတ်ခဲ့သလို မြစ်ကိုလည်း မဖြတ်ဖူးခဲ့ပါဘူး။ ဒါပေမဲ့ နင်ရှိနေမှာ ဆိုတဲ့ အသိနဲ့တင် စွန့်စားခန်းကြီးထဲ လက်ပစ်ကူးဖို့ စဉ်းစားစရာကို မလိုခဲ့တာပါ။ မြစ်ကမ်းစပ် မှာ လှေက မရွေ့၊ နင်ကလည်း စကားတွေ ကရားရေလွှတ်၊ နောက်တော့လည်း အဖြစ်မှန်ဟာ သူ့အလိုလိုပေါ်လာပြီး ငါတို့လည်း အိမ်အိုကြီးဆီရောက်ခဲ့တာပါပဲလေ။ ဘဝရဲ့ လွတ်လပ်ပေါ့ပါးမှုဟာ ဖန်တီးမယူပဲ ရောက်လာတတ်တယ်။ တစ်ခါတစ်ရံ အားရပါးရ အော်ပစ်လိုက်၊ တစ်ခါတစ်ရံ အသံမထွက်နိုင်တော့တဲ့ ဆို့နင့်ဝမ်းနည်းမှုနဲ့ ငိုကြွေးလိုက်။ ရုတ်တရက် မိုးတွေရွာလာတယ်။ လှေကလေးက မြစ်လယ်ဆီကို တရွေ့ရွေ့။ ငါဟာ လှေကြိုးကိုချည်ဖို့ မေ့လျော့ခဲ့သူ၊ ကိုယ့်ကို ခိုင်မြဲစွာရစ်ပတ်လာတဲ့ သံယောဇဉ်ကြိုးလေးကို လွတ်ထွက်မသွားအောင် ချည်ဖို့ ပျက်ကွက်ခဲ့သူ ဖြစ်တယ်။ ခြေထောက်နာသွားတဲ့ နင့် ကို ကုန်းပိုးပြေးလိုက်ဖို့၊ ဗိုက်ဆာနေတဲ့ ကောင်မလေးကို ဖရဲသီးခွဲကျွေးဖို့ မမေ့ခဲ့တာပဲ ပျော်စရာခဏတာများပေါ့လေ။ ခြေတံရှည်လယ်စောင့်တဲလေးပေါ်မှာ သက်တန့်ကြီး ကိုင်းကျနေတယ်။ တဲကလေးထဲမှာ ခိုက်ခိုက်တုန်နေတဲ့ အအေးဒဏ်ကို မျက်ဝန်းများနဲ့ နွေးစေခဲ့တယ်။ နောက်တော့ အိမ်အပြန်လမ်းက ချောင်းရိုးလေးထဲ ပိုးစုန်းကြူးလေးဆင်းဖမ်းပေးခဲ့တယ်။ နင့်အတွက်တော့ ကျေးလက်ဒေသက အကောင်လေးတွေဟာ မတွေ့ဖူး၊ မမြင်ဖူးတဲ့ ရတနာလေးတွေပေါ့ဟာ။
နောက်တော့ နင်နဲ့ငါ ၊ တစ်ယောက်ရဲ့ရတနာဟာ တစ်ယောက်ဖြစ်ခဲ့ကြ။ ရွာနေတဲ့မိုးတွေထဲ မျက်ရည်ကိုယ်စီနဲ့ ပြေးလွှားခဲ့ကြ။ ငါ့အသက်ရဲ့ သုံးပုံနှစ်ပုံလောက်ဖြတ်သန်းပြီးချိန်မှာ ငါဟာ သိပ်ကို မောနေခဲ့ပြီ။ အဖြစ်အပျက်တွေဟာ ငါတို့စီမံလို့ မရပဲ သူ့အလိုလို ဖြစ်ပျက်သွားခဲ့တယ်။ ကံကြမ္မာကိုလည်း ငါလိုက်မမှီဘူး။ နင့်ကိုလည်း ငါ မမှီတော့ဘူး။ ရောက်တတ်ရာရာအကြောင်းတွေပေမယ့် စတွေ့ကြကတည်းက ပန်းချိုချိုလေးတွေ ထုံမွှန်းထားတဲ့ အဆွေးဇာတ်ကြီးဆိုတာ ငါတို့သိခဲ့လိုက်ရင် ကောင်းမယ်နော်။ နင်လည်း အူလှိုက်သည်းလှိုက်ငိုစရာ မလိုတော့ဘူးပေါ့။ ငါ့ဆီမှာ နောက်ဆုံးကျန်ခဲ့တာဆိုလို့ နင်ကိုယ်တိုင်ဆွဲပေးလိုက်တဲ့ ဆွဲကြိုးလေးပဲ ရှိတော့တယ်။ အသက်တာအတွက် ထာဝရလွမ်းဆွတ်စေလိုသော အားဖြင့်။ ငါ့ကို ချည်လာတဲ့ကြိုးတစ်ချောင်းအား ချည်တိုင်မဲ့တဲ့ငါ့ဘဝဆီမှ ဝေးကွာစေလိုသောအားဖြင့်။
ငါဆိုတဲ့ လူ့အဖြစ်ကို ရခဲ့တာ သိပ်ကိုပျော်ပါတယ်။ ငါ့ရဲ့လူ့အဖြစ်မှာ ကောင်မလေးတစ်ယောက်ကို တွေ့ဆုံခွင့်၊ ချစ်ခွင့်၊ ပျော်ရွှင်ကြည်နူးခွင့်၊ လွမ်းခွင့်၊ ဆွေးခွင့်၊ ကြေကွဲခွင့် ထောင်သောင်းမက ရရှိခဲ့တဲ့အတွက်လည်း သိပ်ကို ကျေနပ်မိပါတယ်။
___________________________________
ငါတို့ ဇာတ်လမ်းမှာ မျက်ရည်တွေဟာ အဓိက ဇာတ်ကောင်ပဲ။ ဇာတ်လမ်းသဘောအရ အဓိကဇာတ်ကောာင်ကို သတ်လိုက်လို့မရဘူး။ မျက်ရည်ဆိုတဲ့ ဇာတ်ကောင်ဟာ ရုပ်လုံးကြွနေဖို့ ငါတို့ ဝေးနေမှ ဖြစ်မှာ။______________________________________
နောက်ဆုံးတော့ ဇာတ်ကောင်အလိုကျပဲ ဘယ်တော့မှမဆုံနိုင်အောင် ငါတို့ ဝေးကွာမျောလွင့်သွားရတယ်နော်။ သံသရာဟာ ဆက်ရှိနေဦးမှာပါ။ လူ့အဖြစ်ဆိုတာလည်း သေဆုံးလိုက်၊ တစ်ခါပြန်ရှင်သန်လိုက် ဖြစ်နေဦးမှာ။ နောက်တစ်ကြိမ် တိုက်မိဖို့ဆိုတာ စကြာဝဠာကြီးထဲ မျောနေတဲ့ ကိုယ်တို့လို အပိုင်းအစလေးတွေအတွက် အခွင့်အရေး ရှိနိုင်တယ် မဟုတ်လား။