49 w - Translate

မူဆယ် ငွေလိမ် ကုမ္ပဏီတွေ အလောတကြီး နေရာရွှေ့ပြောင်းနေ
ဇွန် ၂၀၊ ၂၀၂၅
Shy V (VOM)
တရုတ် - မြန်မာ နယ်စပ်၊ မူဆယ်မြို့ပေါ် အခြေစိုက် ငွေလိမ် ကုမ္ပဏီ တခုမှာ နှိပ်စက် စေခိုင်းခံရတဲ့ တရုတ်နိုင်ငံသား သုံးယောက် တရုတ်ဘက်အထိ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် မူဆယ်က ငွေလိမ်ကုမ္ပဏီ တွေကို ဖမ်းဆီးပေးဖို့ တရုတ်ဘက်က တောင်းဆိုလာရာ လတ်တလော မူဆယ်က ငွေလိမ်ကုမ္ပဏီတွေ တည်နေရာ ဖျောက်ဖို့ အလောတကြီး နေရာရွှေ့ပြောင်း နေကြ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"အရင်တပတ်က ငွေလိမ် ကုမ္ပဏီ တခုက တရုတ် နိုင်ငံသား သုံးယောက် တအားနှိပ်စက် ခံရလို့ ထွက်‌ပြေးဖို့ လုပ်တာ အပြင်က ဒေသခံ တယောက်နဲ့ အဆက်သွယ်ရပြီး ထွက်ပြေးနိုင်ခဲ့တာ။" လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ညတွင်းချင်း မူဆယ်မြို့ကနေ ၁၀၅ မိုင်ဘက်ထွက်ပြီး ကြူကုတ် (ပန်ဆိုင်း) - ဝမ်တိန် ဂိတ်ကနေ တရုတ်ဘက် ပြန်သွားနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
"သူတို့ တရုတ်နိုင်ငံသား သုံးယောက်ကို လိမ်ခေါ်လာလာ တရုတ်နိုင်ငံထဲက သူတို့ တရွာထဲသား တွေပဲ လို့ပြောတယ်။ အဲဒါကြောင့် သူတို့ တရုတ်ထဲ‌ ရောက်ရင် တရုတ်ရဲတွေကို သွားတိုင်မယ်၊ အမှန်အတိုင်းပြောပြလိုက်မယ် ပြောနေကြတာ" လို့ အဲဒီ တရုတ်နိုင်ငံသား သုံးယောက်ကို လွတ်မြောက်အောင် ပို့ဆောင်ခဲ့သုနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
သူတို့ သုံးယောက် စလုံး ငွေလိမ် ကုမ္ပဏီထဲမှာ နှိပ်စက်တာကို မခံ‌နိုင်လို့ ထွက်ပြေးဖို့ စီစဉ်‌ နေတာ တနှစ်လောက်ရှိပြီလို့ သိရပြီူ လမ်းစရိတ်အတွက် တရုတ်ငွေ တသောင်းကို ခန္ဓာကိုယ်ထဲ အမြဲ ဝှက်ထားရတာလို့ပြောတယ်လို့ သူက ပြောပါတယ်။
အဲဒီ တရုတ် နိုင်ငံသား ‌‌ေငွလိမ် ကုမ္ပဏီ လုပ်သား သုံးဦး တရုတ်ဘက်ထိ ထွက်ပြေးလွတ်မြောက် သွားတဲ့နောက် မူဆယ်ရှိ ငွေလိမ် လုပ်ငန်း လုပ်သူတွေကို တရုတ်ဘက်က တောင်းဆိုလာကြောင်း ကြားသိလာရတယ်လို့ ဆိုပါတယ်။
"ငွေလိမ် ကုမ္ပဏီတွေက သူတို့ရဲ့ တည်နေရာ သိကုန်မှာစိုးလို့ အလောတကြီး ရွှေ့ပြောင်းနေကြတာ။ သူတို့ရဲ့ တည်နေရာ တရုတ်ဘက်က သိသွားရက် မရလို့လေ" လို့ ငွေလိမ်လုပ်ငန်းလုပ်သူတွေနဲ့ နီးစပ်သူက ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း မြို့ထဲကဘငွေလိမ် ကုမ္ပဏီတွေ၊ ဟိုတယ်၊ တည်းခိုခန်းတွေက အစ အကုန်စစ်ပြီး ဖမ်းနေလို့ ငွေလိမ်လုပ်ငန်းလုပ်တဲ့ သူတွေ ရှောင်ပြေး၊ ပုန်းအောင်းနေကြတယ်လို့ သူက ပြောပါတယ်။
တချို့ ကုမ္ပဏီက နှိပ်စက် စေခိုင်းခံရတဲ့ တရုတ်နိုင်ငံသားတွေက ထွက်ပြေးလို့ သူတို့ကို လုံခြုံရေး ယူပေးတဲ့ ပြည်သူ့စစ်တွေ ပစ်ခတ် ဖမ်းဆီးရာက သေတုံးသွားတဲ့ သူတွေလည်းရှိတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့မှာလည်း နစက နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့ မူဆယ် စွမ်စော် နဲ့ ‌ေကာင်းမှုတုံ ရပ်ကွက်က ငွေလိမ်လုပ်ငန်း လုပ်နေတဲ့ နေရာ ၂ နေရာက တရုတ်နိုင်ငံသား ၄၁ ယောက်နဲ့ မြန်မာနိုင်ငံသား ၉၇ ယောက်ကို သက်သေ ပစ္စည်းတွေနဲ့ အတူ ဖမ်းဆီး ရမိထားကြောင်း MRTV မှာ သတင်း ထုတ်လွှင့်ထားပါတယ်။
ဖမ်းဆီးရမိထားတဲ့ တရုတ်နိုင်ငံသား ၄၁ ဦးထဲမှာ မူဆယ်မြို့ ဟိုနားလမ်းဆုံအနီးက ကာစီနိုနဲ့ ငွေလိမ် အလုပ်ရုံက အစုရှယ်ယာ ပိုင်ရှင် ၈ ယောက်ပါဝင်တယ်လို့ ကြားသိရကြောင်း ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
လက်ရှိ မူဆယ်မြို့မှာ အရင်က ဝ ဒေသ ဘက်က ငွေလိမ် လုပ်ငန်းလုပ်ခဲ့သူတွေနဲ့ လောက်ကိုင်မှာ ငွေလိမ်လုပ်ငန်း လုပ်ခဲ့တဲ့သူတွေများပြီး လောက်ကိုင်မှာ ငွေလိမ် လုပ်ငန်း လုပ်ခဲ့တဲ့ လျိုအားပေါက် ရဲ့အဖွဲ့က ဖဲ့ထွက်အဖွဲ့က မူဆယ်မှာ အထိုင် ပေးထးတယ် သိရဖူး‌တယ်လို့ ဆိုပါတယ်။
အခု‌ေနာက်ပိာင်း မူဆယ်က ငွေလိမ် လုပ်ငန်းတွေက အရင်ကနဲ့ မတူတော့ပဲ မြို့ထဲ ရပ်ကွက်နေ‌ေတွမှာ လုံးချင်းအိမ်တွေငှားရမ်းပြီး ပုံပြောင်း လုပ်ကိုင်လာတာကို တွေ့ရပါတယ်။

image

အီရန်ကို တိုက်ခိုက်မယ့်ကိစ္စ လာမယ့်နှစ်ပတ်အတွင်း ဒေါ်နယ်ထရန့် ဆုံးဖြတ်မယ်
ဝါရှင်တန်၊ ဇွန်-၂၀-၂၀၂၅
မျိုးဆက်(VOM)
အီရန်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်ဖို့ကိစ္စကို လာမယ့်နှစ်ပတ်အတွင်း ဆုံးဖြတ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးလိုက်ပါတယ်။
မဝေးတော့တဲ့ အနာဂတ်မှာ အီရန်နဲ့ဆွေးနွေးပွဲတွေ အများအပြား ကျင်းပနို်ငမယ့် အလားအလာတွေရှိနေတယ်ဆိုတဲ့ အချက်ကိုအခြေခံပြီး နောက်နှစ်ပတ်အတွင်းမှာ ဒီကိစ္စကို သမ္မတထရန့်က ဆုံးဖြတ်မယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
သံတမန်ရေးအရ ဖြေရှင်းနည်းရင်ရင် သမ္မတထရန့်က ဘယ်တော့မှ လက်မလွှတ်တတ်ပေမယ့် အင်အားသုံးဖို့လည်း တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ လီဗစ်က ဆိုပါတယ်။ အီရန်အစိုးရနဲ့ အဆက်အသွယ်ရှိတယ်လို့လည်း သူကပြောပါတယ်။
ဒါပေမယ့်လည်း ဆက်သွယ်မှုအပါအဝင် အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ သမ္မတထရန့်အနေနဲ့ အီရန်ရဲ့အခြေအနေနဲ့ အနာဂတ်တုံ့ပြန်မှုတွေကိုချိန်ဆက သီတင်းပတ်ကုန်မှာ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးတွေ ကျင်းပမယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်း အစ္စရေး-အီရန် ပဋိပက္ခ အဆုံးသတ်ရေးအတွက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးတွေဟာ အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဂျီနီဗာမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။
လက်ရှိမှာတော့ အီရန်ဟာလည်း အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ဆက်လက်တိုက်ခိုက်နေပြီး အစ္စရေးကလည်း အီရန်ရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို ညတွင်းချင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။ အစ္စရေးရဲ့ မကြာသေးမီက တိုက်ခို်ကမှုအတွင်း အာရက်ခ်မြို့ရှိ ဆောက်လက်စ နျူကလီးယားစက်ရုံ ပျက်စီးခဲ့တယ်လို့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီက ထုတ်ပြန်အတည်ပြုထားပါတယ်။

image
49 w - Translate - Youtube

မိဘထက် ကျေးဇူးကြီးမားတဲ့ ပုဂ္ဂိုလ် ၃ဦး အကြောင်း တရားတော် - ပါချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘ

49 w - Translate - Youtube

အိမ်ထောင်ဦးစီးတိုင်း ခေတ်ပျက်ကာလမှာ ရှောင်သင့်တဲ့ စီးပွားရေးအလုပ်များ - ပါချုပ်ဆရာတော်

49 w - Translate - Youtube

စိတ်ကူးလိုက်တဲ့ ကိစ္စတွေ အကုန်ဖြစ်လာနိုင်ဖို့ ဒီလိုကျင့်ကြံပါ တရားတော် - ပါချုပ်ဆရာတော်

49 w - Translate - Youtube

စစ်လက်နက်ကပ်ကြီးဆိုက်တဲ့ဘေးကလွတ်မြှောက်ဖို့ဘာတွေလုပ်ရမလဲ - ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ

49 w - Translate - Youtube

ကမ္ဘာကြီး ပျက်စီးမည့် ပုံစံ တရားတော် :ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

49 w - Translate

#ပြည်တွင်းသတင်း
◼ကျောင်းသူများရန်ဖြစ်သည့်ဗီဒီယိုဖိုင် မြောင်းမြခရိုင်ပညာရေးမှူးစစ်ဆေးလျက်ရှိဟု နစကထုတ်ပြန်
ယခုရက်ပိုင်းအတွင်းလူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် ဧရာဝတီတိုင်း၊ မြောင်းမြမြို့၌ကျောင်းသူများရန်ဖြစ်နေသည့် ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ခရိုင်ပညာရေးမှူးမှဆက်လက်စစ်ဆေးလျက်ရှိကြောင်း နစက ကယမန်နေ့ (ဇွန် ၁၉ ရက်) ညက ထုတ်ပြန်သည်။
အဆိုပါ ဗီဒီယိုဖိုင်နှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်ဟုဆိုကာ အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့်ထုတ်ပြန်ချက်မှာ တရားဝင်ထုတ်ပြန်ချက်မဟုတ်ကြောင်း၊ မြောင်းမြခရိုင်ပညာရေးမှူး ဦးဌေးဝင်းဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ဖြင့် ဖြစ်စဉ်အား ယမန်‌နေ့(ဇွန် ၁၉ ရက်)တွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။
ဖြစ်စဉ်မှာ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်၊ နိုဝင်ဘာ ၁၈ ရက်တွင် ကျောင်းချိန် ပြင်ပ၌ဖြစ်ပွားခဲ့သည့် ဗီဒီယိုဖိုင်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှရန်ဖြစ်သည့် ကျောင်းသူနှင့်အုပ်ထိန်းသူမိဘများကိုခေါ်ယူတွေ့ဆုံပြီး မေးမြန်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဗီဒီယိုဖိုင်တွင်အရိုက်ခံရသည့် Grade-6 ကျောင်းသူအား ရိုက်နှက်ခဲ့သည့် Grade-7 နှင့် Grade -9 ကျောင်းသူနှစ်ဦးတို့အား သေချာစွာစစ်ဆေးမေးမြန်းပြီး အရိုက်ခံရသည့်ကျောင်းသူမှာ နစ်နာသူဖြစ်၍ အရေးယူဆောင်ရွက်ခဲ့ခြင်းမရှိပါကြောင်း၊ ရိုက်နှက်ခဲ့သည့် Grade-7 နှင့် Grade-9 ကျောင်းသူနှစ်ဦး နှင့် ဖြစ်စဉ်အားဗီဒီယိုရိုက်ပေးသော Grade-7 ကျောင်းသားတို့အား ကျောင်းစည်းကမ်းဖောက်ဖျက်ခြင်းကြောင့် ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အုပ်ထိန်းသူမိဘများထံပြန်လည်အပ်နှံခဲ့ကြောင်း၊ နောက်နောင်ယခုကဲ့သို့ကိစ္စမျိုး ထပ်မံမဖြစ်စေရန်လက်မှတ်ရေးထိုးစေခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စုံစမ်းဆဲ အမည်မသိအကောင့်(Account)တစ်ခုမှ ယခင်နှစ်ဗီဒီယိုဖိုင်အား ယခုဇွန်လ ၁၈ ရက်တွင် လူမှုကွန်ရက်ပေါ်သို့ထပ်မံတင်ပြခဲ့ခြင်းသာဖြစ်ကြောင်းနှင့် ယခုဖြစ်ပွားခဲ့သည့်ပြဿနာမျိုး ထပ်မံမဖြစ်ပွားစေရန် ကျောင်းစည်းကမ်းအတိုင်းဆောင်ရွက်လျက်ရှိကြောင်း နစက၏ ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း

image
49 w - Translate - Youtube

ကံဆိုတာဘာလဲ သေချာနားလည်ဖို့ဗုဒ္ဓဘာသာဝင်တိုင်းနားကြားသင့်သောတရားတော် - ဆရာတော် အရှင်နန္ဒမာလာဘိဝံသ

49 w - Translate - Youtube

မြန်မာနိုင်ငံက စိတ်အချမ်းသာရဆုံး Streamer (Bo Kyar Level Devil Game Play ဟာသ)