မြန်မာ့အရေး ဝင်စွက်ဖက်နေသည့် တရုတ်အစိုးရကို ဝါရှင်တန်ဒီစီတွင် ဆန္ဒပြ
တရုတ်အစိုးရရဲ့ မြန်မာ့အရေးမှာ ပေါ်ပေါ်ထင်ထင်ဝင်ရောက်စွက်ဖက်ပြီး စစ်ကောင်စီဘက်က ရပ်တည်နေတာကို ပြန်သုံးသပ်ဖို့ တရုတ်ကွန်မြူနစ်ပါတီနဲ့အစိုးရကို အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ တရုတ်သံရုံးရှေ့မှာ မြန်မာနွယ်ဖွားတွေက ဒေသစံတော်ချိန် ဇူလိုင် ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ဆန္ဒပြတိုက်တွန်းခဲ့ကြပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုအလွန်ကတည်းက နိုင်ငံတကာတရုတ်သံရုံးတွေအရှေ့မှာ စစ်ကောင်စီကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြတောင်းဆိုတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပေမဲ့ တရုတ်အစိုးရက လစ်လျူရှုထားခဲ့တာပါ။
#

