✅ခုတလော လူငယ်တွေထဲမှာ #ကျောက်ကပ်ရောဂါ အဖြစ်များလာတာ တွေ့ရပါတယ်....
✅ကျောက်ကပ် ရောဂါ က ဖြစ်ပြီ ဆိုရင် အတော်ကိုမလွယ်တဲ့ ရောဂါပါ....
✅လူလည်း ပင်ပန်းသလို ဆေးကုသစရိတ် လည်း များ၊ အစားအစာရှောင်ရတာတွေ လည်း များတာမို့ မဖြစ်ခင်ထဲ က ကြိုတင် ဂရုစိုက်တာ အကောင်းဆုံးပါ...
✅ ရေ ကိုပျမ်းမျှ အားဖြင့် အနည်းဆုံး ၂ လီတာ (သို့) ၈ ဖန်ခွက် သောက်ပါ၊ ရာသီဥတု ပူတဲ့ရက်၊ ချွေးထွက် များတဲ့ ရက်ဆို ဒီ ထက် ပိုသောက်ရပါမယ်
#ကျောက်ကပ် အားကောင်းစေတဲ့ ဘယ်ရီသီး၊ပန်းသီး၊ငါးအမျိုးမျိုး၊ကြက်ဥအကာ ၊ကြက်သွန်ဖြူ၊ ငရုတ်ပွသီး၊ သံလွင်ဆီ ၊ဂေါ်ဖီထုပ်၊ ပန်းပွင့် တို့ စားပေးပါ
✅ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ (မပြည့်ဝဆီ ပါဝင်မှုများတဲ့ )ဆီ ကို သုံးပါ
✅ အစေ့အဆန်လေးတွေ စားပေးပါ
✅ အသား စားရင် တတ်နိုင်သမျှ အဆီ ရှောင်ပါ (အနီရောင်အသားကို တပတ် ၂ရက်ခန့်သာစားပါ)
✅ အုတ်၊ ဂျုံကြမ်း၊ ပေါင်မုန့်ကြမ်း၊ whole grain တွေ စားပေးပါ
#ရှောင်ရမှာတွေကတော့....
🚫 အငန် ဓာတ် တတ်နိုင်သမျှ လျော့ပါ ( တနေ့ကို ဆား လက်ဖက်ရည် ၁ဇွန်း ထက် ပို မသုံးပါနဲ့)
🚫 အချိုမှုန့် ကြက်သားမှုန့် နဲ့ အခြား အငန်ဓာတ် ဟင်းခတ်တွေ တတ်နိုင်သမျှ လျော့ပါ
🚫 အသင့်စား ခေါက်ဆွဲခြောက်ထုတ် sausage၊ bacon ၊ ချိစ်၊ အာလူးကြော်၊ fast-food
🚫 အချိုလွန်ကဲတဲ့ အစားအစာတွေ၊ gas ပါတဲ့ soft drink
🚫 ဓညင်းသီး
🚫 အရေးကြီးတာ အထိုင် များတဲ့ life style တတ်နိုင်သမျှ လျော့ဖို့လ်ိုပါတယ်၊ (ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး နာရီဝက်-၁ နာရီခန့် ရှိပါစေ)
🚫 ဆီးသွားချင်ရက်နဲ့ အလုပ်များလို့ အောင့်ထားတာ မျိုးတွေ မလုပ်ပါနဲ့
🚫 ဆေးတွေ အထူး သဖြင့် အက်ိုက်အခဲ ပျောက်ဆေး တွေ မလ်ိုအပ်ပဲသောက်ပါနဲ့
🚫 အဝမလွန်ပါစေနဲ့
🚫 ဆေးလိပ် အရက် တတ်နိုင်သမျှ လျော့ပါ
#အောက်ပါ အချက်တွေ ကြုံရပြီ ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပေးပါ....
❗ဆီးအရောင် ပြောင်းတာ၊ ဆီးသွားရင် သွေးပါတာ၊ အမြှပ်ထတာ၊ ဆီးသွားရခက်တာ၊ ဆီးခဏခဏ သွားတာ
❗အရေပြားခြောက်သွေ့ပြီးယားယံတာ
❗ခြေလက် တွေ ဖောရောင်လာတာ
❗အစားစားချင်စိတ် မရှိတာ
❗အမြဲ ပင်ပမ်းနွမ်းနယ်တာ၊ အိပ်ရေးမဝတာ
❗ကြွက်သားတွေ နာကျင်ကိုက်ခဲတာ
#ရောဂါ ဖြစ်ပြီဆိုရင် ရောဂါပေါ် မူတည်ပြီး အစားအစာပမာဏ ရေပမာဏ စတာတွေ ကန့်သတ်ရတာမို့ မဖြစ်ခင်ထဲက ကြိုတင် ဂရုစိုက်တာ အကောင်းဆုံး ပါပဲရှင် ✅
Dr.Myint Zu Oo
MSc. Nutrition & Dietetic (UK)
Ph.D student (Dental Public Health)Japan
မေတ္တာဖြင့်တဆင့်ပြန်လည်မျှဝေပါသည်။
#ကျန်းမာရေးဗဟုသုတရကြပါစေ
#ကျောက်ကပ်ကျန်းမာရေး

image
1 နှစ် - ဘာသာပြန်ပါ။

"သိပ်လှခဲ့တယ်ဆိုတာ
ပုံပြင်တပုဒ္မဟုတ်ခဲ့ဘူး"
😢

image
1 နှစ် - ဘာသာပြန်ပါ။

"သိပ်လှခဲ့တယ်ဆိုတာ
ပုံပြင်တပုဒ္မဟုတ်ခဲ့ဘူး"
😢

image
1 နှစ် - ဘာသာပြန်ပါ။

"သိပ်လှခဲ့တယ်ဆိုတာ
ပုံပြင်တပုဒ္မဟုတ်ခဲ့ဘူး"
😢

image
1 နှစ် - ဘာသာပြန်ပါ။

"သိပ်လှခဲ့တယ်ဆိုတာ
ပုံပြင်တပုဒ္မဟုတ်ခဲ့ဘူး"
😢

image
1 နှစ် - ဘာသာပြန်ပါ။

"သိပ်လှခဲ့တယ်ဆိုတာ
ပုံပြင်တပုဒ္မဟုတ်ခဲ့ဘူး"
😢

image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

ကျောက်ပန်းတောင်းကနေ ပုပ္ပါးကိုသွားတဲ့ လမ်းလေး
ဒီလမ်းလေးရောက်တိုင်း ပုပ္ပါးကို လှမ်းငေးမိတယ် 🍀

image
1 နှစ် - ဘာသာပြန်ပါ။

တရုတ်နိုင်ငံက ချန်စီ လို့အမည်ရတဲ့ သူတစ်ယောက်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်ကစပြီး နန်ကျင်းယန်ဇီမြစ်ကူးတံတားပေါ်မှာ ကင်းလှည့်တဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ် နန်ကျင်းယန်ဇီမြစ်ကူးတံတားဟာ "နန်ကျင်းမြို့ရဲ့ကောင်းကင်တမန်" လို့လူသိများ ကမ္ဘာပေါ်မှာ မိမိကိုယ်ကိုယ်သxတ်​ေxသမှုအများဆုံးပြုလုပ်တဲ့နေရာတွေထဲက တစ်ခုဖြစ်ပါတယ် သူဟာ စနေ၊ တနင်္ဂနွေရက်တွေမှာ အဲဒီတံတားပေါ်မှာနေပြီး ကိုယ့်ကိုယ်ကိုယ်သxတ်​ေxသကြိုးစားတဲ့ ရာနဲ့ချီတဲ့လူပေါင်းများစွာရဲ့အသက်ကို ကယ်တင်ပေးခဲ့ပါတယ်
ချန်စီ ဟာ ညအိပ်ယာဝင်ချိန်တွေအထိ တံတားပေါ်မှာ လှည့်ပတ်ကြည့်ရှုပြီး အကူအညီလိုအပ်နေတဲ့သူတွေကို ရှာဖွေတတ်ပါတယ် သူဟာ သူ့ရဲ့ကားလေးနဲ့ အစားအသောက်၊ အဝတ်အထည်၊ ဆေးဝါး စတာတွေကို အမြဲတမ်းဆောင်ထားပြီး လိုအပ်တဲ့သူတွေကိုလည်း ကူညီပေးပါတယ်
ချန်စီဟာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ ကြိုးစားနေတဲ့သူတွေကို တွေ့ရင် စိတ်ရှည်လက်ရှည်နဲ့ စကားပြောပြီး သူတို့ရင်ထဲက ခံစားချက်တွေကို နားထောင်ပေးပါတယ် အဲဒီလို နားထောင်ပြီးတဲ့အခါမှာ ဘဝရဲ့ တန်ဖိုးရှိပုံနဲ့ အခက်အခဲတွေကို ဘယ်လိုကျော်လွှားရမလဲဆိုတာကို ရှင်းပြပေးပါတယ် တချို့ကိုလည်း သူ့အိမ်မှာ ခေါ်ထားပြီး အလုပ်အကိုင်ရှာဖွေပေးတာ ဒါမှမဟုတ် ငွေကြေးအကူအညီပေးတာ စတဲ့ နည်းလမ်းတွေနဲ့လည်း ကူညီပေးပါတယ်
ချန်စီရဲ့ လုပ်ရပ်တွေကြောင့် တရုတ်နိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းလုံးကပါ လူတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ် အစပိုင်းမှာတော့ သူတစ်ယောက်တည်း လုပ်ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ သူ့ကိုကူညီဖို့ စေတနာ့ဝန်ထမ်းတွေလည်း ပါဝင်လာခဲ့ကြပါတယ် ချန်စီကတော့ ဒီလိုလုပ်တာကိုသူ့ရဲ့ဘဝပေးတာဝန်တစ်ခုအနေနဲ့ သတ်မှတ်ပြီးဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်

image

လူစုံ ပြီဆို အချိန် ကို- ၊ က်

image

Me : ငါ့အရွ- ၊ ယ်နဲ့ ရ* င့်ကျ* က်သင့်ပါပြီ ❤️
Also Me :

image