တာ၀န်မယူနိုင်ရင် အစထဲက မမွေးသင့်ပါ။
ကိုယ်စိတ်အားထက်သန်နေတုန်း မွေးလိုက်တယ်၊ နောက်ပိုင်း ကလေးတွေရဲ့ဝေယျာဝစ္စတွေကို တာ၀န်မယူနိုင်တော့တဲ့အခါ အလွယ်လေး ပစ်လိုက်တယ်။
ဒါဟာ ပစ္စည်းတစ်ခုကို ပစ်သလို၊ အရုပ်တစ်ခုကို ပစ်သလို မရိုးရှင်းပါဘူး။
သက်ရှိတွေပါ။ လူတွေလိုအသိဉာဏ်မဟုတ်တာကလွဲရင် ခံစားတတ်ကြတယ်၊ နားလည်တတ်ကြပါတယ်။
တိချစ်တတ်တယ်၊ ဝေယျာဝစ္စတွေကိုတော့တာဝန်ယူနိုင်တယ်မထင်ဘူးဆိုရင် အစထဲကမမွေးပါနဲ့။
မွေးမယ့်အစား စိတ်ကူးပေါက်ရင်ပေါက်သလို နဂိုလမ်းဘေးက ကလေးတွေကို တစ်ခုခုကျွေးတာမျိုး၊ ဆေးကုပေးတာမျိုး၊ သားကြောဖြတ်ပေးတာမျိုးပဲ လုပ်ပါ။
ဒါက တိလေးတွေကို ချစ်ရာရောက်သလို ကိုယ်တိုင်လည်း ၀န်မပိုတော့ပါဘူး။
နဂိုရှိနေရင်းထက် ဂရုစိုက်ခံ၊ အချစ်ခံရပြီးမှ စွန့်ပစ်ခံလိုက်ရတဲ့ နာကျင်မှုကို မပေးပါနဲ့။
တိလေးများနဲ့ မိဘအားလုံး ကျန်းမာချမ်းသာကြပါစေ🤍🐾
