အိမ်မှရဲယိုတစ်ပင်ရှိပြီးဆို ရဲယို အရွက်၊အသီးတွေကအထူးဆေးဖက်ဝင်ပါတယ်ရှင့်
အမျိုးသမီးဓမ္မတာထိန်ငုပ်နေသူများ၊သွေးတိုးရောဂါ၊ကင်ဆာရောဂါဝေဒနာရှင်များနှင့် တခြားအကျိုးထူးတွေအများကြီးပါဝင်ပါတယ်
#လေးဘက်နာသမားများအတွက်
ရဲယိုသီး
သက်ကြီးရွယ်အိုတွေအတွက် အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုဖြစ်သည်
ရဲယိုရွက်၊ ရဲယိုသီးတို့မှာ ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓါတ်၊ ဗီတာမင် A၊ ဗီတာမင် C နဲ့သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။ ဒါတွေအပြင် ကင်ဆာ နဲ့ နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ဖလေဗာနွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်နေပါတယ်
ကိုယ်ခံအားကောင်းစေတယ်
ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူပြုပေးပါတယ်။ ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးသလို တုပ်ကွေးလိုမျိုး ကူးစက်တတ်တဲ့ ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။
ကင်ဆာကာကွယ်ပေးနိုင်တယ်
ရဲယို ရွက် နဲ့ ရဲယိုသီးတွေက နိုက်ထရစ်အောက်ဆိုဒ် ထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ ခန္ဓာကိုယ်က ကင်ဆာဆဲလ်တွေကို တုံ့ပြန်တိုက်ခိုက်နိုင်အောင်လုပ်ဆောင်ပေးသလို ကင်ဆာကျိတ်တွေ ကြီးမလာအောင်လည်း ဟန့်တားပေးနိုင်ပါတယ်။
သွေးတိုးကျစေနိုင်တယ်
phytonutrients ပါဝင်နေသလို ဗီတာမင် C နဲ့ ဆီလီနီယမ်တို့ ပါဝင်နေတာကြောင့် သွေးကြောနံရံတွေကို Free Radicalတွေကြောင့် ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ နောက်ထပ်အာနိသင်တစ်ခုက သွေးကြောတွေကို ပြေလျော့စေတာပါ။
အကိုက်အခဲပျောက်စေတယ်
ရဲယို ပင်ကို ခေါင်းကိုက်ပျောက်ပင်၊ အကိုက်အခဲပျောက်ပင်လို့တောင် ခေါ်ကြတာမျိုးရှိပါတယ်။ လေ့လာမှုတွေအရ ရဲယိုပင်က အကိုက်အခဲပျောက်စေနိုင်ပြီးလေးဖက်နာဝေဒနာနဲ့ အခြားအဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။
အိပ်ပျော်စေတယ်
ရဲယိုသီး နဲ့ ရဲယိုရွက်က ဆီရိုတိုနင်ဟော်မုန်းနဲ့ မယ်လ်လာတိုနင်ဟော်မုန်းတွေကို လှုံ့ဆော်ပေးပါတယ်။ စိတ်ခံစားမှု ကောင်းမွန်စေပြီး စိတ်ဓာတ်မကျစေဖို့နဲ့ အိပ်ပျော်စေဖို့အတွက် အရေးပါတဲ့ဟော်မုန်းတွေကို လှုံ့ဆော်ပေးမှတော့ စိတ်ဓာတ်ကျမှာ၊ အိပ်မပျော်မှာကို ပူစရာမလိုတော့ဘူးပေါ့။
အရေပြားနဲ့ ဆံသားကို ကျန်းမာစေနိုင်တယ်
ရဲယိုရွက်နဲ့ ရဲယို သီးမှာပါတဲ့ ဂုဏ်သတ္တိတွေက အသားအရေကို နုပျိုစေပြီး ဆံသားကို သန်စွမ်းစေနိုင်သလို ခြေသည်းလက်သည်းတွေကိုပါ ကျန်းမာစေနိုင်တာပါ။
သွေတွင်းကိုလက်စထရောကျဆင်းစေနိုင်စေတယ်
သွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ကျဆင်းစေပြီး သွေးကြောထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
မှတ်ဉာဏ်ကောင်းစေနိုင်တယ်
သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး သွေးကြောတွေထဲမှာ သွေးစီးဆင်းမှုကောင်းစေနိုင်တာကြောင့် ဦးနှောက်ထဲကို သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေပြီး ဦးနှောက်ကို ကျန်းမာစေနိုင်သလို မှတ်ဉာဏ်လည်း ပိုကောင်းစေနိုင်ပါတယ်။
ဝမ်းမှန်စေနိုင်တယ်
ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်နေတာကြောင့် အူတွေအတွင်းမှာ စီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး ဝမ်းမှန်စေနိုင်ပါတယ်။ အူလမ်းကြောင်းကျန်းမာဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုထောက်ပံ့ပေးပါသေးတယ်။
ရဲယိုရွက်ကိုပြုတ်စားပါက လေချုပ် ဗိုက်အောင့် ဗိုက်နာ သွေးတိုးရောဂါတို့ကိုသက်သာစေသည်
ရဲယိုရွက်ကို ငါးမြွေထိုးနှင့်သုပ်စားပါက ပင်လယ်အူနာ ပျောက်စေသည်
ရဲယိုရွက်သုပ်စားပါက မိခင်များနို့ချောင်းပိတ် နို့ရည်ခမ်း ရောဂါ ဝမ်းကိုက်ရောဂါ နှာခေါင်းသွေးလျှံခြင်းတို့ပျောက်ကင်းစေသည်
သွေးတိုးရောဂါ ဆီချိုးရောဂါ နှလုံးရောဂါ သည်များအတွက် ရဲယိုရွက်နှင့် ဒန့်သလွန်ရွက်ဟင်းချိုသည် အကောင်းဆုံးဓါတ်စာတခုဖြစ်သည်
ရဲယိုသီးမှည့်ကိုထန်းလျက်နှင့် နယ်၍ တစ်ညဉ့်သိပ်ထားပြီးသည့်နောက် ကောင်းစွာ ခေါက်၍ ဆားအနည်းငယ် ထည့်ပြီးလျှင် သုံးဆောင်ပါက ချောင်းဆိုး ပန်းနာ ဝမ်းဖောဝမ်းရောင်၊ ရင်ကယ်ရောဂါများ ပျောက်ကင်း၍ ရင်ချောင်စေသည်။
ချောင်းဆိုးပါက ပျားရည် နှင့် ခေါက်၍ စားသုံးက လျင်မြန်စွာ ပျောက်စေသည်။
မြန်မာဆေးကျမ်းများအလိုမှာ ရဲယိုရွက်သည် ခါး၏။ စဉ်းငယ်ပူ၏။ လေကို ရွှင်စေတတ်၏။ သွေးကို တက်ကြွစေတတ်၏။ ဝမ်းကိုလည်း ရွှင်စေတတ်၏။ရဲယိုသီးသည် ပူစပ်သော အရသာ ရှိ၏။ စဉ်းငယ်လည်း ချဉ်၏။ သွေး သည်းခြေ လေသလိပ်တို့ကို နိုင်၏။ အစာ မကျေသောအနာ၊ လေလှိုက်တက်သောအနာ၊ လေပူနာ၊ သည်းခြေ လှုပ်ရှားထကြွသော အနာတို့ကို နိုင်၏။
တိုင်းရင်ဆေးသမားတော်များက အရိုးအဆစ်ရောဂါ မီးယပ်ရောဂါ
အိန္ဒိယ ဆေးကျမ်းအလိုမှာ အရွက်ကို ပြာချပြီးလျှင် မုန်ညင်းစေ့အနည်းငယ်နှင့် ပြုတ်၍ တိုက်ပါက သူငယ်နာ ဝမ်းသက်ရောဂါ ပျောက်ကင်းနိုင်၏။
ဝမ်းကိုက်ရောဂါ ပျောက်လိုလျှင်လည်း ထိုအပြုတ်ရည်တွင် အမွှေးအကြိုင် အနည်းငယ်ထည့်၍ တိုက်ရသည်။
အသီးနှင့်အရွက်ပြုတ်ရည်သည် မိန်းမတို့ ဓမ္မတာချုပ်ခြင်းကို ဖယ်ရှားနိုင်၏။
ရဲယိုမြစ်သည်မူ ချုပ်စေသောသတ္တိ ရှိသည်ဟု ဆိုလေသည်
#ရဲယို

image

တက်တူးဆရာက တစ်သိန်းတောင်းတယ် 3 သောင်းလျော့ခိုင်းလိုက်တာကိုဒါကြီးထိုးပေးလိုက်တယ်ဗျာ

image
39 w - Translate

ကိုယ်ချစ်လို ပြန်ချစ်ပေးတဲ့သူမဟုတ်ပဲ
ကိုယ်ဖြစ်နေလို ချစ်နေတဲ့သူနဲ့သာဆို
ကျနော်တို တကယ်ပျော်ရွှင်ရမှာပါ ။

#ငါးဥမဆလာချက်
=============
ပါဝင်ပစ္စည်းများ
- ငါးဥ (နှစ်သက်ရာ) - ၄၀ သား
- ကြက်သွန်နီ ကြီးကြီး
- ၄ လုံး
- ခရမ်းချဉ်သီး - ၁ လုံး
- ငရုတ်သီး (အာဝါးသီး) - ၂ တောင့်
- နံနံပင် - ၁ စည်း
- ရှမ်းနံနံ - ၁ စည်း
- မဆလာ - ၁ ဇွန်း (လက်ဖက်ရည် ဇွန်း)
- ဆား/နနွင်း/အရောင်တင်မှုန့်/ရေ - အနည်းငယ်
- ချင်း - ၁ တက်
- ဆီ - ၁၀ သား
- ကြက်သွန်ဖြူ - ၅ မွှာ
Ok ...စမယ်။ လွယ်လွယ်လေးပါ။ အရင်ဆုံးလုပ်ရမှာက အိုး တစ်လုံးထဲမှာ ငါးဥတွေကို အတုံးလိုက် အရင်ပြုတ်ရပါမယ်။ အဲဒါမှ အကြောတင်းသွားမှာမို့ဗျ။ ပြုတ်တဲ့အခါ ချင်းကို ထုထောင်းပြီး ထည့်ရပါမယ်။ ပြီး ဆား နည်းနည်း နဲ့ နနွင်း လက်ဖက်ရည် ဇွန်း ၁ ဇွန်း ထည့်ပြုတ်ရမယ်ခင်ဗျ။ ပြီး ၁၅ မိနစ်လောက်ပြုတ်ပြီးရင် ဓားပါးပါးလေးနဲ့ ထိုးကြည့်။ အကြောမာပြီး ကျက်သွားပြီဆိုရင် အိုးထဲကနေ ဆယ်ပြီး အနေတော် အတုံးလေးတွေ လှီးထားလိုက်ဗျို့။
ပြီးရင် ဆီ ထဲကို ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူ/နီ ထည့်ပြီး ဆီသတ်ပါ။ ပြီးရင် ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီး ကိုထည့်ပါ။ ဆား/နနွင်း/အရောင်တင်မှုန့် လိုသလိုထည့်ပါ။ အနံ့လေးမွှေးပြီး အရောင်လေးလှလာပြီဆို ပြုတ်ထားတဲ့ ငါးဥတွေကို ထည့်ချက်ပါ။ ရေ နို့ဆီဗူး ၁ ဗူးလောက်ထည့်ပြီး နှံ့အောင်မွှေ လို့ ဆက်ချက်ဗျ။ ဆီပြန်ခါနီးပြီဆိုမှ နုပ်နုပ်လေးတွေ လှီးထားတဲ့ နံနံပင်၊ ငရုတ်သီး၊ ရှမ်းနံနံ တွေထည့်ပြီး နှံ့အောင်မွှေ။ နှံ့သွားပြီဆိုမှ မဆလာ လေးဖြူးလိုက်။
ငါးဥ မဆလာ ချဉ်ချဉ်စပ်စပ် မွှေးမွှေးလေးကို ခံတွင်းတွေ့ပါလိမ့်မယ်လေ။ ဝါးလိုက်တိုင်း အိကျိ..အိကျိ လေးက ဖြစ်နေလိုက်သေး 😉 ။

image
39 w - Translate

Angel Message for 2025 August 🪞🐚
Aries ♈️,Taurus ♉️ , Gemini ♊️, Cancer ♋️, Leo ♌️, Scorpio ♏️
-ဒီလမှာတော့ ကောင်းတဝက်ဆိုးတဝက်ပါပဲ။တချို့သောကိစ္စရပ်တွေမှာကောင်းတဲ့အရာလေးတွေကံအထောက်ပံ့တွေရရှိနိုင်ပြီး လတလလုံးမှာ အဆိုးတွေချည်းပဲမဟုတ်လို့ စိတ်ဓတ်ကျဖို့လဲမလိုပါဘူးနော်..🍀
-ကိုယ့်ရဲ့ဘဝတတ်လမ်းတိုးတတ်မူအတွက် ရွေးချယ်မူတွေလုပ်ရတာမျိူးဒီလမှာရှိလာလိမ့်မယ်။တချို့သော ဝန်ထုတ်ဝန်ပိုးတွေရယ်စိုးရိမ်စိတ်တွေကိုဖယ်ပြီးရွေးချယ်နိုင်မှ ကောင်းတဲ့လမ်းကိုရနိုင်လိမ့်မယ်။🌙✨
-ဒီလမှာတချို့သောအဖျက်အနှောက်ယှက်လေးတွေလဲတွေ့ရတယ်ကိုယ်လုပ်မယ့်အရာကို မိဘကသဘောမတူလို့တားတာမျိူး၊အမျိူးအဆွေ မိတ်ဆွေက နှောက်ယှက်တာမျိူးတွေရှိလာတတ်တာမို့သတိထားပါ။🦋🤍
-လုပ်ငန်းအသစ်စသင့်မစသင့်တွေးနေသူတွေဒီလအလယ်လောက်မှာရအောင်စပါ။💫🌸
-single လေးတွေ ဒီလအတွင်းရည်းစားရတတ်။situation crhတို့နဲ့အဆင်ပိုပြေလာတတ်တယ်။🍁🍃
-relationship သမားတွေကတော့ ချစ်သူနှစ်ဦးကြား ချုပ်ကိုင်ချင်သူ၊control လုပ်ချင်သူတွေရှိလာတတ်တယ်။(toxic ဖြစ်တဲ့ဆက်ဆံရေးတွေရှိပါက အခုချိန်မရပ်ရင်ပိုဆိုးလာနိူင်)🌗🌑
-အင်တာဗျူး၊စာမေးပွဲကိစ္စရပ်များ လအလယ်လောက်မှာ ကံအမြင့်ပိုင်းတွင်ရှိနေပါတယ်။⭐️🌟
-ထိခိုက်ဒဏ်ရာအသေးမွှားတချိူ့ရရှိတာ၊စိတ်ပင်ပန်းတာတွေရယ် နေမကောင်းအသေးစားလေးတွေပဲတွေ့ရပါတယ်။🎋🐚

အသက်ကြီးလာလေလေ
ကိုယ့်ရဲ့ မိဘတွေကို ဆုံးရှုးရမှာကြောက်‌လာလေလေပဲ။

အကယ်၍ တတ်နိုင်ခဲ့မယ်ဆိုရင်
ဒီထက်ပိုပြီး အများကြီးစိတ်ချမ်းသာအောင်ထားချင်တယ်။
ဖေဖေ မေမေတိုနဲ့ ခရီးတွေအများကြီးထွက်ချင်တယ်။
အကောင်းဆုံးဆိုတဲ့အရာတွေကို ပေးချင်တယ်။

ဖေဖေ မေမေတိုနဲ့ ရယ်မောပျော်ရွှင်ရင်း
သက်ဆုံးတိုင်နေထိုင်သွားချင်တယ်။

image
39 w - Translate

The Centers for Disease Control and Prevention (CDC) launched a new campaign on Tuesday aimed at tackling mental health and substance use among teens ahead of the upcoming school year.
The federal campaign, entitled Free Mind, revolve around the messaging that "drugs and mental health don't mix."
Read more: https://abcnews.visitlink.me/i_ss1A

image
39 w - Translate

Breaking news
ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်​ကြောင်း သတင်းထွက်
နေပြည်တော်၊ ဩဂုတ်၆
ယာယီသမ္မတဦးမြင့်ဆွေသည် ဒီနေ့ဩဂုတ်လ၆ရက် နံနက်၃း၀၀နာရီတွင် အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ကုတင်၁၀၀၀)၌ ကွယ်လွန်သွားကြောင်း နီးစပ်တဲ့ အသိုင်းအဝိုင်းက​နေ သိရပါတယ်။

image

#နိုင်ငံတကာသမိုင်းရက်စွဲ
ဆက်ဒမ်ဟူစိန်လက်ထက်တွင် ကူဝိတ်ကိုလေးရက်ကြာ ကျူးကျော်တိုက်ခိုက်မှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အီရတ်အပေါ် အရေးယူပိတ်ဆို့မှုများကို ၁၉၉ဝ ပြည့်နှစ်ဩဂုတ် ၆ ရက်တွင် ချမှတ်ခဲ့သည်။

image
39 w - Translate

"မငယ်တော့တဲ့အခါ"
------------------------
မိမိရဲ့စိတ်တွေကို
ထိန်းနိူင်ဖို့အကြိမ်ကြိမ်ကြိုးစားပါ။
ငယ်စဉ်အချိန်တွေတုန်းကလို
စိတ်မြန်လက်မြန်နဲ့
ဘယ်ရာကိုမှ မဆုံးဖြတ်လိုက်ပါနဲ့။
မတည်မြဲခြင်းသဘောနဲ့
အရာရာကို သိမြင်ချိန်ဆပြီး
ဒေါသကိုလဲ ဖျောက်ဖျက်ပြစ်ရမယ်
လောဘကိုလဲ ဖျောက်ပြစ်ရတယ်
မောဟကိုလဲ ထိန်းနိူင်ရမယ်။
"ငါ"တစ်လုံးဆောင်လို့
"အတ္တ"ကို ရှေ့တန်းတင်ရင်
မှားတတ်တယ်ဆိုတာ
ဘဝတစ်ကွေ့မှာ မကြာခဏ
ကြုံခဲ့ပြီးပြီပဲ အသိစိတ်လေးနဲ့
ပြန်ထိန်းကြည့်ပါ။
အရာအားလုံးက
ဖြစ်ပြီးရင်ပျက်မှာပဲဆိုတာသိပြီးရင်
ဒါကိုပဲ ဒေါသစိတ်နဲ့
ပြောချင်တဲ့ စကားလုံးတွေကို
ထိန်းနိူင်ဖို့က အဓိကပဲမို့
အချိန်ယူပြီး ဒေါသဖြစ်နေတဲ့
မိမိရဲ့စိတ်ကို ပြန်ထိန်းနိူ င်ဖို့ပဲလိုတာပါ။
တစ်ချို့သော စကားလုံးတွေက
မှန်နေပေမယ့်လဲ အကျိုးမရှိလျှင်
မပြောတာ အကောင်းဆုံးပါပဲ ။

image