အသက်ကိုဖက်နဲ့ ထုပ်ပြီးမှ သွားလည်လို့ရမဲ့ ကမ္ဘာ့အန္တရာယ် အများဆုံး အလည်အပတ်နေရာများ

အိမ်ခြေရာမဲ့တွေ လာရောက်မအိပ်စက်နိုင်အောင် ဆူးချွန်တွေတပ်ထားတဲ့ တရုတ်နိုင်ငံ

ပင်လယ်ကမ်းခြေပေါ်မှာ လာရောက်သောင်တင်နေကြတဲ့ ကြောက်စရာထူးထူးဆန်းဆန်းသတ္တဝါကြီးများ

သင်ယုံကြည်နိုင်မှာမဟုတ်တဲ့ ကင်မရာနဲ့ရိုက်ကူးမိခဲ့တဲ့ ထူးထူးခြားခြားအရာများ

မနက်ဖြန်တိုင်းအတွက် ရှင်သန်ပါ
အသက်ရှူသံတွေကို ကြားနေရသမျှ မနက်ဖြန်အတွက် ကျွန်တော်တို့ သန်မာကြရအောင် ။ “ ဘဝမှာ ငိုကြွေးခွင့်ရှိတယ် ။ ဒါပေမဲ့ ပြိုလဲခွင့်မရှိဘူး သူငယ်ချင်း ။ ပြီးတော့ ငါတို့ မနိုင်တဲ့ အရာတစ်ခုအပေါ်မှာ အရှုံးပေးခွင့်ရှိတယ် ။ ဒါပေမဲ့ ပျော့ညံ့စွာနဲ့ ငါတို့ ကျဆုံးခွင့်မရှိဘူး ။ မင်း ဘယ်လမ်းကိုသွားမလဲ ။ မင်းကြိုက်တဲ့လမ်းကို လျှောက်ခွင့်ရှိတယ် ။ ဒါပေမဲ့ လမ်းတော့ မပျောက်စေနဲ့ ။ ဘယ်လိုအရာမျိုးကိုမဆို မင်းမှာ စွန့်စားခွင့်ရှိတယ် ။ ဒါပေမဲ့
မအောင်မြင်တဲ့အခါတိုင်း မင်းရဲ့စွန့်စားခြင်းကို ရပ်တန့်မပစ်လိုက်ပါနဲ့ ။
တကယ်တော့ ဘဝဆိုတာ သေဆုံးဖို့အတွက် ရှင်သန်နေတာမဟုတ်ဘူး ။ ဒါကြောင့် ငါဟာ ဘယ်လိုဘဝမျိုးကိုပဲရောက်ရောက် ဆက်လျှောက်နေမှာပဲ ။ ဘယ်တော့မှ စိတ်ဓာတ်မကျဘူး ။ ဘယ်တော့မှ အားမငယ်ဘူး ။
#သံစဉ်သစ်

image
23 w - Translate - Youtube

ကျနော့်ကြောင်မလေးရွှေဝါ ဒိုင်နိုဆောဘုရင်မကြီးဖြစ်သွားတယ် (Earth-2) | My Cat is Dinosaur Queen GTA V

23 w - Translate

ဗြိတိန်နိုင်ငံမှာ ပူပြင်းတဲ့ရာသီဥတုကြောင့် ကျောင်းသားလေးတွေဟာ ဘောင်းဘီရှည်အစား ဘောင်းဘီတိုဝတ်ဖို့ တောင်းဆိုခဲ့ပေမဲ့ ကျောင်းက ခွင့်မပြုခဲ့ပါဘူး
ကျောင်းအုပ်ဆရာမကြီးက ‘’မင်းတို့ စကတ်ဝတ်ချင်ရင် ဝတ်လို့ရတယ် ဘောင်းဘီတို တော့ မဝတ်ရဘူး’’ ဆိုပြီး ပြောခဲ့ပါတယ် ဒါကြောင့် ကျောင်းသား အများအပြားဟာ စကတ်တွေ ဝတ်ဆင်ပြီးကျောင်းတက်ခဲ့ကြပါတယ် နောက်တစ်ရက် ရောက်တဲ့ အခါမှာတော့ ကျောင်းအုပ်ကြီးလည်း မတတ်နိုင်ဘဲ ကျောင်းသားတွေကို ဘောင်းဘီတိုဝတ်ခွင့်ပြုခဲ့ရပါတယ်
#knowledge #ဗဟုသုတ

image
23 w - Translate

The Jungle Bunch Operation Meltdown (2023)

ဒီတစ်ခါမှာတော့ "Jungle Bunch" ဆိုတဲ့ တောအုပ်ထဲက တိရစ္ဆာန်လေးတွေရဲ့ သူတိုနေထိုင်ရာတောအုပ်ကြီးကို အန္တရာယ်ထဲကနေကယ်တင်ပေးဖို စွန့်စားခန်းတွေနဲ့ရင်ဆိုင်တိုက်ခိုက်ပုံတွေကိုရိုက်ကူးထားတဲ့ ကာတွန်းကားလေးကိုတင်ဆက်ပေးချင်ပါတယ်

မောရစ်ဟာ သူ့ကိုယ်သူကျားတစ်ကောင်လိုထင်မှတ်နေတဲ့ပင်ကွင်းတစ်ကောင်ပါ သူဟာတောအုပ်အကျိုးဆောင်အဖွဲခေါင်းဆောင်တစ်ယောက်ပါ တစ်နေ့ သူတိုရဲ့တောအုပ်ထဲက အပင်တွေမှာ အမည်မသိပန်းရောင်ဓာတ်ပစ္စည်းတစ်မျိုးပြန့်နှံလာပါတယ် အဲ့ဒီပစ္စည်းဟာ ရေနဲ့ထိတွေ့ရင်အပြင်းအထန်ပေါက်ကွဲတတ်တာမလို အဲ့ပစ္စည်းကိုချေဖျက်ဖို ဖြေဆေးလိုအပ်တယ်ဆိုတာသိရှိသွားပါတယ်

ဒါပေမဲ့ အဲ့ဒီဖြေဆေးကို အဲလ်ဘတ်ဆိုတဲ့သိပ္ပံပညာရှင်တစ်ယောက်ကသာလျှင်ဖော်ထုတ်နိုင်မှာဖြစ်တာကြောင့် အဲလ်ဘတ်ကိုလိုက်လံရှာဖွေဖို မောရစ်နဲ့သူ့ရဲ့အဖွဲဝင်တွေဟာ အဝေးကြီးကိုခရီးနှင်လာရပါတော့တယ် ဒါပေမဲ့ မိုးရာသီကလည်းဝင်တော့မှာဖြစ်တာကြောင့် ရေနဲ့ထိရင်ပေါက်ကွဲတတ်တဲ့အဲ့ဒီပန်းရောင်ပစ္စည်းကိုဖယ်ရှားဖိုအတွက် ဖြေဆေးကိုမိုးမကျခင်အမှီဖော်နိုင်မှဖြစ်မှာပါ

နောက်ပြီး အဲ့ဒီဓာတ်ပစ္စည်းကို တောအုပ်ထဲမှာ ပြန့်နှံနေအောင် ဘယ်သူကလုပ်ခဲ့တာလဲ ဘာကြောင့်လုပ်ခဲ့တာလဲ အဲ့ဒီတရားခံကပဲ မောရစ်တိုအုပ်စုကို ခရီးဖင့်အောင် လမ်းခရီးမှာ အဖျက်အမှောက်လုပ်သေးတာကြောင့် အန္တရာယ်မျိုးစုံနဲ့ရင်ဆိုင်ရပါတော့တယ်

😍ကြည့်ရန်နှိပ်ပါ👇

t.me/animezatcar/320

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
23 w - Translate - Youtube

ကျွန်တော် သူများ Brainrot အကောင်တွေလိုက်ခိုးခဲ့တယ် (Earth-1) | Steal A Brainrot in GTA V

NASA အဖွဲ့ရဲ့ နာမည်ကျော် အထင်ကရ တယ်လီစကုတ်ကြီးနှစ်ခုဖြစ်တဲ့ JWST နဲ့ Hubble space telescope တို့ပေါင်းစပ်ပြီး ရိုက်ကူးထားတဲ့ အာကာသ ဓာတ်ပုံ အသစ်တစ်ခုကို July 7 က ထုတ်ပြန်လာခဲ့ပါတယ်။
ဒီဓာတ်ပုံဟာ ကျွန်တော်တို့ Milky way galaxy ကြီးအနားက Small Magellan Cloud (SMC ) လို့ခေါ်တဲ့ ဂလက်ဆီသိမ် တစ်ခုထဲက NGC 460 နဲ့ NGC 465လို့အမည်ပေးထားတဲ့ နက်ဗြူလာနှစ်ခုထဲက ကြယ်တာရာတွေကို ရိုက်ကူးယူထားတာဖြစ်ပါတယ်။
နာမည်ကျော်တယ်လီစကုတ်နှစ်ခုနဲ့ တနေရာတည်းကို ရိုက်ယူထားတဲ့ ဓာတ်ပုံ ၁၂ ပုံကို ပုံတစ်ပုံတည်းအဖြစ်ပြောင်းလဲယူထားတာဖြစ်ပါတယ်။
ဒီနက်ဗြူလာ အမျိုးအစားတွေဟာ open cluster ကြယ်အစုအဝေးတွေဖြစ်တာကြောင့် ကြယ်စင်ပေါင်းထောင်သောင်းချီတစ်နေရာထဲမှာစုဝေးဖြစ်ပေါ်နေတာကိုလည်းမြင်ရမှာဖြစ်ပါတယ်။
ဓာတ်ငွေ့တိမ်တိုက်တွေဖြစ်တဲ့ Nebula တွေဟာ gravity ကြောင့် စုဝေးပြီးဒီဓာတ်ငွေ့တွေကနေ ကြယ်တာရာအသစ်တွေဖြစ်ပေါ်လာပါတယ်။ ဒီကြယ်တာရာအသစ်တွေဆီက ထွက်လာတဲ့ Stellar wind ( ကြယ်လေလှိုင်း) များဟာ နောက်ထပ်အနားက nebula တွေထဲက ဓာတ်ငွေ့တိမ်တိုက်တွေကို စုဝေးစေအောင် ထပ်မံပြုလုပ်ပေးနေပြန်ပါတယ်။ဒီကနေမှ နောက်ထပ်ကြယ်တာရာအသစ်အသစ်တွေ ထပ်ပြီးဖွားမြင်လာပြန်တာဖြစ်ပါတယ်။
ဒီလို ကြယ်တာရာအသစ်တွေဖြစ်ပေါ်နေတာ ကို Hubble တယ်လီစကုတ်ရဲ့ပုံမှာ အပြာရောင် ပူဖောင်းပုံစံများအဖြစ်တွေ့ရမှာဖြစ်ပြီးတော့ Jame Webb တယ်လီစကုတ်ရဲ့ ပုံမှာတော့ ဘေးနားက အနီရောင်အနားသတ်လိုင်း တွေကိုပါမြင်ရမှာဖြစ်ပါတယ်။
Hubble ကဖမ်းယူရရှိထားတဲ့ ပုံတွေမှာတော့ ဖုန်မှုန်နဲ့ ဒြပ်ထုတွေကြောင့် ကြယ်တာရာ nebula တွေနဲ့ အတွင်းပိုင်းအထိ မြင်ရဖို့ခက်ပါတယ်။ ဒါပေမယ့် Jame Webb ကတော့ အနီအောက်ရောင်ခြည် (infrared ) နဲ့ ဖမ်းယူတာဖြစ်တဲ့ အတွက် ဒီဖုန်မှုန့်တွေကိုပါ ဖောက်ထွင်းပြီး နက်ဗြူလာထဲအတွင်းထိ ဖမ်းယူနိုင်ပါတယ်။
SMC( small Magellanic cloud ) ဟာ ကျွန်တော်တို့ Milky way ဂလက်ဆီကြီးနဲ့ ယှဉ်ရင် သက်တမ်းနုနေသေးတာကြောင့် သူ့ဆီမှာ heavy element ပါဝင်မှု ပမာဏဟာ နည်းနေပါသေးတယ်။ဒီလိုအခြေအနေဟာ Bigbang စပြီးဖြစ်ပေါ်ပြီး hydrogen နဲ့ helium အနည်းငယ်ပဲရှိနေသေးတဲ့ အချိန်နဲ့ တူညီနေပါတယ်။
ဒါကြောင့် အခုလို SMC ထဲမှာရှိနေတဲ့ NGC 450/ 456 လို နက်ဗြူလာတွေဖြစ်ပေါ်ပုံကို လေ့လာကြည့်တာဟာ ကျွန်တော်တို့တွေရဲ့ စကြာဝဠာ ကြီးစတင်ဖြစ်ပေါ်စ အခြေအနေတွေနဲ့ တူညီမယ့် အနေအထားတွေ နောက်ပြီး ကြယ်စင်တွေဖြစ်ပေါ်တဲ့ star formation အခြေအနေတွေ ကို milky way galaxy အနားမှာရှိနေတဲ့ ဒီ Megallic cloud တွေကနေ တဆင့် လေ့လာလို့ရနေတာဖြစ်ပါတယ်။

image