21 ပတ် - ဘာသာပြန်ပါ။

Being lean increases testosterone.
အဆီနည်းပါးသွယ်လျခြင်းက တက်စတိုစတီရုန်းကို တိုးစေပါတယ်။
Hot temperature increases testosterone.
ပူနွေးတဲ့ အပူချိန်က တက်စတိုစတီရုန်းကို တိုးစေပါတယ်။
Not eating (Fasting) increases testosterone.
အစာမစားခြင်း(Fasting)က တက်စတိုစတီရုန်းကို တိုးစေပါတယ်။
Sunlight increases testosterone.
နေရောင်ခြည်က တက်စတိုစတီရုန်းကို တိုးစေပါတယ်။
More sleep increases testosterone.
အိပ်ရေးဝအောင်အိပ်ခြင်းက တက်စတိုစတီရုန်းကို တိုးစေပါတယ်။
Lifting heavy things increases testosterone.
အလေးမခြင်းက တက်စတိုစတီရုန်းကို တိုးစေပါတယ်။
ကျန်းမာကြပါစေ။

21 ပတ် - ဘာသာပြန်ပါ။

Cellulite ကင်းတဲ့ပေါင်တံတွေရဖို့ဆိုရင်
Cellulite တွေက အဆီတွေသက်သက် မဟုတ်ပါဘူး။
ဒါတွေက lymph နဲ့ estrogen တွေ ပိတ်ဆို့၊ စုပုံနေတာပါ။
cream တွေ လိမ်းရုံ squat တွေထိုင်ရုံမပျောက်နိုင်ပါဘူး။
သွယ်လျတဲ့ ပေါင်တံ တွေအတွက် နည်းလမ်း ၈ ခု-
၁။ ရေချိုးမတိုင်မီ dry brush လုပ်ပါ။
ဒါက lymphatic flow နဲ့ circulation ကို လေ့ကျင့်ပေးပွီး အရပြေားအောက်မှာ ပိတ်မိနေတဲ့ အရည်တွေကို ဖယ်ရှားပေးကာ cellulite တွေကို ချောမွေ့စေပါတယ်။
၂။ synthetic hormones နဲ့ plastics တွေကို ရှောင်ပါ။
ပလပ်စတစ်နဲ့ တားဆေးတွေကနေလာတဲ့ Xenoestrogens တွေက estrogen တွေ အလွန်အကျွံဖြစ်စေပွီး cellulite ကို ပိုဆိုးစေပါတယ်။ hormonal congestion တွေကို လျှော့ချနိုင်ဖို့ non toxic ပစ်စည်းတွေကို ရွေးချယ်ပါ။
၃။ နေ့စဉ် cruciferous ဟင်းသီးဟင်းရွက်တွေစားပါ။
ဘရိုကိုလီ၊ ပန်းဂေါ်ဖီ ကညွတ်နဲ့ ကိုက်လ် (kale) တွေက အသည်းထဲမှာ estrogen detox ကို အထောက်အကူပြုပါတယ်။ ဒါက တင်ပါး၊ ပေါင်မှာ အဆီစုပုံစေတဲ့ hormonal buildup ကို ဖောက်ထုတ်ပေးပါတယ်။
၄။ နေ့စဉ် lymph drainage အတွက် bouncing လုပ်ပါ။
Rebounding (mini-trampoline) ဒါမှမဟုတ် ခပ်သွက်သွက် လမ်းလျှောက်တာက lymph flow ကို တိုးမြှင့်ပေးပွီး cellulite ကို ပိုမိုဆိုးရွားစေသော stagnation ကို ရှင်းထုတ်ပေးပါတယ်။
၅။ နေ့တိုင်း ခြေထောက်ကို အလွန်အကျွံ လေ့ကျင့်မှု မလုပ်ပါနဲ့။
ခြေထောက်ကို overtraining ဖြစ်အောင် လေ့ကျင့်တာက lymph ကို ဖောက်ထုတ်ဖို့ အခွင့်အရေးမပေးဘဲ inflammation ကို တိုးစေပါတယ်။စနစ်ကျတဲ့လေ့ကျင့်ရေး ပရိုဂရမ်လိုအပ်ပါတယ်။
၆။ ရေဓာတ်ပြည့်ဝပါစေ။
ရေဓာတ်ခမ်းခြောက်နေတဲ့ ကြွက်သားတစ်သျှူးတွေက အဆိပ်အတောက်တွေကို စုပ်ယူထားတာကြောင့် cellulite ကို ပိုမိုမြင်သာစေပါတယ်။ တစ်နေ့ကို ရေ ၂-၃ လီတာ သောက်ဖို့ ဂရုပြုပါ။
ရ။ dandelion နဲ့ nettle လို သစ်ဥသစ်ဖုတွေကို ထည့်စားပါ။
ဒီသဘာဝ diuretics တွေက အရည်ထိန်ထားမှုကို လျှော့ချပေးပွီး ခန်ဓာကိုယ်က estrogen buildup ကို အချိန်ကွာလာတာနဲ့အမျှ ညင်သာစွာ ဖယ်ရှားပေးဖို့ ကူညီပါတယ်။
၈။ အင်ဆူလင်ကို လျှော့ချဖို့ blood sugar ကို ညှိပါ။
အင်ဆူလင်ပမာဏမြင့်မားတာက cellulite ဖြစ်နိုင်တဲ့ နေရာတွေမှာ အဆီစုပုံမှုကို ပိုဆိုးစေပါတယ်။ protein, fiber နဲ့ healthy fats ပါဝင်တဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပွီး တည်ငြိမ်အောင် ထိန်းသိမ်းပါ။ဒါဆိုလှပတဲ့ ပေါင်တံလေးတွေပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
ကျန်းမာကြပါစေ။

21 ပတ် - ဘာသာပြန်ပါ။

Calcium က ဘယ်မှာ အများဆုံး တွေ့ရလဲ။
Calcium အများဆုံး တွေ့ရတဲ့နေရာကတော့ အရိုးနဲ့ သွားတွေ ပါပဲ။ လူ့ခန္ဓာကိုယ်ထဲက Calcium ၉၉% လောက်ဟာ အရိုးနဲ့ သွားတွေကို သန်မာစေဖို့နဲ့ ပုံသဏ္ဍာန်ကို ထိန်းသိမ်းပေးဖို့အတွက် ရှိနေတာပါ။
ကျန်တဲ့ Calcium တွေက ဘယ်မှာလဲ၊ ဘာလုပ်ပေးလဲ။ 🤔
ကျန်တဲ့ ၁% လောက်သော Calcium ကတော့...
-သွေး (Blood)
- ကြွက်သား (Muscles)
- အာရုံကြောဆဲလ် (Nerve cells)
စတဲ့နေရာတွေမှာ တွေ့ရပြီး ဒီအနည်းငယ်သော Calcium ကလည်း အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီပေးပါတယ်။
-Muscle contraction (ကြွက်သားတွေ ကျုံ့တာ၊ ဆန့်တာ)
- Nerve transmission (အာရုံကြောတွေ သတင်းပို့တာ)
- Blood clotting (သွေးခဲတာ)
- Heart function (နှလုံးခုန်တာ)
စတာတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။
Calcium ဓာတ် အများဆုံးပါတဲ့ အစားအစာတွေကတော့ နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ဆာဒင်းငါး၊ ဆော်လမွန်ငါး၊ ဘိန်းစေ့၊ နှမ်း၊ ချီယာစေ့၊ ဗာဒံစေ့၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ ပဲနို့နဲ့ Calcium ဖြည့်ထားတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ Calcium ကို ခန္ဓာကိုယ်က ကောင်းကောင်းစုပ်ယူနိုင်ဖို့ ဗီတာမင် D လည်း လိုအပ်ပါတယ်။

21 ပတ် - ဘာသာပြန်ပါ။

အမျိုးသားတွေရဲ့ Fitness ကိုရပ်တံ့သွားစေတဲ့ ဆင်ခြေ ၃ ခု
၁။ "အချိန်မရှိဘူး။"
၂။ "ကလေးတွေရှိတယ်။"
၃။ "အရမ်းပင်ပန်းတယ်။"
ကိုယ့်ဘာသာကိုယ် ပြောနေတဲ့ ပုံပြင်တွေကို ရပ်လိုက်ပါ။
ကျန်းမာကြပါစေ။
လေးစားလျက်-

21 ပတ် - ဘာသာပြန်ပါ။

ကြွက်သားကြီးထွားမှုအတွက် လူအထင်ကြီးခံထားရတဲ့ အချက် ၅ ချက်
၁။ Mind to muscle connection (စိတ်နဲ့ကြွက်သားချိတ်ဆက်မှု)
၂။ Protein and meal timing (ပရိုတင်းနဲ့ အစာစားချိန်)
၃။ The pump (ကြွက်သား ဖောင်းကြွမှု)
၄။ Bulking (ခန္ဓာကိုယ်အလေးချိန်တိုးခြင်း)
၅။ Training to failure (လုံးဝမနိုင်တော့သည်အထိလေ့ကျင့်ခြင်း)
ကြွက်သားကြီးထွားမှုအတွက် အရေးကြီးဆုံး အချက် ၅ ချက်
၁။ Mechanical tension
၂။ Progressive overload (တဖြည်းဖြည်း ဝန်တိုးမြှင့်ခြင်း)
၃။ Hitting daily calories and macros (နေ့စဉ် ကယ်လိုရီနဲ့ macros ပြည့်မီအောင် စားသုံးခြင်း)
၄။ Consistency (တစ်သမတ်တည်း လုပ်ဆောင်ခြင်း)
၅။ Patience (စိတ်ရှည်ခြင်း)

21 ပတ် - ဘာသာပြန်ပါ။

ဦးနှောက်ကျန်းမာဖို့အတွက် ဘာကြောင့် အလေးမသင့်တာလဲ?
အလေးမခြင်းသည်-
-ဦးနှောက်၏ ပြောင်းလဲနိုင်စွမ်း (neuroplasticity) ကို မြှင့်တင်ပေးသည်။
-ဦးနှောက် ခုခံအား မျှတမှုကို မြှင့်တင်ပေးသည်။
- ဦးနှောက် ဇီဝကမ္မဖြစ်စဉ် (metabolism) ကို ထိန်းညှိပေးသည်။
အထက်ပါ အချက် (၁-၃) နှင့် အခြားအကြောင်းများကြောင့် စိတ်ကျန်းမာရေး ပြဿနာများနှင့် သတိမေ့ရောဂါ (dementia) တို့မှ ကာကွယ်ပေးနိုင်သည်။ဒီတော့ဝိတ်မပါခင်ဗျာ။

21 ပတ် - ဘာသာပြန်ပါ။

ခန္ဓာကိုယ်မှာ သတ္တုဓာတ် (minerals)တွေ ချို့တဲ့နေပြီဆိုရင် ဘယ်လိုလက္ခဏာတွေ ပြမလဲ?
1. ကယ်လ်ဆီယမ် (Calcium) ချို့တဲ့ရင်...
အရေပြား ခြောက်ပြီး ယားမယ်
မောပန်းလွယ်မယ်
ကြွက်သားတွေ တောင့်တင်း ကိုက်ခဲမယ် (Muscle spasm)
လက်သည်း၊ ခြေသည်းတွေ ပြောင်းလဲမယ်
လက်၊ ခြေထောက်နဲ့ ပါးစပ်တစ်ဝိုက် ထုံကျင်မယ် (Numbness)
2. ဇင့် (Zinc) ချို့တဲ့ရင်...
အနံ့နဲ့ အရသာ ခံစားမှု လျော့နည်းမယ် (Loss of taste and smell sensation)
ဆံပင်ကျွတ်မယ် (Hair loss)
စားချင်စိတ် နည်းမယ် (Low appetite)
3. မဂ္ဂနီဆီယမ် (Magnesium) ချို့တဲ့ရင်...
စားချင်စိတ် နည်းမယ် (Low appetite)
မောပန်းပြီး အားနည်းမယ် (Fatigue and weakness)
ပျို့အန်မယ် (Nausea and vomiting)
ကြွက်သားတွေ တောင့်တင်း ကိုက်ခဲမယ် (Muscle spasm)
အိပ်ငိုက်မယ် (Drowsiness)
ရင်တုန်မယ် (Heart palpitations)
တုန်ယင်မယ် (Shiver)
4. ပိုတက်ဆီယမ် (Potassium) ချို့တဲ့ရင်...
ကြွက်သားတွေ တောင့်တင်း ကိုက်ခဲမယ် (Muscle spasm)
ဝမ်းချုပ်မယ် (Constipation)
ရင်တုန်မယ် (Heart palpitations)
ဆီးခဏခဏသွားမယ် (Frequent urination)
ထုံကျင်ကျင်ဖြစ်မယ် (Tingling sensation and numbness)
ဒီလက္ခဏာတွေ သင့်မှာရှိနေပြီဆိုရင် သတ္တုဓာတ်ချို့တဲ့တာ ဖြစ်နိုင်ပါတယ်။ သေချာသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ မမေ့နဲ့နော်။ သင့်ကျန်းမာရေးက အရေးကြီးဆုံးပါပဲ!
ကျန်းမာကြပါစေ။

21 ပတ် - ဘာသာပြန်ပါ။ - Youtube

အကောင်းဆုံးကိုမျှော်လင့်ထားသလို အဆိုးဆုံးကိုလည်းရင်ဆိုင်ဖို့အသင့်ရှိဖို့လိုအပ်တယ် ပါချုပ်ဆရာတော်

22 ပတ် - ဘာသာပြန်ပါ။ - Youtube

မေတ္တာသုတ်မှာမြတ်စွာဘုရားကဘာတွေဟောခဲ့သလဲ ပါချုပ်ဆရာတော် parchoke sayadaw

22 ပတ် - ဘာသာပြန်ပါ။ - Youtube

ကမ္မဋ္ဌန်းအာရုံမှာမရင့်ကျတ်သေးရင်ရင့်ကျက်လာအောင်လုပ်တဲ့နည်းလမ်း(၅)မျိုး ပါချုပ်ဆရာတော်ဘုရားကြီး