4 ရက် - ဘာသာပြန်ပါ။

#ပုစွန်ငရုတ်သီးအစပ်ချက်
************************
ပုစွန် ၃၀ ကျပ်သား အတွက်
ဆီ ၅ ကျပ်သား
ကြက်သွန်နီအနေတော် ၄လုံး
ကြက်သွန်ဖြူ ၁၀ မွှာ
ငရုတ်သီးစိမ်းအစပ် ကြိုက်သလောက်
ချယ်ရီခရမ်းချဥ်သီး ၁၀ လုံး
စိမ်းစားငါးပိအရည်ဖျော်ထမင်းစားဇွန်း ၃ဇွန်း
ရေနွေး ၁ဖန်ခွက် တို့လိုအပ်ပါတယ်ရှင်

ဆီအိုးတည်ပြီး ဆီပူလာရင်ကြက်သွန်ဖြူနီ ထောင်းထားတာထည့်ပါ နနွင်းအနည်းငယ် ထည့်ပါ
ပုစွန်အခွံတဝက်ခွာထားတာထည့်ပါ
ခရမ်းချဉ်သီးခြမ်းထားတာထည့်ပါ
ပြီးရင် ငရုတ်သီးစိမ်း မညက်တညက်ထောင်းထားတာထည့်ပါ

ရေနွေးတဖန်ခွက် ထည့်ပီး အပေါ့အငန်စိတ်ကြိုက်ထည့်ပါ
၂မိနစ်လောက်နေရင်တော့ ပုစွန်ငရုတ်သီးအစပ်ချက်
ပူစပ်ပူစပ်လေးကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီ

Credit to Original Uploader

image