41 w - Translate

🧙‍♀️ The Witch: Part 3 (2025)
👉 Watch here: https://movies.apkclass.info/7917/
"In a world of hidden truths, the clash of superhuman powers will unravel the ultimate mystery." 🔥
Prepare for The Witch: Part 3 (2025), the thrilling continuation of South Korea’s sci-fi action saga on Netflix! Shin Si-ah returns as the enigmatic Cynthia, alongside Park Eun-bin as Kyung-hee and Seo Eun-soo as Jo-hyun. 🧬 This chapter dives deeper into the Ark project’s secrets, delivering high-octane action, gripping conspiracies, and emotional stakes. Expect a showdown between genetically enhanced warriors, with jaw-dropping twists and stunning visuals. Will Cynthia’s past unlock the key to humanity’s fate? 🌌 Premiering in late 2025, this Kdrama is a must-watch for fans of intense thrills! ⚡
Review: A pulse-pounding sequel that elevates the franchise with bold stakes! ⭐⭐⭐⭐
#thewitchpart3 #kdrama #netflix #shinsiah #parkeunbin #seoeunsoo

image
41 w - Translate

ဦးပေါ်ဦး ပြောခဲ့သလိုပဲ
အရာအားလုံးဟာကောင်းဖို့အတွက် ဖြစ်လာတာ
ဘာမှ အများကြီးမတွေးနဲ့ ပ”င်ပန်းတယ်
ကြာလာရင်သူ့ဟာသူ အဆင်ပြေသွားလိမ့်မယ် 🤍

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တရုတ်နိုင်ငံတောင်ပိုင်း၌ တာပါးအပူပိုင်းမုန်တိုင်း ကုန်းတွင်းဝင်ရောက်
တာပါးအမည်ရှိ အပူပိုင်းမုန်တိုင်းသည် တရုတ်နိုင်ငံတောင်ပိုင်း၌ စက်တင်ဘာ ၈ ရက်တွင်ကုန်းတွင်းသို့ ဝင်တိုက်ခတ်နေပြီဖြစ်​ကြောင်း သိရသည်။
တာပါးအပူပိုင်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံတောင်ပိုင်း၌ စာသင်ကျောင်းများကို ပိတ်၍ရေကြောင်းခရီးစဉ်များ ဖျက်သိမ်းထားရပြီး ဒေသခံပြည်သူထောင်ပေါင်းများစွာတို့ကိုလည်း မုန်တိုင်းဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးထာ ပေးထားရကြောင်းတရုတ်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနီးရှိ ကွမ်တုန်းပြည်နယ်တွင် တာပါးမုန်တိုင်းကြောင့် မီးရထားခရီးစဉ်များနှင့် ကူးတို့သင်္ဘောခရီးစဉ်များ ဖျက်သိမ်းထားရပြီး စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းအထိ ပြည်သူ ၆ဝဝဝဝ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရကြောင်း တရုတ်တာဝန်ရှိသူများက ပြောထားသည်။
စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီအထိတာပါးမုန်တိုင်း၏ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၆၈ မိုင်ခန့်အထိရှိကြောင်း ဟောင်ကောင်မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပြီး တတိယအမြင့်ဆုံး အဆင့် မုန်တိုင်းအန္တရာယ်သတိပေးချက် ထုတ်ပြန် ထားသည်။
တာပါးမုန်တိုင်းကြောင့် ကွမ်တုန်းပြည်နယ်၌ လူသုံးဦးသေဆုံးခဲ့ရပြီး သစ်ပင်အများအပြားလည်း လဲပြိုခဲ့ရကြောင်း တရုတ်တာဝန်ရှိသူများက ပြောကြားထားသည်။
အလားတူ ပြည်နယ်မြို့တော်တိုင်ရှန်းတွင်လည်း နေရာပေါင်း နှစ်နေရာ၌ မုန်တိုင်းနောက်ဆက်တွဲအဖြစ် ရေလွှမ်းမိုးမှုများဖြစ်နေကြောင်း သိရသည်။
ရိုက်တာ

image

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ချောမွေ့စေရေး ဆွေးနွေး

စက်တာဘာ ၉

ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္႑ အပါအဝင် မြန်မာ- ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ချောမွေ့စေရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးမှုကို နိုင်ငံခြားရေးဝန်ကြီးဌာနန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာမုံခွန်းဝိစစ်စတန်တို့ စက်တင်ဘာ ၈ ရက်၊ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်ခိုင်မာစေရေးနှင့် နှစ်နိုင်ငံအပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးအတွက်ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image

❝နိုင်ငံဖြတ်ကျော် ငွေပေးချေမှုများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနည်းလမ်းများနှင့်ပတ်သက်၍ ရုရှား- မြန်မာ ဆွေးနွေး❞

စက်တင်ဘာ ၉

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ PJSC “Sberbank of Russia” ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ Mr. Ivan NOSOV တို့ စက်တင်ဘာ ၈ ရက်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော် ငွေပေးချေမှုများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနည်းလမ်းများ၊ အဓိကအားဖြင့် အထူးအိန္ဒိယရူပီးငွေစာရင်းဆိုင်ရာ ငွေပေးချေမှုစနစ် (Special Rupee Vostro Account-SRVA Mechanism)မှတစ်ဆင့် ငွေပေးချေမှုများ ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

#centralnewsnaypyitaw

image
41 w - Translate

၂၀၁၄ ခုနှစ်တုန်းက အင်္ဂလန်နိုင်ငံ၊ ဝါရစ်ရှိုင်းယားမြို့မှာရှိတဲ့ Hatton Country World လို့ခေါ်တဲ့ တိရစ္ဆာန်ရုံတစ်ခုမှာ အံ့အားသင့်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ တိရစ္ဆာန်ရုံထဲက ဖိုးကျိုင်းဖြူအမ ၁၀၀ နီးပါးဟာ ရုတ်တရက် ကိုယ်ဝန်ရှိနေကြတာကို ဝန်ထမ်းတွေက တွေ့ရှိပြီးနောက် စုံစမ်းလိုက်တဲ့အခါ မထင်မှတ်ထားတဲ့ တရားခံတစ်ကောင်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အဲဒီတရားခံကတော့ ဖိုးကျိုင်းဖြူအထီးတစ်ကောင် ဖြစ်ပြီး၊ သူဟာ သူ့ရဲ့ အထီးသီးသန့်လှောင်အိမ်ထဲကနေ လျှို့ဝှက်စွာ ထွက်ပြေးခဲ့ကာ အမတွေချည်းရှိတဲ့ လှောင်အိမ်ထဲကို တိတ်တဆိတ် ဝင်ရောက်ခဲ့တာပါ။ အရင်က နာမည်မရှိခဲ့ပေမယ့် ဒီလိုထူးခြားတဲ့ စွန့်စားခန်းကို ဖန်တီးခဲ့တာကြောင့် ဝန်ထမ်းတွေက သူ့ကို "ရဲရင့်သော ဖိုးကျိုင်းဖြူ" လို့ အမည်ပေးခဲ့ပါတယ်။
တိရစ္ဆာန်ရုံမန်နေဂျာရဲ့ ပြောကြားချက်အရ အဲ့ဒီဖိုးကျိုင်းဖြူဟာ လာရောက်လည်ပတ်သူတစ်ဦးဦးရဲ့ မတော်တဆ လွှတ်ပေးခဲ့တာမျိုး ဖြစ်နိုင်သလို၊ သူကိုယ်တိုင်လည်း လှောင်အိမ်ထဲကနေ ထွက်ပြေးနိုင်အောင် ကြိုးစားခဲ့တာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ သူ့ရဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့ပါတယ်။
ပုံမှန်အားဖြင့် ဖိုးကျိုင်းဖြူအမတစ်ကောင်ဟာ သားသမီး ၄ ကောင်လောက် မွေးဖွားလေ့ရှိတာကြောင့်၊ "ရဲရင့်သော ဖိုးကျိုင်းဖြူ" ဟာ ဖိုးကျိုင်းဖြူကလေးငယ် ၄၀၀ လောက်ရဲ့ ဖခင် ဖြစ်လာနိုင်တယ်လို့ တိရစ္ဆာန်ရုံဝန်ထမ်းတွေက ခန့်မှန်းခဲ့ကြပါတယ်။

image

image

အဆုတ်ကို ကျန်းမာစေမည့် ဆေးဖက်ဝင်အပင်များ...
အဆုတ်ကိုကျန်းမာအောင်နေထိုင်ခြင်းဖြင့် အသက်ရှုလမ်းကြောင်းတစ်ခုလုံးကို ကျန်းမာအောင်ထိန်းသိမ်းနေထိုင်ရန်မှာ အလွန် အရေးကြီးပါသည်။ အမှန်အားဖြင့် အဆုတ်ကို ကျန်းမာလာစေရန် စတင်ပြုလုပ်နိုင်သော နည်းလမ်းများစွာရှိသည့်အနက် ယခုဖော်ပြမည့် ဆေးဖက်ဝင်အပင်များလည်း အပါအဝင်ဖြစ်ပါသည်။
ဆေးဖက်ဝင်အပင်များသည် အဆုတ်ကျန်းမာရေးကို ဘယ်လို မြှင့်တင်ပေးနိုင်သလဲ။
ကြှနျုပျတို့ အဆုတ်သည် နေ့စဉ်နှင့် အမျှ ပတ်ဝန်းကျင်ရှိ အညစ်အကြေးများ၊ အန္တရာယ်ရှိသော အကောင်များ၊ မှိုများ၊ ဖုန်မှုန့်များနှင့် အခြားသော အဆိပ်အတောက်များနှင့် ထိတွေ့နေရပါသည်။ အသက်ရှုလမ်းကြောင်းသည် ထို အညစ်အကြေးများကို နေ့စဉ် ရှင်းထုတ်နေရသော်လည်း လုံလောက်အောင် မရှင်းထုတ်နိုင်ပါ။
အမျိုးမျိုးသော ဆေးဖက်ဝင်အပင်များသည် သူ့နည်းသူ့ဟန်ဖြင့် အဆုတ်ကို ကျန်းမာစေပါသည်။ အချို့သော အပင်များသည် အဆုတ်ထဲမှ သလိပ်များကို အပြင်သို့ဟန့်ထုတ်ရလွယ်ကူစေပါသည်။ အချို့သည် ပိုးကောင်များမှ ထုတ်လွှတ်သော ဟစ်စတာမင်းဓါတ်ကို နည်းစေခြင်း၊ ဓါတ်တိုးဆန့်ကျင်မှုများကို လျော့နည်းစေခြင်းအားဖြင့် အကျိုးပြုပါသည်။
အဆုတ်ကို ကျန်းမာစေမည့် ဆေးဖက်ဝင်အပင်များ
ပင်စိမ်း
ပင်စိမ်းသည် ကောင်းကျိုးများကိုဖြစ်စေပြီး အခြားသော သမားရိုးကျနည်းလမ်းများကဲ့သို့ ဘေးထွက်ဆိုးကျိုးများကို မဖြစ်စေပါ။ ပင်စိမ်းကို လက်ဖက်ရည်၊ ဆေးရည်များနှင့် တွဲသောက်ခြင်း၊ ပင်စိမ်းဆီများကိုသောက်ခြင်းဖြင့် လည်ချောင်းနာခြင်းကို သက်သာစေခြင်း၊ အဆုတ်ကို ကျန်းမာစေခြင်းနှင့် အသကျ၇ှုလမျးကွောငျးမြားကိုလညျး ရှင်းလင်းစေပါသည်။
ငှက်ပျောရွက်
ငှက်ပျောရွက်တွင်လည်း ချောင်းဆိုးခြင်းကို ချွဲအမြေးများကို ကျန်းမာစေပြီး ချောင်းဆိုးခြင်းကို သက်သာစေပါသည်ဟု သိပ္ပံ ပညာရှင်များက ဆိုပါသည်။ များစွာသော လေ့လာမှုများအရ ငှက်ပျောရွက်သည် အအေးမိခြင်း၊ ချောင်းဆိုးခြင်းနှင့် အဆုတ်ရောင်ခြင်းစသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကိုလည်း သက်သာစေပါသည်။ အခြားသော ဆေးပင်များနှင့် မတူသော အချက်မှာ ငှက်ပျောရွက်သည် ချွဲသလိပ်များကို ဟန့်ထုတ်နိုင်စေသောကြောင့် ချောင်းခြောက်ဆိုးနေသော လူနာများကိုလည်း သက်သာစေပါသည်။
တောရှုံးပင်
ထိုအပင်သည် အီတလီအစားအစာများတွင် အများဆုံးထည့်သွင်း အသုံးပြုပါသည်။ ထိုအပင်ထဲတွင် ဟစ်စတာမင်းဓါတ်များကို လျော့နည်းစေသော ဓါတ်များနှင့် ချွဲကျပ်ပျောက်စေသော ဓါတ်များဖြစ်သည့် rosmarinic အက်ဆစ်နှင့် carvacrol အက်ဆစ်တို့ ပါဝင်ပါသည်။ ထိုပြင် ထိုအက်ဆစ်ဓါတ်များသည် အသက်ရှုလမ်းကြောင်းတွင် လေဝင်လေထွက်ကိုလည်း ကောင်းစေပါသည်။ တောရှုံးပင်ကို အဆီအားဖြင့်လည်းကောင်း ဆေးတောင့်အားဖြင့်လည်းကောင်း အမျိုးမျိုးသော ပုံစံများဖြင့် အဆုတ်ကျန်းမာရေးအတွက် အသုံးပြုနိုင်ပါသည်။
ခရမ်းပြာ ပန်းရိုင်းပင်
သုတေသနပြုချက်များအရ ခရမ်းပြာပန်းပင်စားသောမြင်းများသည် အခြားမြင်းများထက်ပိုပြီး အသက်ကောင်းကောင်းရှုနိုင်ကြကြောင်း တွေ့ရပါသည်။ အကြောင်းမှာ ထိုအပင်တွင် ချွဲပျော်စေသော အယ်ကာလီဓါတ်များ ပါဝင်သောကြောင့်ဖြစ်ပါသည်။
ထို့ပြင်ယင်းသည် အက်ဒရီနယ်ဂလင်းမှ Epibephrine ထုတ်လွှတ်မှုကို အားပေးသောကြောင့် အသက်ရှုလမ်းကြောင်းများပွင့်ကာ အသက်ရှုဝစေပါသည်။ ထို့ပြင် ခရမ်းပြာပန်းသည် ကြွက်သားများကို အရောင်ကစေသည့်အတွက် ချောင်းဆိုးပျောက်ဆေးများနှင့် အအေးမိပျောက်ဆေးများတွင် အများဆုံး ထည့်သွင်းအသုံးပြုကြပါသည်။ ထို့ကြောင့် ခရမ်းပြာပန်းရိုင်းပင်သည် အသက်ရှုလမ်းကြောင်းအတွက် ထောက်ပံ့မှုများပေးနိုင်သည့် ဆေးဖက်ဝင်အပင်ဖြစ်ပါသည်။
နွယ်ချိုမြစ် (Ligusticum porteri)
နွယ်ချိုမြစ်သည် ရော့ကီးတောင်တန်းများတွင် တွေ့ရသော အဖိုးတန်ဆေးဖက်ဝင်အပင်ဖြစ်ပါသည်။ ယင်းကို အမေရိကနိုင်ငံသားများက ယခင်ခေတ်များကတည်းက အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် အသုံးပြုခဲ့ကြပါသည်။ ထိုအပင်သည် ပရုတ်ကဲ့သို့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများအတွက် အသုံးဝင်သော အပင်မျိုးဖြစ်ပါသည်။
ထိုအပင်၏ သိသာသော အချက်မှာ အဆုတ်သွေးလည်ပတ်မှုကို ကောင်းစေသောကြောင့် အသက်ကို ပြင်းပြင်းရှုနိုင်စေပါသည်။ ထို့ပြင် ရာသီအပြောင်းအလဲတွင်ဖြစ်သော အသက်ရှုလမ်းကြောင်းရောဂါများအတွက်လည်း ကောင်းကျိုးဖြစ်စေပါသည်။
ဆေးဖက်ဝင်အပင်များသည် အဆုတ်အတွက် ကောင်းကျိုးပြုသောကြောင့် ထိုအပင်များကို လက်ဖက်ရည်ကြမ်းဖြင့်ဖြစ်စေ၊ ဆေးတောင့်များ၊ နှာခေါင်းဖြန်းဆေးများပုံစံဖြင့် ဖြစ်စေ ၊ အခြားပုံစံများဖြင့် ဖြစ်စေ မှီဝဲနိုင်ပါသည်။ ဆေးဖက်ဝင်အပင်များသည် ကျန်းမာရေးအတွက် ကောင်းမွန်သော်လည်း မသောက်မီတွင် သင်နှင့် ဓါတ်မတည့်ခြင်းရှိမရှိ အရင် ဆန်စစ်ပြီးမှ သောက်သင့်ပါသည်။

image

ကညွတ်စိုက်ပျိုးနည်း
=================
သမပိုင်းဒေသမှာ ပေါက်ရောက်မှုများတဲ့ ကညွတ် က မြန်မာနိုင်ငံမှာ စိုက်ပျိုးသူများလာပြီး ဝင်ငွေကောင်းစေသော သီးနှံတစ်ခု ဖြစ်နေပါတယ်။ အရသာရှိပြီး ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ်၊ သတ္ထုဓာတ်နဲ့ သက်စောင့်ဓာတ်များစွာ ကြွယ်ဝတဲ့ ကညွတ် ဟာ ကျန်းမားရေးအတွက် မဖြစ်မနေစားသင့်သော ဟင်းသီးဟင်းရွက် တစ်မျိုးပဲ ဖြစ်ပါတယ်။ ကညွတ်က နှစ်ပေါင်း ၂၀ ကျော်အောင် ခူးယူနိုင်သော နှစ်ရှည် ဟင်းသီးဟင်းရွက် ဖြစ်ပါတယ်။
မြေရွေးချယ်ခြင်းနှင့် ပြင်ဆင်ခြင်း
ကညွတ် က မြေဆီထက်သန်ပြီး ရေဝင်ရေထွက်ကောင်းသော မြေကြီးအမျိုးစားကို နှစ်သက်ပါတယ်။ အက်စစ်ဓာတ်ဆန်သော (မြေချဉ်သော) အမျိုးစားကို မကြိုက်ပါဘူး။ နှစ်ရှည်ပင်ဖြစ်တဲ့အတွက်ကြောင့် စတင်စိုက်ပျိုးကတည်းက မြေကို အကောင်းဆုံးဖြစ်အောင် အချိန်ယူပြီး ပြင်ဆင်ထားသင့်ပါတယ်။
အချိန်ရမယ်ဆိုရင်တော့ ကညွတ် စိုက်မည့် မြေကြီးမှာ ပဲမျိုးရင်ဝင် တစ်ခုခုကို သစ်စိမ်းမြေသြဇာ အဖြစ် စိုက်ပျိုးပြီး မြေကို အဟာရ ပြည့်ဝအောင် ပြင်ဆင်ထားသင့်ပါတယ်။ ထို့ပြင် မြေကြီးထဲတွင် ရေရှည် အဟာရ ပြည့်ဝနေရန်အတွက် သဘာဝမြေသြဇာများကို တက်နိုင်သလောက် များများ ထည့်ထားပါ။
စိုက်ပျိုးမည့် မြေကြီးထဲမှာ ရှိနေတဲ့ အပင်အကြွင်းအကျန်များကို အမြစ်ပါမချန် ရှင်းလင်းပစ်ပါ။
မြေကြီး အနက် ၆-၈ လက်မအထိ မြေကို ပွနေစေရန် ထွန်ယက်ပေးပါ။
မြေဆွေးကို စိုက်ပျိုးမည့် မြေကြီးအထက် ၂-၃ လက်မအထိ ဖြန့်ပေးပြီး မြေကြီးထဲသို့ ရောမွှေပေးပါ။
မြေကြီးက အချဉ်ပေါက်နေပါက ထုံးဓာတ်ပြီး သမသည့် အနေအထားရောက်အောင် ပြုပြင်ပါ။ (ချဉ်ငန်ဓာတ် ကိန်းဂဏန်းပေါ်မူတည်ပြီး ထုံးပမာဏ ကွာခြားပါသည်)
မြေကြီးကို ၁၂ လက်မ အကျယ် ၈-၁၂ အမြင့် ဘောင်ပြုလုပ်ပေးပါ။ တစ်တန်းနှင့် တစ်တန်းကြား အနည်းဆုံး ၂ ပေထားပေးပါ။
စိုက်ပျိုးခြင်း
(က) အစေ့မှ စိုက်ပျိုးခြင်း
အစေ့မှ စိုက်ပျိုးခြင်းသည် အပင်ပေါက်ရောက်မှုနည်းသည့်အတွက် ဥမှ စိုက်ကြသူ များပါတယ်။ အစေ့မှ စိုက်ပျိုးပါက မျိုးစေ့ကို ရေ (၃-၄) ရက်ခန့် ကြာအောင် စိမ်ထားသင့်ပါတယ်။ ရေကို တစ်နေ့တစ်ခါ လဲပေးရမည်။ ထိုနောက် ပျိုးဘောင်ပေါ်တွင် တစ်စေ့နှင့် တစ်စေ့ ၁ လက်မ ၁လက်မခွဲခန့်၊ တန်းကြား ၁ ပေခန့် ထားပြီး ပျိုးထောင်ပါ။ ၂-၆ ပတ်အကြာတွင် အပင်ပေါက်လာပြီး တစ်လသားခန့်တွင် ပျိုးအိတ်ထဲသို့ ပြောင်းထဲပါ။ ပျိုးပင် ၄ လသား အရွယ်တွင် ရွေ့ပြောင်း စိုက်ပျိုးနိုင်ပါတယ်။
(ခ) ဥမှ စိုက်ပျိုးခြင်း
မိုးဦးပိုင်းတွင် စတင်စိုက်ပျိုးနိုင်ပါ။ ပင်ကြား ၁-၁.၅ ပေထိ ထားပြီး တန်းကြား ၃-၄ ပေခန့် ထားသင့်ပါသည်။ ကျင်းကို ၈ လက်မ အနက်ထိ တူး၍ စိုက်ပျိုးနိုင်ပါသည်။
ထိန်းသိမ်းပြုစုခြင်း
ကညွတ် စိုက်ပျိုးပြီး တစ်နှစ်ကြာသည်အထိ အပင်၏ အမြစ်များ အားကောင်း သန်မာစေရန်အတွက် အစို့များကို ခူးဆွတ်ရိတ်သိမ်းခြင်း မပြုလုပ်ပါနှင့်။ ပေါင်းများကို အခါအားလေ ွှာစြှာ ရှင်းပေးပါ။ မြေကြီး မြေသြဇာ ထက်သန်စေရန်နှင့် မွနေစေရန်အတွက် မြေဆွေး၊ သစ်ရွက်ဆွေးများကို ထည့်သွင်းပေးပါ။
ရိတ်သိမ်းခြင်း
၂နှစ်သားမှ စ၍ ရိတ်သိမ်းနိုင်ပါတယ်။ ရိတ်သိမ်းမည့် အစို့များမှာ ၆-၈ လက်မအထိ ရှိရပါမယ်။ အစို့များကို လက်ဖြင့် အလွယ်တကူချိုးယူနိုင်ပါတယ်။ ဓားဖြင့် လှီးဖြတ်ပါက ဘေးနားရှိ အစို့အငယ်လေးများနှင့် ပင်မအမြစ်စုံ (ဥ) များကို မထိခိုက်မစေရန် သတိထားပြီး လှီးဖြတ်ပါ။