ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကြက်ဥသုပ်
---------------
ပါဝင်ပစ္စည်းများ
---------------
ကြက်ဥပြုတ် - ၆ လုံး (တစ်ခြမ်းစီ ခြမ်းထားပါ)
ခရမ်းချဉ်သီး - ၁ လုံး (ပါးပါးလှီးပါ)
သခွားသီး - ၂၀ ဂရမ် (အချောင်းသေးများ လှီးထားပါ)
ဆလတ်ရွက် - အနည်းငယ်
ကြက်သွန်မြိတ် - ၁ စည်း (အနေတော်လှီးပါ)
ပင်စိမ်း - အနည်းငယ် (အရွက်များ ခြွေထားပါ)
ငရုတ်သီးစိမ်း/နီ - ၁၀ တောင့်ခန့် (ပါးပါးလှီးပါ)
ကြက်သွန်နီ - ၂ လုံး (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ - ၆ မြွှာ (နုပ်နုပ်စဉ်းပါ)
Sweet Chilli Sauce - စားပွဲဇွန်း ၄ ဇွန်း
ဆား - အနည်းငယ်
သကြား - အနည်းငယ်
ငရုတ်ကောင်းမှုန့် - အနည်းငယ်
ငံပြာရည် - အနည်းငယ်
သံပရာသီး - ၂ လုံး
ပြုလုပ်နည်း
---------------
ဇလုံတစ်လုံးထဲ ကြက်ဥမှလွဲ၍ ကျန်ပါဝင်ပစ္စည်း များအားလုံးကို ရောထည့်ပြီး သမအောင် နယ်ပေးပါ။ အရသာပြည့်စုံပြီဆိုရင် ပန်းကန်ထဲ ကြက်ဥပြုတ်ထည့် ပြီး အပေါ်မှနယ်ထားတာများကို တင်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါသည်။
#cooking
ဘဝကို အမေမရှိဘဲနေဖို့မပြောနဲ့
"အမေသာမရှိတော့ရင်" ဆိုတဲ့
အတွေးနဲ့တင်thay တယ် ။
တရေးနိုးလို့ အမေအိပ်နေတာက ငြိမ်နေတဲ့အခါ
နှာခေါင်းကအသက်ကောရှူရဲ့လား စမ်းကြည့်ဖူးတယ် ။
#နွေသော်