image
Tian Horvat သူ့ပရိုဖိုင်ပုံပြောင်းသွားတယ်။
2 နှစ်များ

image
2 နှစ်များ - ဘာသာပြန်ပါ။

Samsung ကတော့ Galaxy AI ကို သူတို့ရဲ့ စမတ်နာရီ တွေဖြစ်တဲ့ Galaxy Watch တွေအထိ ထည့်ပေးတော့မယ်

Samsung က ပြောပြထားတဲ့ Feature အသစ်မှာဆိုရင် Energy Score ဆိုတဲ့စနစ်ပါမယ်
သူက ဘယ်လို အလုပ်လုပ်မလဲဆိုရင် တခြား ရထားတဲ့ Health Data တွေဖြစ်တဲ့ Heart Rate နဲ့ Sleep Data တွေကို Analyze လုပ်ပြီး Score ပြန်ထုတ်ပေးမဲ့ပုံစံမျိုးပဲ Wellness Tips ကျတော့ ကိုယ့်သတ်မှတ်ထားတဲ့ Goals တွေကိုရောက်အောင် AI က Mentor လုပ်ပေးမဲ့စနစ်မျိုးပါ

Samsung က နောက်ထပ်အဆင့်မြှင့်တင်တဲ့နေရာက Health Tracking ပိုတိကျလာအောင် AI ကိုသုံးလာမယ်ပြောတယ်

Sleep AI Algorithm ကိုအဆင့်မြှင့်ဖို့အတွက် Tracking ပိုင်းကိုပိုအဆင့်မြှင့်လာပြီး အိပ်နေစဉ် လှုပ်ရှားတာတွေ ၊ အသက်ရှူတဋတွေ အပြင် ၊ နှလုံးခုန်နှုန်းတွေကိုပါ သုံးပြီး Analyse လုပ်ပေးမှာပါ

ဒါ့အပြင် စက်ဘီးစီးတဲ့သူတွေအတွက် Functional Threshold Power ကို ၁၀ မိနစ်အတွင်းထုတ်ပေးနိုင်မှာဖြစ်သလို Heart Zone (Aerobic / Anaerobic Threshold) တွေရဲ့ Metric တွေပါ ပြပေးလာနိုင်မယ် ဒါ့အပြင် စက်ဘီးနင်းတာ၊ ပြေးတာတွေမှာလဲ Race ဆိုတဲ့စနစ်ကိုသုံးပြီး Same Route အတွက် ကိုယ့် Performanceဘယ်လောက် တိုးတက်လာလဲ Analyze လုပ်နိုင်တာအထိ တိုးတက်လာမယ်

ပြောရရင် AI စနစ်ပေါင်းထည့်လိုက်တဲ့အခါ Galaxy Watch တွေက တခြား သီးသန့် Equipment တွေသုံးမှရလာတဲ့ စနစ်အချို့ကို စမတ်နာရီပေါ်မှာတင်ပဲ သုံးလို့ရတဲ့အထိ တိုးတက်လာမဲ့သဘောပဲ

Galaxy AI နဲ့ အဆင့်မြှင့်တင်ထားမဲ့ စနစ်တွေက လာမည့် Galaxy Watch Lineup အသစ်တွေမှာ ပါလာမယ်လို့သိရပါတယ်

image
2 နှစ်များ - ဘာသာပြန်ပါ။

၉၀ပြည့်နှစ်ရဲ့ဖက်ရှင်လို့ပြောလိုက်ရင် Denim Jacket တွေနဲ့ Denim Shirt တွေက မဖြစ်မနေပါဝင်နေပါတယ်။ ၈၀ပြည့်နှစ်အကုန်လောက်မှာ Denim Shirt တွေ တော်တော်လေးခေတ်စားလာခဲ့ပြီး အပေါ်အောက် Denim on Denim စတိုင်တွဲဝတ်လာကြပါတယ်။ ခုချိန်မှာ Denim ဝတ်ရတာသဘောကျတဲ့ အမျိုးသားတွေအနေနဲ့ အဲ့တုန်းက fashion style အတိုင်း Denim on Denim ပြန်တွဲဝတ်ဖို့ recommend ပေးချင်ပါတယ်။ ရှင်းရှင်းလေးနဲ့ တကယ်ကိုအထာကျတဲ့စတိုင်မို့ပါ။

image
2 နှစ်များ - ဘာသာပြန်ပါ။

babe beauty 😘

image
2 နှစ်များ - ဘာသာပြန်ပါ။

Cropped Trench Jacket

Classic Style သဘောကျတဲ့သူတွေအတွက် Trench Coat တွေကတော့ မစိမ်းလောက်ပါဘူး။ Trench Coat တွေကိုမှ ခါးအတို Crop အနေအထား အပေါ်ထပ်လေးတွေကတော့ ရာသီမရွေး အဆင်ပြေတဲ့ ဒီဇိုင်းဖြစ်တဲ့အပြင် timeless လည်း ဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။ 🤗 အများအားဖြင့်ကာကီ၊ နက်ပြာ၊ အနက်စတဲ့အရောင်တွေ များတာကြောင့် သူ့အောက်ကဝတ်မယ့် အတွဲအစပ်အရောင်လည်း သိပ်စဥ်းစားစရာမလိုတော့ဘူးနော်။

image
2 နှစ်များ - ဘာသာပြန်ပါ။

ဘာစီနည်းပြ ဟန်စီ ဖလစ် တရာ၀င် ဖြစ်ပြီး!!!

နည်းပြ ဇာဗီ နဲ့ လမ်းခွဲပြီးနောက် အားလုံးထင်ထားတယ့်အတိုင်း ဖလစ်ဟာ ဘာစီနည်းပြ ဖြစ်လာပြီးလို့ တရာ၀င်ကြေညာခဲ့ပါတယ်။ စာချုပ်သက်တမ်းကို တော့ ၂၀၂၆ ထိ ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။

image

Hong Kong Style French Toast

Strawberry icecoffee

2 နှစ်များ - ဘာသာပြန်ပါ။

ဦးနှောက်သွေးခဲပြီးမှ ဘောလုံးပြန်ကစားမယ့် ကစားသမား
--------------------------
ဆွီဒင် ကစားသမား ခရစ္စတိုဖာအော်လ်ဆင်က ပြီးခဲ့တဲ့ ဖေ‌ဖော်ဝါရီလတုန်းက ဦးနှောက်သွေးခဲမှု ဖြစ်ပွားခဲ့ပါတယ်။
နေအိမ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက်ရှူစက်နဲ့ ဆေးရုံကို အရေးပေါ်တင်ခဲ့တာရတာလို့ သိရပါတယ်။
အဲ့နောက် အထူးကြပ်မတ်ကုသဆောင်ကို ပြောင်းရွှေ့ပြီး ပြန်လည်သန်စွမ်းရေး ကုသခဲ့ရပါသေးတယ်။
လက်ရှိမှာတော့ ကျန်းမာရေး အခြေအနေပြန်လည်ကောင်းမွန်လာတဲ့ အော်လ်ဆင်က - “ကျွန်တော် အတော်လေး နေကောင်းနေပါပြီ။ ကျွန်တော်ဘောလုံးတောင် ပြန်ကစားနိုင်နေပါပြီ။ အကောင်းဆုံး လှုပ်ရှားသွားလာနိုင်ပြီး မှတ်ဥာဏ်လဲ အကောင်းတိုင်းပါပဲ”လို့ ဆွီဒင် မီဒီယာတစ်ခုကို ပြောလာပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ အော်လ်ဆင်ရဲ့ မိခင်ကလပ်ဖြစ်တဲ့ မစ်ဂျ်လန်းအသင်းက - “အမြန်ဆုံး ပြန်လည်သန်စွမ်းပြီး သူ့ရဲ့ ပုံစံကောင်းကို ရရှိနေပါပြီ”လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အော်လ်ဆင်အနေနဲ့ ရှားပါး ရောဂါတစ်ခုကြောင့် ဦး‌နှောက်အတွင်းရှိသွေးကြောမျှင် အများအပြား ပေါက်သွားခဲ့ပြီး သွေးခဲမှု ဖြစ်ခဲ့တာပါ။
အော်လ်ဆင်က အာဆင်နယ် အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၅က မစ်ဂျ်လန်းကို မပြောင်းရွှေ့ခင် အာဆင်နယ်အတွက် တစ်ပွဲ ကစားပေးနိုင်ခဲ့ပါတယ်။
မေလ ၂၆ရက်နေ့တုန်းကတော့ မစ်ဂျ်လန်းအသင်း ဒိန်းမတ်လိဂ် ချန်ပီယံ ဖြစ်တုန်းက အသင်းဖော်တွေရဲ့ အောင်ပွဲခံ အခမ်းအနားကို ပွဲကြည့်စင်ကနေ အားပေးခဲ့ပါသေးတယ်။

image