OREO SHAKE!!!

2 နှစ်များ - ဘာသာပြန်ပါ။

New Zealand 💚💚💚💚

image
2 နှစ်များ - ဘာသာပြန်ပါ။

မန်ယူရဲ့ယူရိုပါလိဂ်ဝင်ခွင့်ကို
ပြန်သုံးသပ်ဖို့ ရှိနေတယ်
---------------
မန်ယူဟာ အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့လို့ ယူရိုပါလိဂ်ပြိုင်ပွဲကို တိုက်ရိုက်ပါဝင်ကစားခွင့် ရရှိထားပေမယ့် အခြေအနေတစ်ရပ်ကြောင့် မရေရာမှုတွေ ဖြစ်လာနိုင်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ မန်ယူဟာ ယူရိုပါလိဂ်ဝင်ခွင့်ကို အက်ဖ်အေဖလားပြိုင်ပွဲကနေတဆင့် ရသွားခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ ချဲလ်ဆီးဟာ ယူပါကွန်ဖရန့်လိဂ်ဆီကို ဆင်းကန်ပေးလိုက်ရပြီဖြစ်ပါတယ်။

ဒါပေမဲ့
အခုထွက်ပေါ်လာတဲ့သတင်းအရတော့ မန်ယူဘက်က ရှင်းရှင်းလင်းလင်းဖြစ်အောင် မလုပ်နိုင်ဘူးဆိုရင် ယူရိုပါလိဂ်ဝင်ခွင့်ကို ချဲလ်ဆီးက ရရှိပြီး မန်ယူဟာ ယူရိုပါကွန်ဖရန့်လိဂ်ဆီ ဆင်းကစားရတာမျိုးဖြစ်သွားနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။ အဲ့ဒါကတော့ ပြင်သစ်လီဂူးကလပ် နိုက်စ်နဲ့ မန်ယူအသင်းရှယ်ယာရှင်သစ် INEOS စီးပွားရေးလုပ်ငန်းစုတို့အကြားက ဆက်နွှယ်မှုပါပဲ။ ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ် ပိုင်ဆိုင်တဲ့ INEOS စီးပွားရေးလုပ်ငန်းစုဟာ နိုက်စ်အသင်းကိုလည်း ပိုင်ဆိုင်ထားလို့ အဲ့ဒါကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်နိုင်မှပဲ မန်ယူက ယူရိုပါလိဂ်ဝင်ခွင့်ကို ရရှိမှာဖြစ်ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ရဲ့ထုတ်ပြန်ချက်တွေအရ ပိုင်ဆိုင်မှု၊ စီးပွားရေးအရ ပတ်သက်ဆက်နွှယ်မှု၊ ရင်းနှီးမြှုပ်နှံထားသူ တူညီစွာ ပါဝင်ပတ်သက်မှုရှိနေတဲ့ အသင်းနှစ်သင်းဟာ ယူအီးအက်ဖ်အေရဲ့လက်အောက်က ပြိုင်ပွဲတစ်ခုတည်းမှာ အတူတူ ပါဝင်ကစားခွင့် မရှိဘူးလို့ သိရှိရပါတယ်။ နိုက်စ်နဲ့ INEOS စီးပွားရေးလုပ်ငန်းစုတို့အကြားက ပတ်သက်ဆက်နွှယ်မှုကို ရှင်းရှင်းလင်းလင်း မတင်ပြနိုင်ခဲ့ရင် သက်ဆိုင်ရာ ပြင်သစ်လီဂူးလိဂ်မှာ ရပ်တည်မှုမြင့်မားခဲ့တဲ့ နိုက်စ်က ယူရိုပါလိဂ်ဝင်ခွင့်ကို ရသွားဖို့ ရှိနေပြီး မန်ယူက ယူရိုပါကွန်ဖရန့်လိဂ်ဆီ ဆင်းကစားရတာမျိုး ဖြစ်သွားနိုင်ခြေ ရှိနေပါတယ်။

မန်စီးတီးနဲ့ ဂျီရိုနာတို့ဟာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲကို အတူတူ ပါဝင်ကစားခွင့်ရနိုင်ဖို့အတွက် ပိုင်ဆိုင်မှုပိုင်းဆိုင်ရာတွေကို ဖြေရှင်းနေရပြီး အတိတ်ကာလတုန်းက ရက်ဘူးလ်စီးပွားရေးလုပ်ငန်းစုတစ်ခုတည်းက ပိုင်ဆိုင်တဲ့ လိုက်ပ်ဇစ်နဲ့ ဆဲလ်ဘတ်တို့ ဥရောပပြိုင်ပွဲတစ်ခုတည်းမှာ အတူတကွ ပါဝင်လာတာတွေကြောင့် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ဆက်နွှယ်မှုပြဿနာတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ယူအီးအက်ဖ်အေဆီမှာ ရှင်းလင်းခဲ့ရဖူးပါတယ်။

image
Purple Blue ခံစားနေရသည်။ မင်္ဂလာရှိသော
2 နှစ်များ - ဘာသာပြန်ပါ။

Do you feel the same?

image

EASY OOTD IDEAS IN 2024

2 နှစ်များ - ဘာသာပြန်ပါ။

မက်ဒရစ်မှာ အနားယူချင်တဲ့ မိုဒရစ်

"ကျွန်တော့်ဘဝလို ဖြစ်နေတဲ့ ရီးယဲလ်မက်ဒရစ်မှာပဲ ကျွန်တော် ကစားသမားဘ၀အနားယူချင်ပါတယ်" လို့ လူကာမိုဒရစ်က အတည်ပြုပြောကြားလာခဲ့ပါပြီ။

"ကျွန်တော့်ရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက်ချပြီးပါပြီ။ ဒါပေမယ့် ကျွန်တော် အခုတော့ ထုတ်မပြောနိုင်သေးပါဘူး။ ချန်ပီယံလိဂ်ဖိုင်နယ်အပြီးမှာ ခင်ဗျားတို့သိရမှာပါ"

" ရီးယဲလ်မက်ဒရစ်မှာ ကစားသမားဘ၀ အနားယူချင်တယ်လို့ ကျွန်တော် အမြဲတမ်းပြောခဲ့ဖူးပါတယ်၊ ဒါက ကျွန်တော် တကယ်လိုချင်တဲ့အရာပါ။ မက်ဒရစ်က ကျွန်တော်ရဲ့အိမ်မို့ ဒါက ကျွန်တော့် အိပ်မက်တစ်ခုပါပဲ "

"ရီးယဲလ်မက်ဒရစ်က ကျွန်တော့်ဘဝရဲ့အသင်းတစ်သင်းအဖြစ် အမြဲရှိနေမှာပါ။ ကျွန်တော် တိုနီခရူးစ်လို နှုတ်ဆက်ချင်ပါတယ်။ ဒါဟာ အရမ်းအံ့ဩဖို့ကောင်းပြီး စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်"

မိုဒရစ်က အသင်းမှာ ဆက်နေချင်တယ်ဆိုတဲ့ သူ့ရဲ့ဆန္ဒကို အသိပေးခဲ့ပြီးဖြစ်ပါတယ်။ လစာလျှော့ယူဖို့ ၊ အလှည့်ကျ ပွဲထွက်ဖို့အတွက်လည်း ကိစ္စမရှိပါဘူး။

အသင်းဘက်က ဘယ်လိုဆုံးဖြတ်မလဲဆိုတာပဲ စောင့်ကြည့်ရပါဦးမယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

ထိုင်းနိုင်ငံမှာ ဘယ် Sim Card သုံးသင့်လဲ

ထိုင်းကိုလာတိုင်း လူတိုင်းမေးတဲ့ မေးခွန်းက ဘယ် Sim ဝယ်ရမလဲ။ ဘယ်မှာဝယ်ရမလဲ။ Tourist တွေဆိုဘယ်ဟာ ကောင်းလဲစတဲ့ မေးခွန်းတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ပြောပြမယ့် Post ထဲမှာ Tourist တွေ ဘယ် Sim ဝယ်ရမလဲ၊ ဘယ်မှာဝယ်ရမလဲဆိုတဲ့ မေးခွန်းတွေကိုပါ တစ်ခါတည်း ဖတ်ရင်း နားလည်သွားအောင် ပြောပြပေးပါ့မယ်။

၁. AIS ( Advanced Info Service)
AIS ဟာ ထိုင်းမှာလူသုံးများသလို၊ ထိုင်းရဲ့ ပထမဆုံး 5G ရပြီဖြစ်ကြောင်း စတင်မိတ်ဆက်ခဲ့တဲ့ ISP ဖြစ်ပါတယ်။ ထိုင်းမှာလည်း AIS ရဲ့ 5G Coverage ကအများဆုံးလို့ Data တွေအရ သိနိုင်ပါတယ်။ ဒါ့အပြင် တစ်နှစ်စာ Package တွေ၊ Unlimted Data တွေကလည်း AIS မှာအများကြီးရှိပါတယ်။ ဒါ့အပြင် Starbucks နဲ့တစ်ခြားကော်ဖီဆိုင်တွေ၊ Bangchak ဆီဆိုင်နဲ့ တစ်ခြား AIS Partners တွေမှာ AIS Points တွေနဲ့ Promotion ရနိုင်ပါသေးတယ်။ ဒါကြောင့် AIS ကိုထိပ်ဆုံးက စဥ်းစားကြဖို့ အကြံပေးရင်း ကျွန်တော်ကိုယ််တိုင်လည်း သုံးနေတာမို့ Gatekeep ရင်း အရင်ဆုံးပြောချင်ပါတယ်။ နယ်ဖက်တွေမှာလည်း AIS က Connection ကောင်းတယ်ဆိုတဲ့ ထိုင်းသူငယ်ချင်းတွေဆီက Feedback တွေရရှိထားပါတယ်။

၂. TrueMove
AIS ပြီးရင် ဒုတိယလိုက်တာက True ဖြစ်ပါတယ်။ True မှာလည်း တစ်နှစ်စာ Package တွေ၊ တစ်ခြား Partner Promotion တွေအများကြီးရှိပါတယ်။ AIS နဲ့စာရင် Package တွေက ဈေးများတယ်လို့ ခံစားရပြီး ကျွန်တော်ရဲ့ Personal အမြင်အရ TrueMove က Home Fiber တွေမှာ ပိုတန်တယ်လို့မြင်ပါတယ်။ လက်ရှိသုံးနေတဲ့ 500mbps Speed မှာဆိုရင် တစ်လကို ဘတ် ၅၀၀ မြန်မာငွေ ၅ သောင်းဝန်းကျင်နဲ့ သုံးရတာ အတော်လေး စိတ်ချမ်းသာဖို့ကောင်းပါတယ်။ Tourist တွေအတွက် Airport မှာ Sim Card ဝယ်တာထက် မြို့ထဲကနီးစပ်ရာ 7/11 မှာ Passport ပြပြီး Ture Tourist sim တွေဝယ်သုံးတာအတန်ဆုံးဖြစ်ပါတယ်။ 7/11 က True Partner ဖြစ်လို့ ကျန်တဲ့ Sim တွေမရောင်းပါဘူး။

၃. Dtac (Toal Access Communication)
မြန်မာနိုင်ငံရဲ့ ယခင် Telenor၊ ယခု Atom လို့လူသိများတဲ့ ISP ဟာ ထိုင်းမှာတော့ Dtac လို့လူသိကြပါတယ်။ မြန်မာနိုင်ငံကရွှေ့ပြောင်းအလုပ်သများတွေ အများစု အသုံးပြုကြတဲ့ Sim လို့လည်း အကြမ်းဖျဥ်းမှတ်ယူနိုင်ပါတယ်။ တစ်ခြား Sim တွေနဲ့စာရင် ဈေးသက်သာတာအပြင်၊ နယ်ဖက်တစ်ချို့ Remote ဖြစ်တဲ့နေရာတွေမှာ ဖုန်းလိုင်းမိတာကြောင့်လည်း နာမည်ကြီးပါတယ်။

ထိုင်းကို အလည်အပတ်အနေနဲ့ လာမယ်ဆိုရင် Sim Card ကို လေဆိပ်မှာမဝယ်ပဲ လေဆိပ် Wifi ကိုခဏမှေးသုံးပြီး မြို့ထဲရောက်တာနဲ့ 7/11 ကနေ Sim ဝယ်တာဖြစ်ဖြစ်၊ Showroom တွေကို ကိုယ်တိုင်သွားပြီး သက်ဆိုင်ရာ App တွေကတဆင့် Package ဝယ်သုံးတာဟာ ရေရှည်မှာ အဆင်ပြေမယ်လို့ မှတ်ချက်ပေးချင်ပါတယ်။

တစ်ကယ်လို့ နယ်ဖက်တွေ၊ ပင်လယ်ဖက်တွေကို ခရီးသွားမယ်လို့ စဥ်းစားထားရင်တော့ AIS နဲ့ Dtac ကိုဦးစားပေးပြီး စဥ်းစားသင့်ပါတယ်။ ထိုင်းနိုင်ငံမှာက ပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့ Internet Speed တွေက တစ်ကယ်စဥ်းစားကြည့်ရင် တန်တယ်လို့ သတ်မှတ်နိုင်ပါတယ်။(ဘတ်ဈေး ထပ်ပြီးမတက်ရင်ပေါ့ဗျာ)

image

Soooo cute ❤

2 နှစ်များ - ဘာသာပြန်ပါ။

(Quilted Jacket )

၂၀၂၃ ရော ၂၀၂၄ ပါဆက်တိုက်ဆိုသလို ဖောင်းကြွ jacket လေးတွေ အရမ်းကိုခေတ်စားလာခဲ့ပါတယ်။
Cropped Jacket ၊ ခါးအရှည်၊
ကော်လာပါတာ မပါတာ၊ အိတ်ကပ်အကြီးအသေးစတာလေးတွေ အစုံကိုမှ တစ်ချို့ Quilted Jacket လေးတွေက ဗြောင်အရောင်တွေနဲ့လာပြီး၊
တစ်ချို့က printed ဒီဇိုင်းတွေလည်း
ရှိတာမို့ ကိုယ်က Jacket ဒီဇိုင်းဆန်းတာလေးတွေ သဘောကျရင်
ရွေးချယ်ကြည့်ဖို့
အကြံပေးချင်ပါတယ်။

image

Almond Flour Chocolate Shortbread.