2 နှစ်များ - ဘာသာပြန်ပါ။

မင်းကိုချစ်တဲ့သူက
မင်းကိုဘယ်တော့မှနာကျင်စေမှာမဟုတ်ဘူးဆိုတဲ့စကားကို ငါကတော့တကယ်လက်မခံချင်ဘူး

အပြန်အလှန်ချစ်ခင်ကြတဲ့ ဆက်ဆံရေးတွေမှာ
မရည်ရွယ်တဲ့ ထိခိုက်နာကျင်မူတွေရှိစေတာပဲမဟုတ်လား

အချစ်လွန်တဲ့အခါ သဝန်တိုမိတဲ့အခါ
အထင်လွဲမိတဲ့အခါမှာလည်း ငါတို့မှာအထိအရှတွေ
ရှိကောင်းရှိနိုင်ပါတယ်

ဘာမှမဟုတ်တဲ့စကားလေးတွေဟာလည်း
ကိုယ်ချစ်ရသူပြောရင် ဝမ်းနည်းစိတ်မကောင်း
ဖြစ်ရတာပဲမဟုတ်လား

တစ်ခါတစ်လေ ကိုယ့်အတွေးနဲ့ကိုယ်
နာကျင်ရတာမျိုးလေ

ငါတို့ရဲ့အတွေးလွန်မူကြောင့် ဝမ်းနည်းခြင်း
ဖြစ်နေရင်တောင် ပြန်လည်ချော့မြူခဲ့ရင်
အပြုံးတွေကို ပြန်ယူဆောင်လာပေးရင်
ထိုလူသားဟာ ငါတို့အပေါ် အမှန်တကယ်
မေတ္တာရှိခြင်းပါပဲ

အမြဲတစေ သာယာပျော်ရွင်နေရတဲ့
ဆက်ဆံရေးရယ်လို့ ဘယ်မှာများရှိနိုင်ပါ့မလဲ

ငါကတော့ရှင်းပါတယ်
မင်းနဲ့ရန်တွေဖြစ်နေရရင်တောင်
ရန်ပွဲတွေပြီးတဲ့နောက် နာကျင်စေခဲ့သမျှ
တစ်ယောက်အပေါ် တစ်ယောက်
စိတ်မကောင်းဖြစ်ရင်း နားလည်မူတွေပိုထားရင်း
အချစ်တွေပိုတိုးရင်း အဲ့လိုလေးသာ
ရှေ့ဆက်ချင်ပါတယ်ပေါ့🤎🍓

image

Raspberry whipped cream cake.

2 နှစ်များ - ဘာသာပြန်ပါ။

မိုးအေးအေးနဲ့ မာလာရှမ်းကောသွားစားချင်သော်လည်း လက်ထဲ၅၀၀ပဲရှိသောအခါ

^=^

image
2 နှစ်များ - ဘာသာပြန်ပါ။

လန်းဆန်းတက်ကြွလိုက်တဲ့ အင်္ဂါနေ့ မနက်ခင်းလေး 😆🤧

image
Seinn Lei Hnin ထုတ်ကုန်အသစ်ထပ်တိုးရောင်းသည်။
2 နှစ်များ
image

0 သုံးသပ်ချက်များ
Hlaing· ကုန်ပစ္စည်းလက်ဝယ်ရှိ· အသစ်

Lancome Toner

Ks160,000.00 (MMK)

အသဲတို့ရေ?Lancome Toner လေးတွေရောက်ပါပြီ
သူ့ရဲ့ကောင်းကွက်တွေကတော့ အထူးတလည်မပြောတော့ဘူးနော် မင်မင်ရောင်းနေတုန်းဝယ်သုံးနော် မဟုတ်ရင်နောင်တတွေရမယ်
ဆောင်းတွင်းအသားပတ်တဲ့အချိန် ဒီတိုနာလေးကအကောင်းဆုံးပါပဲနော်☺️
ဝက်ခြံနဲ့အဆီဖုရှိတဲ့သူတွေအတွက်လည်းသုံးလို့ရပါတယ်?
400ml
200ml
125ml

Instock

Direct From USA ??ဖြစ်ကြောင်းအာမခံပါတယ်ရှင် instockဖြစ်တဲ့အတွက် စောင့်စရာမလိုပဲ မှာယူပြီး
၃ရက် အတွင်းပို့ပေးပါတယ်ပရှင်??‍♀️
??‍♀️မှာယူလိုပါက
??အသဲတို့ရဲ့- နာမည်
☎️ဖုန်းနံပါတ်
?နေရပ်လိပ်စာတို့ကို chat box မှာပေးပို့မှာယူနိုင်ပါပြီ
?နယ်မြို့ပေါင်း၆၀ကျော် ကိုလည်း Cash on deliရပါပြီရှင်?

?အားလုံးကိုချစ်တဲ့မင်မင်?
#lancometoner #lancometoniqueconfort See less

?

?

2 နှစ်များ - ဘာသာပြန်ပါ။

iOS Version အသစ်မိတ်ဆက်ရင် Android က ကောင်းလှပါတယ်ဆိုတဲ့ Feature လေး ၄/၅ ခု လောက် ထည့်ပြီး Update ပေးနေသလားထင်ရတယ်

iOS 14 မှာဆို Android က Widget / App Library
iOS 16 မှာဆို Lock Screen Customization/ Always On Display
iOS 17 မှာဆိုရင် NameDrop လိုတွေကို ထည့်ပြထားတာဆိုတော့

iOS 18 မှာရော ဘာတွေထူးလာမလဲကြည့်ရရင်

၁)icon တွေရဲ့ အရောင်ကို ပြောင်းလို့ရမယ်တဲ့ ဒါက Google ရဲ့ Material Design မှာလုပ်လို့ရတာကြာပေါ့

၂)icon တွေကို Home Screen ပေါ်မှာကြိုက်တဲ့နေရာထားနိုင်မယ် ဒီစနစ်က Android မှာပါတာကြာပေါ့

၃)emoji တွေကို AI နဲ့ Generate လုပ်ပြီးသုံးလို့ရမယ်တဲ့ ခပ်ဆင်ဆင် စနစ်က Android မှာရတာကြာပေါ့ Emoji ပုံစံတွေကို Keyboard ကနေ Combine လို့ရတာပါ Google Search မှာတင် Emoji Combine ရှာပြီး Emoji အသစ်တွေဖန်တီးလို့ရပါသေးတယ်

သိရတဲ့အချက်တွေနဲ့တင် Android Feature တွေ iOS ပေါ်ရောက်တာမြင်ဖို့ကသေချာသလောက်ရှိနေပါပြီ

iPhone တွေအတွက်ကလဲ iOS ဆိုတဲ့နာမည်ကလွဲရင် Android ဆန်လာပြီလို့ မြင်နေရပါပြီ

image

kimchi ramen for this gloomy weather.

2 နှစ်များ - ဘာသာပြန်ပါ။

သိထားသင့်သော
ရေမွှေးအမျိုးအစားများ

တကယ်လို့သာ စာဖတ်သူဟာ ရေမွှေးဆွတ်ရတာ နှစ်သက်သူတစ်ဦးဖြစ်ခဲ့ရင် ရေမွှေးရနံ့ကို ခုံမင်သူတစ်ဦးဖြစ်ခဲ့ရင် သိထားရမယ့် အချက် ကလေးတွေ ရှိပါတယ်။

ရေမွှေးတစ်မျိုးကို ကြိုက်လို့ ဆွတ်ပေမယ့် ကြာရှည်မခံတာမျိုး စိတ်ညစ်ရတာရှိဖူးပါသလား။ ဒါဆိုရင်တော့ အရင်ဆုံး ကိုယ်အသုံးပြုချင်တဲ့ ရေမွှေးရဲ့အမျိုးအစားကို သိဖို့ လိုအပ်လာပါပြီ။ ဒါမှသာ မိမိလိုချင်တဲ့အမျိုးအစားကို ဖတ်ကြည့်ပြီး ကိုယ်နဲ့ အကိုက်ညီဆုံးကို ရွေးချယ်နိုင်မှာပေါ့။

၁။ Perfume
ဒါကတော့ ရေမွှေးအဆီလို့လည်း ခေါ်ကြလေ့ရှိတဲ့ အမျိုးအစားပါ။ သူဟာ ရေမွှေးဆီ ၂ဝရာခိုင်နှုန်းကနေ ၄ဝရာခိုင်နှုန်းအထိပါဝင်ပြီး ခြောက်နာရီကနေ ရှစ်နာရီအထိ ခံလေ့ရှိပါတယ်။ အခြေအနေပေါ်မူတည်ပြီး ဒီထက်လည်း ပိုခံနိုင်ပါတယ်။ ရေမွှေးဆီ ကောင်းကောင်းလေးတွေ ဆိုရင်တော့ တစ်နေကုန်တောင် အနံ့ပြယ်မှာ မဟုတ်ပါဘူး။ ရေမွှေးအမျိုးအစားတွေထဲမှာ တာရှည်အခံဆုံးဖြစ်ပါတယ်။

၂။ Eau de Parfum
အပေါ်မှာဖော်ပြခဲ့တဲ့ ရေမွှေးအမျိုးအစားနဲ့ ဒီ Eau de Parfumဟာ ဆင်သယောင်နဲ့ မတူညီကြပါဘူး။ ဒီအမျိုးအစားမှာ ရေမွှေးဆီ ၁၂ရာခိုင်နှုန်းကနေ ၁၅ရာခိုင်နှုန်းအထိပါဝင်ပြီး ဆွတ်တဲ့ပမာဏအပေါ် မူတည်ပြီး လေးနာရီကနေ ရှစ်နာရီအထိခံပါတယ်။ Perfume တွေထက် ဈေးပိုသက်သာပြီး အနံ့ကလည်း ပိုပျော့ပါတယ်။ ဒိုင်ယာနာမင်းသမီးရဲ့ အနှစ်သက်ဆုံး ရေမွှေးအမျိုးအစားဟာ Eau de Parfum ဖြစ်ပါတယ်တဲ့။

၃။ Eau de toilette
ဒီအမျိုးအစားရေမွှေးမှာတော့ ရေမွှေးဆီ ၅ရာခိုင်နှုန်းကနေ ၁၅ရာခိုင်နှုန်းအထိ ပါဝင်ပေမယ့်လည်း သူတို့က အချိန်အကြာကြီးခံလေ့မရှိပါဘူး။ များသောအားဖြင့် နှစ်နာရီကနေ သုံးနာရီစွန်းစွန်းလောက်ထိပဲ အနံ့စွဲလေ့ရှိတတ်ပါတယ်။ အနံ့ပြင်းမကြိုက်သူတွေ အလုပ်မှာရေမွှေးနံ့ကို ခပ်ပြင်းပြင်း မထွက်စေချင်တဲ့သူတွေ အတွက်တော့ သင့်လျော်တဲ့ရွေးချယ်မှုတစ်ခုဖြစ်မှာ သေချာပါတယ်။

၄။ Body Mist
အသားပေါ် ခပ်ပါးပါးဖြန်းပေးရတဲ့ body mist လေးတွေမှာတော့ ရေမွှေးအဆီ ၃ရာခိုင်နှုန်းကနေ ၅ရာခိုင်နှုန်းထိလောက်ပဲ ပါဝင်ပြီးတော့ တာရှည်ခံမှုကလည်း ၂နာရီလောက်သာ အများဆုံး ကြာတတ်ပါတယ်။ ဒီအတိုင်း ထသွားထလာ ဆွတ်ချင်သူတွေအတွက်တော့ အဆင်ပြေပါတယ်။

၅။ Eau de cologne
Cologne တွေကို အမျိုးသားများသာမက အမျိုးသမီးများပါ ဆွတ်နိုင်ပါတယ်။ သူက body mistနဲ့ ရေမွှေးဆီပါဝင်မှုနှုန်းတူညီပြီး ၂နာရီလောက် အနံ့စွဲနေစေပါတယ်။ သူ့အနံ့က လူကို သွက်လက် ပေါ့ပါးနေစေနိုင်ပါတယ်။

image