2 yrs - Translate

၂၀၁၃ ဒေါ့မန်နှင့် ၂၀၂၄ ဒေါ့မန်တို့ထပ်တူကျ တူညီနေတဲ့ ချန်ပီယံလိဂ်မှတ်တမ်းတချို့

ယခုရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်လာသော ဘိုရပ်ရှား‌ဒေါ့မန်အသင်းအနေဖြင့် (၂၀၁၃) ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ချန်ပီယံလိဂ်တွင် (၁၉၉၇)ခုနှစ်က တစ်ကြိမ်ဗိုလ်စွဲခဲ့ဖူးသော ဒေါ့မန်အသင်းအနေဖြင့် (၂၀၁၃) ခုနှစ်က ချန်ပီယံလိဂ်တွင် တွေ့ကြုံခဲ့ရသည့်မှတ်တမ်းတချို့နှင့်ယခု (၂၀၂၄) ချန်ပီယံလိဂ်တွင် တွေ့ကြုံခဲ့ရသည့် မှတ်တမ်းတချို့တူညီနေရာ ယင်းအကြောင်းအရာများအား ဖော်ပြလိုက်ပါသည်။

■ သေမင်းတမန်အုပ်စုကျပ်(Group of Death)အတွင်း ကျရောက်ခြင်း

(၂၀၁၃)ခုနှစ် ချန်ပီယံလိဂ်တွင် ဒေါ့မန်အသင်းသည် ရီးရယ်လ်မက်ဒရစ်၊အိုင်းယက်စ်၊မန်စီးတီးအစရှိသော အသင်းများနှင့် အုပ်စုကျပ်အတွင်း ကျရောက်သကဲ့သို့ ယခု (၂၀၂၄)ခုနှစ်တွင်လည်း ပီအက်စ်ဂျီ၊အေစီမီလန်၊နယူးကာဆယ်အသင်းများနှင့် အကျပ်ဆုံးအုပ်စု(Group of Death)အတွင်း ကျရောက်ခဲ့သည်။

■ အုပ်စုကျပ်တွင် အုပ်စုဗိုလ်ဖြစ်ခြင်း

ဒေါ့မန်အသင်းသည် (၂၀၁၃) ချန်ပီယံလိဂ်တွင် အုပ်စုကျပ်အတွင်း ကျရောက်ခဲ့သော်လည်း ရီးရယ်လ်မက်ဒရစ်၊အိုင်းယက်စ်၊မန်စီးတီးအစရှိသော အသင်းများကို ကျော်ဖြတ်ကာ အုပ်စုဗိုလ်ဖြစ်သကဲ့သို့ ယခုရာသီတွင်လည်း အုပ်စုအဆင့်၌ ပီအက်စ်ဂျီ၊အေစီမီလန်၊နယူးကာဆယ်အသင်းများကို ကျော်ဖြတ်ကာ အုပ်စုဗိုလ်ဖြစ်ခဲ့သည်။

■ ကွာတားဖိုင်နယ်တွင် အဖြူ/အပြာဝတ် စပိန်အသင်းကို ကျော်ဖြတ်ခြင်း

ဒေါ့မန်အသင်းသည် (၂၀၁၃) ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်တွင် အင်္ကျီအရောင်အသွေး အဖြူ/အပြာဝတ် စပိန်အသင်းဖြစ်သည့် မာလာဂါအသင်းအား ဖြတ်ကျော်ခဲ့သလို ယခုရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်တွင် အင်္ကျီအရောင်အသွေး အဖြူ/အပြာဝတ် စပိန်အသင်းဖြစ်သည့် အက်သလက်တီကို မက်ဒရစ်အသင်းကို ကျော်ဖြတ်နိုင်ခဲ့သည်။
အက်သလက်တီကိုအသင်းမှာ ကလပ်အသင်းနှစ်(၁၂၀)ပြည့်အထိမ်းအမှတ်အဖြစ် အသင်းတည်ထောင်စက အရောင်အသွေးအတိုင်း အဖြူ/အပြာအင်္ကျီကို အဝေးကွင်းပွဲများတွင် ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။

■ အုပ်စုတွင်းပြိုင်ဘက်အသင်းကို ဆီမီးဖိုင်နယ်တွင် ဖြတ်ကျော်ခြင်း

ဒေါ့မန်အသင်းသည် (၂၀၁၃) ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်တွင် အုပ်စုတွင်းပြိုင်ဘက်အသင်းတစ်သင်းဖြစ်သည့် ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဆုံတွေ့ခဲ့ပြီး ဖြတ်ကျော်နိုင်ခဲ့သလို၊
ယခုရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်တွင်လည်း အုပ်စုတွင်းပြိုင်ဘက်အသင်းတစ်သင်းဖြစ်သည့် ပီအက်စ်ဂျီအသင်းကို ဖြတ်ကျော်ကာ ဗိုလ်လုပွဲသို့ ရောက်ရှိခဲ့သည်။

သို့ဖြစ်ရာ (၂၀၁၃) ဒေါ့မန်အသင်းနှင့် (၂၀၂၄) ဒေါ့မန်အသင်းတို့၏ ချန်ပီယံလိဂ် ဖြတ်သန်းမှုတချို့နှင့် မှတ်တမ်းတချို့မှာ ထပ်တူကျတူညီနေပြီး ဗိုလ်လုပွဲအဖြစ် ကျင်းပမည့် ကွင်းဟာလည်း (၂၀၁၃)ခုနှစ်တွင် ကျင်းပခဲ့သည့် ဝင်ဘယ်လေဖိုင်နယ် ဖြစ်နေသည်။

image
2 yrs - Translate

https://www.facebook.com/share..../AoqV4st4LBhugaB5/?m

Update Your Browser | Facebook

2 yrs - Translate

Android Phone တွေရဲ့ မကောင်းတဲ့ Feature ကို Copy ထားတဲ့ Apple

Android Phone တွေမှာ ကင်မရာအဝိုင်းတွေများတာ ၊ Main Sensor + Depth Sensor တွဲသုံးတာကို Fake Camera Look ရတယ်ဆိုပြီး ဝေဖန်ကြတဲ့အချိန်မှာ

Meanwhile Apple : iPad Pro မှာ Dual Camera ပါသလိုလို Design မှာ Single Camera ပဲ ထည့်ပေးပြီး LiDAR Sensor နဲ့တွဲထားပြီး ထုတ်ပြ

Android Phone မှာဆိုရင်တော့ 50 MP + Depth Sensor အထာပေါ့ Apple လုပ်တော့ဘာဖြစ်ဖြစ်တင့်ပါတယ် 🫥

image
2 yrs - Translate

My obsession towards flowers 🌸🌼

image
2 yrs - Translate

My obsession towards flowers 🌸🌼

image
2 yrs - Translate

My obsession towards flowers 🌸🌼

image
2 yrs - Translate

My obsession towards flowers 🌸🌼

image
2 yrs - Translate

My obsession towards flowers 🌸🌼

image
image
image
image

Kitty Glam ❤

2 yrs - Translate

"ကွင်းလယ်ဒိုင် မာစီနီရက်ခ်လား၊ သူက ဗီဒီယိုတောင်မှ ပြန်မကြည့်ခဲ့ဘူး၊ ပြန်ကြည့်ဖို့အတွက်လည်း သူ့ကိုယ်သူ အခွင့်အရေးမပေးခဲ့ပါဘူး၊ ဒါက တကယ်ကို ထူးဆန်းပါတယ်၊ ဒီလိုအခြေအနေမှာ ခရာမှုတ်တာကလည်း အရမ်းမြန်တယ်၊ မက်ဒရစ်မှာဆို ဒါမျိုးက ဖြစ်နေကျပါ"
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလည်း ဒါမျိုး အတွေ့အကြုံ ကျနော့်မှာရှိပါတယ်၊ အဲဒီတုန်းက ရော်နယ်ဒို ၂ ဂိုးသွင်းခဲ့တာပါ၊ ဒါပေမယ့် အဲဒါက VAR မတိုင်ခင်ကမို့လို့ ထားပါတော့ဗျာ၊ အခုကတော့ VAR လည်း ရှိနေပြီလေ"
သောမတ်စ်မူလာ တော်တော်လေးပေါက်ကွဲနေခဲ့တာပါ။ ၂-၂ ပြန်ဖြစ်စေမယ့် အခွင့်အရေးကို လက်လွှတ်ခံလိုက်ရတာကြောင့်ပါ။ ဒီအနေအထားက နည်းနည်းတော့ ပြောရခက်သွားပါတယ်။ ကွင်းလယ်ဒိုင် ခရာမှုတ်တာက စောသွားခဲ့သလို သူ့ ခရာသံကြောင့်လည်း ရီးရဲလ်ကစားသမားတွေက ဆက်မကစားတော့ပါဘူး။
ဆိုတော့ကာ ရီးရဲလ်မက်ဒရစ်အတွက်ရော၊ ဘိုင်ယန်အတွက်ပါ ဒါက နည်းနည်းတော့ အီလည်လည်ကြီးဖြစ်ခဲ့မှာ သေချာပါတယ်။ တချိန်လုံးပွဲကို ဦးဆောင်ထားခဲ့ပြီး အနိုင်ရတော့မယ်လို့ သေချာပေါက်ထင်မြင်နေချိန်မှာ‌ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဘိုင်ယန်တို့ ပြန်ပေးလိုက်ရပြီး ပွဲအလှည့်အပြောင်းက တော်တော်လေး ကြမ်းခဲ့တာတော့ အမှန်ပါပဲ။
Credit to 11 Players

image