2 နှစ်များ - ဘာသာပြန်ပါ။

အမေ အမြဲပြောနေကြစကားလေးတစ်ခွန်းရှိတယ်
`အမေရှိနေသ၍ကတော့
ငါ့သားမျက်နှာမငယ်စေရဘူး´ တဲ့

အမေက တော်တယ် ရိုးသားတယ် သိက္ခာကြီးတယ်
လောကဓံအကြောင်းထောင့်စိတယ်
ဒီလောကကြီးရဲ့အလေးစားရဆုံးလူကိုပြပါဆိုရင်အမေပဲ

အမေဆိုတာ အိမ်
အိမ်ရဲ့အဓိပ္ပါယ်ဟာ အမေဖြစ်တယ် ။ 🤍

🤍|| 25.5.2024

image
2 နှစ်များ - ဘာသာပြန်ပါ။

အမျိုးသမီးတိုင်ရဲ့ အိမ်မက်လှလှပပ😹😹😹

image
2 နှစ်များ - ဘာသာပြန်ပါ။

🙁

image

?

?

2 နှစ်များ - ဘာသာပြန်ပါ။

မုန်လာချဉ်
========
ခုတစ်လော မုန်လာချဉ်လုပ်တာလေးတွေ တွေ့တွေ့နေလို့ ကိုယ်လုပ်နေကျနည်းလေးကို share ပေးချင်လို့ပါ.. လုပ်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထား, စားမယ်ဆို ဇွန်းသန့်သန့်နဲ့ခပ်, ၆လလောက်အသာလေးခံတယ်.. ဘယ်လောက်ကြာကြာ အမြဲကျွတ်ပြီးလတ်ဆတ်နေလို့ တဂျွမ်းဂျွမ်းနဲ့့ဝါးရတာ တကယ့်အရသာ.. ❤
ပါဝင်ပစ္စည်း
*********
မုန်လာဥဖြူ ၃ စည်း (၁၂လုံး)
မုန်လာဥနီ ၂ လုံး
ငရုတ်သီး အနည်းငယ် (မထည့်လဲရ)
သကြား ၂၅ ကျပ်သား
ရှာလကာရည်(ဗီနီဂါ) ဘူးသေး ၁ ဘူး
ရေသန့် ၁လီတာဗူး တစ်ဝက်
ဆား လက်တစ်ဆုပ်
အရင်ဆုံး သကြား ၂၅ ကျပ်သားကို ရေသန့်နဲ့အရည်ကြိုထားရပါမယ်.. သကြားတွေ ပျော်သွားပြီဆိုရင် မီးဖိုမှချပြီး အအေးခံထားပါ..
မုန်လာဥနီ/ဖြူ များကို အခွံခွာပြီး ဆားရေနဲ့ ဆေးပစ်ပါ.. ပြီးမှ ကြိုက်သလို လှီး ဖြတ်တောက်ပြီး စကာတစ်ခုထဲ ရေစစ်ထားပါ..
အေးသွားပြီဖြစ်တဲ့ သကြားရည်ကြိုထဲကို ရှာလကာရည်ရောလိုက်ပါ.. ဆားအနည်းငယ်ထည့်ပြီး ရောသမမွှေလိုက်ပါနော်..
ပြီးရင်တော့ ခုနက ဖြတ်တောက်လှီးထားတဲ့ မုန်လာဥတွေကို ဘူးထဲအရင်ထည့်ပြီး (ရှာလကာ+သကြား+ဆား)အရည်တွေကို မုန်လာဥတွေမြုပ်တဲ့ထိထည့်လိုက်ပါ..
အပြင်မှာ ၈နာရီအနည်းဆုံးထားပြီး စားသုံးနိုင်ပါပြီ..
စားပြီးရေခဲသေတ္တာထဲထည့်သိမ်းထားရင် အကြာကြီးခံပါတယ်..
PS : ငရုတ်သီးများထည့်ပါက မလှီးပဲထည့်ပါ.. လှီးလိုက်လျှင် ကြာရှည်မခံတတ်ပါ..
သကြားရည်ကိုလဲ ဆန္ဒမစောပဲ အေးမှရှာလကာရည်ရောပါ.. ဓါတ်ပျက်ပြီးစားမကောင်းတတ်လို့ပါ.. ENJOY !!!!! 😉
#cooking

image
2 နှစ်များ - ဘာသာပြန်ပါ။

ကိုယ့်ကိုတစုံတယောက်ကအကြောင်းပြချက်မရှိ
ဘလိုင်းကြီး မုန်းနေရင် ဒုက္ခတခုခု ပေးလိုက်ပါ
အကြောင်းပြ ချက်ရ သွားအောင် လို့

image
2 နှစ်များ - ဘာသာပြန်ပါ။

#ဘာလို့_မဖြစ်နိုင်ရမှာလဲ
~~~~~~~~~~~~~~~~~
လက်တစ်ဖက် မသန်စွမ်းခဲ့တာတောင် မြန်မာ့စာပေသမိုင်းမှာ ထိပ်တန်းစာဆိုကြီး " စေလဦးပုည " ရယ်လို့ ဖြစ်လာနိုင်ခဲ့သေးတာ။

လယ်တောထဲမှာ နွားကျောင်းနေရတဲ့ ဘုတလင်မြို့နယ်၊ ငပရင်းရွာသားလေး ကတောင် " မဟာဗန္ဓုလ စစ်သူကြီး " ရယ်လို့ ဖြစ်လာနိုင်ခဲ့သေးတာ။

စာသင်ပေးတဲ့ ဆရာက " ကျပ်မပြည့်တဲ့ ကောင်လေး " လို့ ကဲ့ရဲ့တာ ခံခဲ့ရတဲ့ ခပ်ကြောင်ကြောင် ကလေးငယ်လေး ကတောင် " သောမတ်အယ်ဒီဆင် " ရယ်လို့ ဖြစ်လာနိုင်ခဲ့သေးတာ။

နားမကြားတဲ့ ကလေးငယ် ကတောင် ဂီတစာဆိုကြီး " ဗီသိုဗင် " ရယ်လို့ ဖြစ်လာနိုင်ခဲ့သေးတာ။

မျက်မမြင်, နားမကြား စကားမပြောတတ်တဲ့ မိန်းကလေးငယ် ကတောင် နပိုလီယန် နဲ့ အပြိုင် ကမ္ဘာကျော်အောင် ထူးချွန်ခဲ့တဲ့ " ဟယ်လင်ကဲလား " ရယ်လို့ ဖြစ်လာနိုင်ခဲ့သေးတာ။

ကျောင်းတစ်နှစ်ခွဲသာ နေဖူးခဲ့တဲ့ ကလေးငယ် ကတောင် အတွေးအခေါ်ပညာရှင်ကြီး " ဘင်ဂျမင် ဖရင်ကလင် " ရယ်လို့ ဖြစ်လာနိုင်ခဲ့သေးတာ။

မီးပုံဘေးမှာ စာဖတ်ရလောက်အောင် ဆင်းရဲမွဲတေ ခဲ့ရတဲ့ ကလေးငယ် ကတောင် အမေရိကန်သမ္မတ " အေဗရာဟင်လင်ကွန်း " ရယ်လို့ ဖြစ်လာနိုင်ခဲ့သေးတာ။

#ဆန္ဒ ကို အကြီးအမှူး ထားဖြစ်ခဲ့ရင်, #ဝီရိယ ကို အကြီးအမှူး ထားဖြစ်ခဲ့ရင်, #စိတ်ဓာတ် ကို အကြီးအမှူး ထားဖြစ်ခဲ့ရင်, #ပညာ ကို အကြီးအမှူး ထားဖြစ်ခဲ့ရင် . . . ခြေလက်, အင်္ဂါ ပြည့်စုံသူတွေအတွက် ကိုယ့် ရည်ရွယ်ချက် ကိုယ့်ပန်းတိုင် တိုင်းဟာ မဖြစ်နိုင်ဘူး ဆိုတာ ရှိနိုင်ပါဦးမလား. . .။

လူသားပီသသူတစ်ယောက် အနေနဲ့ ရည်ရွယ်ချက် တစ္ခုခု, ပန်းတိုင် တစ္ခုခု ရှိထားဖို့က အရေးကြီးပါတယ်။

အနာဂတ်ရဲ့ တစ်နေရာစာအတွက် ရည်ရွယ်ချက်လည်း မရှိ, ပန်းတိုင်လည်း မရှိတဲ့သူဟာ ခြေလက်, အင်္ဂါ ပြည့်စုံနေလည်း ဘာအဓိပ္ပာယ်မှ မရှိပါဘူး။

လှေတစ်စင်းဟာ လှော်ခတ်သူ မပါခဲ့ရင် ရေစီးအတိုင်းလည်း မျှောသွားနိုင်တယ်။ လေတိုက်ရာ ဘက်ကိုလည်း ပါသွားနိုင်တယ်။ ဘယ်အချိန် ဘယ်သောင်နဲ့ တိုက်မိလို့ ဘယ်ကမ်းဆီ ဆိုက်ကပ်မယ် ဆိုတာလည်း မသိနိုင်ပါဘူး။

ရည်ရွယ်ချက် မရှိတဲ့ ဘဝ, ပန်းတိုင် မရှိတဲ့ ဘဝ တွေဟာလည်း လှော်ခတ်သူ မပါတဲ့ လှေနဲ့ အတူတူပဲ ဖြစ်တာမို့ လဲကျခဲ့တာတွေကို သင်ခန်းစာ မယူတတ်သလို ပြန်ထရတဲ့ အရသာကိုလည်း မခံစားတတ်ပါဘူး။

ဘဝမှာ အောင်မြင်မှု ကြီးကြီးမားမားတွေကို ပြုလုပ်ဖို့ မစွမ်းနိုင်ရင်တောင်မှ အကျိုးရှိတဲ့ ရည်ရွယ်ချက် တစ္ခုခု, ပန်းတိုင် တစ္ခုခု ကိုတော့ ချမှတ်ထားဖို့ အရေးကြီးပြီး ကိုယ့်ရည်ရွယ်ချက် ပန်းတိုင်ဆီ ရောက်ဖို့ အစဉ်အမြဲ ဂရုတစိုက်နဲ့ ကြိုးစားနေသင့်ပါတယ်။

အောင်မြင်မှု ကြီးကြီးမားမား မဟုတ်ရင်တောင်မှ ကိုယ်နဲ့ ထိုက်တန်တဲ့ ဘဝ အောင်မြင်မှုကို ရခဲ့ရင် အဲ့ဒီလူရဲ့ ရှင်သန်မှုဟာ အဓိပ္ပာယ် ရှိပါတယ်။ တန်ဖိုး ရှိပါတယ်။

ဆရာကြီး ဦးအောင်သင်း ရဲ့ လေသံအတိုင်း ပြောလိုက်ရရင် " ကောင်းတော့ ကောင်းပါတယ်, ဘာကောင်းသလဲ ဆိုတော့ ရှက်ဖို့ ကောင်းတာပေါ့။ "

ဒီစာကို ဖတ်ပြီး သင့်စိတ်ထဲ အသိဉာဏ်တခုခုရခဲ့ရင် ကျေနပ်ပါတယ်။
မူရင်းရေးသားသူအားလေးစားစွာဖြင့် Creditပေးပါတယ်

image
2 နှစ်များ - ဘာသာပြန်ပါ။

“Find someone who is sure of you. So sure that he or she will stay while you find your way into being the best version of yourself.

Settle with these kind of people. They know acceptance. They choose love over imperfection and growth over past mistakes. Lastly, they love patiently.

They will love you especially on your hardest days and on the days that you are being the hardest.”

image
2 နှစ်များ - ဘာသာပြန်ပါ။

ငါးခေါင်းချဉ်ရည်
===========
- ငါးခေါင်းချဉ်ရည်ကို စားသောက်ဆိုင်တွေက၀ယ်မစားပဲ
ကိုယ့်အိမ်မှာကိုယ် ချက်စားလို့ရပါတယ် ။
ငါးကြင်း ၊ ငါးမြင်း ၊ ငါးတန်ခေါင်းတွေနဲ့
ချက်စားလို့ရပါတယ် ။
ငါးမြင်း နဲ့ ငါးတန်ခေါင်းတွေက အသားနည်းလို့
စျေးလည်းသက်သာ ၊ စားလို့လည်းအရသာရှိတဲ့
ငါးကြင်းခေါင်းနဲ့ ချက်ပါမယ် ။

- ငါးကြင်းခေါင်းသေးရင်အလုံးလိုက် ၊
ကြီးရင် အလယ်ကထက်ခြမ်းခွဲပြီး
ပသိတွေထုတ်ပစ်ပါ ။
ပြီးရင် ရေစင်စင်ဆေးထားပါ ။

- အိုးထဲကို ဆီနည်းနည်းထည့်ပြီး
ပူလာရင် နနွင်းမှုန့်ထည့်ပါ ။
စပါးလင်အရင်းပိုင်း စွေစွေလေးလှီးထားတာထည့်ပါ ။
ငရုတ်သီး ၊ ဂျင်း ၊ ကြက်သွန်ဖြူ + နီ ထောင်းထားတာထည့်ပါ ။
မွှေးလာတဲ့အထိဆီသတ်ပြီး ငါးခေါင်းတွေထည့်ပါ ။
ငံပြာရည် ၊ ဆား ၊ အရသာ သင့်ရုံထည့်ပြီး အသာအယာမွှေပါ ။
လက်ဆေးရည်နည်းနည်းထည့်တည်ပြီး
ငါးခေါင်းတွေကို ဆယ်ထားပါ ။

- ကျန်တဲ့အိုးထဲကို မုန်လာဥနီ ၊ မျှစ် ၊ ငုံးဥပြုတ်တို့ထည့်မွှေပါ ။
ပြီးရင် ရေထည့်ပြီး အသီးအရွက်နူးအောင်တည်ပါ ။
အသီးအရွက် နူးခါနီးမှာ ပဲပြားကိုအတုံးလေးတွေလှီးထည့်ပါ ။
အချဉ်အတွက် မန်ကျည်းသီးမှည့်ဖြစ်စေ ၊ သံပုရာရည်ဖြစ်စေထည့်ပါ ။
မန်ကျည်းမှည့်က ဟင်းအရောင်မဲစေလို့
သံပုရာသီးကိုလည်းမသုံးချင်တာနဲ့
တုံယမ်းအခဲပဲ ထည့်ပါတယ် ။

- အရသာမြည်းလို့ အနေတော်ရင် ငါးခေါင်းတွေထည့်လိုက်ပါ ။
ငါးခေါင်းတွေကို ဆယ်မထားရင် ကြေကုန်တတ်ပါတယ် ။
ငါးခေါင်းအနေတော်ရင် ပင်စိမ်းရွက်လေးအုပ်ပြီး
စားဖို့အဆင်သင့်ပါပဲ ။

image