Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ထိုင်းမှာ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် ပြန်လည်သတ်မှတ်တော့မည် 🍁🚬
ယခုနှစ်ကုန်တွင် ဆေးခြောက်ကို မူးယစ်ဆေးဝါး စာရင်းတွင် ပြန်လည် ထည့်သွင်းမယ်လို့ ထိုင်းဝန်ကြီးချုပ်ပြောကြားပါတယ်။
ထိုင်းနိုင်ငံဟာ ယခုနှစ်ကုန်တွင် ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းတွင် ပြန်လညိထည့်သွင်းမယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရီထာထာဝီဆင်းက မေ ၈ ရက်တွင် ပြောကြားခဲ့တာပါ။
ထိုင်း နိုင်ငံသည် စိတ်အပန်းဖြေရန်ရည်ရွယ်ချက်ဖြင့် ဆေးခြောက် အသုံးပြုခွင့်ပေးခဲ့ပြီးနောက် နှစ်နှစ်အကြာတွင် ယခုကဲ့သို့ အံ့အားသင့်ဖွယ် အပြောင်းအလဲကို ကြေညာခဲ့ခြင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပြည်တွင်းတွင် သောင်းနှင့်ချီတဲ့ ဆေးခြောက်ဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများ ပေါ်ပေါက်လာမှုနှင့်အတူ ဆေးခြောက် လက်လီရောင်းချမှုသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည့်တိုင် အစိုးရက ဆေးခြောက်အသုံးပြုခွင့်ကို တားမြစ်ပိတ်ပင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။
နှစ်နှစ်အတွင်း ဆေးခြောက်ဈေးကွက်တန်ဖိုးဟာ ဒေါ်လာဘီလျံချီ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ အထိရှိလာနိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ ၂၀၂၂ ခုနှစ်ကစလို့ ဆေးခြောက်အသုံးပြုမှုကို ရာဇဝတ်မှုအဖြစ်မှ ပယ်ဖျက်ပေးခဲ့တဲ့ ပထမဆုံး အာရှနိုင်ငံလည်း ဖြစ်ပါတယ်။
#reuters #thailand #marijuana #cannabis
အရက်မူးပြီးအတူ ပြန်လာတဲ့
သယ်ရင်း၂ယောက် နဲ့ လမ်းဘေးက သင်္ချိုင်းဇရပ်တစ်ခုမှာ ဝင်နားကြတယ်။
အဲဒီမှာ အပေ့ါအပါးသွားကြရင်း...
တစ်ယောက်က မြေပုံတစ်ခုမှာ စိုက်ထားတဲ့ မှတ်တိုင်ကို ဖတ်ကြည့်ရင်းပြောတယ်
အင်း တော်တော်အသက်ရှည်တဲ့လူပဲ၊
ဦးမယ် ၊ ၈၈ နှစ်၊ ပျဉ်းမနား"
နောက် တစ်ယောက်ကလည်း
မှတ်တိုင်တစ်ခုကို ဖတ်ကြည့်ရင်းပြောတယ် 😆
ဒီ အဖွားကြီးက ပိုအသက်ရှည်သေး၊
ဒေါ်လှ၊ လယ်ဝေး၊ ၉၆ နှစ်၊
အဲနောက်😁
ကျော်လည်း မှတ်တိုင် တခုကြည့်ပြီး
ဟာ •••• 😱😱😱
ဒီ အဖွားကြီးက ပိုပြီးအသက်ရှည်တာကွ၊ ၂၂၅ လို့တောင် ရေးထားတယ်😂😅
ဟင်ဟုတ်လား၊ !!!
ဘယ်သူတဲ့လဲ???
ဘယ်ကလဲ???...
မိုင် တဲ့၊
ရန်ကုန်မှ..တဲ့
အေးဟ.......
ရန်ကုန်ကနေ ဒီမှာလာမြှုပ်တယ်နော်
မင်းကလဲ...ဒီမှာမွေးပြီး
ရန်ကုန်မှာကြီးလို့နေမှာပေါ့ဟ!!
😂😂😂😂😂😂😂
#credit
#????????????????
"ဒီတစ်ခါ တကယ်ပြန်မလာတော့ဘူးတဲ့"
ချစ်ခြင်းမေတ္တာနဲ့ ပက်သက်လာရင်
အမြဲကံဇာတာ ညံ့ခဲ့တဲ့ ကောင်ပါ။
အမှားတွေလည်း များခဲ့သလို
စကားတွေလည်း များခဲ့ဖူးကြတာပဲလေ ။
ဘယ်ဗေဒင်ဆရာရဲ့ ယတြာကမှ
ကိုယ့်နောင်တတွေကို မကယ်တင်နိုင်တော့ဘူး ထင်ပါရဲ့ ။
အချိန်တွေ အကြာကြီးစောင့်ခဲ့ပေမယ့်လည်း
သူကတော့ ကျွန်တော့်ကို သေသေချာချာမှာရှာတယ်
"ဒီတစ်ခါတကယ်ပြန်မလာတော့ဘူးတဲ့"
#နေညိုရောင်ခြည်