2 yrs - Translate

ဖူလ်ဟမ် ၀-၄ မန်စီးတီး

မန်စီးတီးခြေချော်ဖို့ကို မျှော်လင့်နေတဲ့ အာဆင်နယ်ကတော့ ကိုယ်တိုယ်ခြေမချော်ဖို့ကို အားထုတ်ရပါတော့မယ်။ မန်စီးတီးက လက်ရှိမှာ ဇယားထိပ်ကိုရောက်သွားပြီး အာဆင်နယ်ကိုတောင် ၂မှတ်ဖြတ်လိုက်ပါပြီ။

အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို အနိုင်မရဘဲ အမှတ်လျော့ခဲ့မယ်ဆိုရင် အာဆင်နယ်တို့ ကိုယ်ကျိုးနည်းတော့မှာပါ။ အခုချိန်မှာ ဖိအားဝင်သွားတာက သူတို့ဖြစ်ပြီး အာဆင်နယ်တို့ ဘယ်လိုတွေ ရုန်းထွက်ပြမလဲ မနက်ဖြန် ကြည့်ရပါတော့မယ်။
Credit to 11 players

image
2 yrs - Translate

🤣🤣🤣

image
2 yrs - Translate

ဒီတစ်ပတ် UFC ပွဲထိုးမယ့် ဂျိတ်ဟက်လေ
ဂျိတ်ဟက်လေ ရဲ့ဓါတ်ပုံထွက်လာကတည်းက သူ့ပရိသတ်တွေတော့ စိတ်ပူနေကြပါပြီ၊
ဝိတ်ဘယ်လောက်တက်လာလည်း Flyweight တန်းမှာပဲ ဆက်ထိုးဖို့ပြင်ဆင်နေတာပါ၊
ဒီတစ်ပတ် ကစားမယ့် ချားစ်ဂျွန်ဆန် နဲ့ပွဲအတွက်လည်း ဝိတ်ချပြီး အဆင်သင့်ဖြစ်နေပြီလို့ဆိုပါတယ်
သူ့ရဲ့အ‌ခြေနေကို ဒီတစ်ပတ်ပွဲအတွက် အားလုံးကစောင့်ကြည့်နေကြပါတယ်၊
သူအဆင်ပြေမယ်လို့ထင်ကြလားဗျ?

Credit to LK Myanmar

image
2 yrs - Youtube

2 yrs - Youtube

2 yrs - Youtube

2 yrs - Youtube

2 yrs - Translate

မန္တလေး ကုန်စည်ဒိုင် ၁၁ - ၅-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

ဂျုံစေ့အမျိုးမျိုး
ဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) - ၆၀ ပိဿာ - 155000/ 160000
ဂျုံ (မုံရွာ/ဘုတလင်) - ၆၀ ပိဿာ - 155000/160000/
ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) - ၆၀ ပိဿာ - 155000/ 160000
ဂျုံ (မြင်းမူ/မြောင်) - ၆၀ ပိဿာ - 155000/ 160000
ဂျုံ (ကလေး) - ၆၀ ပိဿာ - 125000/ 130000
ဂျုံ (ရှမ်း) - ၆၀ ပိဿာ - 135000/ 140000
ဂျုံ (အထွက်တိုး) - ၆၀ ပိဿာ - 135000/ 140000
ဂျုံ (AUS) - ၁ ပိဿာ - 3300 (ygn)
ဂျုံဖွဲ - ၁ ပိဿာ - 1300/

ကုလားပဲလုံး
V2 - ၅၇.၂၅ ပိဿာ - 242000/ 245000
V7 - ၅၇.၂၅ ပိဿာ - 250000
TW - ၅၆.၂၅ ပိဿာ -(ကောင်း) 225000/ 226000
TW (ကလေး) - ၅၆.၂၅ ပိဿာ - 115000/ 118000
929 - ၅၆.၂၅ ပိဿာ - 235000/ 237000/

ကုလားပဲခြမ်း (၁ပိဿာ) ဈေးနှုန်းများ
V2ခြမ်း - 5500/ 5550
V7ခြမ်း -5500

ပဲစင်းငုံအမျိုးမျိုး
ပဲစင်းငုံ (နီ) - ၆၀ ပိဿာ - 390000/ 392000/
ပဲစင်းငုံ (ဖြူ) - ၆၀ ပိဿာ - 370000/

ပဲယင်းအမျိုးမျိုး
ပဲယင်းကြီး - ၆၀ ပိဿာ - 135000/ 136000
ပဲယင်းသေး - ၆၀ ပိဿာ - 130000/ 132000/ (လတ်) 133000
ပဲယင်းနီ - ၆၀ ပိဿာ -182000/ 183000/

ပဲတီစိမ်းအမျိုးမျိုး
ပဲတီစိမ်းရွှေဝါ (ခရမ်း) - ၅၆.၂၅ ပိဿာ -213000/ 214000(ယခင်)
ပဲတီစိမ်း (ညာ) - ၅၆.၂၅ ပိဿာ -(သစ်)- 183000/ 185000/ 187000
ပဲတီစိမ်းသေး (စိမ်းနောက်) - ၅၆.၂၅ ပိဿာ
ပဲတီစိမ်း (ခွဲပဲ) - ၅၆.၂၅ ပိဿာ - 125000/140000/

ပဲလွန်း
ပဲလွန်းဖြူ - ၆၀ ပိဿာ - 195000/ 200000/
ပဲလွန်းပြာ - ၅၄.၂၅ ပိဿာ -170000/ 173000/ 175000/
ပဲလွန်းဝါ - ၅၄.၂၅ ပိဿာ - 160000/ 165000(ယခင်)

ပဲကြီးအမျိုးမျိုး
ပဲကြီး (က) - ၅၅.၂၅ ပိဿာ - 255000/ 260000/
ပဲကြီး (လ) - ၅၅.၂၅ ပိဿာ - 235000/ 240000/
ပဲကြီး (သ) - ၅၅.၂၅ ပိဿာ - 220000/ 225000/ 230000
တရုတ်ပဲကြီး (က) - ၅၀ ပိဿာ - 380000(ယခင်)
တရုတ်ပဲကြီး (သ) - ၅၀ ပိဿာ - 288000(ယခင်)

ပဲရာဇာ
ပဲရာဇာ (ခြမ်း) - ၁ ပိဿာ - 7500/(ယခင်)

ပဲနီပြား - ၅၅.၂၅ ပိဿာ -270000/280000/ 300000

ပဲထောပတ်
ပဲထောပတ် (က) - ၅၆.၂၅ ပိဿာ - 370000/
ပဲထောပတ် (လ) - ၅၆.၂၅ ပိဿာ - 345000
ပဲထောပတ် (သ) - ၅၆.၂၅ ပိဿာ -(ညာ)310000/ (ယောထော) 345000/ 350000

ပဲကြား - ၅၆.၂၅ ပိဿာ -136000/

ပဲဇီးကွက်
ပဲဇီးကွက် (ဗမာ) - ၅၈.၂၅ ပိဿာ - 148000/ /150000/ 155000

စွန်တာပြာ
စွန်တာပြာ (ကသဲ) - ၅၈.၂၅ ပိဿာ - 148000/ 150000/ 155000
စွန်တာပြာ (ရိုးရိုး) - ၅၈.၂၅ ပိဿာ - 140000/ 1420000//( ုလုံးပြား) 145000

ပဲပုတ်
ပဲပုတ် (ရှမ်း) - ၅၃.၂၅ ပိဿာ - 160000/ 165000
ပဲပုတ် (ဗမာ) - ၅၃.၂၅ ပိဿာ - 185000

နိုင်လွန်ပဲ/ပုဂံပဲ - ၅၉.၂၅ ပိဿာ - 285000

မြေထောက်ပဲ
မြေထောက်ပဲ - ၅၄ ပိဿာ - 270000/ 300000/ 310000/ 330000/
မြေထောက်ပဲ (ဖြူ) - ၅၄ ပိဿာ - 340000

မတ်ပဲ
မတ်ပဲ (ကောင်း) - ၆၀ ပိဿာ -290000/ 293000/

စားတော်
စားတော် (ကနေဒါ) - ၅၉.၂၅ ပိဿာ - 280000
စားတော် (ကျွန်း) - ၅၉.၂၅ ပိဿာ - 230000/ 250000/ 260000/

ဘိုကိတ်
ဘိုကိတ်ကြား (က) - ၅၂ ပိဿာ - 390000/ 395000/ 400000(ယခင်)

ပဲချဉ်ပေါင် - ၆၀ ပိဿာ -160000/ 165000(ယခင်)

ပြောင်း
ပြောင်းဖူး (ဗမာ) - ၅၄ ပိဿာ - 52000/52500
ပြောင်းဖူး (ရှမ်း) - ၅၄ ပိဿာ - 54000
ပြောင်းဖူး (CP) - ၅၄ ပိဿာ - 54000
အထွက်တိုးပြောင်း (နီ) - ၅၃ ပိဿာ - 70000

နံနံစေ့ - ၁တင်း=၈ ပိဿာ - 35000/ 360000

ကြက်ဆူ
ကြက်ဆူ (ဗမာ) - ၃၆ ပိဿာ - 111000

နှမ်းအမျိုးမျိုး
နှမ်းနက် (စမုန်) - ၄၅ ပိဿာ - 365000 /375000/380000/ 395000/ 400000/ 420000
နှမ်းဖြူ (JP) - ၄၅ ပိဿာ -420000
နှမ်းဖြူ (ရိုးရိုး) - ၄၅ ပိဿာ - 375000/ 380000/ 390000
နှမ်းဖြူ (ခြုံကျော်) - ၄၅ ပိဿာ -400000/ 405000/410000
နှမ်းညို - ၄၅ ပိဿာ - (ဟောင်း)300000/ (သစ်)310000
နှမ်းဝါ - ၄၅ ပိဿာ -315000/ 320000(ယခင်)
ဆောင်းနှမ်း - ၄၅ ပိဿာ - 320000/ 330000

ပန်းနှမ်း - ၄၅ ပိဿာ - 205000/ 507000

နေကြာ
ဆီနေကြာ - ၂၇ ပိဿာ - 100000/ 105000

မြေပဲဆံအမျိုးမျိုး - ၁ ပိဿာဈေးနှုန်း
S1လုံးဆံ - 7200/7400
S1ဆီဆံ - 6200/ 6400
S1 ရွေးဆံ - 6800/ 7000/
အနီလုံးဆံ - - (သစ်) (ရှည်)6200/ 6300/6400/ (ဝိုင်း) 6800/ 7200
အနီလုံး(ရွေးဆံ) - 6000/ 6200

ဆီအမျိုးမျိုး ၁ ပိဿာ ဈေးနှုန်း
ပဲဆီ - ၁ ပိဿာ -10000/ 12000
ပဲဖတ် - ၁ ပိဿာ- 3080/3100
နှမ်းဆီ - ၁ ပိဿာ- 12500
နှမ်းဖတ် - ၁ ပိဿာ- 2700/ 2750
မုန့်ညှင်းဖတ် - ၁ ပိဿာ -1750/ 1770,
နေကြာဆီ - ၁ ပိဿာ-13000
နေကြာဖတ် - ၁ ပိဿာ- 1875
ပဲပုတ်ဆီ - ၁ ပိဿာ 6500
ပဲပုတ်ဖတ် - ၁ ပိဿာ- 3000

မှတ်ချက်။ ။အချိန်နှင့်အမျှဈေးနှုန်းပြောင်းလဲမှုရှိပါသည်။

image
2 yrs - Translate

အခုလအတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ခြေရှိပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်

အခု မေလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ခြေရှိပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

ဒီကနေ့ မေ ၁၁ ရက်နေ့ ထုတ်ပြန်တဲ့ မေလ ဒုတိယ (၁၀) ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့မှာ လေထု မငြိမ်မသက်မှု ဖြစ်ပေါ်ရာမှ လာမယ့် မေလ ၁၈ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်း တကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ လေဖိအားနည်းရပ်ဝန်း စတင် အစပျိုးခြင်းမရှိသေးတဲ့အတွက် ခန့်မှန်းချက်တွေ အားလုံးဟာ တိုင်းထွာတဲ့ အချိန်၊ အသုံးပြုတဲ့ Data နဲ့ ခန့်မှန်းတွက်ချက်တဲ့ မော်ဒယ်တို့အပေါ် မူတည်ပြီး ရွေ့လျားမယ့်လမ်းကြောင်း အမျိုးမျိုးပြောင်းလဲနေတယ်လို့ သိရပါတယ်။

“ဘင်္ဂလားပင်လယ်မှာ ထူးခြား မိုးလေဝသရှိတာနဲ့ မြန်မာနိုင်ငံမှာလည်း မိုးလေဝသထူးခြားလို့ မိုးဇလဌာနအနေနဲ့ ဘင်္ဂလားပင်အော်အခြေအနေ ထူးခြားမှု ရှိ၊ မရှိ နေ့စဉ် မိုးလေဝသခန့်မှန်းချက်တိုင်းမှာ ဖော်ပြပေးနေပါတယ်။ အထူးသဖြင့်တော့ အခုလို မုန်တိုင်းဖြစ်တတ်တဲ့ ရာသီရောက်ရင် လေထုဖိအား၊ ပင်လယ်ရေအပူချိန်၊ တိမ်ဖွဲ့စည်းမှုတွေကအစ ခန့်မှန်းသူတွေက အသေးစိတ် စောင့်ကြည့်ကြပါတယ်။ မိုးလေဝသခန့်မှန်းချက် မော်ဒယ်တွေကလည်း ပုံအမျိုးမျိုးနဲ့ အလွယ်တကူ ရလာတာကလည်း အားသာချက်တခုပေါ့။ အားနည်းချက်ကတော့ ၃-၄ရက်လောက်တော့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ကြပါတယ်။ လက်ရှိအခြေအနေမှာလည်း လေဖိအားနည်းရပ်ဝန်းတခု ဖြစ်နိုင်ခြေရှိတဲ့အကြောင်း ကြိုတင်သတိပြုနိုင်အောင် ထုတ်ပြန်ထားပါ။ ဖြစ်ပေါ်တဲ့အခြေအနေ သေချာမှုပိုများလာခဲ့ရင် သတင်း ဆက်ထုတ်ပြန်ပေးမှာပါ” လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး) မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။

မေလ ဒုတိယ (၁၀) ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အရ မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

မိုးရွာရက်အနေနဲ့ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ခြောက်ရက်မှ ကိုးရက်ခန့်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နှစ်ရက်မှ ငါးရက်ခန့် မိုးထစ်ချုန်းရွာနိုင် တယ်လို့ သိရပါတယ်။

နေ့အပူချိန်တွေအနေနဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန် တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မေလ ပျမ်းမျှအပူချိန်ရဲ့ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နဲ့အထက် ပိုနိုင်ပြီး စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း၊ အရှေ့ပိုင်း) နဲ့ ချင်းပြည်နယ်တို့မှာ မေလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်တယ်လို့ သိရပါတယ်။

ဒီကနေ့ ညနေအထိ မိုးရွာသွန်းမှုအခြေအနေ ခန့်မှန်းချက်အရ တနင်္သာရီတိုင်းမှာ နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း) နဲ့ မန္တလေးတိုင်းတို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ သိရပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်မှု အခြေအနေကတော့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိပြီး အဲဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနိုင်ကြဖို့ မိုး/ဇလက အသိပေးထားပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အနီးတဝိုက်အတွက် ဒီနေ့ညနေအထိ ခန့်မှန်းချက်အနေနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်မှာ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကာ မန္တလေးနဲ့ နေပြည်တော်မှာတော့ ရွာရန်ရာနှုန်း ၆၀ ဖြစ်တယ်လို့ သိရပါတယ်။

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေနဲ့ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

image
2 yrs - Translate

ကျွန်တော် Boost Service​ စစချင်းလုပ်တုန်းက သူများတွေ Audience​ ဘယ်လိုရွေးလဲဆိုတာ သိချင်ခဲ့ဖူးတယ်

ဒါ့ကြောင့် ကိုယ့်ထက်ကျွမ်းတဲ့ စီနီယာတွေကို လက်ဖက်ရည်လိုက်တိုက်ပြီး

ဒီ Item အတွက်ဆို Audience ဘယ်လိုရွေးမလဲ
ဟို Item အတွက်ဆို Audience ဘယ်လိုရွေးမလဲ
တစ်ခုချင်းလိုက်မေးခဲ့ဖူးတယ်...

နောက်ကျတော့ သူများတွေ Audience ဘယ်လိုရွေးထားလဲဆိုတာ လေ့လာလို့ရတဲ့နည်းတစ်ခု သိလာခဲ့တယ်..

အဲ့ဒီနည်းလမ်းလေးကို အခုမျှဝေပေးပါမယ် ✨🤗

=====

Facebook​ သုံးနေရင်း ကိုယ့်ရောင်းနေတဲ့ပစ္စည်းနဲ့ဆင်တူတဲ့ ကြော်ငြာတစ်ပုဒ်တက်လာပြီဆိုပါစို့

1. Sponsored Post ရဲ့ ညာဘက်အပေါ်ဆုံးထောင့်က အစက် 3 စက်​ကိုနှိပ်ပါ
2. Why am i seeing this ad ကိုနှိပ်ပါ
3. Advertiser Choices ကိုထပ်နှိပ်ပါ
4. အဆိုပါ Post ကို Boost ထားတဲ့သူ ရွေးချယ်ထားတဲ့ Audience တွေကို တွေ့ရမှာဖြစ်ပါတယ်

=====

Age နဲ့ Location​ ကတော့ ရွေးထားတဲ့​အတိုင်းအတိအကျမြင်ရမှာဖြစ်ပေမဲ့

Interest ကတော့ 80% လောက်ပဲ တိကျမှာဖြစ်ပါတယ်

Advertiser ရွေးထားတဲ့ Interest အကုန်မပြပဲ ကိုယ်နဲ့ဆိုင်တဲ့ Interest ပဲပြတာမျိုးလဲဖြစ်တတ်ပါတယ်

တခါတလေ မဆိုင်တဲ့ Interest တွေလဲ ထည့်ထားတတ်တာမလို့ 80% လောက်ပဲတိကျပါတယ်

=====

ဒါပေမဲ့ Interest ဘာထည့်ရမလဲမသိတဲ့ Beginner လေးတွေအတွက်ဆိုရင်တော့ ဒီနည်းလမ်းလေးက အသုံးဝင်လောက်မယ်လို့ထင်ပါတယ် ✨🤗

တစ်ခုအကြံပေးချင်တာက Boost တဲ့အခါ Result ကောင်းမကောင်းက Audience ရွေးတာနဲ့ 20% လောက်ပဲသက်ဆိုင်ပါတယ်

- ပစ္စည်းအရမ်းကောင်းတဲ့သူတွေ၊
- Marketing အရမ်းကောင်းတဲ့သူတွေ၊
- Brand သေချာတည်ဆောက်ထားတဲ့သူတွေ၊
- ကြော်ငြာ​အရမ်းကောင်းတဲ့သူတွေကျတော့ ဖြစ်သလို ရွေးပြီး Boost​ ရင်တောင်ရောင်းရပါတယ် ✅

Audience တွေ တမျိုးပြီး တမျိုးပြောင်း
Boost Service တွေ တမျိုးပြီး တမျိုးပြောင်းနေတာတောင်မှ မရောင်းရဘူးဖြစ်နေရင်

Boost တဲ့နေရာမှာ ပြဿနာတက်နေတာ
ဟုတ်ရဲ့လားပြန်ဆန်းစစ်ပါ 🌟

အနာနဲ့ ဆေးနဲ့ မတည့်ရင်လဲ ရောဂါမပျောက်တာမလို့
မရောင်းရဘူးဆိုရင် ရောဂါအရင်းအမြစ်ကို
သေချာဆန်းစစ်ကြည့်ဖို့အကြံပေးပါတယ်ခင်ဗျ🤗✨