2 yrs - Translate

Flash လေးတစ်ခုကို ဘာတွေတင်စားပြီး ပြောနေရလဲကတော့ အကြောင်းရှိတယ် သာမန် Flash မဟုတ်တာကြောင့်ပဲ AI ပါတယ်ပြောရင်ပိုမှန်မလား🤔

True Tone Flash လို့ခေါ်တယ် အဓိကက iPad တွေ အသုံးများတဲ့ Document Scan တွေမှာ အဆင်ပိုပြေစေဖို့ပဲ

Apple က ရှင်းပြထားသလောက်ဆိုရင် iPad Pro က Document Scan တာကို ကင်မရာက နေ တဆင့် AI ကိုအသုံးပြုပြီး သိပြီဆိုတာနဲ့ ပုံတစ်ပုံတည်းမဟုတ်ပဲ ပုံများစွာရိုက်ပြီးတော့ လုံးဝ အကောင်းဆုံးတစ်ပုံကို ထုတ်ပေးမယ်ပြောထားလေရဲ့

ဘာကြောင့်ပုံများများရိုက်လိုက်မလဲဆိုရင် Document တွေရိုက်ရင် ကင််ရာ အရိပ်ကျနေတာတွေ ကိုကြုံဖူးကြတယ်ဟုတ်?

True Tone Flash ရဲ့ အရိပ်တွေ မပေါ်အောင်ကို ဖန်တီးပေးနိုင်တဲ့ အလုပ်က အဲ့မှာစတာပါပဲ

Camera / Files / Note App တွေအပြင် တခြား 3rd Party Application တွေမှာပါ ဒီစနစ်ကို ရမယ်လို့ ဆိုထားပါတယ်

ပြောချင်တာက iPad Pro တွေရဲ့ Flash က တခြား Tablet တွေလို သာမန်မဟုတ်ဘူးဆိုတာပါပဲ ဒီလိုအချက်တွေကြောင့်ပဲ Apple က Apple ဖြစ်နေသလို iPad Pro တွေကလဲ အကောင်းဆုံး Tablet တွေထဲက တစ်ခု ဖြစ်နေတာလို့ပြောရင် မှားမယ်မထင်ပါဘူး

image
2 yrs - Translate

အရာရာကို အလေးနက်ထားတတ်တဲ့သူတွေက
ဒီခေတ်ထဲမှာ ရည်းစားထားလို့မကောင်းတော့ဘူး။
လူတွေကလည်း အပေါစားဆန်လာသလို၊
အချစ်တွေကလည်း အပေါစားဆန်လာတယ်။
တွဲဖို့လည်း လွယ်တယ်။ ဖောက်ပြန်ဖို့လည်း လွယ်တယ်။
ပတ်ဝန်းကျင် တစ်ခုလုံးက ပွေရှုပ်တာကို၊
play တာဆိုပြီး normalize လုပ်‌နေကြတာ
တစ်ဦးတစ်ယောက်ရဲ့ အချစ်တွေနဲ့တင် မလုံလောက်ကြဘူး
အဲ့အတွက် အရှက်သိက္ခာဆိုတာလည်း သူတို့မှာ မတွေးနိုင်ကြတော့ဘူး
နောက်ပိုင်း လူတစ်ချို့ရဲ့ ချစ်ခြင်းမေတ္တာဆိုတာ ဒီထက်ပိုပြီး အပေါစားဆန်လာဖို့ပဲ ရှိတော့တယ်….🖤

image
2 yrs - Translate

အုန်းနို့ခေါက်ဆွဲ (ပွဲ ၁၀ဝ စာ) ချက်နည်းလေးပါ 😋😋
----------------------------------------

🔺 ပါဝင်ပစ္စည်းများ 🔺

- အုန်းနို့ခေါက်ဆွဲဖတ် - ၈ ပိဿာ
- ကြက်သား - ၂ ပိဿာ
- ငါးဖယ် - ၁ ပိဿာ
- ဘဲဥ - အလုံး ၅၀
- ပဲစိမ်းမှုန့် - ၈၀ ကျပ်သား
- ငရုတ်သီးအရောင်တင်မှုန့် - ၂၀ ကျပ်သား
- ဆီ - ၃၀ ကျပ်သား
- အုန်းသီး (သို့) နို့စိမ်း - ၈ လုံး (သို့) ၈ ဘူး
- သကြား - စားပွဲဇွန်း ၁၆ ဇွန်း (မောက်မောက်)
- ဆား - စားပွဲဇွန်း ၁၀ ဇွန်း (မောက်မောက်)
- အရသာမှုန့် - စားပွဲဇွန်း ၅ ဇွန်း (မောက်မောက်)
- ကြက်သွန်နီဥသေး - ၂ ပိဿာ (ထည့်ရန်)
- နနွင်းမှုန့် - စားပွဲဇွန်း ၁ ဇွန်း
- မုန်ြွ့ကပ်ကြော် - ၅၀ ကျပ်သား
- ကြက်သွန်နီဥကြီး - ၁ ၁/၂ ပိဿာ (အစိမ်းထည့်စားရန် ပါးပါးလှီး)
- ရှောက်သီး - ၁၅ လုံး (အရည်ရွှမ်းရွှမ်း)
- ငရုတ်သီးလှော်မှုန့် - ၃၀ ကျပ်သား
- ယိုးဒယားငံပြာရည် - ၁ လုံး (အလယ်တည်ရန်)
- ကြက်သွန်ဖြူဗမာဥ - ၅ ဥ
- ပဲကြော် - ၁၀ဝ ချပ်
- ရေ - (ဆန် ၁ ပြည်ချက် အိုးတစ်ဝက်ပါ) ၈ လုံး


(အပျစ်အကျဲအတွက် ထပ်လိုက်နိုင်ပါတယ်။ ပဲစိမ်းဖျော်ရာမှာလည်း ရေပါဝင်မှာဖြစ်တဲ့အတွက် ပျစ်လျှင် ရေနွေးလိုက်လို့ ရပါတယ်။ မကျဲအောင် ဂရုစိုက်ပါ။)

ချက်ပြုတ်နည်း 🔺🔺🔺🔺

၁။ ကြက်သားကို အခြမ်းလိုက် ရေဆေးပြီး ရေစစ်ထားပါ။
ရေနွေးအိုး တည်ပြီး ဆူလာလျှင် ကြက်သွန်ဖြူဥအတိုင်း အပေါ်ခွံချွတ်ပြီး ရေဆေး၍ ၂ ဥ ထည့်ပါ။ ဆား စားပွဲဇွန်း ၁ ဇွန်း ထည့်ပြီး ကြက်သားထည့် ပြုတ်ပါ။ အစိမ်း မကျန်ဘဲ ခပ်တင်းတင်းလေး နူးလာလျှင် ဆယ်ယူပြီး အအေးခံ၍ အဖတ် ကြီးကြီးတွေ လွှာထားပါ။

၂။ ဘဲဥကို ပြုတ်ထားပါ။

၃။ ပဲစိမ်းမှုန့်ကို အလုံးအခဲမကျန်အောင် ရေဖျော် ထားပါ။

၄။ ကြက်ပြုတ်ရည်ထဲ ချင်း၊ ကြက်သွန်ဖြူရည်၊ ဆား၊ အရသာမှုန့်နယ်၍ စေး အောင် ပေါက်ထားသော ငါးဖယ်များကို ခပ်ကြီးကြီး ပြားပြီး ထည့်ပြုတ်ပါ။ အပေါ်ပေါ်လာလျှင် ခဏထား၍ ဆယ်ထုတ်ပြီး အနေတော်လေးတွေ လှီးထားပါ။

၅။ ဆီပူအိုးတည်ပြီး ပူလာလျှင် မုန့် ကြွပ်ကြော်ပြီး ဆယ်ယူ ထားပါ။ အေးလျှင် လေလုံသောဘူး (သို့) အိတ်ထဲထည့်ပြီး လေလုံအောင် သိမ်းပါ။

၆။ ကျန်ဆီထဲ ကြက်သွန်ဖြူ ၃ ဥကို မညက်တညက် ထောင်းပြီး ဆီသတ်ပါ။ နနွင်းမှုန့်ထည့်ပါ။ ကြက်သွန်ဖြူရနံ့မွှေးလာလျှင် ငရုတ်သီးအရောင်တင်မှုန့် ထည့်ပြီး လွှာထားသော ကြက်သားများထည့်ပါ။

၇။ ဆား စားပွဲဇွန်း ၁ ဇွန်း၊ သကြား ၁ ဇွန်း ထည့်ပါ။ မွှေးလာလျှင် ဆယ်ယူလို့ရ ပါပြီ။ ရေချိန်ကို ကြက်ပြုတ်ရည်အပါ အပေါ်မှာပြထားသည့်အတိုင်း ထည့်ပါ။

၈။ ဆူလာလျှင် ဖျော်ထားတဲ့ ပဲစိမ်းမှုန့်ထည့်ပြီး နာနာမွှေ၍ မီးမှန်မှန်နဲ့တည်ပါ။ ပဲစိမ်းက အိုးကပ်ပြီး တူးတတ်ပါတယ်။ ပဲစိမ်းနံ့ပျောက်လျှင် အုန်းနို့ရည် လောင်းပါ။

၉။ ကြက်သား၊ ငါးဖယ်၊ ပြုတ်ထားတဲ့ဘဲဥကို ပါးပါးလှီးထည့်ပြီး ကြက်သွန်ဥ ထည့်ပါ။ အရသာမှုန့်၊ ဆား၊ သကြားထည့်ပြီး အပျစ်အကျဲ မှန်းဆပါ။ အရသာမြည်းပါ။ ပွက်ပွက်ဆူလာလျှင် ရပါပြီ။

ပွဲပြင်ရန်မှာ 🍝🍝🍝

- ခေါက်ဆွဲဖတ် အနေတော် ဖြတ်ထားပါ။
- ကြက်သွန်နီဥကြီးကို ပါးပါးရိပ်ရိပ် လှီးပြီး ရေဆေး ထားပါ။
- ရှောက်သီးလှီးထားပါ။
- ငံပြာရည်၊ ငရုတ်သီးလှော်မှုန့် နှင့် မုန့်ကြွပ်ကြော်၊ ပဲကြော်ထည့်ပီး သုံးဆောင်နိုင်ပါသည်။

image
2 yrs - Translate

ဝန်ထမ်းမိဘကို ကိုယ်စီးပွားရေးလုပ်ဖို့
တိုင်ပင်လို့မရဘူး မဖြစ်နိုင်ဘူးပဲပြောလိမ့်မယ်

အရောင်းအဝယ်လုပ်တဲ့ မိဘကို
Service business လုပ်ဖို့ တိုင်ပင်လို့မရဘူး
မကောင်းပါဘူးပဲပြောလိမ့်မယ်

တစ်မြို့ထဲမှာမွေးပြီး
တစ်မြို့ထဲမှာတင်နေထိုင်တဲ့ မိဘတွေကို

နိုင်ငံခြားသွားဖို့ တိုင်ပင်လို့မရဘူး
မသွားဖို့ပဲပြောလိမ့်မယ်

ကျနော်ကိုယ်တိုင်လဲ online နဲ့ business ကို
လုပ်မယ်ပြောတော့

Offline အလုပ်တွေလုပ်ရင်း
ကြီးပွားလာတဲ့ အဖေက
$ ပိုတွေမလုပ်နဲ့ပြောခံရဖူးတယ် 😅

တချို့အရာတွေက မဖြစ်နိုင်ဘူးပြောတာ
သူတို့အတွက်ပဲပြောတာဗျ

ကျနော်တို့ လူငယ်တွေအတွက်မဟုတ်ဘူး

ကိုယ့်မှာအိမ်မက်တွေရှိရင်
ကိုယ့်လမ်းကိုယ်ဖောက်
ကိုယ့်လမ်းကိုယ်လျောက်ပါ

Result တွေယူလာပြနိုင်အောင်
ပိုကြိုးစားပါမိတ်ဆွေ🫰🏻

2 yrs - Translate

ငွေကြေးဖောင်းပွလေ
🇲🇲 ငွေတန်ဖိုးကျလေ
လွန်ခဲ့သော ၁၀နှစ်လောက်က
အိမ်ဝယ်တာ
သိန်း၄၀၀ 1$1000
သိန်း၄၀၀က dollar ၄သောင်းနဲ့ ညီတယ်

ခုချိန်
အိမ်ကို သိန်း ၁၂၀၀ရောင်းဦး
1$ 4000နီးပါးဆိုတော့ အိမ်ရောင်းရင်
မြန်မာငွေနဲ့ကြည့်ရင် ၃ဆမြတ်တယ်
အဲ့ရောင်းရတဲ့မြန်မာငွေကို
$ဝယ်တယ်ဆိုပါစို့
$30000ပဲရတော့တယ်
$နဲ့တွက်ရင် $10000နီးပါးရှုံးတယ်

အာ့မို့ အိမ်ထပ်ဝယ်ပါလားဆို
မဝယ်ဖြစ်တော့ဘူး
အာ့လိုတွက်ကြည့်ရင်ရှုံးလို့

2 yrs - Translate

ဘန်ကောက်မှာ ဒွန်မောင်းလေဆိပ်နဲ့ သုဝဏ္ဏဘူမိလေဆိပ်ဆိုပြီးတော့ လေဆိပ် ၂ ခုရှိပါတယ် ၊ မြန်မာနိုင်ငံကနေ လာပြီဆိုရင် ကိုယ်စီးလာမယ့် လေယာဉ်က ဒီလေဆိပ် ၂ ခုထဲက တစ်ခုခုမှာ ဆိုက်မှာ ဖြစ်ပါတယ် ၊

ဒွန်မောင်းလေဆိပ်ကနေ ဘန်ကောက်ရဲ့အချက်အချာကျတဲ့ နေရာ ( ၄ ) နေရာကို ပြေးဆွဲပေးနေတဲ့ လိုင်းကား (၄ )စီးရှိပါတယ်

A1 – Don Muang Airport to BTS Mo Chit
A2 – Don Muang Airport to Victory Monument
A3 –Don Muang Airport to Lumphini Park (မြန်မာတွေအတည်းများတဲ့ ပတူနမ်ဧရိယာကိုသွားချင်ရင် ဒီကားကို စီးရပါမယ်)
A4 - – Don Muang Airport to Khao San Road

အခုဖော်ပြပေးထားတဲ့ ကားလိုင်း (၄) ခုလုံးဟာ အမြန်လမ်းပေါ်ကနေတစ်ဆင့် သွားတာဘဲဖြစ်ပါတယ်။
ပိုမိုသေချာအောင် မင်မင်အခုမျှဝေပေးထားတဲ့ ဆော့ဝဲကနေ ကိုယ်သွားမယ့် လမ်းကြောင်းကိုကြည့်နိုင်ပါတယ်ခင်ဗျ။

ဆော့ဝဲလ်နှင့်ကြည့်ရန် (New Version) - https://bit.ly/3pE9XJu

image
2 yrs - Translate

မင်းသူငယ်ချင်းသာ မင်းကိုတကယ်ချစ်ရင် ဒူးရင်းသီး ဝယ်ကျွေးလိမ့်မယ်😝
မဝယ်ကျွေးရင် မချစ်လို့ပဲ😜

image
2 yrs - Translate

အပ်မှိုသုပ်

အပ်မှိုကိုရေနွေးဖျောပါ
ခရမ်းချဉ်သီး ကြက်သွန်နီ ငရုတ်သီးစိမ်း ပါးပါးလှီး
မြေပဲမညက်တညက်ထောင်း ပုဇွန်ခြောက် အရသာမှုန့်
အားလုံးကိုရောနယ်ပြီး သံပုရာသီးညစ်
အရမ်းစားလို့ကောင်းပါ၏😋😋
Yummy Yummy😍

image
2 yrs - Translate

သင်သိပါသလား ? Saw 2 ဇာတ်ကားရဲ့ ဆေးထိုးအပ် ဇာတ်၀င်ခန်းကို ရိုက်ကူးတဲ့အခါ မင်းသမီး Shawness Smith မှာ ကိုယ်ဝန် လေးလရှိနေကြောင်း
ရိုက်ကူးရေးစမှ သိခဲ့ကြရပါတယ်။

သူမဟာ ဆေးထိုးအပ်ကို အလွန်ကြောက်တတ်တဲ့
သူတစ်ယောက်လည်း ဖြစ်ပြီး

ဒီဇာတ်၀င်ခန်းမှာ ဆေးထိုးအပ်ကြွင်းထဲ ခုန်ချရမှာ
ဖြစ်တာကြောင့် မင်းသမီး ဘေးကင်းစေဖို့အတွက်
ဆေးထိုးအပ်တွေပေါ်က အပ်ပေါင်း "တစ်သိန်း
နှစ်သောင်း" ကျော် ကို အဖွဲ့သားတွေက သေချာ
ဖယ်ထုတ်ထားခဲ့ပြီး အပ်အတုတွေနဲ့
အစားထိုးထားခဲ့ပါတယ်။

ကံဆိုးချင်တော့ ရိုက်ကူးရေးပြီးတဲ့ အခါမှ
အားလုံး သိလိုက်ရတာဟာ

"ကြွင်းထဲကို ဆေးထိုးအပ်အစစ် တစ်ဒါဇင်လောက်
မတော်တဆ ပြုတ်ကျနေခဲ့တယ်ဆိုတာပါပဲ"

image
2 yrs - Translate

Colourful & Happiness ✨✨✨

image