Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ယူရို 3 Billon တန်ကြေးရှိ Bitcoins တွေနဲ့ ဖမ်းခံလိုက်ရတဲ့ တရုတ်ကမုန့်ပို့တဲ့ အမျိုးသမီးတစ်ဦး
တရုတ်နိုင်ငံက မုန့်ပို့သူ အမျိုးသမီးတစ်ဦးဟာ လန်ဒန်မြို့က ဈေးအကြီးဆုံးတိုက်ခန်းတွေထဲက တစ်ခုဖြစ်တဲ့ ယူရို ၂၈ သန်းတန် အိမ်တစ်ခုကို ဝယ်ယူဖို့ကြိုးစားခဲ့ရာကနေ Crypto အမှုတွေကို နောက်ကြောင်းပြန်စုံစမ်းခံရပြီး ဖမ်းခံလိုက်ရပါတယ်။
အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ Jian Wen ဆိုတဲ့အမျိုးသမီးမှာ အိပ်ခန်း ၇ ခန်း၊ ရေကူးကန်တွေ၊ Private Cinema နဲ့ Gym တွေပါပါဝင်တဲ့ Mansion ကြီးတစ်ခုကို ဝယ်ယူဖို့ကြိုးစားခဲ့သလို၊ ဒူဘိုင်းမှာလည်း ဒေါ်လာ ၅ သိန်းတန် အခန်း ၂ ခန်းပိုင်ဆိုင်ထားပါသေးတယ်။ ဒါ့အပြင် ၁၈ရာစုတုန်းကလည်း ရှိခဲ့ဖူးတဲ့ အီတလီက ရဲတိုက်ကြီးတစ်ခုကိုလည်း ယူရို ၁၀ သန်းပေးပြီး ဝယ်ဖို့ကြိုးစားတာမျိုးရှိပါတယ်။
2013-2014 ဝန်းကျင်ကစလို့ Jian Wen အနေနဲ့ Crypto နဲ့ပတ်သက်တဲ့ အရောင်းအဝယ်တွေပြုလုပ်ခဲ့ပြီး ငွေဖြူငွေမဲခဝါချမှုတွေ ကြူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ E-Class Mercedes ကားအပြင်၊ ကမ္ဘာပတ်ပြီး ဒီဇိုင်နာအဝတ်အစားတွေနဲ့ တန်ဖိုးကြီး စားသောက်ဆိုင်တွေမှာ စားသောက်တာမျိုးတွေလည်း လုပ်ခဲ့ပါတယ်။
Jian Wen ဟာ Crypto မလုပ်ခင်က တရုတ်နိုင်ငံက ကြက်ကြော်ဆိုင်တစ်ခုမှာ အစားအသောက်ပို့တဲ့သူအဖြစ် အလုပ်လုပ်ပြီး အတော်လေး ယဥ်ကျေးမှုရှိတဲ့မိသားစုကပါ။ နောက်ပြီးသူမဟာ ဥပေဒေနဲ့စီးပွားရေးဒီပလိုမာလည်း ရရှိထားတဲ့ ပညာတတ်တစ်ယောက်ပါ။
သူမဒီလိုလုပ်မိတာဟာ ဘဝကို ဇိမ်ရှိရှိနဲ့ ကောင်းကောင်းမွန်မွန်ဖြန်သန်းချင်လို့ကလွဲပြီး ဘာရည်ရွယ်ချက်မှမရှိဘူးလို့ဆိုပါတယ်။ လောလောဆယ်မှာတော့ သူမဟာ ထောင် ၆ နှစ်နဲ့ ၈လ ကျခံနေရပါတယ်။
ဘောင်းဘီရှည်၀တ်ရတာ သဘောကျတဲ့သူတွေအတွက် မိုးရာသီမှာ ရွေးချယ်သင့်တဲ့ ဘောင်းဘီဆိုရင်တော့ သိပ်ရှည်တာတွေထက် Crop လုပ်ထားတဲ့ ဘောင်းဘီမျိုးတွေပေါ့။💁 သူ့ကိုမှ ဗြောင်ထက်စာရင် print တွေ pattern ပါတဲ့ ဘောင်းဘီမျိုးက ပိုရွေးသင့်သလို ဗြောင်ပဲသဘောကျတယ်ဆိုရင်လည်း တအားနုတဲ့အရောင်ထက်စာရင် အရောင့်ရင့်တာတွေကိုတော့ ပိုအားပေးပါတယ်။
ကျောင်းရဲ့ ကြွေးကျန်တွေကို ဆပ်ပေးနိုင်ခဲ့တဲ့ ၄ တန်းကျောင်းသားလေး
၄ တန်းကျောင်းသားလေးက သူ့ကျောင်းရဲ့ အကျွေးအမွေးစရိတ် ကြွေးကျန်အားလုံးကို ဆပ်ပေးနိုင်ခဲ့ပါတယ်။ ၁၁ နှစ်အရွယ် ဒါကင်ခရာမာဟာ Thomas Ultican မူလတန်းကျောင်းမှာ ပညာသင်ကြားနေသူဖြစ်ပြီး လာမယ့်နှစ်ကျရင် အလယ်တန်းကျောင်းကို ပြောင်းရတော့မှာပါ။
'' ဒီနှစ်က ဒီကျောင်းမှာ နောက်ဆုံးတက်ရတဲ့နှစ်လေ။ ကျောင်းတော်ကြီးကို ကျေးဇူးဆပ်ဖို့ တစ်ခုခု လုပ်ပေးချင်တယ်''လို့ ဒါကင်ခရာမာက ဆိုပါတယ်။ သူဟာ ကျောင်းရဲ့ အကျွေးအမွေးစရိတ်( ကျောင်းသား/သူတွေကို နေ့လယ်စာကျွေးတဲ့စရိတ်) ကြွေးကျန်တွေ ဆပ်ပေးဖို့အတွက် အလှူငွေ ဒေါ်လာ ၃၅၀၀ ရအောင် ရည်ရွယ်ခဲ့တာပါ။
ဒါကင်က သူ့ကို ဝိုင်းဝန်းကူညီပေးကြဖို့ သူ့သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေကို အကူအညီတောင်းတဲ့ ဗီဒီယိုတစ်ခု ပြီးခဲ့တဲ့လမှာ တင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုက ပျံ့နှံ့သွားပြီး အလှူငွေ ထည့်ဝင်သူ အများအပြားရှိခဲ့လို့ အမေရိကန်ဒေါ်လာ ၇၃၇၀ အထိ ရရှိခဲ့ပါတယ်။ အဲဒီအတွက် Thomas Ultican မူလတန်းကျောင်းအတွက် ကြွေးကျန်တွေ ပေးဆပ်နိုင်ခဲ့ရုံတင်မကဘဲ ဒေသခံ Blue Springs အထက်တန်းကျောင်းအတွက်ပါ ကြွေးကျန်လျှော့ချပေးနိုင်ခဲ့ပါတယ်။
ဒါကင်ရဲ့ လုပ်ဆောင်ချက်ဟာ ထိရောက်လွန်းခဲ့တာကြောင့် မေလ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကျောင်းဆင်းပွဲမှာ ဆုချီးမြှင့်ခံခဲ့ရပါတယ်။ ဒါ့အပြင် ဒါကင်ကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ်နှစ်တိုင်း သူ့လို စွမ်းဆောင်ပေးနိုင်တဲ့ ကျောင်းသူ/သားတွေကို Daken Kramer Legacy ဆု ပေးအပ်ဖို့လည်း စီစဉ်နေပါတယ်။ ဒါကင်ဟာ အမေရိကန်နိုင်ငံ၊ မစ်ဆူရီပြည်နယ်မှာ နေထိုင်သူပါ။
Ref: Missouri Fifth Grader Raises Over $7,000 To Erase School Meal Debt
ဒီတစ်ပတ်အတွင်းမှာပဲ အမ်ဘတ်ပေ ကို မိတ်ဆက်ပေးဖို့ စီစဉ်နေတဲ့ ရီးရဲလ်
------------------
ရီးရဲလ်မက်ဒရစ်အသင်း ဟာ ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပေကို အသင်းရဲ့တရားဝင်ကစားသမားအဖြစ် ဇွန်လ ၂ ရက်နေ့ကနေ ဇွန်လ ၅ ရက်နေ့ကြားမှာ မိတ်ဆက်ပေးသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘတ်ပေ ကို သူတို့အသင်းကိုယ်စားပြု ကစားသမားအဖြစ်နဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကို ပါဝင်ကစားချင်စေပြီး အဲ့ဒါကြောင့်ပဲ ပြိုင်ပွဲမတိုင်ခင်မှာ မိတ်ဆက်ဖို့ စီစဉ်နေတာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
အမ်ဘတ်ပေ ဟာ လာမယ့်ဇွန်လ ၃၀ ရက်နေ့ကိုရောက်မှ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း တရားဝင် ကုန်ဆုံးမှာဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်ဘက်က သူ့ကို အချိန်စောစီးစွာ မိတ်ဆက်ခွင့်ရှိနေတာမို့ ဇွန်လ ၂ ရက်နဲ့ ဇွန်လ ၅ ရက်နေ့အကြားမှာ မိတ်ဆက်ပွဲကို စီစဉ်ဖို့ ရီးရဲလ်မက်ဒရစ်ဘက်က အားထုတ်လာတာပဲဖြစ်ပါတယ်။ အမ်ဘတ်ပေ ဟာ ရီးရဲလ်မက်ဒရစ်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ရစ်ဘက်က သူ့ကို စာချုပ်လက်မှတ်ရေးထိုးကြေးနဲ့ လုပ်ခလစာအကျိုးခံစားခွင့်တွေကို စံချိန်တင်ပေးအပ်လိမ့်မယ်လို့ သိရှိရပါတယ်။
အမ်ဘတ်ပေ ကို ပီအက်စ်ဂျီဘက်က စာချုပ်သစ် ချုပ်ဆိုခဲ့ချင်သေးပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီကတည်းက ရီးရဲလ်မက်ဒရစ်ဆီ သူ့ကို ရောင်းမထုတ်ပေးခဲ့လို့ စိတ်ကွက်နေခဲ့တဲ့ အမ်ဘတ်ပေ ဟာ ရီးရဲလ်မက်ဒရစ်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် ချမှတ်သွားခဲ့တာဖြစ်ပါတယ်။