2 yrs - Translate

တစ်အိမ်လုံးနှင့် စကားများပြီးနောက်

image

daily look

2 yrs - Translate

တချို့လူတွေက ဘာလို့ မလွတ်လပ်တဲ့ သူ (RSရှိတဲ့သူ) တွေကို သဘောကျတာလဲ?

ဘယ် literature review မှ မပါဘဲ ကိုယ်တွေးမိတာလေးကိုပဲ ရေးပြမှာမို့ သိပ္ပံနည်းကျလက်တွေ့ပြမှ ကြိုက်တဲ့သူတွေအတွက်တော့ ခြေဖျက်ရခက်မယ့် စာပါ။

လူတချို့က လွတ်လွတ်လပ်လပ် single တွေရှိနေလျက်နဲ့ မလွတ်လပ်တဲ့ အိမ်ထောင်သည်တို့၊ ချစ်သူ၊ရည်းစားရှိတဲ့သူတွေကိုမှ အတင်းရောပြီး ကလူကျီစယ်ကြတာဟာ ဘာကြောင့်လဲ။

လွယ်လွယ်လေးစဉ်းစားကြည့်ရင် ပိုင်ရှင်ရှိတဲ့အရာကို ဘာလို့များ လိုချင်နေမလဲ။ လွတ်လပ်တဲ့ အရာကိုပဲ ယူပြီး ပေါ်ပေါ်ထင်ထင် ချစ်ပြ၊ ကြင်နာပြလို့ မရပေဘူးလား။ မေးစရာပေါ့။

တချို့ လူတွေက မရပါဘူး။ ဘာလို့မရလဲဆို အများစုက commitment လို့ခေါ်တဲ့ တာဝန်ယူမှု၊ အားစိုက်ထုတ်မှုကို မလုပ်ချင်ကြတဲ့သူတွေမို့ပါ။ အဲ့လိုလူတွေက တခြားလူတစ်ယောက်ကို သူတို့ဘဝရဲ့ ဖြေဖျော်စရာ၊ ဖြေဖျောက်စရာအနေနဲ့ပဲ လိုချင်တာမို့ပါ။

လက်တွေ့ကြည့်ရင် ချစ်သူပဲထားထား၊ အိမ်ထောင်ပဲပြုပြု လူအား၊ အချိန်အား၊ ငွေအား၊ စိတ်အား အကုန်စိုက်ရပါတယ်။ မစိုက်ဘဲနဲ့ ဘယ်လိုမှ တည်မြဲတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်လို့ မရပါဘူး။

တချို့ကကြအဲ့လို အားမစိုက်ချင်ဘဲ အပေါ်ယံ ကြည်နူးမှု၊ ပျော်ရွှင်မှုကိုပဲ ခဏတာ ရယူလိုပါတယ်။ သူတို့ပတ်သင်တဲ့သူဆီက ကောင်းတာတွေကိုပဲယူမယ် မကောင်းတာကိုတော့ မယူဘူးဆိုပြီး သိစိတ်၊ မသိစိတ်က ဖြစ်နေတာဖြစ်ပါတယ်။

ဒီတော့ အိမ်ထောင်ရှိပြီးတဲ့သူ ချစ်သူရှိပြီးတဲ့သူတွေနဲ့ ပတ်သက်ရတဲ့အခါ ဒီလူကို အပြည့်အဝတာဝန်ယူဖို့မလိုဘဲ အချိန်မရွေး ထားခဲ့လို့ရတာမို့ တာဝန်ယူမှုဆိုတဲ့ commitment မလိုတော့ပါဘူး။

ဒီလိုလူတွေ ကိုယ့်အနားကို ချဉ်းကပ်လာတဲ့အခါ အထူးသတ်ိထားပြီး နေဖို့လိုပါတယ်။ စမ်းသပ်ချင်ရင် လွယ်ပါတယ်။ သူတို့လိုချင်တဲ့အရာတစ်ခုကို မပေးဘဲထားကြည့်ပါ၊ ဒါမှမဟုတ် commitment လုပ်ဖို့ ပြောကြည့်ပါ သင့်နားကနေ တဖြေးဖြေးခွါသွားပါလိမ့်မယ်။

လောကမှာ လိုချင်တဲ့အခါကြ ပလူးပလဲလုပ်ပြီး၊ လိုချင်တာမရတဲ့အခါကြ မသိသလို ခွါသွားတဲ့သူတွေလောက် ကြောက်စရာကောင်းတာရှိမယ်မထင်ပါဘူး။

image
2 yrs - Translate

Fav flower & color 💗🌷✨

image
2 yrs - Translate

Fav flower & color 💗🌷✨

image
2 yrs - Translate

Fav flower & color 💗🌷✨

image
2 yrs - Translate

Fav flower & color 💗🌷✨

image
2 yrs - Translate

Fav flower & color 💗🌷✨

image
image
image
image
2 yrs - Translate

🏆၂၀၁၄: ပေါ်တူဂီ(လစ္စဘွန်း)မှာ ကျင်းပခဲ့တုန်းက ချန်ပီယံဖြစ်ခဲ့တဲ့ ခရစ်တီယာနိုရော်နယ်ဒို 🇵🇹

🏆 ၂၀၁၇: ဝေးလ်စ်(ကာဒစ်)မှာ ကျင်းပခဲ့တုန်းက ချန်ပီယံဖြစ်ခဲ့တဲ့ ဂါရတ်ဘေးလ် 🏴󠁧󠁢󠁷󠁬󠁳󠁿

🏆 ၂၀၂၂: ပြင်သစ်(ပဲရစ်)မှာ ကျင်းပခဲ့တုန်းက ချန်ပီယံဖြစ်ခဲ့တဲ့ ကာရင်ဘန်ဇီမာ 🇫🇷

⏳ ၂၀၂၄: အင်္ဂလန် (လန်ဒန်)မှာ ကျင်းပသွားမဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ 🏴󠁧󠁢󠁥󠁮󠁧󠁿

ကိုယ့်အမိမြေနိုင်ငံမှာ ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်တဲ့ နောက်ထပ် ရီးရဲယ်ကြယ်ပွင့်ဖြစ်လာဖွယ်ရှိနေတဲ့ ဂျူဒ့်ဘယ်လင်ဟမ် 🏆👀

image
2 yrs - Translate

ပျော်ရွှင်နေတဲ့ Relationship တိုင်းကို ကြည့်တဲ့အခါ
Respect and Support ဆိုတဲ့ အကန့်လေးနဲ့
သွားနေကြတာကို မြင်ရတယ် ။

တစ်ယောက်ကို တစ်ယောက် အပြန်လှန်လေးစားမှု
ရှိကြတယ် ။

ကိုယ့်ချစ်သူကို ဘယ်သူနဲ့မှ မနှိုင်းယှဉ်ဘူး ။
ကိုယ့်ချစ်သူသာ အကောင်းဆုံး ၊ အတော်ဆုံး ၊
သူတစ်ယောက်ကလွဲ ဘယ်သူကိုမှ မမြင်ပါဘူး ။
သူသာလျှင် ငါ့အတွက် Perfect အဖြစ်ဆုံးပါပဲ ။

သူဟာ ကိုယ့်အတွက် အထင်ကြီးရတဲ့ အမျိုးသား ၊
လေးစားရပါတဲ့ အမျိုးသမီး ပါ ။ ဘယ်တော့မှ အထင်မသေးဘူး ။ သူမပြည့်ဝရင်တောင် ကိုယ့်ဘက်ကပဲ ဖြည့်ပေးလိုက်မယ် ။ မညိုညင်ဘူး ၊ အားမငယ်စေရဘူး ။
တစ်ယောက်ကို တစ်ယောက် respect အပြည့်ထားကြတယ် ။

Support ပေးကြတယ် … ။

သူ့မှာ ဝင်ငွေနည်းနေတဲ့အခါ ၊ သူမသိအောင်
မုန့်ဖိုးလေး ခိုးပေးလိုက်တာမျိုး ၊
သူ့ကို အမြဲစောင့်ကြည့်ပြီး သူလိုမယ်ထင်တာလေး ဝယ်ပေးလိုက်တာမျိုး ။ အဘက်ဘက်က ကူညီတယ် ။

သူ့ရဲ့ အပြုမှုတိုင်း ကို ချစ်ပေးတယ် ။
သူလုပ်သမျှ သူ့ဝါသနာ တိုင်းကို စိတ်လိုလက်ရ သဘောကျပေးတယ် ။ ပါရမီ ဖြည့်ပေးတယ် ။
ကိုယ်တိုင်က အပြည့်ဝယုံကြည်မှုပေးထားတယ် ။

ပါပီယွန် ပြောသလိုပေါ့ …

" ဘဝမှာ ကိုယ်ချစ်‌တဲ့ မိန်းကလေးရဲ့
အထင်ကြီးမှုကို ခံရတာဟာ အလက်ဇန်းဒါးသည်ဂရိတ် ကမ္ဘာတစ်ခြမ်းကို သိမ်းပိုက်နိုင်ခဲ့တာလောက် နီးနီး ၊ စိတ်ကြီးဝင်စရာကောင်းတယ်မဟုတ်လား " .. တဲ့

ငါတို့အားလုံးဟာ ကိုယ့်ချစ်သူသာ ယုံကြည်ပေးနေပါစေ ၊အားပေးနေပါစေ ၊ အင်အားအပြည့်နဲ့ ကြိုးစားဖို့
တိုးတက်ဖို့ အဆင်သင့်ပါပဲ ။
လုပ်နိုင်တာထက် ပိုလုပ်ပြဖို့လဲ ဝန်မလေးကြဘူးလေ ။

ဒါတွေဟာ ပျော်ရွှင်ပြီး ခိုင်မာနေကြတဲ့ Relationship တိုင်းရဲ့ အဓိက အကြောင်းပြချက်ပါပဲ ။

ကိုယ့်ချစ်သူအပေါ် Respect ရှိရဲ့လား ။
ကိုယ့်ချစ်သူကို Support ပေးနိုင်ရဲ့လား ။

image