mini cat ❤

2 yrs - Translate

Wide Leg လောက်ထိမပွပေမယ့် အမျိုးသားတွေကြား hot ဖြစ်နေဆဲဘောင်းဘီအမျိုးအစားတစ်ခုကတော့ Cargo Pant တွေပါပဲ။ သူ့ကိုမှ တအားမကျပ်တဲ့ Wide Version ကို ပိုအသားပေးရွေးလိုက်ပါ။ Cargo Pant တွေကလည်း Streetwear တွေထဲ ပါနေတဲ့အပြင် အပေါ်က ဘာနဲ့တွဲတွဲအိုခေပြီး လတ်တလောမှာတော့ တီရှပ်တွေ ရှပ်တွေပေါ် cargo vest တွေထပ်ဝတ်တာဟာ အရမ်းကိုခေတ်စားနေပါတယ်။💕

image
2 yrs - Translate

ဖြစ်ချင်တာဖြစ်မလာသေးပေမဲ့
စိတ်ဓာတ်မကျဘူး
အကောင်းဆုံးမျှော်လင့်ထားသလို
အကောင်းဆုံးကြိုးစားတယ်။

သာမန်ခြေလှမ်းနဲ့လျှောက်လှမ်းနေပေမဲ့
အရူံးပေးခြင်းတို့မပါဘူး။

တစ်ယောက်မှဘေးနားမှာမရှိချင်လဲ
ရတယ် ကိစ္စမရှိဘူး
တစ်ယောက်တည်း နေသွားရသွားလည်း
အေးအေးဆေးဆေးပါပဲ။

လိုအင်ဆန္ဒတွေအများကြီးဆိုတာထက်
အေးချမ်းတိတ်ဆိတ်သောဘဝကိုပဲ မက်မောပါတယ်။

🖤☘️
#ဖားစည်ရည်ကျော်
28.5.2024

image
2 yrs - Translate

တစ်ခါတလေ စိတ်ပင်ပန်းမှုက
တော်တော်လေး ပြင်းထန်တယ်နော်
သီချင်းတွေလည်း မတိုးတော့ဘူး
စကားပြောဖော်လည်း မထိရောက်တော့ဘူး
အရာရာကနေ ခွဲထွက်ပြီး
တစ်ယောက်တည်း ‌ခွေနေဖို့ပဲ ရွေးချယ်ချင်တော့တာ။
#lionel Sn

image
2 yrs - Translate

ဆုတောင်းရင် ပြည့်တယ်ဆို‌ပေမယ့်
သူ ပြန်ချစ်ပါစေလို့ ဆုမတောင်းဘူး
သူ့ရင်ထဲက ဖြစ်တည်လာတဲ့အတိုင်းလေးပဲ ဖြစ်စေချင်တယ်

မုန်းရင်လည်း ခံယူလိုက်မယ်
ချစ်ရင်လည်း ခံယူလိုက်မယ်
ဒါဟာ ရိုးသားခြင်းပဲ

ပြန်ချစ်အောင် ဘာဂါထာ ဘာမန္တာန်မှ မရွတ်ဘူး
ဖြူဖြူစင်စင်နဲ့ ပြန်ချစ်တာကိုပဲ လိုချင်တယ်

ဖန်တီးယူတဲ့အရာတွေက တစ်ချိန်ကျရင်
ပျက်စီးဦးမှာပဲ မဟုတ်လား

#han_phyo

image

?

?

2 yrs - Translate

AI ကို အခုချိန်အထိ မလိုအပ်ဘူးဆိုတဲ့သူတွေကို စဉ်းစားလို့တော့မရဘူး

သူတို့ တယူသန်တာက AI ကြောင့်ဘယ်လို အန္တာရယ်တွေ ဖြစ်လာမှာ ဆိုတာလောက်ကစတယ် (ရုပ်ရှင်တွေအကြည့်များပြီး တိုင်ပတ်သွားလားမသိ :3)

တစ်ချို့ဆိုရင် AI တွေပေါ်လာလို့ တစ်ခုခုသိချင်ရင်ရှာမဖတ်ပဲ AI ကိုပဲ ပြေးမေးလို့ အပျင်းပိူထူလာနိုင်တယ် ပြောတာတောင်တွေ့ဖူးတယ် တကယ့်အဆန်းဗျာ

အခု ခေတ်စားနေတဲ့ AI လို့ပြောရရင် ChatGPT, Gemini, CoPilot လို Generative AI တွေကြောင့် တစ်ခုခုဆို သူတို့ပြေးမေးလိုက်ရင် အချိန်ကုန်သက်သာတယ် ၊ သိချင်တာတွေပိုသိရတယ် ဆိုတဲ့အကျိုးကျေးဇူးတွေရှိတယ်
ဒီ AI တွေကို မေးတာတွေကနေ တဆင့် အဖြေရလာတဲ့အခါ ကိုယ်ဘာကိုဆက် သိချင်လဲဆိုတာ လေ့လာဖို့ လမ်းစတစ်ခု ရတယ်ဗျာ အချိန်ကုန် အသိကြွယ်တာပေါ့

နောက်ထပ် တစ်ခုက အခုနောက်ပိုင်း Galaxy AI မှာလို ပါလာတဲ့ Summarize နဲ့ Transcript လိုစနစ်တွေက အတော်ကို အသုံးဝင်တာပါ

Summarize ဆိုတာက စာတမ်းတွေ ၊ သတင်းတွေ ဖတ်တာတွေမှာဆိုရင် AI ကိုဖတ်ခိုင်းလိုက် ၊ ပြီးရင် အကျဉ်းချုံး ပြန်ထုတ်ခိုင်းလိုက်တယ် အားသာချက်
အနေနဲ့ ကိုယ်ဖတ်တဲ့စာရဲ့ အနှစ်ချုပ်သဘောကို ပိုပြီးနားလည်လွယ်တယ်ဗျာ

Browser ထဲမှာဆိုရင် Arc Search နဲ့ဆိုရင် သတင်းဖတ်ရင် AI ကို Summarize ခိုင်းလိုက်ရုံပဲ

Galaxy AI မှာပါတဲ့ Transcript ဆိုရင် ဥပမာ Meeting ခန်းထဲမှာ အသံဖမ်းထားတယ် AI က အလိုလောက်အသံတွေကို ခွဲခြားနိုင်ပြီး ဘယ်သူတွေဘယ်စကားပြောတာလဲဆိုတာခွဲခြားနိုင်သလို ၊ ပြောထားတာတွေကိုအသံဖမ်းပြီး Note တစ်ခု အနေနဲ့ ထုတ်ပေးနိုင်တယ်

အားသာချက်အနေနဲ့ Record ဖမ်းထားပြီးတစ်ခုစီနားထောင်ပြီးမှ ပြန်ပြီး Note ထုတ်နေစရာမလိုပဲ အချိန်ကုန်သက်သာမယ်ဗျာ

အကောင်းဆုံးကတော့ Language Barrier တွေနည်းလာတာပဲ Galaxy AI မှာပါတဲ့ Live Translate လို ဖုန်းပြောတဲ့အခါ ဘာသာစကားကို အလိုလျောက် ဘာသာပြန်ပေးနိုင်တာတွေက ခရီးသွားရင်ဖြစ်ဖြစ် အဆင်ပြေပြီ

လက်ရှိမှာ မြန်မာဘာသာစကားကို CoPilot နဲ့ CharGPT မှာဆို Support ပေးလာပြီ နောက်ပိုင်းကျရင် တခြား Model တွေမှာလဲ ရလာနိုင်ခြေတွေရှိတယ်

Google ဆိုရင် လက်ရှိမှာ Gemma ပေါ်မှာ အခြေခံပြီး Project Navarsa နဲ့ Indic Language တွေကို AI ကို Train ပေးနေတဲ့ Project တွေလုပ်နေတယ်

ဆိုတော့ဗျာ ပြောချင်တဲ့အနှစ်ချုပ်က AI ခေတ်ရောက်နေပြီ ဘာတွေတွေးကြောက်ပြီး ခေတ်နောက်ပြန်ဆွဲနေကြဦးမှာလဲ တကယ်အစွမ်းထက်တဲ့အရာတစ်ခုကို မလိုဘူးတွေပြောနေမဲ့အစား အကျိူးရှိရှိ သုံးနိုင်အောင်နည်းလမ်းရှာပြီးသုံးရင် ပိုမကောင်းပေဘူးလား ဆိုတာပါပဲ

image
2 yrs - Translate

Here We Go!!!နာပိုလီ✅🤝ကွန်တီ!!!!

ကစားသမား အပြောင်းရွှေ့ မရောက်ခင်မှာဆော့ နည်းပြ အပြောင်းရွှေ့တွေက ရှယ်များနေပါတယ်ဗျာ။ အခုလည်း ကွန်တီကတော့ နာပိုလီ နည်းပြ အသစ်ဖြစ်လာပါပြီး မနှစ်က ရလဒ်တွေ ဆိုးနေခဲ့တယ့် နာပိုလီကို ကွန်တီဘယ်လို ပြောင်းလဲမလဲ ဆိုတာ စိတ်၀င်စားစရာပါ။ ၂၀၂၇ အထိစာချူပ်ချုပ်မယ်လို့ ရိုမာနိကပြောပါတယ်။

image
2 yrs - Translate

Here We Go!!!နာပိုလီ✅🤝ကွန်တီ!!!!

ကစားသမား အပြောင်းရွှေ့ မရောက်ခင်မှာဆော့ နည်းပြ အပြောင်းရွှေ့တွေက ရှယ်များနေပါတယ်ဗျာ။ အခုလည်း ကွန်တီကတော့ နာပိုလီ နည်းပြ အသစ်ဖြစ်လာပါပြီး မနှစ်က ရလဒ်တွေ ဆိုးနေခဲ့တယ့် နာပိုလီကို ကွန်တီဘယ်လို ပြောင်းလဲမလဲ ဆိုတာ စိတ်၀င်စားစရာပါ။ ၂၀၂၇ အထိစာချူပ်ချုပ်မယ်လို့ ရိုမာနိကပြောပါတယ်။

image