2 နှစ်များ - ဘာသာပြန်ပါ။

အရေပြားဖောက်ထွင်း အလှဆင်ပြီးနောက် ဂရုစိုက်ရမည့်အချက်များ

နားဖေါက်ခြင်း (သို့) မျက်နှာမှာ ဖေါက်ထွင်းပြီး အလှဆင်ခြင်းတွေ ပိုမိုခေတ်စားလာကြပါတယ်။
ဒါပေမယ့် သူတို့ဟာ လှပသလောက် အရေပြား ဖေါက်ထွင်းမှု အပြီးမှာတော့ ဂရုစိုက်ဖို့အထူး လိုအပ်လာပါတယ်။ ဒီဆောင်းပါးမှာတော့ နာကျင်မှု သက်သာစေဖို့ နဲ့ ဂရုစိုက်ရမယ့် လမ်းညွှန်မှုတွေကို ဖေါ်ပြမှာ ဖြစ်တာမို့ ကိုယ်လုပ်နေတာ ဘာတွေမှားယွင်းနေလဲဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။

ကာကွယ်ပါ။

ကာကွယ်တဲ့ နည်းလမ်းတစ်ခုအဖြစ် အရေပြားဖေါက်မယ့်သူကို သေနတ်အစား အပ်ကိုအသုံးပြုဖို့ စေခိုင်းပါ။ သေနတ်ဟာ ဖိအားနဲ့ နားဖေါက်တာဖြစ်တာမို့ တစ်ရှူးတွေကို မလိုလားအပ်တဲ့ ထိခိုက်မှုတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ပြီးတော့ ပလပ်စတစ် အပိုင်းတွေ ပါတဲ့ သေနတ်တစ်ခုကို ပိုးသတ်ဖို့လည်း ခက်ခဲပါတယ်။ သို့ဖြစ်၍ အပ်နဲ့ဆိုရင်တော့ ပိုးသတ်လို့လည်းရ၊ တိကျမှုကိုလည်း ပိုမို ထိန်းချုပ်နိုင်ပါတယ်။ သူဟာ ခွဲစိတ်ဓါးလိုမျိုးပဲ တိကျတဲ့ ခွဲကြောင်းရာဖြစ်ပေါ်စေပြီး တစ်ရှူးထိခိုက်မှုကိုလည်း နည်းပါးစေပါတယ်။ သေနတ်ဟာ နာကျင်မှုပိုနည်းစေတယ်ဆိုတာဟာလည်း ယုံတမ်းစကားတစ်ခုသာ ဖြစ်ပါတယ်။ အပ်နဲ့ မှန်ကန်စွာ ဖေါက်နိုင်မယ်ဆိုရင်လည်း နာကျင်မှုနည်းပါးပါတယ်။

သန့်ရှင်းစွာထားပါ။

အရေပြားဖေါက်ခြင်းကို ဂရုစိုက်ဖို့အတွက် ဆပ်ပြာ၊ရေ၊ ဆားရည် saline အရည်တွေနဲ့ သန့်ရှုင်းရေးလုပ်သင့်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ် ပြုလုပ်သင့်ပါတယ်။ အရက်ပြန်ကို မသုံးသင့်ပါဘူး။ ရေဓါတ်အလွန်ခမ်းခြောက်ရင် ကွဲပြီး သွေးထွက်လာနိုင်ကာ ဖေါက်ထားတဲ့နေရာဟာ အပေါက်ကြီး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအကြောင်းရင်းတွေအတွက် အဆီကို အခြေခံထားတဲ့ ဆပ်ပြာကို အသုံးပြုသင့်ပါတယ်။ သူတို့ဟာ အနာကို သန့်ရှင်းပေးပြီး အနာကျက်နေတဲ့ တစ်ရှူးကို အဆီဖြည့်ပေးပါတယ်။ နားကပ်တွေကို စိုစွတ်နေတဲ့ အချိန်မှာသာ လှည့်ပေးနိုင်ပါတယ်။

စိတ်ရှည်ပါ။

အရိုးနုကို ဖေါက်ခြင်းဟာ အသားကိုဖေါက်ခြင်းထက် ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အရိုးနုဟာ အနာကျက်နေစဉ်အတွင်းမှာ ပိုထိခိုက်လွယ်ပါတယ်။ လုံးဝပြန်ကောင်းသွားစေဖို့ အချိန်နဲ့ ဂရုစိုက်မှု လိုအပ်ပါတယ်။
အနာကျက်ဖို့ ဘယ်အရာတွေ လိုအပ်လဲဆိုတာနဲ့ ဘယ်လောက်ကြာအောင် စောင့်ရမလဲဆိုတာတွေကို သိထားသင့်ပါတယ်။ နားဖေါက်ခြင်းဟာ အနာကျက်စေဖို့ ပုံမှန်အားဖြင့် နှစ်လကနေ သုံးလထိ ကြာမြင့်တတ်ပြီး အရိုးနုဖေါက်ခြင်းကတော့ ဆယ်လအထိ ကြာမြင့်နိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုတွေ၊ အရည်ထွက်ခြင်းတွေ၊ နီမြန်းမှုတွေ ရပ်သွားတဲ့အချိန်မှာတော့ အနာကျက်သွားပြီ ဖြစ်ပါတယ်။
သင်တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားဖို့ လိုအပ်ပါတယ်။ အနာလုံးဝကျက်စေဖို့အတွက်ဟာ လူနာရဲ့စိတ်ပေါ်လည်း မူတည်ပါတယ်။ သင့်ကိုယ်ခန္ဓာက ပုံမှန်မဟုတ်တဲ့ အရာဝတ္ထုတွေကို စွန့်ထုတ်ပေးမှာဖြစ်တာမို့ စိတ်ကို တည်ကြည်အောင်ထားသင့်ပြီး ဂရုစိုက်သင့်ပါတယ်။ တခါတလေမှာတော့ ရိုးရှင်းတဲ့အရာတွေဟာ အကောင်းဆုံးဖြစ်ပါတယ်။ သန့်ရှင်းလို့အတွက် ဆပ်ပြာနဲ့ ရေကို အသုံးပြုသင့်ပြီး အရောင်ကျဖို့ ရေခဲကို အသုံးပြုသင့်ပါတယ်။ သေချာစွာ ဂရိုစိုက်မယ်ဆိုရင်တော့ အရေပြား (သို့) အရိုးနုဖေါက်ခြင်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ ဖေါက်ထားတဲ့နေရာက သင့်ကို စိတ်အနှောင့်အယှက်ပေးနေတယ်ဆိုရင် မကြောက်သွားပါနဲ့။ ပြင်းထန်တဲ့ ရောင်ရမ်းမှု၊ နီမြန်းမှု၊ အပူဖြာထွက်မှု၊ အရည်ထွက်မှုတွေ တွေ့ခဲ့ရင်လည်း မကြောက်သင့်ပါဘူး။ အတော်များများဟာ ရောဂါပိုးဝင်တာမဟုတ်ပဲ အရေပြား ယားယံခြင်းဟာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အခြေအနေ ပိုဆိုးလာရင် အရေးပေါ် ကုသမှု ခံယူသင့်ပါတယ်။

Credit:ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

image
2 နှစ်များ - ဘာသာပြန်ပါ။

ပင်လယ်စာဆောစ့်

ငါးကင် ၊ ပင်လယ်စာ ၊ ဝက်ဆလပ်ကင်တို့နှင့်
တွဲစားလို့ အရမ်းကောင်းသော😋😋😋

ငရုပ်သီးလှော်=150g

ကြက်သွန်ဖြူ=140g

နံနံပင်3ပင်+အမြစ်1ခု

ကြက်သွန်ဖြူအချဥ်ရည်=60ml

ထိုင်းထန်းလျက်=80g

သံပုရာရည်အစစ်=100ml

အချိုမှုန့်၊သကြား=20g

ငါးငံပြာရည်=60ml

အားလုံးကို Blender ထဲ ရောကြိတ်ပေးပါ။

ရလာသည့် ဆောစ့်ကို ပင်လယ်စာ ၊ ငါးကင် ၊
ဝက်ဆလပ်တို့နှင့် တွဲစား ကြည့်ပါ။

အရမ်းစားလို့ကောင်းပါတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

ညံ့နေသောကံများ တဖြည်းဖြည်းပြန်လည်
ကံမြင့်လာစေ​သောနည်းများ

၁။ ဘုရားကျောင်းဆောင် သန့်ရှင်းပါ။

၂။ ပဌာန်းတော် ပရိတ်တော် နေ့စဥ်ဖွင့်ပါ။

၃။ ဆွမ်း ပန်း ရေချမ်း ဆီမီး နေ့စဉ်ကပ်ပါ။

၄။ဘုရား တရား သံဃာ ဂုဏ်တော် နေ့စဥ်ပွားပါ။

၅။လမ်းပေါ်ရှိ အမှိုက်သရိုက် ဆူးများမရှိအောင်
လှည်းကျင်းပါ။

၆။စေတီပရဝုဏ် တံမြက်လှည်းကုသိုလ်ယူပါ။

၇။ဘုန်းကြီးကျောင်း ကုဋီသန့်ရှင်းရေးလုပ်ပါ။

၈။ ရေကန်ဆယ်ပါ။

၉။ ရေတွင်း ရေကန် ရေ အလှူပြုပါ။

၁၀။ လမ်းမှာ အမှတ်တမဲ့တွေ့ရတဲ့
ဆာလောင်နေသူ လူ/တိရိစ္ဆာန်တို့ကို ဒါနပြုပါ။

၁၁။သစ်ပင်စိုက်ပါ။

၁၂။အရိပ်လှူပါ။

၁၃။လေလွင့်တိရိစ္ဆာန်
များကို ဒါနပြုပါ။

၁၄။ အရူးကျွေးပါ။

၁၅။ တံတားထိုးပါ၊ လှူပါ။

၁၆။ ရဟန်းဒကာ ခံယူပါ။

၁၇။ရေနစ်တိရိစ္ဆာန်လေးများအား ဆယ်ပါ။

၁၈။ ကံငါးပါး လုံပါ။

၁၉။ စိတ်ကောင်းမွေးပါ။

၂၀။ ဝစီဒုစရိုက် ရှောင်ပါ။

၂၁။ သူတစ်ပါးကျေးဇူးကို သိတတ်ပါ။

၂၂။သူတော်ကောင်းတရား(၇)ပါးကို ကျင့်သုံးပါ။

၂၃။တရားထိုင်ပါ။
အထက်ပါအလုပ်တွေကို ဘာပဲလုပ်လုပ် ပြီးပြီးရော မလုပ်ပါနဲ့။
သဒ္ဓါ ပီတိလေးပွားပြီး ရအောင်လုပ်ပါ။

မုချ ကံမြင့်လာမှာပါ။

ဆိုး နေတဲ့ ကံတွေကို လက်တွေ့ကျကျ ကျနော်တို့နှင့်အတူ စပြင်နေပြီ မိတ်ဆွေ။
မိတ်ဆွေရဲ့ အနာဂတ်ဟာ လင်းလက်တောက်ပနေပြီ။
Post လေးတွေ လွတ်သွားမှာစိုးရင် Favorite ထဲ
ထည့်ထားဦးနော်။
မိတ်ဆွေတို့ အားလုံးကို ပိုကောင်းတဲ့ ဘဝတွေဆီခေါ်ဆောင်သွားချင်တာ တကယ့်ဆန္ဒပါ။

image
2 နှစ်များ - ဘာသာပြန်ပါ။

မကြိုးစားရသေးခင် လွယ်လွယ်လက်မလျှော့ပါနဲ့

တစ်ခါတုန်းက လူတစ်ယောက်က ဆင်စခန်းနားကနေ ဖြတ်သွားပါတယ်။ ဆင်တွေရဲ့ ခြေထောက်တစ်ဖက်မှာ ကြိုးသေးသေးလေးနဲ့ ချည်ထားတာကို တွေ့လိုက်တယ်။ လှောင်အိမ်နဲ့ ထားတာမဟုတ်သလို သံကြိုးတွေနဲ့လည်း ချည်နှောင်ထားတာမဟုတ်ပါဘူး။ ဒါပေမယ့် ဆင်တွေက ဘာလို့ ထွက်မပြေးတာလဲ။ ဒီကြိုးလောက်ဆိုရင် သူတို့ အလွယ်တကူ ရုန်းနိုင်မှာပဲမဟုတ်လား။

သူ့ အနေနဲ့ ထူးဆန်းသွားပြီး ဆင်စခန်းက ဆင်ထိန်းကို အဲ့ဒီအကြောင်းသွားမေးတာပေါ့။ အဲ့ဒီအခါ ဆင်ထိန်းက သူတို့အနေနဲ့ ဆင်တွေကို ဆင်ပေါက်လေးတွေဘဝကတည်းက အဲ့လိုကြိုးကလေးနဲ့ ချည်ထားတာပါ။ အဲ့ဒီအရွယ်တုန်းကတော့ ဒီကြိုးလေးတွေက သူတို့ထွက်ပြေးသွားလို့ မရအောင် ချည်နှောင်ထားနိုင်ခဲ့တာပေါ့။ ဒါပေမယ့် ဆင်လေးတွေကနေ ဆင်အကြီးကြီးတွေဖြစ်လာပေမယ့် သူတို့ စိတ်ထဲမှာ သူတို့ ရုန်းထွက်လို့ မရနိုင်ဘူး။
ဒီကြိုးလေးတွေက သူတို့ကိုထွက်ပြေးလို့ မရအောင် ချည်နှောင်ထားနိုင်မှာဖြစ်တယ်လို့ ယုံနေကြပြီး မရုန်းကြဘူးလို့ပြောပြလိုက်ပါတယ်။

ဆင်ထိန်းရဲ့ အဖြေမှာ သူအရမ်းအံ့ဩသွားတာပေါ့။ တကယ်ဆိုရင် သူတို့ ခွန် သူတို့အားနဲ့ဆိုရင် ဒီကြိုးလေးက အလွယ်တကူရုန်းထွက်နိုင်မှာပါ။ ဒါပေမယ့် သူတို့ကလေးဘဝက သူတို့ကို ထွက်ပြေးလို့မရအောင် ချည်နှောင်ထားတယ်ဆိုတဲ့အသိနဲ့ ဒီလိုထွက်မပြေးပဲနေရသလားလို့ တော်တော်အံ့ဩသွားပါသတဲ့။

ဒီဇာတ်လမ်းလေးလိုပါပဲ။ လူတွေမှာလည်း မကြိုးစားကြည့်သေးပဲမဖြစ်နိုင်ဘူးဆိုပြီး ကြိုတင်လက်လျှော့လိုက်တာတွေက ဒုနဲ့ဒေးပါ။ ငါမလုပ်နိုင်ပါဘူး။ ဒါက အရမ်းခက်တယ်။ ငါလုပ်ရင် အောင်မြင်မှာမဟုတ်ပါဘူး ဆိုပြီး စစ်မရောက်ခင်မြားကုန်တတ်တဲ့သဘောသဘာဝက လူတော်တော်များများမှာ ရှိတတ်ကြပါတယ်။ အဓိကပြောချင်တာက ကြိုးစားကြည့်ပါ။ တကယ် ကိုယ်ထင်ထားသလို လုံးဝမဖြစ်နိုင်ဘူးဆိုတာကတော့ မရှိနိုင်ပါဘူး။ ပူပန်ကြောက်ရွံ့မှုထက် ကြိုးစားအားထုတ်မှုတစ်ခုက ပိုပြီး ထိရောက်တဲ့ရလဒ်တစ်ခုကို ရရှိစေနိုင်မှာပါ။ ဘယ်လောက်ခက်ခဲမယ်လို့ ထင်ရပါစေ။ ပထမဆုံး ခြေလှမ်းကိုတော့ အရင်ရုန်းထွက်ကြည့်ပြီး ကြိုးစားကြည့်ပါလို့ တိုက်တွန်းပါရစေ။

imageimage
2 နှစ်များ - ဘာသာပြန်ပါ။

Your message is not just a message, it's my happiness.

me: အဲ့လောက်ဂရုမစိုက်တာပြတ်ကျတာပေါ့
also me:

image