2 yrs - Translate

ချန်ပီယံလိဂ်ဆုဖလား အများဆုံးရ ကစားသမားတွေနဲ့ နည်းပြ ဖြစ်လာကြပြီ...
---------------------------------
ရီးယဲလ်အသင်း ဒေါ့မွန်ကို အနိုင်ယူပြီး ချန်ပီယံလိဂ် ၁၅ကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့တာက ရီးယဲလ်သမိုင်းမှာ အခြား ခမ်းနားတဲ့ သမိုင်း မှတ်တမ်းတွေ ရေးထိုးလိုက်နိုင်ပြန်ပါသေးတယ်။
ဒါက‌တော့ ရီးယဲလ်ကစားသမားတွေဖြစ်တဲ့ ခရူးစ်၊မိုဒရစ်၊ကာဗာဟယ်နဲ့ နာချို တို့ ၄ဦးဟာ ချန်ပီယံလိဂ်ဆုဖလားကို ရီးယဲလ်နဲ့ ၆ကြိမ်အထိ သိမ်းပိုက်နိုင်ခဲ့တာပါ။
မူလက ရော်နယ်ဒိုနဲ့အတူတူ ချန်ပီယံလိဂ်ဆုဖလားကို ၅ကြိမ် အများဆုံး သိမ်းပိုက်ထားနိုင်ကြရာမှ အခုတော့ သူတို့ ၄ဦးက ရော်နယ်ဒိုရဲ့ စံချိန်ကိုပါ ကျော်ဖြတ်နိုင်ခဲ့တာပါ။
ဒါကြောင့် ရီးယဲလ်ရဲ့ ဂန္ထဝင် ကစားသမားကြီးတစ်ဦးဖြစ်တဲ့ ဒီဂျန်တို တင်ရှိခဲ့တဲ့ ချန်ပီယံလိဂ် ၆ကြိမ် ရ စံချိန်နဲ့တူညီသွားခဲ့ပါပြီ။
နည်းပြ အန်ဆယ်လော့တီကလဲ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၆ကြိမ် တက်လှမ်းခဲ့ပြီး ၅ကြိမ်ထိ ဗိုလ်စွဲ နိုင်ခဲ့ပါတယ်။
ရီးယဲလ်အတွက်တင် ၃ကြိမ် တိတိ ရယူပေးထားနိုင်ပြီဖြစ်လို့ သူကလဲ ချန်ပီယံလိဂ်ဆုဖလားကို အကြိမ် အများဆုံး ဆွတ်ခူးထားနိုင်တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်နေပါပြီ။ ပြိုင်စံရှား ချန်ပီယံ ဂုဏ်ပုဒ်တွေကို ဘယ်သူမှတောင် လိုက်မီမယ် မထင်ပါဘူး။

image
2 yrs - Translate

Donald Trump နဲ့အတူ ရွေးကောက်ပွဲအကြောင်းတွေ ဆွေးနွေးသွားမယ့် Elon Musk

မကြာခင်ရောက်ရှိတော့မယ့် အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမယ့် အစီအစဉ်ကို X platform မှာ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပြီး ဒီ Live မှာဆိုရင် အမေရိကန်သမ္မတဟောင်းဖြစ်တဲ့ Donald Trump နဲ့အတူ Elon Musk ကလည်း ပါဝင်သွားမှာဖြစ်ပါတယ်။

ဒီပွဲမှာဆိုရင်တော့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာများ၊ ရည်မှန်းချက်များကို ဆွေးနွေးပြောကြားမှာဖြစ်ပြီး ကြည့်ရှုသူတွေဘက်က သိလိုတဲ့မေးခွန်းတွေကို မေးမြန်းနိုင်မှာပါ။

ဒီပွဲကိုတော့ X နဲ့အတူ Cable Channel NewsNation တို့ ပူးပေါင်းထုတ်လွှင့်သွားမှာဖြစ်ပြီး ထုတ်လွှင့်သွားမယ့် နေ့ရက်နဲ့ အချိန်ကိုတော့ အတိအကျ ကြေညာထားခြင်းတော့ မရှိသေးပါဘူး။

image
2 yrs - Translate

▪️လက်ရှိဖက်ရှင်နဲ့ ပတ်သက်ပြီး ဘာတွေခေတ်စားနေလဲဆိုတာ အမြဲလေ့လာနေသူတစ်ယောက်ဆိုရင် Corduroy နဲ့ပတ်သက်တဲ့ အဝတ်အစားတွေ တကျော့ပြန်ခေတ်စားလာတာ သတိပြုမိပါလိမ့်မယ်။ ဘောင်းဘီဆိုရင်လည်း ၁၉၈၀ပြည့်နှစ်က Chino Corduroy ဘောင်းဘီစတိုင်တွေ၊ Pleated ပုံစံတွေသာမက Straight Length ကိုမှ Loose အပွပုံစံတွေ ပြန်ဝတ်လာကြပါတယ်။💕

image

what a style ?

2 yrs - Translate

မိုးတွင်းနဲ့လိုက်ပေမယ့် ဒီမှာအ၀တ်နည်းတာကတော့ Long Coat တွေနဲ့ Trench Coat တွေပါ။💁 Rain Coat တွေကိုလည်း အရှည်ကြိုက်ရင် အဲ့ထဲကရွေးပြီး အမိုက်စား styling လုပ်နိုင်သေးတာပါ။ သူ့ကိုဆို Mini Dress တွေပေါ်ကနေဖြစ်ဖြစ် Joggers Outfit အတွဲအစပ်ပေါ်ဖြစ်ဖြစ်၊ Skinny Outfit ဒါမှမဟုတ် Straight Jeans Outfit ပေါ်ကဖြစ်ဖြစ် စိတ်ကြိုက်တွဲလို့ရပါတယ်။ 💯✨

image
2 yrs - Translate

မုန့်ဦးနှောက်လုပ်နည်း
=============

ပါဝင်ပစ္စည်းများ

1.ယိုးဒယားဆန်မှုန့် နို့ဆီဗူး ၂ ဗူး
2.ယိုးဒယားသာကူ ၅ ကျပ်သား
3.ယိုးဒယား အုန်းနို့ဗူး ၁ ဗူး
4.သကြား ၁၅ ကျပ်သား
5.ဆားနဲနဲ

အုန်းနို့အဆီချက်ရန် အုန်းသီးရင့်ရင့် ၁လုံး

ပြုလုပ်ပုံ အဆင့်ဆင့်
=============

အုန်းသီးအရည်ညှစ်ပြီး အုန်းဆီချက်ချက်ထားပါ ....

ဆန်မှုန့် နို့ဆီဗူး ၂ ဗူး ရေ နို့ဆီဗူး ၇ ဗူးရောဖျော်ပြီး တစ်နာရီခန့် မုန့်သားညက်အောင် ထားထားပေးပါ

ရေနို့ဆီဗူး ၂ ဗူးဆူအောင်တည်ပြီး ဆူလျှင်သာကူမျက်စိပျောက်အောင်ကြိုပါ

သာကူမျက်စိပျောက်လာလျှင် နှပ်ထားသော
ဆန်မှုန့်ဖျော်ထားတာကိုထဲ့ပါ ...
အဆက်မပြတ်မွှေနေရင်း သကြား ဆား အုန်းနို့ဗူးထဲမှ အုန်းနို့များထည့်ပါ

မီးမပြင်းပါစေနဲ့ .... မီးအလယ်အလတ် နဲ့အဆက်မပြတ်မွှေရင်း မုန့်ရည် ပြစ်လာပါလိမ့်မယ်

မုန့်ရည်ပြစ်လာပြီး မုန့်ရည်ကြွက်မှီးတန်း
ခပ်ပြစ်ပြစ်အနေအထား ရပြီဆိုလျှင် ရပါပြီ

မုန့်ဗန်းထဲမှာ ဆီအနဲငယ်သုတ်ထာပါ
ပြီးလျှင်ကြိုထားတဲ့ မုန့်နှစ်ရည်ကို ဗန်းထဲသွန်
ချပြီး မျက်နှာပြင်ညီအောင်ညှိပြီး အအေးခံထားပါ

မုန့်အေးပြီဆို ဓါးကို ဆီသုပ်ပြီး လိုသလိုလှီး
ဖြတ်ပြီး အုန်းဆီချက် သကြားတို့နဲ့တွဲဖက်ပြီး
သုံးဆောင်နိုင်ပါတယ်။
.

image
2 yrs - Translate

ဆေးဘဲဥသုပ်

ဆေးဘဲဥ
ပုစွန်ခြောက်
ငရုတ်သီးစိမ်း
ခရမ်းချဥ်
ဆီချက်
ဆား
အချိုမှုန့်/ကြက်သားမှုန့်

image
2 yrs - Translate

ခါကြက်ဥ ကျောက်ကျော ခေါ် မုန်လာဥနီကျောက်ကျော

ပထမဆုံး
ဗမာ မုန်လာဥနဲ့ အလတ် ၇လုံးကို အခွံခြစ်ပီး ရေဆေး အတုံးပဲနီစေ့လေညက်တုံး သစ်သီးဖျော်စက်ထဲထည့် နို့ဆီ နို့ဆီဗူး တဝတ် သကြား ထမင်းစား ၁ဇွန်းအမောက် ရေ လက်ဖက်ရည်ပုဂံ ၁လုံးထည့် စက်နဲ့ဖျော်ထားပီး ခွက်တခုထဲဖျော်ပီးထည့်ထားပါ
ကျိုပါမယ် ဒုတိယ
အာဂါးအပြာ အမှုန့်၂ထုတ်ကို ပုဂံတခုမှာထည့် သကြား ထမင်းစားဇွန်း ၅ဇွန်းအမောက်ရောထား
ရေ သန့်၂ လီတာ အိုးတခုမှာထည့် တူအောင်ကျိုပါ ရေ ဆူလာရင် အစောက သကြားနဲ့ ကျောက်ကျောမှုန့်ရောထားတာ ထည့်မွှေပါ အဆက်မပြက်မွှေပါ အရည်လေး လက်နဲ့စမ်းလိုက်ရင် ခဲ ကျိကျိနေရင် ပထမ စက်နဲ့ဖျော်ထားတဲ့ မုန်လာဥနီ ဖျော်ရည်ထည့်မွှေပါ လက်လေးပေါ်တင်လို့ ခဲ ကျိကျိနေရင် မုန့်ထည့်ဗန်းထဲ လောင်းထည့်ပီး အအေးခံထားပါ အေးလာပီဆို ဓားလေးနဲ့လှီး ဗူးလေးထဲထည့် အအေးခန်းသိမ်းပီး သုံးဆောင်နိုင်ပါတယ်ရှင်
.

image
2 yrs - Translate

မြန်မာပြည်က အမှောင်လောကသားတွေကတော့ AI ကို အသုံးချပြီး စီးပွားရှာနေကြပြီဗျာ

သတိထားမိကြလားတော့ မသိဘူး။ အခုနောက်ပိုင်းမှာ AI နဲ့ လုပ်ထားတဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို သုံးပြီး စီးပွားရှာကြတဲ့ လူတွေများလာပြီ။ အဲ့ဒီလိုမျိူး AI အသုံးချပြီး စီးပွားရှာကြတာကို အမှောင်လောကသားတွေရဲ့ ၁၈+ Contents တွေမှာ တွေ့ရများတယ်။

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် YouTube ပေါ်မှာ မိန်းကလေး AI Avatar နဲ့ AI မြန်မာအသံ သုံးပြီးလုပ်ထားတဲ့ ၁၈+ Knowledge Sharing ဗီဒီယိုတွေများလာတယ်။ နောက်ပြီးတော့ Slot ဂိမ်းကြော်ငြာတွေမှာ အရင်တုန်းက Celebrities တွေရဲ့ ပုံတွေကို ယူသုံးကြပေမဲ့ အခုနောက်ပိုင်းမှာတော့ AI မော်ဒယ်ပုံတွေကို အသုံးများလာကြတယ်။

ဒါကြောင့် မြန်မာပြည်က အမှောင်လောကသားတွေဟာ နောက်ဆုံးပေါ် နည်းပညာကို အသုံးချပြီး စီးပွားရှာတဲ့နေရာမှာ အလင်းလောကသားတွေထက် ပိုသွက်တယ်လို့ ပြောရမယ်။

အဓိကပြောချင်တာကတော့ အခုက AI ခေတ်ဖြစ်နေပါပြီ။ အဲ့ဒီတော့ အလင်းလောကသားတွေလည်း AI ကို အသုံးချပြီး စီးပွားရှာကြပါ။ AI ဟာ အသုံးချတတ်ရင် ချတတ်သလို ကိုယ့်အတွက် အကျိူးရှိစေပါတယ်။

image
2 yrs - Translate

ချန်ပီယံလိဂ်ဖလားဆွတ်ခူးပြီး နောက်တစ်ရက်မှာတင် အမ်ဘတ်ပေ ကို ရီးရဲလ် စာချုပ်ချုပ်လိုက်ပြီ
-----------------
ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘတ်ပေကို တရားဝင်လက်မှတ်ရေးထိုး စာချုပ်,ချုပ်လိုက်ပြီလို့ နာမည်ကျော်သတင်းထောက် ရိုမာနိုရဲ့ဖော်ပြချက်အရ သိရှိရပါတယ်။ အမ်ဘတ်ပေ ဟာ ရီးရဲလ်မက်ဒရစ်ဆီကို ပြောင်းရွှေ့တော့မယ်ဆိုတာ ကမ္ဘာတစ်ဝန်းက ဘောလုံးပရိသတ်အားလုံး သိရှိနေပြီးသားပါ။ အခုတော့ တရားဝင်အတည်ပြုချက် ထွက်လာခဲ့ပြီဖြစ်လို့ ရီးရဲလ်မက်ဒရစ်ဆီကို အမ်ဘတ်ပေက ၂၀၂၃-၂၄ ဘောလုံးရာသီကြီး ပြီးဆုံးပြီးတဲ့နောက် နောက်တစ်ရက်မှာတင် ရောက်လာခဲ့ပြီလို့ ဆိုရပါလိမ့်မယ်။

ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ဆုဖလားကြီးကို ၁၅ ကြိမ်မြောက် ဆွတ်ခူးရရှိပြီးတဲ့နောက် နောက်တစ်ရက်မှာတင် အမ်ဘတ်ပေကို စာချုပ်ချုပ်ဆိုပြီး မင်္ဂလာအပေါ် မင်္ဂလာထပ်ဆင့်ကာ အချိုရည်ကို သကာထပ်လောင်းလိုက်ပြီပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဆီကို အမ်ဘတ်ပေ ရောက်ပြီ၊ အမ်ဘတ်ပေကို ရီးရဲလ်မက်ဒရစ် စာချုပ်ချုပ်ဆိုလိုက်ပြီဆိုတဲ့သတင်းကို နာမည်ကြီးအေးဂျင့် ဖာဘရီဇီယို ရိုမာနိုက သူ့ရဲ့တွစ်တာလူမှုကွန်ရက်စာမျက်နှာကနေ HERE WE GO ဆိုတဲ့စာလုံးနဲ့ တွဲဖက်ပြီး BREAKING NEWS အဖြစ် အသိပေးလိုက်တာကို လက်ရှိမှာ နာမည်ကြီးသတင်းမီဒီယာများစွာက ကိုးကားရေးသားနေကြပြီလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘတ်ပေ ကို လာမယ့်သီတင်းပတ်ထဲမှာ အသင်းကစားသမားအဖြစ် တရားဝင်မိတ်ဆက်ပွဲ ကျင်းပမယ်လို့ သိရှိရပြီး ယူရိုပြိုင်ပွဲမတိုင်ခင် အမ်ဘတ်ပေကို စာချုပ်,ချုပ်လိုက်တဲ့အတွက် အမ်ဘတ်ပေ ဟာ ယူရိုပြိုင်ပွဲကို ရီးရဲလ်မက်ဒရစ်အသင်းကိုယ်စားပြုကစားသမားအဖြစ် ကစားခွင့်ရသွားခဲ့ပြီဖြစ်ပါတယ်။

image