2 yrs - Translate

ညက ချန်ပီယံလိဒ်ဆုဖလားကို ဆွတ်ခူးပြီးနောက် ရွှေဘောလုံးကိုရဖို့ အတွက်ရီးရဲလ်ကကစားသမားတွေ ရှေ့က ပြေးနေကျပါတယ်။

၁၊ ဗီနီရှပ်
၂၊ဘယ်လမ်ဟန်
၃၊ တိုနီခရူးစ်
၄၊ ဘာပေ
၅၊ ဖိုဒန်
၆၊ ကိန်း
၇၊ ရိုဒရီ
၈၊ ဖလိုရီယန် ရစ်
၉၊ ဒီဘရိုင်း
၁၀၊ ဟာလန်း

image

Eat or Pass?

Hazelnut Cream Coffee

Chessy Garlic Bread Toast

2 yrs - Translate

Tizen OS ကိုတော့ Galaxy Gear တွေနဲ့ ရင်းနှီးတဲ့သူတွေသိကြမှာပါ Galaxy Gear 2 နဲ့ Gear S ဆိုရင် ခေတ်ရှေ့ပြေးတဲ့ Smartwatch တွေလို့တောင်ဆိုရမှာ တစ်ခုက ကင်မရာပါတဲ့ နာရီ ၊ တစ်ခုကတော့ Curved Display နဲ့နာရီ ပါ

Samsung က အရင်က Tizen OS ဆိုတာကို သူ့ရဲ့ စမတ်နာရီတွေပေါ်မှာသုံးခဲ့ဖူးတယ် ဒါပေမဲ့ နောက်ပိုင်း Galaxy Watch 4 ထွက်အပြီးမှာ Samsung နဲ့ Google တို့ ပနံသင့်ခဲ့ပြီး WatchOS ကို Galaxy Watch တွေပေါ်တင်လိုက်ပါလေရော

အခုတော့ TizenOS သုံးထားတဲ့ စမတ်နာရီတွေရဲ့ Software Support ကို လာမည့် 2025 မှာ အဆုံးသတ်တော့ပါမယ်တဲ့ ဘယ်လိုတွေဖြစ်လာမလဲဆိုရင် Galaxy Store ကို ဝင်လို့မရတာ ၊ Software အသစ်တွေကို Download လုပ်လို့မရတာတွေဖြစ်လာမှာပါ

ဒီနေရာမှာ တစ်ခုသဘောကျတာက အဆုံးသတ်လှတယ်ပြောရမှာပေါ့ဗျာ Tizen OS သုံးထားတဲ့ Galaxy Watch တွေရဲ့ Trade-in reward ကို Samsung က အများကြီးတိုးပေးလိုက်တာပဲ

Galaxy Watch 3
Galaxy Watch
Galaxy Watch Active နဲ့ Active 2 တွေကို Trade in စျေးနှုန်း $100 အထိ ပေးလိုက်တာပါ အရင်က $5 ပဲပေးတာပါတဲ့

တကယ်သာဆိုရင် ဒီနာရီတွေကလဲ Software Support သာမရတော့တာ တကယ်အသုံးခံတဲ့နာရီတွေဖြစ်နေတော့ TizenOS Galaxy Smartwatch သုံးနေသူတွေအတွက် Software Support မရတော့တဲ့အခါ တခြားနာရီတွေပြောင်းမသွားပဲ WatchOS Galaxy Watch အသစ်တွေကို ပြောင်းနိုင်အောင် လုပ်ပေးတဲ့ပုံပါပဲ

image
2 yrs - Translate

ရီးရဲလ်မှာ ဆက်ရှိနေဖို့ သေချာသွားတဲ့ လူကာ မိုဒရစ်
-------------------
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်ကွင်းလယ်လူ မိုဒရစ်ကတော့ နောက်ရာသီမှာလည်း အသင်းမှာ ဆက်ရှိဖို့ သေချာသွားခဲ့ပြီဖြစ်ကြောင်း နာမည်ကျော်သတင်းထောက် ရိုမာနိုက အတည်ပြုပေးခဲ့ပါတယ်။ စာချုပ်သစ်ချုပ်ဆိုနိုင်ရေးအတွက် အသင်းရဲ့ဥက္ကဋ္ဌ ပီရက်ဇ်နဲ့ တွေ့ဆုံဖို့ရယ်၊ လက်မှတ်ထိုးပြီး တရားဝင်ကြေညာဖို့ရယ်ပဲ ကျန်တယ်လို့ ဆိုပါတယ်။

မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ဆက်နေခွင့်အတွက် လုပ်ခလစာအကျိုးခံစားခွင့်ကို ထည့်မတွက်ခဲ့ဘဲ ငွေကြေးအရကြီးမားတဲ့ ကမ်းလှမ်းမှု ၂ ခုကိုတောင် ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ၆ ကြိမ်အထိရရှိထားပြီး လက်ရှိအချိန်မှာ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရိုအေးရှားအသင်းခေါင်းဆောင်ဟာ မက်ဒရစ်မှာပဲ အနားယူဖို့ စိတ်ကူးရှိနေတာလည်း ဖြစ်ပါတယ်။

image
2 yrs - Translate

Other: မာလာရှမ်းကော ဘယ်နှစ်ပွဲစားနိုင်လဲ?

Me : 😁😁

image
2 yrs - Translate

🥹🤧

image
2 yrs - Translate

"မိဘကျေးဇူး ဆပ်နည်း ( ၆ ) ချက်''

1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း

2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း

3 ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း

4 ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း

5 တရားနာ ရိပ်သာဝင်ခိုင်း၍ကျေးဇူးဆပ်နည်း

6 အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း

တို့ပဲဖြစ်ပါတယ်.......

1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း.......

မိဘအတွက်
စားဦးစားဖျား ဖယ်ထားတာ
မိဘစားချင်တာ ချက်ကျွေးတာ
မိဘစားချင်တဲ့မုန့် ဝယ်ပေးတာ စတာတွေကို
လုပ်ပေးတာတွေက
မိဘတွေ အလွန်ပဲ ၀မ်းသာပါတယ် တဲ့.....

ဒါကြောင့်
အစားအစာ ကျွေး၍
မိဘကို ကျေးဇူးဆပ်နိုင်ပါတယ်.........။

2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း........

မိဘများ
စာချင်တာတွေ စားနိုင်အောင်
မရောက်ဖူးသေးတဲ့ ဘုရားတွေ ဖူးနိုင်အောင်
လှူချင်တာတွေ လှူနိုင်အောင် စတာတွေကို
လုပ်ပေးရင်
မိဘတွေက အလွန်ပဲ ဝမ်းသာပါတယ် တဲ့.......

ဒါကြောင့်
မိဘအတွက် ဥစ္စာ(ပိုက်ဆံ)ပေး၍လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.......

ပိုက်ဆံဆိုတာ မဆပ်လည်း ကုန်မှာ
ဆပ်လည်း ကုန်မှာပါနော်.....။

3 ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း........

အိမ်မှုကိစ္စများနှင့်
မိဘတွေပင်ပန်းမယ့် အခြားကိစ္စတွေမှာ
ကိုယ်တိုင်၀င်ရောက်ပြီး
မိဘတွေမပင်ပန်းအောင် ပြုလုပ်ပေးခြင်း
မိဘကို နင်း နှိပ် ပေးခြင်း
ပြုစုပေးခြင်း စတဲ့
ဝေယျာဝစ္စတွေကို ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........

4 ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း........

မိဘတွေ ကုသိုလ်ရအောင်
တရားနာနိုင်အောင် တိုက်တွန်းခြင်း
သင်္ကန်းတွေ လှူခိုင်းခြင်း
အလှူတွေ လုပ်ခိုင်းခြင်းဖြင့်
သား သမီးများက
မိဘတွေ ကုသိုလ်ရအောင်
ဘေးနားကနေ ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........

5 တရားနာ,ရိပ်သာ၀င်ခိုင်း၍ ကျေးဇူးဆပ်နည်း......

မိဘတွေ
တရားနာနိုင်အောင် တိုက်တွန်းပေးခြင်း
ကူညီဖြည့်ဆည်းပေးခြင်း......

မိဘတွေ
ဘုရားအရိပ် တရားအရိပ်မှာ ပျော်မွေ့နိုင်အောင်
ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်........

မြတ်ဗုဒ္ဓ၏
အမြတ်ဆုံးကျေးဇူးအကျေဆပ်နည်းပါ.....

ဖခင်အား ရဟန္တာဖြစ်အောင်
ကျေးဇူး အကျေဆပ်....

မိခင်အား မဟာသောတာပန်ဖြစ်အောင်
ကျေးဇူး အကျေဆပ် တဲ့......

6 အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း.........

နောက်ဆုံးကတော့......

မိဘများသက်ရှိ ထင်ရှားမရှိတဲ့အချိန်မှာ
မိဘအတွက် ရည်မှန်းပြီး
ကောင်းမှုကုသိုလ်များ ပြုလုပ်ကာ
အမျှတမ်း ပေးဝေခြင်းကလည်း
မိဘအတွက် ကျေးဇူးဆပ်ရာ ရောက်ပါတယ်။

image
2 yrs - Translate

မြန်မာအန်တီကြီးပါရှင့် မင်္ဂလာပါရှင့်🤣

image