2 yrs - Translate

လူတချို့က ...
တွဲလို့ရတယ်
ပေါင်းသင်းလို့မရဘူး။

လူတချို့ကျတော့ ...
စကားပြောလို့ပဲရတယ်
ဆွေးနွေးလို့မရဘူး။

လူတချို့ကျပြန်တော့ ...
မိတ်ဆွေတစ်ယောက်အနေနဲ့ပဲ ခင်လို့ရတယ်
သူငယ်ချင်းစစ်စစ်တော့ ဖြစ်ပေးလို့မရဘူး။

လူတချို့ကိုကျတော့ ...
အရာဝတ္ထု ပစ္စည်းတွေပဲ ပေးလို့ရတယ်
စိတ်အရင်းတော့ ပေးလို့မရဘူး။

လူတချို့ကျတော့..
လူလည်ကျချင်တဲ့ စိတ် ပဲ ရှိကြတယ်
မိတ်ဆွေစစ်မလိုချင်ကြဘူး

image

ဒီညနေ ကြက်သားဆီချက်
ခေါက်ဆွဲပါ
ကြက်သား ၁၅ ကျပ်သား
အသားသက်သက်တုံးထားတာကိုသန့်စင်ရေဆေးပြီးအိုးတလုံးမှာထည့်ရေမြုပ်အောင်
ထည့်ပြီးချင်းထူထူသုံးပြား
ကြက်သွန်ဖြူဥ တလုံး ဆားအချိုမှုန့်
နဲနဲထည့်ပြီးနူးအောင်ပြုတ်ပါ ကြက်သားပြုတ်ထားတာရရင်အတုံးသေးသေးလှီးပြီးပန်းကန်တခုမှာထည့်ပါ
အိုးထဲကိုရေနဲနဲထပ်ထည့်ပြီးဟင်းချိုရည်တည်ထားပါ
မြန်မာကြက်သွန်ဖြူဥသေးကိုနွှာပြီးစင်းလှီးကာဆီချက်
ချက်ထားပါ ကြက်အဆီနှင့်ဆီချက် ချက်တာမကြိုက်လို့
မချက်ပါဘူး
အိမ်မှာစိုက်ထားတဲ့ကြက်သွန်မိတ်ကိုပဲဖြတ်ပြီးရေဆေးပြီးလှီးထားပါတယ်
အိုးတလုံးမှာရေများများ
ထည့်ပြီဆူအောင်တည်ပြီးငွေကြယ်ဖြူတံဆိပ်ခေါက်ဆွဲ
အစည်းတဝက်ကိုပြုတ်ပြီးစကာနှင့်စစ်ထားပါ
စတီးဇလုံတခုမှာဟင်းခတ်ဇွန်း
နှင့်ခရုဆီ ၁ ဇွန်း ပဲငံပြာရည်အကြည် ၃ ဇွန်း ကြက်သွန်ဖြူ
ဆီချက် ၄ ဇွန်း အချိုမှုန့်ဇွန်းထိပ်ဖြားလောက်ထည့်ပြီးသမ
နှံ့စပ်အောင်မွှေပြီးခေါက်ဆွဲပြုတ်ရေစစ်ထားတာထည့်ပါ
သမနှံ့စပ်အောင်အထက်
အောက်လှန်ပြီးမွှေပေးပါ
အရသာမြည်းကြည့်ပါ
အနေတော်ဆိုရင်ပန်းကန်ပြား
တခုမှာထည့်ပြီးကြက်သား
ပြုတ်လှီးထားတာဖြူးထည့်ပါ
ကြက်သွန်မိတ်ဖြူးထည့်ပါ
ကြက်သွန်ဖြူဆီချက်အဖတ်
ဖြူးထည့်ပါ ကြက်သားဆီချက်ခေါက်ဆွဲရပါပြီ
တည်ထားတဲ့ကြက်ပြုတ်ရည်ကိုဆားအချိုမှုန့်ထည့်ပြီးအရသာမြည်းကြည့်ပါ အနေ
တော်ဆိုရင်ဟင်းချိုပန်းကန်
လုံးထဲလောင်းထည့်ပြီးကြက်သွန်မိတ်လှီးထားတာဖြူးထည့်ပါ ငရုတ်ကောင်းမှုန့်ဖြူးပေးရင်ဟင်းချိုရပါပြီ
အချဉ်ကသခွားသီးကိုရေဆေးပြီးအမျှင်လှီးကာပန်းကန်တခုမှာထည့် ချီတို
ငရုတ်ဆီဆမ်းပေးရင်အချဉ်ရပါပြီ
စားကောင်းကြပါစေရှင်
#cooking

image
2 yrs - Translate

မိမိမှာဘီးစီးဝါသနာပါသော်လဲ
မနက်မထနိုင်သောအခါ

image
2 yrs - Translate

ကိုယ်ပိုင်အရည်အချင်းနဲ့ရှာနိုင်တဲ့အရာ 😶

image
2 yrs - Translate

🌷🌷 လူရိုးတောင်ကြာကန် 🌷🌷
တောင်ကြီးမြို့နယ်ရှိ လူရိုးတောင်ရွာတွင် တည်ရှိသော ပဒုမ္မာကြာကန်သည် သဘာဝအလှတရားကို
ခံစားရန် ရင်ခုံသောနေရာတစ်ခုဖြစ်သည်။
- အထူးသဖြင့် ကြာကန်ထဲကို စက်လှေဖြင့်ဝင်လည်ပြီး ကြာပန်းနဲ့တူတူဓါတ်ပုံ လှလှလေးရိုက်နိုင်ပါသည်။
- ရောက်ရှိရမည့် လမ်းကြောင်း
လူရိုးတောင်ကြာကန်ကို ရွှေညောင်~ရပ်စောက်
လမ်းမကြီးဖြင့်ရောက်ရှိနိုင်ပါသည်။ခရီးသွားများ
အတွက် အလွယ်တကူရောက်ရှိနိုင်ရန် လူရိုးတောင်ရွာရောက်ရင် လမ်းညွန်ဆိုင်းဘုတ်ရှိပါသည်။
- အကြံပြုချက်
• သဘာဝပတ်ဝန်းကျင်နှင့် ကြာကန်ကို ထိခိုက်မှုမရှိစေရန် ထိန်းသိမ်းပေးပါ။
•ရေချိုးရန် မရပါ။

image
2 yrs - Translate

🌷🌷 လူရိုးတောင်ကြာကန် 🌷🌷
တောင်ကြီးမြို့နယ်ရှိ လူရိုးတောင်ရွာတွင် တည်ရှိသော ပဒုမ္မာကြာကန်သည် သဘာဝအလှတရားကို
ခံစားရန် ရင်ခုံသောနေရာတစ်ခုဖြစ်သည်။
- အထူးသဖြင့် ကြာကန်ထဲကို စက်လှေဖြင့်ဝင်လည်ပြီး ကြာပန်းနဲ့တူတူဓါတ်ပုံ လှလှလေးရိုက်နိုင်ပါသည်။
- ရောက်ရှိရမည့် လမ်းကြောင်း
လူရိုးတောင်ကြာကန်ကို ရွှေညောင်~ရပ်စောက်
လမ်းမကြီးဖြင့်ရောက်ရှိနိုင်ပါသည်။ခရီးသွားများ
အတွက် အလွယ်တကူရောက်ရှိနိုင်ရန် လူရိုးတောင်ရွာရောက်ရင် လမ်းညွန်ဆိုင်းဘုတ်ရှိပါသည်။
- အကြံပြုချက်
• သဘာဝပတ်ဝန်းကျင်နှင့် ကြာကန်ကို ထိခိုက်မှုမရှိစေရန် ထိန်းသိမ်းပေးပါ။
•ရေချိုးရန် မရပါ။

image
2 yrs - Translate

🌷🌷 လူရိုးတောင်ကြာကန် 🌷🌷
တောင်ကြီးမြို့နယ်ရှိ လူရိုးတောင်ရွာတွင် တည်ရှိသော ပဒုမ္မာကြာကန်သည် သဘာဝအလှတရားကို
ခံစားရန် ရင်ခုံသောနေရာတစ်ခုဖြစ်သည်။
- အထူးသဖြင့် ကြာကန်ထဲကို စက်လှေဖြင့်ဝင်လည်ပြီး ကြာပန်းနဲ့တူတူဓါတ်ပုံ လှလှလေးရိုက်နိုင်ပါသည်။
- ရောက်ရှိရမည့် လမ်းကြောင်း
လူရိုးတောင်ကြာကန်ကို ရွှေညောင်~ရပ်စောက်
လမ်းမကြီးဖြင့်ရောက်ရှိနိုင်ပါသည်။ခရီးသွားများ
အတွက် အလွယ်တကူရောက်ရှိနိုင်ရန် လူရိုးတောင်ရွာရောက်ရင် လမ်းညွန်ဆိုင်းဘုတ်ရှိပါသည်။
- အကြံပြုချက်
• သဘာဝပတ်ဝန်းကျင်နှင့် ကြာကန်ကို ထိခိုက်မှုမရှိစေရန် ထိန်းသိမ်းပေးပါ။
•ရေချိုးရန် မရပါ။

imageimage
2 yrs - Translate

ဝင်ငွေရလမ်းကြောင်း ( ၇ ) မျိုး
ကျွန်တော်တို့မှာ ဝင်ငွေရနိုင်စရာ လမ်းကြောင်း ၇မျိုး ရှိပါတယ် ။ အဲ့ဒါတွေကတော့
1 ။ Earned income
2 ။ Profit income
3 ။ Interest income
4 ။ Dividend income
5 ။ Rental income
6 ။ Capital gain
7 ။ Royalty income ဆိုပြီးတော့ ဖြစ်ပါတယ် ။

( ၁ ) Earned income
အလုပ်လုပ်လို့ရတဲ့ဝင်ငွေဖြစ်ပါတယ် ။ မိမိရဲ့ ကာယအား ဥာဏအားကို အရင်းပြုပြီး ရရှိတဲ့ ဝင်ငွေ ဖြစ်ပါတယ် ။ မိမိရဲ့ အချိန်ကို ရောင်းချခြင်းကနေ ရရှိတဲ့ဝင်ငွေလို့ ဆိုနိုင်ပါတယ် ။ အစိုးရ ဝန်ထမ်းများ ၊ ကုမ္ပဏီ ဝန်ထမ်းများ ၊ အခြားသော လခစားများ ရရှိတဲ့ငွေဟာ earned income ဖြစ်ပါတယ် ။ ဒီဝင်ငွေဟာ အချိန်ဆိုတဲ့ အကန့်အသတ်ရှိပါတယ် ။ ဘယ်လောက်လုပ်လုပ် တနေ့ ၂၄နာရီထက်ပိုလုပ်လို့ မရပါဘူး ။
( ၂ ) Profit income
ရောင်းချခြင်းနဲ့ဆိုင်တဲ့ ဝင်ငွေဖြစ်ပါတယ် ။ ပစ္စည်း တခုကိုဝယ်ပြီး အမြတ်နဲ့ပြန်ရောင်းချခြင်းဖြစ်ပါတယ် ။ ဒါမှမဟုတ် ပစ္စည်းတခုကို ကိုယ်တိုင်ထုတ်လုပ်ပြီး အမြတ်နဲ့ ပြန်ရောင်းချခြင်း ဖြစ်ပါတယ် ။ ကား ၊ ဆိုင်ကယ် ၊ စက်ပစ္စည်းများ ရောင်းဝယ်ခြင်း ၊ စတိုးဆိုင် ၊ အဝတ်အထည်ဆိုင် အချိုရည်ထုတ်လုပ်ခြင်း စတဲ့ရောင်းဝယ်ခြင်းက ရရှိတဲ့ဝင်ငွေကို profit income အမြတ်ဝင်ငွေလို့ ခေါ်ပါတယ် ။ တနည်းအားဖြင့် စျေးရောင်းခြင်းက ရရှိတဲ့ဝင်ငွေဖြစ်ပါတယ် ။ ဒီဝင်ငွေရရှိအောင် စျေးရောင်းစျေးဝယ်လုပ်ရပါမယ် ။ ဒီအလုပ်ဟာ လူအများဆုံးလုပ်တဲ့ ဝင်ငွေရ လုပ်ငန်းဖြစ်ပါတယ် ။
( ၃ ) interest income ဆိုတာ အတိုးရရှိတဲ့ ဝင်ငွေဖြစ်ပါတယ် ။ မိမိငွေကို ဘဏ် မှာအပ်ထားရင် အတိုးရရှိပါတယ် ။ အဲ့လို ဝင်ငွေမျိုးကို interest income လို့ခေါ်ပါတယ် ။ အရပ်ထဲမှာ ငွေတိုးပေးခြင်းက ရရှိတဲ့ ဝင်ငွေကလည်း interest income ဖြစ်ပါတယ် ။ ဒီဝင်ငွေရရှိဖို့အတွက် မိမိငွေကို ဘဏ်မှာ အပ်ထားရပါမယ် ။ အရပ်အတိုးပေးခြင်းကတော့ ဆုံးရှုံးနိုင်ခြေများပါတယ် ။ အတိုးနုန်းကတော့ပိုရပါတယ် ။ အစိုးရတရားဝင်အသိအမှတ်ပြု အမိန့်ရ အပေါင်ဆိုင်ထောင်ခြင်းဖြင့်လည်း ဒီဝင်ငွေရရှိစေနိုင်ပါတယ် ။
( ၄ ) Dividend income ဆိုတာ ကုမ္ပဏီ ရှယ်ယာများဝယ်ယူထားခြင်းမှ ရရှိတဲ့ အမြတ်ဝင်ငွေဖြစ်ပါတယ် ။ မြန်မာနိုင်ငံမှာ ရန်ကုန်စတော့အိပ်ချိန်းYSX ရှိပါတယ် ။ စာရင်းဝင် ကုမ္ပဏီ ၆ ခုရှိပါတယ် ။ ဒီကုမ္ပဏီတွေက စတော့ရှယ်ယာများကို ဝယ်ယူနိုင်ပါတယ် ။ ဒီလိုရှယ်ယာများ ဝယ်ယူထားခြင်းဖြင့် နှစ်စဥ် အမြတ်ငွေကို ရရှိနိုင်ပါတယ် ။
( ၅ ) Rental income
မိမိပိုင်ဆိုင်တဲ့ကား အိမ် မြေ စတဲ့ ပစ္စည်းများ ငှါးရန်းခြင်းက ရရှိတဲ့ ဝင်ငွေကို Rental income လို့ခေါ်ပါတယ် ။ အဆောက်အအုံများဆောက်လုပ်ရာ ထောက် တိုင်( တီတိုင်)များ ငှါးရမ်းခြင်း ၊ အလှု ၊ မင်္ဂလာဆောင်များ မဏ္ဍပ် ငှါးရမ်းခြင်း စတဲ့ ပစ္စည်းများ ငှါးရမ်းခြင်းက ရရှိတဲ့ ငှါးရမ်းခဝင်ငွေများကို Rental income လို့ခေါ်ပါတယ် ။ ဒီဝင်ငွေရရှိဖို့ အိမ်ဝယ်ပြီး အိမ်ငှားထားနိုင်ပါတယ် ။ ဆိုင်ခန်းဝယ်ပြီး ငှားစားနိုင်ပါတယ် ။ ကားဝယ်ပြီး အော်ဒါ လိုက်နိုင်ပါတယ် ။ မြေထိုးစက်ကြီးများ ငှားခြင်းဖြင့်လည်း ဝင်ငွေရနိုင်ပါတယ် ။ ဒီဝင်ငွေက ရရှိဖို့လွယ်ပြီး ကျယ်ပြန့်ပါတယ် ။
( ၆ ) Capital Gains ဆိုတာ အိမ် ခြံမြေ ရောင်းဝယ်ခြင်း ၊ စတော့ ရှယ်ယာ ရောင်းဝယ်ခြင်းက ရရှိတဲ့ဝင်ငွေဖြစ်ပါတယ် ။ အိမ်ခြံမြေတွေကို မရောင်းပဲ ငှါးရမ်းထားရင် Rental income ရရှိပါတယ် ။ စတော့ ရှယ်ယာများကို မရောင်းရင် Dividend income ရရှိပါတယ် ။ ရောင်းချလိုက်ရင်တော့ Capital Gain ရရှိပါတယ် ။ ဒီဝင်ငွေက ၂ သီးစားဖြစ်ပါတယ် ။ အကျိုး အလွန်များပါတယ် ။
( ၇ ) Royalty income
ဒီဝင်ငွေကတော့ ထူးခြားပါတယ် ။ စာအုပ် ၊ သီချင်း ၊ ရုပ်ရှင်၊ လိုဂိုတံဆိပ် စသည်ဖြင့် ကိုယ်ဖန်တီးထားတဲ့ အရာအပေါ်မှာ အသုံးပြုတိုင်းရနေတဲ့ဝင်ငွေဖြစ်ပါတယ် ။ ကွန်ပျူတာဆော့ဝဲလ်တွေ ၊ ဂိမ်းတွေက ရရှိတဲ့ဝင်ငွေတွေကလည်း ဒီအမျိုးအစားဖြစ်ပါတယ် ။ မူပိုင်ခွင့်ကနေ ရရှိတဲ့ဝင်ငွေ အမျိုးအစားမျိုး ဖြစ်ပါတယ် ။ အလွန်အကျိုးများပြီး သားစဥ်မြေးဆက် ခံစားခွင့်ရှိပါတယ် ။ ချမ်းသာလွယ်တဲ့ ဝင်ငွေမျိုးဖြစ်ပါတယ် ။ ဟယ်ရီပေါ်တာ စာအုပ်ရေးတဲ့စာရေးဆရာမဟာ စာအုပ်ရေးတဲ့ အပေါ်က ဝင်ငွေရရှိတဲ့အပြင် ဟယ်ရီပေါ်တာကို ရုပ်ရှင်ရိုက်တဲ့အခါမှာလည်း သူမဟာ ခံစားခွင့် ငွေရရှိခဲ့ပြီး သန်းကြွယ်သူဌေးဖြစ်သွားပါတယ် ။ ဒီဝင်ငွေရရှိဖို့အတွက် မိမိကျွမ်းကျင်ရာ အနုပညာကို ဖန်တီးရပါမယ် ။ ဘာသာရပ်ဆိုင်ရာများ ပညာရပ်များကို စာအုပ်စာပေ ရေးသားထုတ်ဝေရပါမယ် ။ ဆော့ဝဲလ်တွေ ၊ ဂိမ်းတွေ ရေးနိုင်ရပါမယ် ။ လူငယ်များအတွက် ချမ်းသာဖို့ အခွင့်အလမ်းဖြစ်တဲ့ ဝင်ငွေအမျိုးအစားဖြစ်ပါတယ် ။

ကမ္ဘာမှာ ချမ်းသာတဲ့ သူဌေးကြီးဖြစ်တဲ့ ဝါရင်းဘတ်ဖက်က ၄ နဲ့ ၆ အဓိကဝင်ငွေလမ်းကြောင်း နှစ်ခုရှိပါတယ် ။ မိုက်ခရိုဆော့ ပိုင်ရှင် ဘီလီယံနာ သူဌေးကြီး ဘီလ်ဂိတ် က ၂ နဲ့ ၇ အဓိက ဝင်ငွေလမ်းကြောင်းတွေ ရှိပါတယ် ။

ကျွန်တော်တို့ဟာ ဝင်ငွေလမ်းကြောင်းတခုတည်းပေါ်မှာ မှီတည်ခိုနေရရင် ဘဝအတွက် အာမခံချက် နည်းပါတယ် ။ ဝင်ငွေရလမ်းကြောင်း ပျက်သွားရင် ဒုက္ခ ရောက်သွား နိုင်ပါတယ် ။ ဒါကြောင့် မိမိနဲ့သင့်တော်တဲ့ ဝင်ငွေရလမ်းကြောင်းတွေ ၃ခု ၄ခု သိုမဟုတ် များစွာ ဖော်ဆောင် ထားသင့်ပါတယ် ။
Win Naing Oo spo
15 September 2019
Sunday 8:25 PM.

2 yrs - Translate

Official!!!

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စုစုပေါင်း သွင်းဂိုး (၁၄၀)အထိ သွင်းယူထားပြီး ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားသူအဖြစ် ရပ်တည်လို့နေတဲ့ မန်ယူနိုက်တက် ၊ ရီးယဲလ်မက်ဒရစ်နဲ့ ဂျုဗင်တပ်စ်တို့ရဲ့ ကစားသမားဟောင်းကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဥရောပ ဘောလုံးအဖွဲ့ချုပ်ကနေ UEFA Champions League All-Time Top Scorer ဆု ပေးအပ် ချီးမြှင့်လိုက်ပါတယ်။

Congratulations!!! CR7(G.O.A.T) 👏👏👏

image
2 yrs - Translate

ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အဆီနဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ အဆီတွေရဲ့ ကွဲပြားမှု

လူတော်တော်များများက အဆီဆိုတဲ့အရာက ခန္ဓာကိုယ်အတွက် မကောင်းဘူးလို့ တရားသေကြီး သတ်မှတ်ထား တတ်ကြပြီး လူအများစုက သူတို့ နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ပါဝင်တဲ့အဆီတွေကို ချေဖျက်နိုင်ဖို့အတွက် အချိန်ကုန် ငွေကုန်ခံပြီး လုပ်ဆောင်ကြပါတယ်။

အမှန်တော့ ကိုယ်ခန္ဓာ အလေးချိန် ကျဆင်းဖို့အတွက်လည်း အဆီကို လိုအပ်ပါတယ်။ ရှောင်ရှားသင့်တဲ့ အဆီအမျိုးအစားတွေက trans အဆီနဲ့ ပြည့်ဝအဆီတွေပဲ ဖြစ်ပါတယ်။ ဒီအဆီတွေကို အသင့်ထုတ်ပိုး ပြင်ဆင်ထားတဲ့ အာလူးချောင်းကြော်တွေ၊ မာဂျရင်း၊ ကိတ်တွေနဲ့ အခြား အစားအသောက်တွေ ထဲမှာ တွေ့ရှိရနိုင်ပါတယ်။ ဒီအဆီတွေက ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ ကိုလက်စထရော (LDL) ကို တိုးစေပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ကိုလက်စထရော (HDL) ကို လျော့ကျစေပါတယ်။

မပြည့်ဝဆီများဖြစ်ကြတဲ့ အိုမီဂါ သရီး၊ အိုမီဂါ ဆစ်၊ oleic acid နဲ့ linoleic acid တွေက ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အဆီတွေ ဖြစ်ကြပြီး သည်လိုမျိုး အဆီတွေကို နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ထည့်သွင်းစား သုံးပေးခြင်းဖြင့် ကိုယ်ခန္ဓာ အလေးချိန်ကို ကျဆင်းစေမှာ ဖြစ်ပါတယ်။ ဗီတာမင် အေ၊ ဒီ၊ အီးနဲ့ ကေတွေက အဆီဓာတ် ကိုလိုအပ်ပါတယ်။ ခန္ဓာကိုယ်အနေနဲ့ သည် ဗီတာမင်ဓာတ်တွေကို စုပ်ယူနိုင်ဖို့ဆိုရင် အဆီဓာတ်ကို လိုအပ်ပါတယ်။ အဆီမရှိဘူးဆိုရင် ခန္ဓာကိုယ်က သည် ဗီတာမင်တွေကို စုပ်ယူနိုင်မှာ မဟုတ်ပါဘူး။ အဆီမရှိဘူးဆိုရင် ခန္ဓာကိုယ် အနေနဲ့ မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်တွေကို ရရှိနိုင်မှာ မဟုတ်ပါဘူး။

အကျိုးပြုတဲ့အဆီနဲ့ အကျိုးမပြုတဲ့အဆီ

အခြေခံအားဖြင့်တော့ အဆီကို ပြည့်ဝဆီနဲ့ မပြည့်ဝဆီဆိုပြီး နှစ်မျိုး ခွဲခြားထားပါတယ်။ အဆီအုပ်စု တစ်ခုစီမှာ အဆီအမျိုးအစားများစွာ ပါဝင်နေပါတယ်။

မပြည့်ဝဆီအကြောင်း ပြောရမယ်ဆိုရင်တော့ မပြည့်ဝဆီထဲမှာ polyunsaturated ဖက်တီးအက်ဆစ်နဲ့ monounsaturated အဆီတွေ ပါဝင်နေပါတယ်။ ဒီ အဆီနှစ်မျိုးကို အတန်အသင့် စားသုံးတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကိုလက်စထရော ပမာဏကို ကျဆင်းစေပြီး နှလုံးရောဂါ ခံစားရနိုင်ခြေကို လျော့ကျစေပါတယ်။ Polyunsaturated အဆီကို အသီးအရွက် အဆီတွေမှာ တွေ့ရများတတ်ပြီး ဒီအဆီတွေက သွေးတွင်း ကိုလက်စထရော ပမာဏနဲ့ triglyceride ပမာဏတွေကို လျော့ကျစေပါတယ်။ polyunsaturated အဆီတစ်မျိုးက အိုမီဂါ သရီး ဖက်တီးအက်ဆစ် ဖြစ်ပါတယ်။ အိုမီဂါသရီး ဖက်တီးအက်ဆစ်ကို အဆီများတဲ့ ငါးတွေဖြစ်ကြတဲ့ ဆယ်လ်မွန်၊ မက်ကာရယ်နဲ့ ငါးခူလိုမျိုး ငါးတွေနဲ့ နှမ်းကြတ်စေ့ဆီနဲ့ သစ်ကြားသီးတွေမှာ တွေ့ရှိရပါတယ်။ ဒီငါးမျိုးတွေထဲမှာ ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ အိုမီဂါ သရီးဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး တစ်ပတ်ကို နှစ်ကြိမ် ငါးစားသုံးပေးဖို့ အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့က အကြံပြုထားပါတယ်။

စားသုံးဖို့ မသင့်တဲ့ အဆီနှစ်မျိုးကတော့ ပြည့်ဝအဆီနဲ့ trans ဖက်တီးအက်ဆစ်တွေ ဖြစ်ကြပြီး နှစ်မျိုးစလုံးက သွေးတွင်း ကိုလက်စထရော ပမာဏကို တိုးစေပြီး သွေးကြောတွေကို ပိတ်ဆို့စေသလို နှလုံးရောဂါတွေ ဖြစ်နိုင်ခြေကိုလည်း တိုးစေပါတယ်။

ပြည့်ဝဆီတွေကို တိရစ္ဆာန်တွေကနေ ရတဲ့ စားသောက်ကုန်တွေဖြစ်ကြတဲ့ အသားတွေ၊ နို့တွေနဲ့ ဥအမျိုးမျိုးမှာ တွေ့ရှိရပါတယ်။ အုန်းဆီနဲ့ စားအုန်းဆီတွေမှာလည်း ပြည့်ဝဆီတွေ ပါဝင်နေပါတယ်။ ပြည့်ဝဆီတွေက အူမကြီး ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတွေကို ဖြစ်ပေါ်ခံစားရစေတာကြောင့် ကျန်းမာရေးနဲ့ သင့်တော်တဲ့ မပြည့်ဝဆီတွေကို စားသုံးပေးခြင်းဖြင့် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို အမြဲထိန်းသိမ်းသွားနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေက နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ အရေးပါတဲ့ ကဏ္ဍတစ်ရပ်ကနေ ပါဝင်နေပါတယ်။ အဆီတွေတိုင်းမှာ ကယ်လိုရီပမာဏတွေများစွာ ပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အဆီတွေကို အတန်အသင့် စားသုံးဖို့ လိုပါတယ်။

ပထမဆုံးအနေနဲ့ လုပ်ဆောင်ရမှာက နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေထဲက ပြည့်ဝအဆီနဲ့ trans အဆီတွေ ပါဝင်နေတဲ့ အစားအသောက်တွေကို လျှော့ချ စားသုံးပေးပါ။ သည်နောက်မှာတော့ monounsaturated အဆီနဲ့ polyunsaturated အဆီတွေပါဝင်တဲ့ အစားအစာတွေကို စားသုံးဖို့ လုပ်ဆောင်ရပါမယ်။ ဒီလိုမျိုး လုပ်ဆောင်ပေးတာက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ကျန်းမာ သန်စွမ်းစေအောင် အထောက်အကူပြုပေးမှာ ဖြစ်ပါတယ်။

Credit: ရေးသားသူ Aye Thi Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
#beauty

image