2 နှစ်များ - ဘာသာပြန်ပါ။

၂၀၂၄ ခုနှစ်အကုန်မှာ အေးမြစိုစွတ်သော အစွန်းရောက်ရာသီဥတုဖြစ်စဉ် "လာနီညာ" ဖြစ်မှာလား?
(အောက်တိုဘာ ၈ ရက်၊ ည ၇ နာရီ ၃၀ မိနစ်)
========
အောက်တိုဘာလ ၇ ရက်နေ့ နိုင်ငံတကာပညာရှင်များရဲ့ လေ့လာသုံးသပ်ထုတ်ပြန်ချက်များအရ ၂၀၂၄ ခုနှစ်နှစ်အကုန်၊ ၂၀၂၅ ခုနှစ်-နှစ်ဆန်းပိုင်း လများအတွင်း လာနီညာဖြစ်နိင်ချေက နည်းနေဆဲဖြစ်ကြောင်း၊ ဖြစ်လာရင်တောင် အားပျော့တဲ့ လာနီညာအဆင့်လောက်သာဖြစ်နိုင်ကြောင်း တွေ့ရပါတယ်။
သင်္ချာပုံစံပြု ကြိုတင်ခန့်မှန်းရေး model များက ထွက်လာတဲ့ ကြိုတင်ခန့်မှန်းချက်များမှာလဲ ထပ်တူညီခြင်းမရှိသေးပဲ ကွဲလွဲမှုတွေရှိနေတာတွေ့ရပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း လာနီညာဖြစ်နိုင်/မဖြစ်နိုင်ကြိုတင်ခန့်မှန်းကြတဲ့ model ၇ ခုအနက် ၃ ခုက ဖြစ်နိုင်ကြောင်း ၃ ခုက မဖြစ်နိုင်ကြောင်း ၁ ခုက ကြားနေ ခန့်မှန်းထားတာ ပုံ-၁ မှာ တွေ့ရပါမယ်။
ဒီအခြေအနေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာအထိ ဆက်ရှိနေပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှာတော့ ကြိုတင်ခန့်မှန်း model ၅ ခုက မဖြစ်နိုင်၊ ၂ ခုက ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားတာကို ဩစတေးလျှမိုးလေဝသဗျူရိုက တင်ပြထားပါတယ်။ (ပုံ -၂)
အမေရိကန်နိုင်ငံ ရာသီဥတုကြိုတင်ခန့်မှန်းလေ့လာရေးစင်တာ(CPC-Climate Prediction Center)ရဲ့ အောက်တိုဘာလ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၄ ခုနှစ် စက်တင်ဘာလနဲ့ နိုဝင်ဘာလအတွင်း လာနီညာဖြစ်နိုင်ချေ ၇၁% ရှိနေပြီး ၂၀၂၅ ခုနှစ် မတ်လအထိ ဒိခန့်မှန်းချက်အတိုင်းဆက်ရှိနေနိုင်မယ်လို့ ဖေါ်ပြထားပါတယ်။ (ပုံ-၃)
ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းက သမုဒ္ဒရာရေပြင်အပူချိန်အညွှန်းကိန်း(ONI = Oceanic Niño Index)အရ အယ်လ်နီညို - လာနီညာ ဖြစ်နိုင်ဘို့ဆိုတာ အယ်လ်နီညို/လာနီညာဖြစ်နိုင်ချေတိုင်းတာရန် သတ်မှတ်ထားသောပင်လယ်ပြင်ဧရိယာအတွင်း ပုံမှန်အပူချိန်အထက် +0.5ºC - ပုံမှန်အပူချိန်အောက် -0.5ºC ရှိနေမှ အယ်လ်နီညို-လာနီညာဆိုတာ ဖြစ်လာရတာပါ။ (ပုံ-၄)
လက်ရှိအချိန်အထိ အဲ့ဒီဧရိယာအတွင်း တိုင်းတာသုတေသနပြုပြီး ပင်လယ်ရေမျက်နှာပြင်အပူချိန်က -0.1ºC သာရှိသေးတာကြောင့် လာနီညာ ဆိုတာဖြစ်မယ်လို့ တပ်အပ်မပြောနိုင်ကြသေးပဲ ရှိနေကြဆဲဖြစ်ပါကြောင်း လေ့လာတင်ပြလိုက်ရပါတယ်။ (ပုံ-၅)

image
image
image
image
image

2 နှစ်များ - ဘာသာပြန်ပါ။

အင်္ဂလန်အသင်းတွင် ဟယ်ရီကိန်းအပါအဝင် ကစားသမား ၃ ဦး ဒဏ်ရာပြဿနာရှိနေ

အင်္ဂလန်လက်ရွေးစင်အသင်းမှာ တိုက်စစ်မှူးဟယ်ရီကိန်းအပါအဝင် ကစားသမား ၃ ယောက် ဒဏ်ရာပြဿနာ ကိုယ်စီကြုံတွေ့နေပါတယ်။

အသင်းခေါင်းဆောင်ကိန်းဟာ ဖရန့်ဖတ်နဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ညာဘက်ခြေထောက်မှာ ဒဏ်ရာ ရရှိခဲ့ပြီး စောစောစီးစီးလူစားလဲ ခံခဲ့ရတာပါ။

ကိန်းဟာ အင်္ဂလန်အသင်းနဲ့ စတင်ပူးပေါင်းနေပြီဖြစ်ပေမဲ့ ဒဏ်ရာအခြေအနေကို အသေးစိတ် စစ်ဆေးသွားရမှာဖြစ်ပြီး အသင်းရဲ့ ပွဲစဉ်တွေမှာ အရဲစွန့်ပြီး ပါဝင်ကစားမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဗီလာနောက်ခံလူ ကွန်ဆာနဲ့ နော်တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ ဂစ်ဘ်ဝှိုက်တို့ဟာ လည်း ဒဏ်ရာပြဿနာတွေကြောင့် ပါဝင် ကစားနိုင်မှာမဟုတ်သေးဘူးလို့ သိရပါတယ်။

အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းမပါနိုင်ဘူးဆိုရင်တော့ အိုလီဝက်ကင်စ်နဲ့ ဆိုလန်ကီတို့ထဲက တယောက်ကို အစားထိုးအသုံးပြုသွားဖို့ နည်းပြ လီကာစလေက ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
DVB

image

သတိရတိုင်း မေတ္တာပို့တယ်

2 နှစ်များ - ဘာသာပြန်ပါ။

Breaking News: Scientists Discover Infinite Energy
😁

2 နှစ်များ - ဘာသာပြန်ပါ။

သူငယ်ချင်းကောင်းဆိုတာ ဒါမျိုး

image
2 နှစ်များ - ဘာသာပြန်ပါ။

ကန်ဇွန်းရိုးနီ.. .၂စီး(နုနုလေးရှာဝယ်ပါ)
ဇရစရှိုး..၂စီး
ကင်ပွန်းချဉ်..၃စီး
ငြုတ်ခွဲခြမ်း..၃ဇွန်း(စတီးဇွန်း)
ကြက်သွန်ဖြူ...၁၀မွှာ
ကြက်သွန်နီ...၁ဥ
ဆီ...၅ဇွန်း(စတီးဇွန်း)
ပုဇွန်ဘော့ဂျိတ်..၁၀ကျပ်သား
ပုဇွန်ခြာက်မှုန့်..၂ဇွန်း
ကင်းမွန်ယိုးဒယားငံပြာရည်...၃ဇွန်း
ဆားအနည်းငယ်
#ကြက်သွန်ဖြူကြက်သွန်နီ ငြုပ်သီးခွဲခြမ်းရောထောင်းပြီးဆီသတ်ပါ
ပုဇွန်ထဲ့ပါနွမ်းလာအောင်ဆားအနည်းငယ်ထည့်ပါ
ကန်ဇွန်းရွက် နှင့်ဇရစ်ရိုးကိုအရင်ထည့်ကြော်ပါ

နူးလာလျင်ကင်ပွန်းချဉ်ထည့်ကြော်ပါပုဇွန်ခြာက်မှုန့်ခပ်ပြီးအပေါ့အငံအတွက်ငံပြာရည်ထည့်ပါ
(ငပိစိမ်းစားထည့်ချင်လျင်လဲရပါတယ်။
ငြုတ်ခွဲခြမ်းလျော့ပြီးငြုပ်သီးစိမ်းအနည်းငယ်ထည့်ရင်လဲရပါတယ်)

image

2 နှစ်များ - ဘာသာပြန်ပါ။

မြန်မာ့လက်ဖက်အစိုကို ပြည်ပတင်ပို့ရောင်းချမှု များလာနိုင်
----------------------------
မြန်မာ့လက်ဖက်အစိုကို ပြည်ပတင်ပို့ရောင်းချမှု များလာနိုင်တယ်လို့ မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။ ပြည်ပနိုင်ငံတွေကို မြန်မာနိုင်ငံကထွက်ရှိတဲ့ လက်ဖက်အချို ခြောက်၊ လက်ဖက်အခါးခြောက်ကို တင်ပို့ ရောင်းချလာတာကြာပြီ ဖြစ်ပေမဲ့ လက်ဖက်အစိုကတော့ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မှ စတင်ကာ တင်ပို့ရောင်းချနေတာ ဖြစ်ပြီး တစ်နှစ်ကို လက်ဖက်တန်ချိန် ၂၀ နီးပါး တင်ပို့ ရောင်းချ နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လက်ဖက်အစိုယဉ်ကျေးမှုက အစကတည်းရှိနေတာဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ယှဉ်ပြိုင်ရတာ ပိုပြီး အဆင်ပြေတယ်လို့ မြန်မာနိုင်ငံလက်ဖက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ အတွင်းရေးမှူး ဦးလင်းပြည့်ထွန်းက ပြောပါတယ်။

နိုင်ငံတကာကို တင်ပို့ရောင်းချနိုင်မှုတွေ များလာစေဖို့အတွက် လက်ဖက်ပင် စိုက်ပျိုးထုတ်လုပ်မှုတွေကိုလည်း တိုးချဲ့လုပ်ကိုင်ဖို့ လိုပြီး မြန်မာနိုင်ငံအတွင်းက လက်ဖက်ပင်တွေဟာ ရာသီဥတုအခြေအနေတွေကြောင့် ပျက်စီးမှု တွေ များပြားလာနေတဲ့အတွက် အပင်တွေကို ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

လက်ဖက်စိုက်ပျိုးထုတ်လုပ်သူတွေမှာလည်း အခုအချိန်မှာ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ လက်ဖက်စိုက် တောင်သူ ကိုစိုင်းကောင်းခမ့်က ပြောပါတယ်။ လက်ရှိအချိန်မှာဆိုရင် မြန်မာနိုင်ငံက လက်ဖက်ထွက်ရှိမှုရဲ့ ရာခိုင်နှုန်း ၈၀ ကို ပြည်တွင်းဈေးကွက်မှာသာ ရောင်းချနေတာဖြစ်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကို အော်ဂဲနစ် ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး ၁၀ ရာခိုင်နှုန်းကိုသာ ပြည်ပဈေးကွက်ကို တင်ပို့ ရောင်းချနိုင်သေးတယ်လို့ သိရပါတယ်။

image