Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒီနေ့ဟာ အတ္တအပေါ် အသိဉာဏ်ပညာက အနိုင်ရခြင်းကို ကိုယ်စားပြုတဲ့ ဟိန္ဒူဘာသာ၀င်များရဲ့ အထွဋ်အမြတ်ထားရာ ဒီပါ၀လီ ဆီမီးထွန်းပွဲတော်နေ့ ဖြစ်ပါတယ်။
ဘုရားရှင်မြတ်တို့ရဲ့ ဘုန်းတန်ခိုးတော်ကြောင့် အမိုက်မှောင်ကင်းကာ ဖြစ်တည်မှုခပ်သိမ်းကို ဓမ္မသာတည်၍ ကောင်းမွန်သန့်စင်သောရည်ရွယ်ချက်အလုံးစုံတို့ အောင်မြင်နိုင်ကြပါစေ။
#diwali
#myspaceadmin
#frankiestories
"မြန်မာနိုင်ငံ၏ ဆီအုန်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစကားဝိုင်းဆွေးနွေးပွဲ ကျင်းပ"
ပြည်တွင်းစားသုံးဆီဖူလုံနိုင်ရေးအတွက် ဆီအုန်းထုတ်လုပ်မှုနှင့် ဆီအုန်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်၍ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ရည်ရွယ်ကျင်းပသည့် မြန်မာနိုင်ငံ၏ ဆီအုန်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
ကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဆီကြမ်းစက်ရုံနှင့် ဆီသန့်စက်ရုံများ တည်ထောင်လည်ပတ်ခဲ့မှု၊ လက်ရှိဆီကြမ်းစက်ရုံများ၏ စက်စွမ်းအားအခြေအနေ၊ တနင်္သာရီတိုင်းဒေသကြီး၌ ဆီအုန်းဆီကြမ်းစက်ရုံများ၏ ဆောင်ရွက်နိုင်မှု၊ ဆီအုန်းဆီကြမ်းထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ရရှိလာသည့် ဆီကြမ်းမှ ဆီသန့်ထုတ်လုပ်သည့်အဆင့်ဆင့်၊ ဆီသန့် စက်ရုံများ၏ထုတ်လုပ်မှုအခြေအနေ၊ မြန်မာနိုင်ငံ၏ စားသုံးဆီလိုအပ်ချက်နှင့် တင်သွင်းနေရမှု၊ အထွက်ကောင်းမျိုးသန့် Tenera ဆီအုန်းမျိုးများ တင်သွင်းစိုက်ပျိုးမှု၊ မြန်မာနိုင်ငံ၏ ဆီအုန်းစိုက်ခင်းများ၏ အမှန်အထွက်နှင့် ထွက်နိုင်ခြေကွာခြားမှု၊ ဆီအုန်းသီးနှံနှင့်ပတ်သက်သည့် မူဝါဒများနှင့် သုတေသနလုပ်ငန်းများကို ပညာရှင်များက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးများနှင့် ဆွေးနွေးပွဲတက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
"အီရန်သည် ရက်ပိုင်းအတွင်း အီရတ်ပိုင်နက်အတွင်းမှ အစ္စရေးကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း Axios news က ဖော်ပြ။"
အီရန်သည် နိုဝင်ဘာ ၅ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်မီ လာမည့်ရက်များအတွင်း အီရတ်နယ်မြေမှ အစ္စရေးကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း အစ္စရေးထောက်လှမ်းရေးက သတိပေးထားကြောင်း အမည်မသိအစ္စရေးသတင်းရင်းမြစ်နှစ်ခုကို ကိုးကား၍ Axios သတင်းဌာနက ကြာသပတေးနေ့တွင်ဖော်ပြလိုက်သည်။
"အိန္ဒိယနှင့် တရုတ်တို့ တင်းမာသော ဆက်ဆံရေးအဆုံးသတ်။"
အိန္ဒိယနှင့် တရုတ်တို့သည် ဟိမဝန္တာမြောက်ပိုင်းရှိ အငြင်းပွားနေသော နယ်နိမိတ်မှ ဝေးလံခေါင်သီသော နယ်နိမိတ်အတွင်း ၎င်းတို့၏ ရှေ့တန်းတပ်များ အများစုကို ရွှေ့ပြောင်းလိုက်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးက ကြာသပတေးနေ့တွင် ပြောကြားပြီး တင်းမာသော ဆက်ဆံရေးများကို အဆုံးသတ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
Ladakh ရှိ လက်ရှိထိန်းချုပ်ရေးမျဉ်းအနီးရှိ အိန္ဒိယနှင့် တရုတ်တပ်များ တပ်များပြန်လည်ဆုပ်ခွါရေးလုပ်ငန်းစဉ်သည် ပြီးပြည့်စုံလုနီးပါးဖြစ်ကြောင်း Rajnath Singh က ပြောကြားခဲ့သည်။