Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဆန်နှင့် ဆန်ကွဲ ပို့ကုန်ရငွေများကို AD ဘဏ်စာရင်းသို့ ED နှင့်အညီပြန်လည်ဝင်ရောက်ရေးကိုအလေးထားဆောင်ရွက်ရန် MRF တိုက်တွန်း
ပြည်ပသို့ ဆန်၊ ဆန်ကွဲ ပို့ကုန်တင်ပို့ပြီးပါက ပို့ကုန်ရငွေများကို ပြည်တွင်းရှိ AD ဘဏ်စာရင်းသို့ ED နှင့်အညီပြန်လည်ဝင်ရောက်ရေးကိုအလေးထားဆောင်ရွက်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ ယနေ့ အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်တိုက်တွန်းခဲ့သည်။
ထို့အပြင် ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မည့် ကုမ္ပဏီများ အလေးထားလိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ခဲ့သည့် ယင်းထုတ်ပြန်ချက်တွင် ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မည်ဆိုပါက ကုန်ဝယ်သူ(Buyer)၊ ကုန်လက်ခံနိုင်ငံ၊ အရည်အသွေး၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာရန် အကြံပြု နှိုးဆော်ထားသည်။
အလားတူ ဆန်စပါးဈေးကွက် ဈေးနှုန်းတည်ငြိမ်စေရန်နှင့် သိုလှောင်ဈေးကစားမှုများကို ထိန်းကျောင်းနိုင်ရန် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ရန်နှင့် လစဉ် လကုန်ပြီး(၇)ရက်အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် လချုပ်စာရင်းကိုလည်း Myanmar Rice Online (MyRO)၏ Online စနစ်သို့ မပျက်မကွက်စာရင်းသွင်းရန် သတ်မှတ်ထားချက်ကိုလိုက်နာရန်လည်း အသိပေးထားသည်။
ထို့ကြောင့် ဆန်၊ ဆန်ကွဲတင်ပို့မည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန်လိုင်စင်တင်ပြလျှောက်ထားရာတွင် ယင်း လိုအပ်ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကာ ပို့ကုန်တင်ပို့မှု အတွက် ကုန်ကြမ်းများဝယ်ယူစုဆောင်းရာတွင် ကုမ္ပဏီတစ်ခုချင်းစီ၏ Export Plan နှင့် အဆိုပါ Export Plan နှင့်ကိုက်ညီသော ကုန်ကြမ်းဝယ်ယူစုဆောင်းမည့် Purchasing & Storage Plan တို့ကိုလည်း စနစ်တကျပြုစုတင်ပြရမည်ဟု နှိုးဆော်ထုတ်ပြန်ထားသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကျင်းပ
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူအား ယနေ့ အောက်တိုဘာ ၃၁ ရက်နံနက်ပိုင်းကကျင်းပခဲ့ကြောင်း သိရသည်။
ကထိန်အလှူပွဲ၌ နံနက်(၇)နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တော်တောင်ဘက်မှ ဂေါပကအဖွဲ့ရုံး ဌာနကြီး(၁၀)ခုနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများက ပဒေသာပင်များဖြင့် စေတီတော်မြတ်ကြီးအား လက်ျာရစ်တစ်ပတ်လှည့်လည်ပူဇော်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ရင်ပြင်တော် ရာဟုထောင့်၏ အောက်ပစ္စယာရှိ မဟာဗုဒ္ဓဝင်ပြခန်း၌ စုပေါင်းမဟာဘုံ ကထိန်အလှူအခမ်းအနားကိုကျင်းပခဲ့ပြီး ယခုနှစ်အတွက် ကထိန်အလှူခံယူတော်မူမည့် ရဟန္တာသိမ်တော်ကြီးကျောင်းတိုက်နှင့် ဝတ္ထုကံမြေအတွင်းရှိ ကျောင်းတိုက်(၁၃)တိုက်တို့အား ပဒေသာပင်များကို မဲနှိုက်ရွေးချယ်၍ ပို့ဆောင်လှူဒါန်းခဲ့ကြသည်။
(၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အခမ်းအနားတွင် ကထိန်အလှူတော်ခံယူသည့် ရဟန္တာသိမ်တော်ကြီးကျောင်းတိုက်သို့ ငွေကျပ် (၁၁၃၆၉၆၀၀)တန်ဖိုးရှိ ပဒေသာပင်များနှင့် ဝတ္ထုကံမြေအတွင်းရှိ ကျောင်းတိုက်(၁၃)ခုသို့ စုစုပေါင်း ငွေကျပ်(၁၄၀၈၇၃၀၀)တန်ဖိုးရှိ ပဒေသာပင်များကိုလှူဒါန်းခဲ့ကြကြောင်း သိရသည်။