ဟားဗက်တက္ကသိုလ်တွင် လူတိုင်း တက်လို့ရပါပြီ

ဟားဗက်တက္ကသိုလ်သည် ဈေးအလွန်ကြီးသော ပုဂ္ဂလိကတက္ကသိုလ်ဟု ပြောကြသော်လည်း နိုင်ငံအသီးသီးရှိ ပညာရေးကို စိတ်ဝင်စားသူ မည်သူမဆိုကို အခမဲ့ ပညာဖြန့်ဖြူးပေးလေ့ ရှိပါသည်။ ၀င်ခွင့် မလိုပါ။ အောက်ပါလင့်ခ်ကို နှိပ်ပြီး ဝင်ရောက် တက်နိုင်ပါသည်။
https://pll.harvard.edu/catalog/free

ဘာသာရပ်မှာများမှာလည်း ....

1. Art & Design
2. Theology
3. Business
4. Computer Science
5. Data Science
6. Education & Teaching
7. Health & Medicine
8. Humanities
9. Mathematics
10. Programming
11. Science
12. Social Sciences တို့ကို သင်ကြား ပို့ချပေးပါပြီ။ ဘာသာရပ်တစ်ခု တစ်ခုတွင်လည်း အကြောင်းအရာ အငယ်များကိုလည်း ထပ်မံ ရွေးချယ်ပြီး တက်နိုင်ပါသည်။ သင်တန်းကြေး ပေးစရာ မလိုပါ။ သင်တန်းများမှာ (၁) ပတ်သင်တန်း၊ (၃) ပတ်သင်တန်း၊ (၇) ပတ်သင်တန်းစသည်ဖြင့် စာအနည်းအများကို မူတည်ပြီး သင်တန်းကာလကို သတ်မှတ်ထားသည်။ သင်တန်းသတ်မှတ်ထားချိန်ကာလအတွင်း မိမိက အတန်းပြီးသွားလျှင် ဟားဗက်မှ ပေးသော ဒီပလိုမာ လက်မှတ်ကို ရယူနိုင်ပါသည်။ သို့သော် လက်မှတ်ယူလျှင် ဒေါ်လာ (၁၀၀) မှ (၁၅၀) အထိ သွင်းရပါမည်။ မယူလျှင် သွင်းစရာ မလိုပါ။

ကိုယ်ပိုင်အီးမေးလ်အကောင့်တစ်ခု ရှိရပါမည်။ ထိုအီးမေးလ်ဖြင့် တက္ကသိုလ် အွန်လိုင်းသင်တန်းတွင် တက္ကသိုလ်အကောင့် ဖွင့်ရမည်။ ထိုအကောင့်ဖြင့်သာ မိမိစာရင်းပေးထားသော သင်တန်းကို တက်ရပါမည်။ မိမိအားသော အချိန် မည်သည့်အချိန်မဆို သင်တန်းကို တက်နိုင်သောကြောင့် ကမ္ဘာတစ်လွှား မည်သည့်နေရာမှမဆို တက်ရောက်နိုင်သည်။ ကိုယ်တိုင်လာပြီး တက်နိုင်သည်ပဲ ဖြစ်ဖြစ်၊ အွန်လိုင်းမှ လှမ်းပြီး တက်သည်ပဲ ဖြစ်ဖြစ် ပညာသည် ပညာသာ ဖြစ်သည်။ စဉ်းစားမှု၊ တွေးခေါ်မှု၊ ကျွမ်းကျင်မှုကို ပေးသည်သာ။ ယခု ဒီပလိုမာများသည် အလုပ်အကိုင် လျှောက်ရာတွင် အသုံး၀င်နိုင်သော်လည်း အမေရိကန်တက္ကသိုလ်တစ်ခုခုကို ပြောင်းရွှေ့ယူနိုင်မည့် Credit တော့ မရပါ။ ဒီဂရီ ပရိုဂရမ်လည်း မဟုတ်ပါ။

မရှင်းလျှင် မက်စေ့ပို့ပြီး မေးမြန်းနိုင်ပါသည်။ အားသည့်အချိန်တွင် အကြောင်းပြန်ပေးပါမည်။ စာကြည့်တိုက်ထဲ၊ စာသင်ခန်းထဲများတွင် ဖုန်းပြောမရသည့်အတွက် ဖုန်းခေါ်ဆိုလျှင် ကိုင်၍ မရပါ။

(ဓာတ်ပုံမှာ အွန်လိုင်းသင်တန်းနှင့် မဆိုင်ပါ။ မိမိတို့၏ စာသင်ခန်းဖြစ်ပါသည်)

https://pll.harvard.edu/catalog/free

အတန်းတက်ရန် လမ်းညွှန်ချက်

ကိုယ်တက်ချင်တဲ့ ဘာသာရပ်ကို ရွေးပါ။ ပြီးလျှင် ပုံမှာ ပြထားတဲ့အတိုင်း (၁) Learn more ကို နှိပ်ပါ၊ (၂) Enroll ကို ဆက်နှိပ်ပါ၊ (၃) Create account for free မှာ အကောင့်ဖွင့်ပါ။ အကောင့်ရလျှင် စတင်တက်လို့ ရပါပြီ။ မိမိ၏ Email နှင့် အကောင့် Password ကို မမေ့ဖို့ အရေးကြီးပါသည်။

image

Courses | Harvard University

Browse the latest courses from Harvard University
image
image
image
image
image
1 y - Translate

ဘာမှမရှိတဲ့ လူဆီမှာ
ဘယ်သူမှ မရှိကြတာဟာ မဆန်းပါဘူး ကိုငြိမ်းရေ

//#ဘော်ဘီ

image
1 y - Translate

မိမိအားနေ့တိုင်းစကားလာပြောနေသော်လည်း ကြိုက်နေတာမဟုတ်ဘူးဟုပြောသောအခါ
Me :

image
1 y - Translate

လဲ့ ကေ is on fire

image
1 y - Translate

11 Oct 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,500
USD Sell - MMK 4,600
EUR Buy - MMK 4,850
EUR Sell - MMK 4,980
SGD Buy - MMK 3,400
SGD Sell - MMK 3,495
THB Buy - MMK 133.33
THB Sell - MMK 136.99
JPY Buy - MMK 29.87
JPY Sell - MMK 30.69
MYR Buy - MMK 1,030
MYR Sell - MMK 1,060
CNY Buy - MMK 628
CNY Sell - MMK 645

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,900,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,300,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
1 y - Translate

မင်းကို သတိရရင်
ဘာလဲဟ

1 y - Translate

Japan မှာ ဒီ Lotion လေး အသားဖြူဖို့အတွက်အရမ်းနာမည်ကြီးနေတယ်ဆိုလို့Try ဖြစ်ခဲ့ပြီးး 🥹

ဒီဆောင်းတွင်းမှာလိမ်းဖို့အတွက် Lotion ကောင်းတာရှာနေတယ်ဆိုရင် ဒါလေးကိုသာ try ကြည့်ပါ။

လိမ်းလိုက်တာနဲ့ အသားစိုပြေ အိစက်ပြီးကြည်စေတယ်။
Bright Lotion ဖြစ်တဲ့အတွက် အသားက်ိုလဲဖွေးဖြူစေတယ်။Lotion အသားလုံးဝမစီးကပ်ဘူး။ စိမ့်ဝင်တာမြန်တယ်။ လိမ်းထားပြီးရင် အေးအေးလေးနဲ့။

အကြိုက်ဆုံးအချက်က အနံ့ဘဲ။
အနံ့ အရမ်း အရမ်း အရမ်းးးးး ကောင်းးးတယ်။
အမောပြေ အပန်းပြေ လိမ်းပြီး ကိုယ့်အသားရေကို အကြိမ် ၁ သိန်းလောက်ပြန်ပြန် နမ်းနေဖြစ်တယ်။😅

#crd

image
1 y - Youtube

ဒီဖြစ်ရပ်မှန်လေးက လွန်ခဲ့တဲ့ ငါးနှစ်ခန့်ကပေါ့ မြန်မာနိုင်ငံက သူဌေးကြီးတစ်ဦဆောက်ထားတဲ့ နာမည်ကြီး condo တစ်ခုမှပေါ့
မင်မင့်အန်တီကအာ့မှာနေတော့ သွားလည်ဖြစ်ကြတယ်ပေါ့။ တစ်နေ့ကြတော့အန်တီက ခရီးသွားဖို့အတွက် မင်မင်ကိုခေါ်ရော
" အန်တီ - "တောင်ကြီး၊ အင်းလေး ခရီးသွားမလို့ လိုက်ခဲ့ပါလားဟဲ့"
မင်မင် - "အွန်း သုံးယောက်ထဲလား ပျင်းစရာကြီးကို"
အန်တီ - "အန်တီမြ - မိုင်းရှူးစော်ဘွားကတော်ဟောင်း(နာမည်လွှဲထားသည်) အန်တီမြပါပါမယ်လေ
မင်မင် - "အာ့ဆို လိုက်မယလေ"
အန်တီ - "ဒါဆို မနက်ဖြန်ညနေ လာအိပ်နော်နောက်နေ့မနက်က ခရီးထွက်မှာဆိုတော့ တကူးတက လာမခေါ်တော့ဘူး ညအိပ်ရင်မနက်တန်းထွက်ရုံပလေ"
မင်မင် - "အိုစကေပါ အန်တီ"
နောက်နေ့ရောက်တော့ မင်မင့်အန်တီ့ အိမ်မှာသွားအိပ်ရော မအိပ်ခင်တော့ ပျော်ပျော်ပါးပါး ချက်ပြုတ်စားသောက်ကြတာပေါ့
ညဘက် ၁၀နာရီလောက်ထိုးတော့ အန်တီက အိပ်ကြမယ် မနက်လည်းအစောကြီးထရမယ်ဆိုပြီး အိပ်ဖို့ပြင်ကြရော
P.S - ဇာတ်လမ်လေးမဆက်ခင် အခန်းဖွဲ့စည်းပုလေးပြောပြချင်လို့၊ ကွန်ဒိုအခန်းထဲမှာ Master Bedroom - 1, Single Bedroom - 2, outside - Restroom -1, Living room - 1 နဲ့ Kitchen - 1 ပါပါတယ်
ဇာတ်လမ်းဒီကစတာ မင်မင် အိပ်မယ်လဲဆိုရော အန်တီက သမီးရေရော့ ဒီမှာအိပ်ဆိုပြီး dream bed လေးကို master bedroom ကို ခေါင်းရင်းပေးပြီး အခန်းအပြင်မှာအိပ်ခိုင်းရော။ သူတို့လင်မယားကြတော့ master bedroom ထဲမအိပ်ဘဲ living room မှာ အိပ်ယာခင်းပြီးအိပ်ကြသတဲ့။
ည ၁၀နာရီခွဲလောက် မင်မင် အိပ်ပျော်သွားထင်တယ်နောက်ရေးနိုးတော့ မင်မင်ဘေးကဖုန်းလေးကို ဘယ်နနာရီထိုးပြီလဲဆိုတာထကြည့်တော့ ည ၁၂နာရီကျော်လောက်ရှိနေပြီ ဒါပေမဲ့ အာ့မှာ မင်မင့် ခြေရင်းမှာ restroom ရှိတယ် Kitchen ရှိတယ်။ မင်မင်အာ့အချိန်နိုးလာတော့ အခန်းထဲမီးတွေမှိတ်ထားပြီး မှောင်မှောင်မည်းမည်းထဲမှာ ယောကျာ်းတစ်ယောက်ပုံစံ စွပ်ကျယ်နဲ့ခြေသံတစ်ရှပ်ရှပ်နဲ့(ဦးလေးကလည်း စွပ်ကျယ်ဝတ်တက်တာကို) restroom ဘက်သွားလိုက် kitchen ထဲဝင်လိုက်နဲ့လျှောက်သွားနေတာ။ အာ့တာနဲ့ပဲ မင်မင်လည်းတွေးလိုက်တာ "အော်စွပ်ကျယ်နဲ့ဆိုတော့ ကိုယ့် ဦလေးပဲထင်ပြီးပြန်အိပ်လိုက်တယ်တွေးလိုက်သေးတာ အော်သူအိမ်သာထသွားတာပါလာပေါ့)။ ဒုတိယတစ်ခေါက် ၂နာရီခွဲလောက်ထပ်နိုးပြန်ရေ ခြေရင်းကိုလှမ်းကြည့်တော့ အာ့လိုပဲ စွပ်ကျယ်ဝတ်ထားတဲယောကျာ်းတစယောက်က living room ထဲလျှောက်သွားနေတာ ထပ်တွေးလိုက်သေးတာ (အော် ငါ့ဦးလေးခရီးသွား ကားမောင်းရမှာကို မအိပသေးဘဲဘာလုပ်နေလပေါ့)
နောက်ဆုံးတစ်ခေါက် ထပ်နိုးလာတော့မနက်၃ခွဲကျော်လောက် အိုး shock ရသွားတာ၊ ထပ်နိုးလာချင်းချင်းဘဲ ပွင့်လာတဲ့မျက်လုံးကို စုံပြန်မှိတ်လိုက်ရတယ်။ ရင်ထဲမှာလဲ ဖိုးသိုးဖက်သက်နဲ့ ရင်တွေတုန်လိုက်တာဆိုတာ။ လွတ်နေတဲ့စောင်ကိုလည်း ‌ခြေထောက်နဲ့ညှပ်ပြီးကောက်ယူခေါင်းမှုးခြုံ၊ ဘုရားစာတွေရွတ်ပေါ့(ဖင်ပြန်ခေါင်းပြန်တွလျှောက်ရွတ်ပေါ့လေ)
မင်မင် ဘာတွေ့လိုက်လဲဆိုတော့ မျက်နှာတစ်ခု (မျက်လုံး၊ ပါးစပ်၊ နှာခေါင်း) ဘာမှမပါတဲ့ပြောင်ချောမျက်နှာကြီးက ကိုယ့်မျက်နှာပေါ်ကနေ မိုးပြီးကုန်းကြည့်နေတာကိုတွေ့လိုက်ရပါသတဲ့ရှင်
မနက်၆နာရီထိုးတော့ အန်တီက ခေါင်လေးကုတ်ပြီး ထတော့ ထတော့ဆိုလို့ အိပ်ရေးမဝစွာနဲ့နိုးလာလေသတည်ပေါ့။ တောင်ကြီး၊ အင်းလေး ခရီးစဉ်စတော့ ကာပေါ်မှာ အန်တီက မင်မင့်ကိုမေးရော
သမီး ညကကောင်းကောင်းအိပ်ပျော်လားတဲ့(ဟယ်ဘယ်လိုမေးလိုက်တာလဲပေါ့)၊ သိပ်အိပ်ပျော်ဘူး သရဲတွေ့တာတော့ မပြောနေတော့ဘူးပေါ့လေ။ အာ့တာနဲ့ အန်တီကလည်း ချောလဲရောထိုင်ပြောပါ‌လေရော "နင်ဦ‌လေးပေါ့ ညကမအိပ်ဘူးလေ ဟိုဟာထစား ဒီဟာထစားနဲ့၊ ဟုတ်တယ် ခရီးသွားရပါမယ်ဆိုတာကို မအိပ်ဘူး" အယ့်လယ် အန်တီက သူ့တူမကြောက်မှာစိုးလို့ဖြည့်ပြောရော။ စိတ်ထဲကတော့ 'ဟွန့်လူဇိုး သူတို့ပဲကြောက်လို့အခန်းထဲတောင်ဝင်မအိပ်ပဲနဲ့ ငါ့ကိုကြတော့ အာ့အခန်းအဝနားမှာ သိပ်တယ်လိုစ့်'

image