1 y - Translate

💙

image
1 y - Translate

💙

image
1 y - Translate

💙

image
1 y - Translate

💙

image
1 y - Translate

💙

image
1 y - Translate

💙

imageimage
+5
Digital Daily changed her profile cover
1 y

image
Digital Daily changed her profile picture
1 y

image
1 y - Translate

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ ထိုင်းနိုင်ငံတစ်‌နေရာရပြီ

ဘန်ကောက်၊အောက်တိုဘာ ၁၀

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်မည့် သုံးနှစ်တာသက်တမ်းအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင်အဖွဲ့ဝင် တနေရာ ရရှိရေးအတွက် ထိုင်းနိုင်ငံ၏ကြိုးပမ်းမှုသည်အောင်မြင်ခဲ့ပြီး ကောင်စီဝင် အဖြစ်ရွေးချယ်ခံခဲ့ရကြောင်းသိရသည်။

ထိုင်းနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းများကိုထောက်ပြကာ ဝေဖန်မှုများရှိခဲ့သော်လည်း ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။နူးယော့ခ်မြို့ ၌ ကျင်းပသည့် ကုလအထွေထွေညီလာခံ၌ မဲခွဲ ဆုံးဖြတ်ရာတွင် အဖွဲ့ဝင် ၄၇ နေရာ၏ လစ်လပ်နေရာ ၁၈ ခုအတွက် ကိုယ်စားလှယ်လောင်း ၁၉ ဦးရှိခဲ့ကြောင်းလည်းသိရသည်။

ယှဉ်ပြိုင်ရာ၌ ကုလအဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမဲ ၁၇၇ မဲဖြင့် ထိုင်းနိုင်ငံသည် ထိပ်ဆုံးမှရပ်တည်ခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုအများဆုံးအဖြစ် သတ်မှတ်ခံခဲ့ရသည့် ဆော်ဒီအာရေဗျသည် ၁၁၇ မဲဖြင့် ကောင်စီမှ ဖယ်ရှားခြင်းခံခဲ့ရသည်ဟုလည်းသိရသည်။

ယင်းနောက် ဆွစ်ဇာလန်၊တောင်ကိုရီးယားနှင့် အီသီယိုးပီးယားတို့သည် ဂျီနီဗာအခြေစိုက် လူ့အခွင့်အရေးကောင်စီ၏ အဖွဲ့ဝင်အသစ်များအဖြစ် ပါဝင်လာခဲ့သည်။

image
1 y - Translate

ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များပြေးဆွဲရာတွင် လုံခြုံရေးကိုအထူးဂရုပြုရန် ဧရာဝ တီတိုင်းဝန်ကြီးချုပ်မှာကြား

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်လေဆိပ်သို့ ခ ရီးသည်လေယာဥ်များပြေးဆွဲရာတွင် လုံခြုံရေးကိုအထူးဂရုပြုရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက မှာကြားခဲ့သည်။

ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စ တင်ပျံသန်းပြေးဆွဲနိုင်ရေးနှင့်ပတ်သက်၍ လုပ် ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ အောက်တိုဘာ ၉ ရက်မွန်းလွဲပိုင်းက တိုင်းအစိုးရအဖွဲ့ရုံး၌ကျင်းပစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက ခရီးသည်များအား လိုအပ်မည့်ဝန်ဆောင်မှုများပေးရန်လိုပြီး ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များပြေးဆွဲမှုများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်လိုအပ်ကာ လေယာဉ်ခရီးစဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများက အချိတ်အဆက်မိမိဖြင့် စုပေါင်းဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။

အဆိုပါ ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဥ်များပြေးဆွဲနိုင်ရန်ဆောင်ရွက်နေခြင်းနှင့်ပတ် သက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ဒု-ဝန်ကြီးက ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စတင်ပျံသန်းပြေးဆွဲနိုင်ရေးလုပ်ငန်းဆောက်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့အတူ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ်က ခရီးသည်လေယာဉ်များ ဆင်း/တက်အသုံးပြုနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ ပုသိမ်လေဆိပ်ရှိ ဝန်ထမ်းအင်အား၊ ခရီးသည်များ ဝင်/ထွက်အသုံးပြုနိုင်ရေးအတွက် လက်ရှိအဆောက်အဦအနေအထားများနှင့် လေယာဉ်ခရီးစဉ်ပြေးဆွဲမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးမှလည်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့် ပုသိမ်လေယာဉ်ကွင်းအ ဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ပုသိမ်လေယာဉ် ကွင်း၊ အဆောက်အဦနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

image