2 နှစ်များ - ဘာသာပြန်ပါ။

မြန်မာ-လာအိုနှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းပျံသန်းမှုနှင့် အပြန်အလှန်ကုန်သွယ်မှုများ မြှင့်တင်နိုင် သည့်အခြေအနေများဆွေးနွေး

အောက်တိုဘာ ၃၁၊ နေပြည်တော်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H. E. Mr. Heuangseng KHAMDALAVONG အား ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ခိုင်မာသော မိတ်ဆွေနိုင်ငံများအဖြစ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ အိမ်နီးချင်းကောင်း၊ မိတ်ဆွကောင်း၊ မိတ်ဆွေဟောင်းနိုင်ငံများဖြစ်သည်နှင့်အညီ သမိုင်းတစ်လျှောက် နှစ်နိုင်ငံအကြား အပြန်အလှန်ကူညီ ဆောင်ရွက်ပေးမှုအခြေအနေများ၊ ချစ်ကြည်ရေးခရီးများ အပြန်အလှန်လည်ပတ်ခြင်းနှင့် ပူးပေါင်းဆောင် ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်း ပျံသန်းလျက်ရှိမှုနှင့် အပြန်အလှန်ကုန်သွယ်မှုများ မြှင့်တင်နိုင်သည့်အခြေအနေများနှင့် လျှပ်စစ်ဓာတ်အားထုတ် လုပ်မှုများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။

#centralnewsnaypyitaw

image
Za Ma ခံစားနေရသည်။ ရယ်စရာ
2 နှစ်များ - ဘာသာပြန်ပါ။

ငယ်ငယ်‌တုန်းက မယ်သီလရှင်ကျောင်းထဲ ခိုးဝင်ကြပြီး ခူးစားခဲ့ကြတဲ့ အသီး...
အဝါရောင် အသားတွေကို တဟီးဟီးနဲ့‌ ဘော်ဒါတွေနဲ့ တပျော်တပါး ကိုက်စားကြတာ...
မှတ်မိသလောက် အရသာက ဖန်တွတွ၊ အရည်ကတော့ ရွှမ်းတယ်..
အောက်က ထွက်နေတဲ့ အ‌စေ့ကနေ ကိုင်စားကြတာ..
အဝါလည်း ကုန်ရော
အစေ့ပါ လွှင့်ပစ်ခဲ့ကြတယ်... အေးရော..

ခိုးခူးစားကြတာဆိုတော့
လူကြီးတွေလည်း ပေးမသိ၊
မယ်သီလတွေလည်း မသိ။
ကိုယ်တွေကလည်း အဝါကြီးပဲ စားရတယ် မှတ်တာ။

ဟိုစာဖတ် ဒီစာဖတ်နဲ့ သိနားလည်တဲ့ အရွယ်ရောက်မှ
ပြန်စဉ်းစားမိတိုင်း နှမြောတာ ဆိုတာ...
ကိုယ့်ကိုယ်သာ ဖိကျိန်ဆဲနေမိတော့တယ်...

#ငယ်ငယ်တုန်းက
#သီဟိုဠ်သီး
#သီဟိုဠ်စေ့

image

image

image
2 နှစ်များ - ဘာသာပြန်ပါ။

မန္တလေး ပြည်ကြီးတံခွန် (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှု ဖြစ်ပွား

အောက်တိုဘာ ၃၁

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်ထဲက (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ အောက်တိုဘာ ၃၀ ရက်နေ့က ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီပေါက်ကွဲမှုဟာ လမ်းပေါ် ကနေ ဆိုင်ကယ် (ယာဉ်မောင်း ၁၊ လိုက်ပါ ၁) နဲ့ လာရောက်ပြီး ဒေသန္တရလက် လုပ်မိုင်း နဲ့ ပစ်‌ပေါက်ခဲ့မှုကြောင့်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် (၈)နှစ်အရွယ် ကလေးငယ် (၁)ဦး နဲ့ (၂၉)နှစ်အရွယ်အမျိုးသား (၁)ဦးတို့ ပေါက်ကွဲစ ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကာ လောကပါလ လူမှုကူညီမှု အသင်းက ဆေးရုံပို့ဆောင်ပေးခဲ့ကြပါတယ်။

ရုံးအတွင်း မိုင်းပစ်ပေါက်ခဲ့သူတွေကို CCTV မှတ်တမ်းအချက်အလက်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ဖို့ လုပ်‌ဆောင်နေတယ်လို့လည်း သိရပါတယ်။

#centralewsnaypyitaw

image
2 နှစ်များ - ဘာသာပြန်ပါ။

ဟုပ🤭😇

တို့ကပုတော့နုတာပေါ့လို့နော်🤭😇
ပုနုဂျပုများအဖွဲ့🤭🤷🏼‍♀️😇

image
2 နှစ်များ - ဘာသာပြန်ပါ။

ပင့်ခုလေးဝတ်ရင် ဘာဘီလေးနဲ့တူတယ်တဲ့ ခိုခိုက

image
2 နှစ်များ - ဘာသာပြန်ပါ။

31 ရက် ဖြစ်တဲ့အပြင် သောကြာနေ့ရုံးပိတ်ရက်နဲ့တိုက်သော်လည်း မိမိတို့သူဌေးမှ လစာထုတ်ပေးမယ့်အရိပ်အယောင်မမြင်ရသောအခါ

image
2 နှစ်များ - ဘာသာပြန်ပါ။

အချို့သောအမှတ်တရလေးတွေ
လွမ်းခွင့်ရှိသေးတယ်မလား
မပိုင်ဆိုင်ရရင်လည်းနေပါ
အဝေးကချစ်‌ခွင့်လေးတော့
ရှိမယ်ထင်ပါရဲ့ ။

ကျွန်တော်ပြတ်သားနိုင်တဲ့တစ်နေ့
ခင်များကို မေ့သွားပေးမှာပါ။

💭 || 31.10.2024

image
2 နှစ်များ - ဘာသာပြန်ပါ။

OCHA နဲ့ WFP ကုလအဖွဲ့တွေက တာချီလိတ်ရေဘေးသင့် (၁)အိမ်ထောင်ကို ကျပ် (၃) သိန်းကျော် ထောက်ပံ့ ပေးမယ်လို့ဆို

အောက်တိုဘာ ၃၁

ကုလသမဂ္ဂလူသားချင်းဆိုင်ရာ စာနာမှုညှိနှိုင်းရေး ရုံး (OCHA) နဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားရပ် ရိက္ခာ အစီအစဉ် (WFP) အဖွဲ့တို့က တာချီလိတ် ရေဘေးသင့် (၁)အိမ်ထောင်ကို ကျပ် (၃)သိန်း (၁) သောင်းစီ ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အဲ့အစီစဉ်နဲ့ အိမ်ထောင်စု (၃၀၀၀)ကို ထောက်ပံ့ပေးသွားမှာဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ရုံးတွေမှာ စာရင်းပေးသွင်းထားနိုင်တယ်လို့ သိရပါတယ်။

တာချီလိတ်မြို့နယ်အတွင်းက ရပ်ကွက် (၉)ခုနဲ့ ကျေးရွာ (၃)ရွာက ရေဘေးသင့်

အိမ်ထောင်စုတွေကို စာရင်းကောက်ယူပြီး နိုဝင်ဘာလအတွင်းမှာ ‌ထောက်ပံ့နိုင်အောင် စီစဉ်နေတယ်လို့လဲ သိရပါတယ်။

ထောက်ပံ့ငွေပေးအပ်မှုကို သတ်မှတ်ချက်တချို့ပေါ်စီစစ်ပြီး Wave Money ကနေ ပေးအပ်သွားမှာလို့ သိရပါတယ်။

#centralnewsnaypyitaw

image