1 y - Translate

စက်သုံးဆီရည်ညွှန်းဈေး မြင့်တက်လာ
-----------------
ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးတချို့ရဲ့ စက်သုံးဆီ ရည်ညွှန်းလက်လီဈေးဟာ အောက်တိုဘာလ ၁၁ ရက်မှာ အနည်းငယ် မြင့်တက်လာတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်မြို့ရဲ့ စက်သုံးဆီ ရည်ညွှန်းလက်လီဈေးဟာဆိုရင် အောက်တိန်း 92 တစ်လီတာကို ၃၁၀၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၃၃၀၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၆၉၀ ကျပ်နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာကို ၃၃၄၀ ကျပ် သတ်မှတ်ထားတာဖြစ်ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ဈေးနှုန်းဟာ အောက်တိုဘာလ ၁၀ ရက်နဲ့နှိုင်းယှဉ်ရင်တော့ 92 တစ်လီတာကို ၁၄၅ ကျပ်၊ 95 တစ်လီတာကို ၁၅၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၁၂၀ ကျပ်နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာကို ၁၅၀ ကျပ် မြင့်တက်လာတာ ဖြစ်ပါတယ်။

အလားတူ နေပြည်တော် အပါအဝင် အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့ကြီးတွေရဲ့ စက်သုံးဆီ ရည်ညွှန်း လက်လီ ဈေးကလည်း အရင်နေ့ ပေါက်ဈေးထက် အနည်းငယ်မြင့်တက်လာတာကို တွေ့ရပါတယ်။

image
1 y - Translate

Relax before exam

image
1 y - Translate

မှာချင်တာ မှာစားပီးနောက် ဘေရှင်းသောအခါ...
me & my fri be like ;

image
1 y - Translate

The flower that symbolizes long life and lasting happiness, a Sunflower. 🌻🌱

image
1 y - Translate

The flower that symbolizes long life and lasting happiness, a Sunflower. 🌻🌱

image
1 y - Translate

The flower that symbolizes long life and lasting happiness, a Sunflower. 🌻🌱

image
1 y - Translate

The flower that symbolizes long life and lasting happiness, a Sunflower. 🌻🌱

image
1 y - Translate

The flower that symbolizes long life and lasting happiness, a Sunflower. 🌻🌱

image
image
image
image
1 y - Translate

မန္တလေးကျုံးဘေး၌ သီတင်းကျွတ်မီးထွန်းပွဲကျင်းပမည်
--------------------
မြန်မာ့ရိုးရာ သီတင်းကျွတ်မီးထွန်းပူဇော်ပွဲတော်ကို မန္တလေးကျုံးဘေးတစ်လျှောက်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီကနေ သိရပါတယ်။

သီတင်းကျွတ်မီးထွန်းပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး ပြည်သူတွေ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ဖို့နဲ့ စည်ကားသိုက်မြိုက် စွာ ကျင်းပနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သီတင်းကျွတ်မီးထွန်းပွဲတော်မှာ တေးသီချင်းတွေနဲ့ ဧည့်ခံဖျော်ဖြေမှုတွေ၊ မြန်မာ့ရိုးရာအစားအသောက်တွေ အပါအဝင် စတုဒိသာကျွေးမွေး ဧည့်ခံ တာတွေနဲ့ အခြားအစီအစဉ်တွေကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း မြန်မာ့ရိုးရာ သီတင်းကျွတ်မီးထွန်းပွဲတော်ကို မန္တလေးမြို့ နန်းမြို့ရိုး နဲ့ ကျုံးရေပြင်ကြား ရတနာပုံဥယျာဉ်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

image
1 y - Translate

ဗိုလ်တထောင်ဘုရား ရွှေသင်္ကန်းကပ်လှူရန် တင်ဒါခေါ်
------------------
ရန်ကုန်မြို့၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူဖို့ တင်ဒါခေါ်ယူနေတယ်လို့ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ကနေ သိရပါတယ်၊၊

လျှောက်လွှာတစ်စုံကို ငွေကျပ် ၃ သောင်းနဲ့ ဝယ်ယူနိုင်ပြီး စျေးပြိုင်တင်ဒါတင်သွင်းနိုင်ကာ အောက်တိုဘာလ ၂၀ ရက် ညနေ ၄ နာရီခွဲအချိန် နောက်ဆုံးထားပြီး လျှောက်လွှာတွေကို ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးမှာ တင်သွင်းရမှာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူရာမှာ ၉ လက်မပတ်လည် ရွှေစင်ရွှေပြား ကပ်လှူတဲ့ လုပ်ငန်း၊ စေတီတော်ကြီး နဲ့ အရံစေတီတွေ ရင်ပြင်တော်ရှိ စေတီတွေကို ရွှေသင်္ကန်းကပ်လှူတဲ့ လက်ခလုပ်ငန်းနဲ့ ၂ လက်မ ပတ်လည် ရွက်ရေ (၁၀၀) ပါ ရွှေဆိုင်း ၇၅၀၀ ဆိုင်း တင်သွင်းတဲ့လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊

image