1 နှစ် - ဘာသာပြန်ပါ။

မြန်မာနိုင်ငံတွင်ရာသီဥတုသုံးပါးကို
တစ်ပြိုင်ထဲခံစားနိုင်ပါပြီ၊
ညဆို မိုးရာသီ
မနက်ဆို ဆောင်းရာသီ
နေ့လည်နဲ့ညနေဆို နွေရာသီ 😑

image
1 နှစ် - ဘာသာပြန်ပါ။

ပြောစကားနားမထောင်လို့ ခေါင်းခေါက်ချင်သောလည်း အသဲနှလုံးပုလဲလုံးလေးဖြစ်နေသောအခါ

image
1 နှစ် - ဘာသာပြန်ပါ။

ခေတ္တ အမေရိကား။

image
1 နှစ် - ဘာသာပြန်ပါ။

အဟိ

image
1 နှစ် - ဘာသာပြန်ပါ။

Deli ခဈေးစစ်နေသော cusများကိုမင်မင်မှနိပ်စက်နေပုံ🤭🌝

image
1 နှစ် - ဘာသာပြန်ပါ။

ရခိုင်ဒေသခံ နှစ်သန်းကျော် အငတ်ဘေးဆိုက်ဖွယ်ရှိဟု ကုလသတိပေး

နိုဝင်ဘာ ၈၊ နိုင်ငံတကာ။

မြန်မာနိုင်ငံမှာ ၂၀၂၃- ၂၄ အချက်အလက် ကောက်ယူမှုတွေအရ ရခိုင်ပြည်နယ်ရဲ့ စီးပွါးရေးဟာ လည်ပတ်မှု လုံးဝ မရှိသလောက်နီးပါး ဖြစ်နေတာကြောင့် ဒေသခံ ၂ သန်းကျော် အငတ်ဘေးဆိုက်မယ့် အန္တရာယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ Stephanie Tremblay က နယူးယောက်မြို့ ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါဟာ ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစဉ် UNDP ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ဆန်းစစ်ချက်ဖြစ်ပြီး၊ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အထူးပြု ဖေါ်ပြထားတာပါ။

ရခိုင်ပြည်နယ်ထဲမှာ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးလို အဓိက ကဏ္ဍကြီးတွေဟာ ရပ်ဆိုင်းနေပါတယ်။ ပြည်ပပို့ကုန်ပေါ် မူတည်ပြီး လည်ပတ် လှုပ်ရှားမှုတွေကလည်း ဈေးကွက်တွေ အပိတ်ခံထားရတာကြောင့် ပျောက်ကွယ်ကုန်တဲ့အပြင် ဘိလပ်မြေဈေးတွေ မြင့်မားလာပြီး တင်ပို့မှုလည်း မရှိတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ရပ်ဆိုင်းနေခဲ့ရတယ်လို့ ပြောပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်မှာ ၂၀၂၅ မတ်လ- ဧပြီ လလောက်မှာဆို အငတ်ဘေးကြုံလာမယ့် အန္တရာယ် ရင်ဆိုင်နေရပြီး ဒေသတွင်း စားနပ်ရိက္ခာ ထုတ်လုပ်မှုကလည်း နေထိုင်သူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းလောက် အတွက်ပဲ ဖူလုံဖို့ ရှိတယ်လို့ တွက်ချက်ထားတာပါ။

မျိုးစပါးနဲ့ ဓါတ်မြေသြဇာ မလုံလောက်မှုတွေ၊ ရာသီဥတုဆိုးဝါး ပြင်းထန်မှုတွေအပြင် အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ တိုးလာတာကြောင့် စပါးစိုက်ပျိုးမှုမှာလည်း သိသိသာသာ ကျဆင်းလာနေတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ UNDP အဖွဲ့ကတော့ ရခိုင်ပြည်နယ်တွင်း ကုန်စည်စီးဆင်းမှု မပြတ်အောင် ကန့်သတ်ချက်အားလုံးကို ဖယ်ရှားပေးဖို့၊ အကူညီပေးရေး အဖွဲ့အစည်းတွေကို သွားရောက်ခွင့်ပေးပြီး မပိတ်ပင်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ဒီဒေသတွင်း အငတ်ဘေး မကြုံရအောင် စိုက်ပျိုးရေးကဏ္ဍနဲ့ ဈေးကွက်ပြန်ရှင်သန်လာစေမယ့် လုပ်ငန်းတွေလုပ်ဖို့ အရေးပေါ် ရံပုံငွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်

Source - VOA

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

အမေ့အိမ်မှာပဲ ဆက်ပြီးကပ်စားဖို့ ငါးနှစ်စာ စာချုပ် ချုပ်

image
1 နှစ် - ဘာသာပြန်ပါ။

ဝက်ဆီပြန်ဂျင်းနှပ်

ဝက်သားကို အနေတော်တုံး ဆားနဲနဲ ငံပြာရည် ခရုဆီ ပဲငံပြာရည်အကြည် အနောက်ခပ်များများ စို့ပုန်လို့ရည် ဆနွင်း ကြက်သားမူန့်တို့နဲ့နယ်ပြီးနှပ်ထားပါတယ် ငရုတ်သီး‌ခြောက်အနဲငယ် ကြက်သွန်ဖြူနီ ငပိပါရုံနဲ့ထောင်း ဂျင်းကို‌တော့အခွံမခွာပဲပါးပါးလှီးထားပါ ဆီအနေတော်သတ်ပါ ဆနွင်းမူန့်နဲနဲပြန်ထည့် ငရုတ်ထောင်းထည့်မွှေ မွှေးလာရင် နှပ်ထားတဲ့ဝက်သားထည့် ဂျင်းပြားထည့်မီးအေးအေးနဲ့ဆီပြန်‌အောင်မွှေပါ ဆီလုံးဝပြန်မှ ရေကိုဝက်သားနူးအောင်တစ်ခါထဲထည့်ပါ ဆူရင် အရသာမြည်းကြည့် ရေအလည်အလတ်ကျော်ခမ်းရင် ထမင်းပေါင်းအိုးထဲပြောင်းထည့်ခလုတ်နှိပ်ထား ရေလည်းခမ်းဆီလည်းပြန်လာရင် ခလုတ်ကိုလက်နဲ့အပေါ်တင်ပေးပြီးနှပ်ထားလိုက်ပါ စားချင်တဲ့အနေထားနူးအိပြီဆိုရင် ရပါပြီရှင်

image

ကျိုင်းတုံနှင့် ရေတာရှည်တို့တွင် အင်အားအနည်းငယ်ရှိ မြေငလျင်များလှုပ်ခတ်

နေပြည်တော်၊ နိုဝင်ဘာ ၈

ကျိုင်းတုံမြို့နှင့် ရေတာရှည်မြို့တို့တွင် အင်အားအနည်းငယ်ရှိ မြေငလျင်များ လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့၊ ည ၁၁နာရီ အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၁၆)မိုင်ခန့် ကွာဝေး သော မြန်မာနိုင်ငံ ပြည်တွင်း (ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် (၁၅) မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၁၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၇၉)ဒီဂရီ၊ အနက် (၂၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွား ကြောင်း သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့၊ နံနက် (၀၀)နာရီ၊ (၃၃)မိနစ်၊ (၁၂) စက္ကန့် အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၀)မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံ ပြည်တွင်း (ရေတာရှည်မြို့၏ တောင်ဘက် (၈) မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၀၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၄)ဒီဂရီ၊ အနက် (၃၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၃.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။

Credit - News Vision Media

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

ရပ်ထားတဲ့ (၆)ဘီးကားကို မီနီအိုးဝေ ဝင်တိုက် (၂) ဦး ဒဏ်ရာရ

နိုဝင်ဘာ ၈

ရပ်ထားတဲ့ (၆)ဘီးကားကို မီနီအိုးဝေက အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ရာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့တယ် လို့ သိရပါတယ်။

ဖြစ်စဉ်ကတော့ နိုဝင်ဘာ (၇) ရက်နေ့ ည (၁၁)နာရီ ခွဲလောက်က ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ တာဂွ ကျေးရွာမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

မီနီအိုးဝေဟာ အရှိန်မထိန်းနိုင်ပဲ (၆)ဘီးကားရဲ့ ဖင်နောက်ပိုင်းကို ဝင်တိုက်မိပြီး မီနီအိုးဝေယာဉ်မောင်းနဲ့လိုက်ပါ လာသူ တို့ (၂) ဦး ထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ပွားခဲ့တယ်လို့ တိုက်ကြီးမြို့နယ် မီးသတ်စခန်းကနေ သိရပါတယ်။

ယာဉ်တိုက်မှုကို မီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေး အသင်းဝင်တွေက ကူညီကယ်ဆယ်ပေးခဲ့ပြီး ပရဟိတ အသင်းတွေက ထိခိုက်ဒဏ်ရာရရှိသူ (၂)ဦးကို မြို့နယ် ပြည်သူ့ ‌ဆေးရုံသို့ ပို့ဆောင်ပေးထားခဲ့တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

imageimage