2 နှစ်များ - ဘာသာပြန်ပါ။

အူဆစ်က ဖျူရီကို ထပ်နိုင်၊ အငြင်းပွားဖွယ်မရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ နေရာထိန်းသိမ်း

ယူကရိန်းဟဲဗီးဝိတ် လက်ဝှေ့ကျော် အိုလက်ဇန္ဒာ အူဆစ်ဟာ ဗြိတိသျှလက်ဝှေ့ကျော် တိုင်ဆန် ဖျူရီကို ထပ်မံအနိုင်ရပြီး WBC, WBA, IBF နဲ့ WBO ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံခါးပတ် ၄ ခုလုံးကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဟဲဗီးဝိတ်တန်း ရွှေခါးပတ်အားလုံးကို ကိုင်စွဲထားနိုင်တဲ့အတွက် အငြင်းပွားဖွယ်မရှိ ကမ္ဘာ့ချန်ပီယံလို့ သတ်မှတ်ခံရတဲ့ အူဆစ်ကို ဖျူရီက ဒီဇင်ဘာ ၂၁ ရက်နေ့က ဆော်ဒီအာရေဗျမှာ မကျေပွဲ ထပ်နွှဲခဲ့တာ ဖြစ်ပါတယ်။
ပွဲဟာ အကြိတ်အနယ် ရှိခဲ့ပေမဲ့ ဒိုင်သုံးဦးလုံးက ၁၁၆-၁၁၂ နဲ့ အသက် ၃၇ နှစ်အရွယ် အူဆစ်ကိုပဲ အနိုင်ပေးခဲ့ကြပါတယ်။


ပြိုင်ဘက်ထက် အရပ်၊ ကိုယ်အလေးချိန်နဲ့ လက်တံတွေ နိမ့်ကျနေပေမဲ့ ပိုပြီး လှုပ်ရှားမှုပိုင်း အားသာတဲ့ အူဆစ်က အရင်ပွဲကထက်ကို ပိုအားထုတ်နိုင်ခဲ့ပါတယ်။


အထူးသဖြင့် ၆ ချီ ပြီးခါနီးမှာ အူဆစ်ရဲ့ ညာလက်သီးက ဝမ်းဗိုက်ကိုထိုးပြီး ဘယ်လက်သီးက နဖူးကို ထိုးတဲ့ ချက်ပေါင်းစပ်မှုက ဖျူရီကို ယိမ်းယိုင်သွားစေခဲ့ပေမဲ့ အချိန်စေ့သွားလို့ တချီ ရပ်သွားခဲ့ပါတယ်။


ဒိုင်တွေရဲ့ဆုံးဖြတ်ချက်က မျှတတယ်လို့ ထင်လားလို့ မေးတဲ့အခါ အူဆစ်က ပခုံးတွန့်ပြပြီး သူပြောစရာ မရှိဘူးလို့ ညွှန်ပြခဲ့ပါတယ်။

စကားများတတ်တဲ့ ဖျူရီကတော့ ရှုံးနိမ့်မှုကို စိတ်ပျက်ဟန်တူပြီး ဘာမှမပြောဘဲ ပွဲကွင်းကနေ ထွက်သွားခဲ့ပါတယ်။

ဆော်ဒီအာရေဗျမှာ ကျင်းပတဲ့ စနေနေ့ပွဲဟာ သူတို့နှစ်ဦးရဲ့ ဒုတိယမြောက်ပွဲဖြစ်ပြီး မေလက အဲဒီကွင်းမှာပဲ အူဆစ်က အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။

အူဆစ်ဟာ ၁၉၉၉ ခုနှစ်မှာ လင်းနော့ လူးဝစ် လအနည်းငယ်သာ ကိုင်ဆောင်ခဲ့တဲ့ ဟဲဗီးဝိတ်ရွှေခါးပတ်တွေအားလုံးကို အားလုံးကို တပြိုင်နက်တည်း ကိုင်ဆောင်ထားနိုင်တဲ့ ပထမဆုံး လက်ဝှေ့သမား ဖြစ်ပါတယ်။

"The Cat" လို့ ထင်ရှားတဲ့ အူဆစ်ဟာ မိုဟာမက် အလီ၊ ဂျိုး ဖရေဇာ၊ ဂျော့ ဖိုမင်နဲ့ မိုက် တိုင်ဆန်တို့လို သမိုင်းဝင် ဟဲဗီးဝိတ်ကြယ်ပွင့်တွေနဲ့ တန်းတူ အဆင့်အတန်းမှာ ရှိနေပါပြီ။

ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီးကလည်း အူဆစ်ရဲ့ အောင်ပွဲအတွက် ဂုဏ်ပြုခဲ့ပါတယ်။
DVB
Source: Reuters

image
2 နှစ်များ - ဘာသာပြန်ပါ။

ဂိမ်း ပြိုင်ပွဲအတွက် ဒေါ်လာ ၁၄ သန်းတန် မြို့ တည်ဆောက်လိုက်တဲ့ MrBeast
===========================================
MrBeast ဟာ ကမ္ဘာ့ ဝင်ငွေ အကောင်းဆုံး YouTuber ဖြစ်ပြီး ငွေအမြောက်အများ သုံးစွဲကာ ဂိမ်းပြိုင်ပွဲတွေ ပြုလုပ်ပေးနေသူ ဖြစ်ပါတယ်။ အခုတော့ သူက Beast Games ပြိုင်ပွဲ အသစ်ကို ပြုလုပ်ပေးလိုက်ပါတယ်။
သူ့ရဲ့ ထုံးစံအတိုင်းပဲ ဒီပြိုင်ပွဲမှာ ငွေကြေးများစွာ သုံးစွဲမှာ ဖြစ်ပါတယ်။ သူဟာ ပြိုင်ပွဲအတွက် လူထောင်ပေါင်းများစွာ ပါဝင်နိုင်ဖို့ ဒေါ်လာ ၁၄ သန်းတန် မြို့ကို တည်ဆောက်လိုက်ပါတယ်။ သူက အဲဒီပြိုင်ပွဲအတွက် ဒေါ်လာ သန်း ၁၀၀ ကျော် သုံးစွဲမယ်လို့ ပြောထားပါတယ်။
သူက X လူမှုကွန်ရက်မှာ Beast Games ပြိုင်ပွဲအကြောင်း ပြောပြထားပြီး အဲဒီမြို့ရဲ့ ဓါတ်ပုံတွေကိုလည်း မျှဝေထားပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရသူကို ကမ္ဘာ့ သမိုင်းမှာ အများဆုံး ဆုကြေးဖြစ်တဲ့ ဒေါ်လာ ၅ သန်းပေးမှာ ဖြစ်ပါတယ်။
Beast Games ကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ Amazon Prime Video မှာ ပြသနေပြီ ဖြစ်ပြီး Amazon က ကမ္ဘာ့ အကြီးမားဆုံး Live Game Show လို့ ကြေညာထားပါတယ်။
Ref : msn

image
2 နှစ်များ - ဘာသာပြန်ပါ။

Sunday Funday
Set up ကြီးက ဘယ်လိုတွေတောင်လားကွာ 🤑

2 နှစ်များ - ဘာသာပြန်ပါ။

ကုန်ပါပြီဟယ်

image
2 နှစ်များ - ဘာသာပြန်ပါ။

ကုန်ပါပြီဟယ်

image
2 နှစ်များ - ဘာသာပြန်ပါ။

ကုန်ပါပြီဟယ်

imageimage
2 နှစ်များ - ဘာသာပြန်ပါ။

we indeed almost burn down the house..
Nonnies genes were most definitely passed down the family tree. 😀

2 နှစ်များ - ဘာသာပြန်ပါ။

အလုပ်ထဲမှာ...
ငါ လဲကျ လို့ မဖြစ်ဘူး ဆိုပြီး အားတင်း
ထားနေရတယ် လဲကျ သွားတာနဲ့
ငါသိတယ် ငါအိပ်ပျော်သွားမယ်ဆိုတာ😑

image

ညီဖြစ်သူ၏ မင်္ဂလာဆောင်ကိုလာရောက်သည့် ဗိုလ်မှူးနှင့် ညီမဖြစ်သူတို့ အပြန်လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ

ဒီဇင်ဘာ ၂၂

ညီဖြစ်သူ၏ မင်္ဂလာဆောင်ကိုလာရောက်သည့် ဗိုလ်မှူးနှင့်ညီမဖြစ်သူတို့ အပြန်လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၂၂ ရက်) နေ့လည်(၂)နာရီဝန်းကျင်အချိန်ခန့်၌ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အထက်ဗဟိုလမ်း၊ အမှတ်(၁၃၁)ရှိ APOLLO Hotel ရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ APOLLO Hotel တွင် ကျင်းပသည့် ညီဖြစ်သူ၏ မင်္ဂလာဧည့်ခံပွဲသို့ လာရောက်သည့် ဗိုလ်မှူးသည် ဧည့်ခံပွဲပြီးဆုံး၍ Hotel မှ ပြန်လည်ထွက်ခွာစဉ် Hotel ရှေ့ရှိ အထက်ဗဟိုလမ်းပေါ်တွင် အမျိုးသား(၂)ဦးမှ ပစ္စတိုသေနတ်ဖြင့် (၄)ချက်ခန့်ပစ်ခတ်ပြီး ဒေါ်လှပန်းလမ်းအတွင်းသို့ ထွက်ပြေးသွားခဲ့သည်။

ပစ်ခတ်ခံရမှုကြောင့် အထက်ပါဗိုလ်မှူးဆိုသူတွင် ကျည်ဖောက်ဝင်ဒဏ်ရာ(၃)ချက်ရရှိခဲ့ပြီး မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁)တပ်မတော်ဆေးရုံ(ကုတင် ၁၀၀၀)သို့ လည်းကောင်း၊ ၎င်း၏ညီမဖြစ်သူတွင်လည်း ခါးရှပ်ထိဒဏ်ရာရရှိခဲ့ခြင်းကြောင့် တပ်မတော်အရိုးဆေးရုံ၊ မင်္ဂလာဒုံသို့လည်းကောင်း ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image