1 y - Translate

လုပ်ငန်းခွင်က Happy Ending 👋

လက်လွတ်စပယ် လုပ်ငန်းခွင်က နှုတ်ထွက်သွားကြတာ တွေ့ရများလို့ အပြုသဘောနဲ့ ပြောပြချင်ပါတယ်
လူတိုင်း ရည်ရွယ်ချက် ကိုယ်စီနဲ့ လုပ်ငန်းခွင် ဝင်ကြတယ်။
မတစ်ထောင်ဖွားတွေ ထိန်းကြတဲ့အခါ စည်းမျဉ်း ဥပဒေတွေဟာ ကိုယ့်ကြိုက်မယ့် အရာတွေ မဟုတ်တာတော့ သေချာပါတယ်..
အခြေခံကျဆုံးကတော့ ကိုယ်ရှင်သန် ရပ်တည်မယ့်ပတ်ဝန်းကျင်ကို လေးစားတတ်ဖို့ပါပဲ
ခုခေတ် လူအများစု လိုနေတာလဲ အဲဒါပါပဲ
လူတွေက ကိုယ်နဲ့ သဟဇာတ မဖြစ်တဲ့ လုပ်ငန်းခွင်လို့ ယူဆရင် အလုပ်ထွက်ပြီဆို မလာတော့မှ ဆက်သွယ်ကြည့်ရင် ထွက်သွားတာ များပါတယ် … အချို့ဆို ဆက်သွယ်လို့တောင် မရပါဘူး ။
လုပ်ငန်းခွင် ဝင်ကြတဲ့လူတွေကို ပြောပြချင်တယ်
Happy Ending လုပ်ကြပါ…. Goodbye ပေါ့👋
လာတုန်းကလည်း ကိုယ့်ဆန္ဒနဲ့ လာခွင့်တောင်းခဲ့သလို ထွက်ခွင့်လည်းတောင်းပါ 🤝
ကိုယ့်ကိုကိုယ် လေးစားဖို့ အထူးလိုအပ်ပါတယ်
လုပ်ငန်းခွင်ကို အခြေခံလေးစားမှု ပြသဖို့လိုပါတယ်
နောက်တာဝန်ရှိလူကို လွှဲပြောင်းပြီမှ ထွက်သင့်ပါတယ်။ Say Goodbye လုပ်ပါ …. ဒါဟာ ကျင့်ဝတ်ပါ ✌🏻
လုပ်ငန်းခွင်ကနေ အောင်မြင်စွာ ထွက်ခွါခြင်း ( Happy Ending)မပြုခဲ့ဘူးသရွေ့ အောင်မြင်တဲ့ လုပ်ငန်းပိုင်ဆိုင်ဖို့ဟာ ဝေးနေဦးမှာပါ 🪴

1 y - Translate

Google Map ကနေတဆင့် အနီးဆုံး EV Charging Stations တွေကို ရှာနိုင်တော့မယ်...

Google မှ ၄င်းရဲ့ Google Map ကို AI Feature တွေဖြင့် Upgrade လုပ်ထားတယ်လို့ ပြောလာပါတယ်။ Google Map အသစ်မှာ အသုံးပြုနိုင်မယ့် အဆင့်မြင့် Feature တွေထဲက တစ်ခုကတော့ လက်ရှိမှာအတော်လေးကို လူစိတ်ဝင်စားမှုမြင့်တက်နေပါတယ်။

အဲ့တာကတော့ Google Map ကနေတဆင့် အနီးဆုံး EV Charging Stations တွေကို ရှာနိုင်တော့မယ်ဆိုတဲ့ အချက်ပါ။

ဒီလုပ်ဆောင်ချက်မှာဆိုရင် EV ကားမောင်းသူများအတွက် ရှည်လျားတဲ့ခရီး မောင်းနှင်တဲ့အခါ အားကုန်ခါနီးအချိန်တွေမှာ အားနည်းတဲ့အချိန်တွေမှာ အမြန်ဆုံးအားသွင်းနိုင်ရန်အတွက် အနီးဆုံးမှာရှိတဲ့ Charging Stations များကို Google Map မှာ အတိအကျပြသပေးသွားမှာဖြစ်ပါတယ်။ မိမိသွားမယ့် လမ်းခရီးတစ်လျှောက် ရှိနိုင်မယ့် Charging Staations တွေရဲ့ တည်နေရာကို ကြိုတင်သိနိုင်မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် google.com/travel မှလည်း EV Charging Support ပေးနိုင်တဲ့ ဟော်တယ်များကို ရှာဖွေနိုင်ပါတယ်။

ဒါ့အပြင် အသုံးပြုပြီးသူများက Review များနှင့် Rating များလည်း ပေးနိုင်တဲ့အတွက် နောက်ထပ်အသုံးပြုသူတွေဟာ တည်နေရာ၊ အားသွင်းကြာချိန်၊ အသုံးပြုပုံ စသဖြင့် feedback နဲ့ Info တွေကိုလည်း တွေ့နိုင်ဦးမှာပါ။

Google အနေနဲ့ ဒီလုပ်ဆောင်ချက်ကို မေလထဲမှာ စတင်ထည့်သွင်းသွားမှာဖြစ်ပြီး Google Built in အသုံးပြုနိုင်မယ့် EV ကားတွေမှာ ပထမဆုံးအသုံးပြုနိုင်မှာဖြစ်ပါတယ်။

image
1 y - Translate

Vape တွေက လူငယ်တွေ အထာကျဖို့ တစ်ခုတည်းအတွက် လက်တည့်စမ်းသင့်တဲ့အရာလား?

ပုံမှန်​ဆေးလိပ်​သောက်တာထက် Safeဖြစ်တယ်ဆိုတာ​ရော ဟုတ်လား?

အခုခေတ်မှာဆိုရင် Vape သောက်တာက လူငယ်တွေကြားထဲမှာအများဆုံး​တွေ့ရပြီး အထူးအဆန်းမဟုတ်​တော့သလို မ​သောက်သုံးတာကမှ ထူးဆန်းသည်အထိ ရေပန်းစားလာပါတယ်။

အနံ့ မျိုးစုံနဲ့ ဆွဲဆောင်နေတဲ့အတွက် Vape ကိုအသုံးပြုတဲ့သူတွေက 2015 နှစ်​နောက်ပိုင်းတွေထဲမှာ ပိုပြီးသိသိသာသာတိုးလာပါတယ်။ လူငယ်တွေကြားမှာ ပုံမှန်ဆေးလိပ်ထက် Vape ကိုသုံးစွဲတဲ့သူပိုများပြီး Vape ကိုသုံးစွဲတဲ့သူတွေကလည်း လူကြီးတွေထက်စာရင် လူငယ်တွေကပိုပြီးများပါတယ်။

လေ့လာမှု​​တွေအရ Vape ​တွေက အထူးသဖြင့် လူငယ်များကို ဆွဲဆောင်နိုင်တဲ့ အကြောင်းရင်း က​တော့ Vape ဟာဆေးလိပ်သောက်ခြင်းထက် အန္တရာယ်နည်းပါးသည်ဟု ယုံကြည်​နေကြခြင်းပဲဖြစ်ပါတယ်။ ပုံမှန်​ဆေးလိပ်အစားထိုး​သောက်ကြတဲ့သူ​တွေရှိသလို၊​သောက်ချင်လို့​သောက်တဲ့သူ၊အထာကျချင်လို့​သောက်တဲ့သူ​တွေ ​လည်းရှိပါတယ်။

Vape နှင့် ဆေးလိပ်သောက်ခြင်း နှစ်ခုစလုံးကတော့ အဆုတ်ထဲသို့ နီကိုတင်းနှင့် အခြားအရာများကို ရှူရှိုက်ရတာခြင်းက​တော့ အတူတူပါပဲ။

စိုးရိမ်စရာတစ်ခုက​တော့ ​ဆေးလိပ်​တောင် မ​​သောက်ဖူးတဲ့လူငယ်​လေး​တွေ​တောင် Vape ကို​ရွေးချယ်​နေကြတာကို​တွေ့ရပါတယ်။

ဒီ​တော့ လက်တည့်မစမ်းခင်မှာ Vape ​သောက်ခြင်းရဲ့ ​နောက်ဆက်တွဲ အရာတွေကို သိထား​စေရန်အတွက် ရည်ရွယ်ပြီး ​ပြောပြပေးချင်ပါတယ်။

(၁) Vape​ သောက်ခြင်းက ဆေးလိပ်သောက်ခြင်းထက် အန္တရာယ်နည်းသော်လည်း safe မဖြစ်သေးပါ

Vape တွေက နီကိုတင်း (ဆေးရွက်ကြီးမှ ထုတ်ယူထားသော)၊ အနံ့အရသာနှင့် ဓာတုပစ္စည်းများပါဝင်ပါတယ်။

ပုံမှန်စီးကရက်များတွင် ဓာတုပစ္စည်း 7,000 ပါဝင်ပြီး အများစုမှာ အဆိပ်ဖြစ်စေသည်။
2021 ခုနှစ် အောက်တိုဘာလတွင် ထုတ်ဝေခဲ့သော The Johns Hopkins University မှ သုတေသနပြုချက်အရ vape ထုတ်ကုန်များတွင် ဓာတုပါဝင်ပစ္စည်းများ ထောင်ပေါင်းများစွာကို တွေ့ရှိခဲ့ပြီး အများစုမှာ နာမည်ဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ပစ္စည်း​တွေ​တောင်ပါဝင်​ကြောင်း​ပြောထားပါတယ်။

အဖွဲ့မှ ဖော်ထုတ်နိုင်ခဲ့သော ကဖိန်းဓာတ် အပါအဝင် အန္တရာယ်ဖြစ်နိုင်ချေရှိသော အရာများ၊ Vape များတွင် ယခင်က မတွေ့ဖူးသော ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးများပါဝင်​နေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ယားယံမှုတို့နှင့် ဆက်စပ်နေသော အနံ့အရသာနှစ်​တွေလည်းပါဝင်ကြောင်း​ပြောထားပါတယ်။

ဓါတု​ဗေဒပစ္စည်း​တွေပါဝင်​နေခြင်းအတူတူ Vape ​သောက်တာကပိုပြီးSafe ဖြစ်တယ်ဆိုတဲ့စကားကလည်း ယုံတမ်းစကားတစ်ခွန်းသာဖြစ်ပါတယ်။
နောက်ထပ် vaping နှင့်ဆက်စပ်သောအဆုတ်​ရောဂါနှင့်သေဆုံးမှု​တွေကလည်းရှိ​နေပါ​သေးတယ်။

2020 ခုနှစ် ဖေဖော်ဝါရီလတွင် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) မှ Vape အသုံးပြုမှုနှင့်ဆက်စပ်သည့် အဆုတ်ဒဏ်ရာ (EVALI) ဖြစ်ပွားမှု 2,807 မှုရှိပြီး အဆိုပါအခြေအနေကြောင့် သေဆုံးသူ 68 ဦးကိုလည်း အတည်ပြုခဲ့ပါတယ်။

(၂) သုတေသနပြုချက်အရ Vape ​သောက်ခြင်းကလည်း နှလုံးနှင့် အဆုတ်အတွက် မကောင်းပါ

နီကိုတင်းက ပုံမှန်စီးကရက်နှင့် Vape များတွင် အဓိကပါဝင်ပစ္စည်းဖြစ်ပြီး လူကိုအလွန်စွဲလမ်း​စေပါတယ်။ နီကိုတင်းသည် အဆိပ်အတောက်ဖြစ်စေသော အရာဖြစ်ပြီး
နာတာရှည် အဆုတ်ရောဂါနဲ့ ပန်းနာရင်ကျပ်ရောဂါနဲ့ ချိတ်ဆက်မှုတွေအပြင် အီး-စီးကရက် သွေးပေါင်ချိန်ကို မြင့်တက်စော နှလုံးခုန်နှုန်းနှင့် နှလုံးဖောက်ပြန်နိုင်ခြေကို တိုးစေသည့် adrenaline ပမာဏ ကို တိုးစေပါတယ်။

(၃) Vape က ဆေးလိပ်သောက်ခြင်းထက် safe မဖြစ်ပါ

Vaping နှင့် ဆေးလိပ်သောက်ခြင်း နှစ်မျိုးလုံးသည် စွဲလမ်းစေပြီး အန္တရာယ်ရှိနိုင်သော ဓာတုပစ္စည်းများကို သင့်ခန္ဓာကိုယ်ထဲသို့ ယူဆောင်လာပါတယ်။

Vape သောက်လိုက်တဲ့အခါ ဓာတုပစ္စည်းတွေ အများအပြားဟာ ခန္ဓာကိုယ်ထဲကို ​ရောက်လာပြီးကျန်းမာရေးကို ထိခိုက်စေပါတယ်။

ဒီ​တော့ ဆေးလိပ်ဖြတ်ဖို့အတွက် Vape အစားထိုးခြင်းက​ ကောင်းမွန်တဲ့​ရွေးချယ်မှု​တစ်ခု​တော့မဟုတ်သလို Vape သောက်ခြင်းဟာလည်း ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေပါတယ်။

Ref:hopkinsmedicine

image
1 y - Translate

In this photo there are
2 beautiful flowers 🌼💕🌼

image
1 y - Translate

The magical land of Norway ❤❤❤

image
1 y - Translate

အကောင်းတွေ လာခါနီးရင်
Universe က Test တွေ အရင်ဝင်လာတတ်တယ်
Spiritual လမ်းကြောင်းလျှောက်နေတဲ့သူတွေဆို
ပိုသိမှာပါ

စီးပွားရေး
လူမှုရေး
အိမ်ထောင်ရေး
ငွေရေးကြေးရေး
ကျန်းမာရေး

အဘက်ဘက်ကနေ တစ်နည်းပြီးတစ်နည်းနဲ့
စမ်းသပ်တာ

ဘယ်လိုကိုင်တွယ်ဖြေရှင်းလဲ
အခြေခံသဘောတရား ကြေညက်ပြီလား
ဘယ်လောက်ခံနိုင်ရည်ရှိလဲ
ဘယ်လိုပြင်ဆင်‌နေလို့
ဘယ်လောက်ထိ ထိုက်တန်လဲ

ပိုကောင်းတဲ့အရာ‌တွေနဲ့ သင့်တော်၏ မသင့်တော်၏
အရင်ဆုံးအစမ်းခံရတယ် ...

တိုးတက်လာတာရှိသလို
လိုအပ်ချက်တွေလည်းရှိသွားတယ်
သိသွားတယ်

Test တွေကို ဖြေရှင်းသွား‌နေရင်းက
ဆိုးတစ်လှည့် ကောင်းတစ်လှည့်
ဘဝမှာ နေပျော်လာခြင်းပဲ

ခု‌နောက်ပိုင်း အခက်အခဲတွေ စိတ်ညစ်စရာတွေ
ထပ်ပေါ်လာရင် ဒီလိုတွေးပြီး စိတ်ကိုဖြေလျှော့လိုက်တယ်

အနာဂတ် Challenge တွေကို ပိုစိတ်ဝင်စားလာပြီ။

1 y - Translate

လီဗာပူးလ်အသင်းဟာ နည်းပြ
အန်းစလော့ အတွက် ယူရို ၉ သန်း စာချုပ်ဖျက်သိမ်းကြေး
စတင်ကမ်းလှမ်းခဲ့
ပေမယ့် ဖီယင်နုဘက်က
ငြင်းပယ်သွားပါတယ် ❌🇳🇱

image
1 y - Translate

ချစ်တာ နဲ့ သံယောဇဉ် ရှိတာ မတူဘူး။

ချစ်တယ်ဆိုတာ
တစ်ခဏလေး တွေ့လိုက်ချိန် အတွင်းမှာပဲ
လူတစ်ယောက်ကိုချစ်မိသွားနိုင်တယ်။

ဒီနေ့
ချစ်မိနေပြီးမနက်ဖြန်မှာ ချက်ချင်းပဲ
မချစ်နိုင်တော့တာလဲ ဖြစ်နိုင်တယ်။

"သံယောဇဉ်" ဆိုတာ က
ချစ်တယ် ဆိုတာထက် ပိုလေးနက်တယ်။

တည်ဆောက်ရတဲ့ ကာလကလည်း
ကြာတယ်.........
လူနှစ်ယောက် မချစ်ပဲ နဲ့ လည်း
သံယောဇဉ်ကြောင့်
လက်ထပ် သွားကြ တာလည်း ရှိတယ်။

သံယောဇဉ်က
"ချစ်တယ်" ဆိုတာ လိုမျိုး
အပြောင်းအလဲ မရှိဘူး။

ဒီနေ့ "သံယောဇဉ်" ရှိလည်း
နောက်နေ့..... နောက် နေ့ပေါင်းများစွာလည်း
ရှိမှာပဲ။

မုန်းနေရင်တောင်
"သံယောဇဉ်" ကြောင့်စိတ်ထဲ တွေးမိ ပြီး
သတိရနေ မှာပဲ။

အဲ့တော့
တစ်ယောက်နဲ့ တစ်ယောက်
ချစ်တာ အပြင်သံယောဇဉ် ရှိသွားရင်
ဘယ်သူ ဖြတ်ဖြတ် မပြတ်ကြတာ များတယ်။

ပြတ်သွားခဲ့ သည်ရှိတောင်
တစ်ယောက်နဲ့ တစ်ယောက်
သေရာပါ မမေ့နိုင်ကြတာ များတယ်။

"သံယောဇဉ်" ဆိုတာက "ချစ်တယ်"
ဆိုတာထက် ပိုလေးနက်သလို
ပိုပြီးလည်း ဖြတ်တောက်ရ ခက်တဲ့ ကြိုးပါ.။

ကျွန်တော်ကတော့
လူတစ်ယောက်ကို
"သံယောဇဉ်" အပြင် " ချစ်တယ်" ဆိုတာထက်
ပိုပြီး ချစ်တတ်တဲ့ လူအမျိုးအစား ထဲမှာပါတော့
ခံစားရရင်လည်း
သူများထက် ၃ ဆလောက်ပိုတယ်။...

image
1 y - Translate

A bike date with you!! 😣🩷

image
1 y - Translate

A bike date with you!! 😣🩷

image