1 y - Translate

Website တွေမှာ တွေ့ရတတ်တဲ့ Cookies တွေက အန္တရာယ်ရှိနိုင်လား ....

အခုလို နည်းပညာတိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ အင်တာနက်အသုံးပြုမှုပမာဏဟာ တစ်ရက်တာရဲ့ ၃ ပုံမှာ ၂ ပုံအထိရှိနေတတ်ပါတယ်။

အင်တာနက်အသုံးပြုတဲ့အခါတွေမှာ တော်တော်များများဟာ ဝက်ဘ်ဆိုဒ်တွေကို ဝင်ရောက်ကြည့်ရှုပြီး သတင်းအချက်အလက်တွေ၊ နည်းပညာတွေ၊ သင်ခန်းစာတွေကို လေ့လာဖတ်ရှုကြပါတယ်။ အဲ့ဒီလို ဝက်ဘ်ဆိုဒ်တွေကို ဝင်ရောက်တဲ့အခါတိုင်းမှာ သင်အသုံးပြုနေတဲ့ Device Screen ပေါ်ကို အမြဲလိုလိုပေါ်လာတတ်တဲ့ Noti လေးတစ်ခုကို သတိထားမိကြမှာပါ။

အဲ့ဒါကတော့ Cookies တွေကို လက်ခံခိုင်းတဲ့ Noti လေးတစ်ခုပါ။ အဲ့ Cookies တွေက ဘာလဲ? လက်ခံလိုက်ရင်ဖြစ်ဖြစ် cancel လုပ်လိုက်ရင်ဖြစ်ဖြစ် အန္တရာယ်ရှိနိုင်လား? ဆိုတာကို ဒီနေ့ ပြောပြပေးသွားမှာပါ။

အရင်ဦးဆုံး Cookies ဆိုတာဘာလဲဆိုရင်တော့ မြင်သာအောင် ဥပမာပေးပြောရမယ်ဆိုရင် သင်က မိုဘိုင်းဖုန်းနဲ့ပတ်သက်တဲ့ဝက်ဘ်ဆိုဒ်တစ်ခုကို ဝင်ကြည့်တယ်ဆိုပါစို့။ Cookies က သင်ဘယ်လို အကြောင်းအရာတွေကို စိတ်ဝင်စားလဲဆိုတာကို မှတ်သားထားပြီး ဦးစားပေးဖော်ပြပေးသွားတာမျိုးပဲဖြစ်ပါတယ်။

ဝက်ဘ်ဆိုဒ်အများစုမှာ တွေ့ရတတ်တဲ့ Cookies တွေကတော့ Session cookies, Persistent Cookies, First party and third-party cookies, Super cookies, Flash Cookies တွေပဲဖြစ်ပါတယ်။ Cookies တွေဟာ အမျိုးအစားအလိုက်လည်း ကွဲပြားမှုတွေရှိပါတယ်။ Session Cookies ဆိုရင် ဝက်ဘ်ဆိုဒ်ထဲဝင်သုံးနေချိန်သာ သတင်းအချက်အလက်တွေ ဖော်ပြပေးပြီး ဝက်ဘ်ဆိုဒ်ပိတ်လိုက်တဲ့အချိန်မှာတော့ Cookies ကို ဖျက်လိုက်တာမျိုးရှိပါတယ်။

ဒါဆို Cookies တွေက အန္တရာယ်ဖြစ်စေနိုင်လားလို့ဆိုရင်တော့ Cookies တွေက Virus တွေ၊ Malware တွေကို ဖြန့်ချိသယ်ဆောင်နိုင်ခြင်းတော့မရှိပါဘူး။ ဒါပေမဲ့ Cookies ကို အသုံးပြုပြီး အချို့ Data ကူးယူမှုဖြစ်ရပ်တွေတော့ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေ နည်းလွန်းတယ်ဆိုပေမဲ့လည်း အသုံးပြုသူတွေအနေနဲ့ Noti တက်လာတဲ့အခါမှာ သေချာဖတ်ရှုပြီးမှ Accept လုပ်တာက ပိုပြီးတော့ စိတ်ချရမှာပါ။

Cookies နဲ့ ပတ်သတ်ပြီး အသုံးပြုသူတွေရဲ့ ခွင့်ပြုချက်ရမှ လုပ်ဆောင်နိုင်မယ့် DNT (Do Not Track) ကိုတော့ Mozilla FireFox, Internet Explorer, Safari, Opera, Google Chrome တို့မှာ ထည့်သွင်းပေးထားပါတယ်။

image
1 y - Translate

သဲကန္တာရထဲ သွားလာရင်း လမ်းပျောက်သွားသူတွေ ဘေးကင်းလုံခြုံစွာ ခိုလှုံနိုင်ဖို့နဲ့ ရေသောက်နိုင်စေဖို့အတွက် ဆော်ဒီနိုင်ငံမြောက်ပိုင်း နာဖုဒ်သဲကန္တာရထဲမှာ လမ်းပြလေဆာရောင်ခြည်တွေ တပ်ဆင်ထားပါတယ်။

သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ၊ နယ်မြေသစ် စူးစမ်းရှာဖွေသူ အယ်ရမ်မာလီက သဲကန္တာရထဲ လမ်းပျောက်သွားသူတွေကို ကြိမ်ဖန်များစွာ ကယ်ဆယ်ရေးလုပ်ပေးရင်းနဲ့ ဆိုလာစွမ်းအင်သုံး လမ်းပြလေဆာရောင်ခြည်တွေ တပ်ဆင်ဖို့ အကြံရခဲ့တာပါ။ သူ့ရဲ့အကြံကို သဘောကျသွားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုလာစွမ်းအင်သုံး လေဆာရောင်ခြည် ၁၀၀ ကျော် တပ်ဆင်ဖို့ ရင်းနှီးမတည်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ စတင်တပ်ဆင်ခဲ့တာဖြစ်ပါတယ်။

image
1 y - Translate

သဲကန္တာရထဲ သွားလာရင်း လမ်းပျောက်သွားသူတွေ ဘေးကင်းလုံခြုံစွာ ခိုလှုံနိုင်ဖို့နဲ့ ရေသောက်နိုင်စေဖို့အတွက် ဆော်ဒီနိုင်ငံမြောက်ပိုင်း နာဖုဒ်သဲကန္တာရထဲမှာ လမ်းပြလေဆာရောင်ခြည်တွေ တပ်ဆင်ထားပါတယ်။

သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ၊ နယ်မြေသစ် စူးစမ်းရှာဖွေသူ အယ်ရမ်မာလီက သဲကန္တာရထဲ လမ်းပျောက်သွားသူတွေကို ကြိမ်ဖန်များစွာ ကယ်ဆယ်ရေးလုပ်ပေးရင်းနဲ့ ဆိုလာစွမ်းအင်သုံး လမ်းပြလေဆာရောင်ခြည်တွေ တပ်ဆင်ဖို့ အကြံရခဲ့တာပါ။ သူ့ရဲ့အကြံကို သဘောကျသွားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုလာစွမ်းအင်သုံး လေဆာရောင်ခြည် ၁၀၀ ကျော် တပ်ဆင်ဖို့ ရင်းနှီးမတည်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ စတင်တပ်ဆင်ခဲ့တာဖြစ်ပါတယ်။

image
1 y - Translate

သဲကန္တာရထဲ သွားလာရင်း လမ်းပျောက်သွားသူတွေ ဘေးကင်းလုံခြုံစွာ ခိုလှုံနိုင်ဖို့နဲ့ ရေသောက်နိုင်စေဖို့အတွက် ဆော်ဒီနိုင်ငံမြောက်ပိုင်း နာဖုဒ်သဲကန္တာရထဲမှာ လမ်းပြလေဆာရောင်ခြည်တွေ တပ်ဆင်ထားပါတယ်။

သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ၊ နယ်မြေသစ် စူးစမ်းရှာဖွေသူ အယ်ရမ်မာလီက သဲကန္တာရထဲ လမ်းပျောက်သွားသူတွေကို ကြိမ်ဖန်များစွာ ကယ်ဆယ်ရေးလုပ်ပေးရင်းနဲ့ ဆိုလာစွမ်းအင်သုံး လမ်းပြလေဆာရောင်ခြည်တွေ တပ်ဆင်ဖို့ အကြံရခဲ့တာပါ။ သူ့ရဲ့အကြံကို သဘောကျသွားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုလာစွမ်းအင်သုံး လေဆာရောင်ခြည် ၁၀၀ ကျော် တပ်ဆင်ဖို့ ရင်းနှီးမတည်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ စတင်တပ်ဆင်ခဲ့တာဖြစ်ပါတယ်။

imageimage
1 y - Translate

အလန်ရှီယားရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)အကာင်းဆုံးအသင်း

အလန်ရှီယားရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)အကောင်းဆုံးအသင်းတွင် ဂိုးသမား မာရစ်ဇ်၊နောက်တန်းတွင် အလက်ဇန်ဒါးအာနိုးလ်၊ဘရော့ဝေးလ်၊အဆိုင်းနွန်၊ကွင်းလယ်တွင် အမ်ဘူမို၊ရိုက်စ်၊ဂေးလ်၊အယ်လ်ဇေး၊တိုက်စစ်တွင် ဝစ်ဇာ၊မတေတား၊ဝစ်ကင်စ် တို့ပါဝင်လာသည်။အကောင်းဆုံးနည်းပြအဖြစ် လန်ဒန်ဒါဘီမှာ ဂိုးမိုးရွာခဲ့တဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့ ဩစတြီးယားနည်းပြ အိုလီဗာ ဂလက်စ်နာ ကိုရွေးချယ်ထားသည်။

image
1 y - Translate

ဖီလပင်းနိူင်ငံ(ဖီလပိုင်) ကတော့
အိုဇုန်းလွှာ အရမ်းပူလာလို့ဆိုပြီး တစ်နာရီအတွင်းသစ်ပင် အရေအတွက် ၃ ဒသမ ၂သန်း စိုက်ပြီး
ကမ္ဘာ့စံချိန် ကျော်နိူင်ခဲ့ပြီ

ပူတယ် ပူတယ်ဆိုပြီး သာ အော်နေကြတာ သစ်ပင်လေး တစ်ယောက် တစ်ပင် စိုက်ဖို့ ကျတော့ ခက်ခဲနေကြတယ်။ ခုချိန်မှာ သစ်ပင် တစ်ယောက်တစ်ပင်သာ စိုက်ကြည့်ပါ နောက် ၅နှစ်နေရင် ဒီလောက်မပူတော့ဘူး ။
ခုချိန်မှာ သစ်ပင်တစ်ပင်ခုတ်ကြည့်ပါ နောက် တစ်ရက်နေရင် ဒိထက်ပိုပူမယ်။ ဒါတွေကို မသိလို့လားဆိုတော့လမဟုတ်ပြန်ဘူး သိရဲ့သားနဲ့မလုပ်ကြတာ။
တစ်ခုတော့ ရှိတယ် သစ်ပင်စိုက်ရင် ကျွန်း လို တန်ဖိုးကြီးပင်မစိုက်ပါနဲ့ ခုတ်ရောင်းတဲ့သူတွေက ရောင်းကြမှာပဲ အဲ့တော့ စိုက်ရကျိုးမနပ်ဘူး။
ပူတယ်လို့ သာ ထပ်အော်နေကြပါတော့ 😔

1 y - Translate

ချစ်ခြင်းမေတ္တာကို မင်းနဲ့မှ မဟုတ်ရင် မဖြစ်ဘူး၊ မင်းနဲ့လည်း မဖြစ်နိုင်တော့ဘူးဆိုတဲ့ အချိုးအကွေ့မှာ ကိုယ်ရပ်ထားတာ။

ကိုယ်တို့ နောက်ဆုံးပဲထင်တယ်လို့ ရိပ်မိသွားတဲ့နေ့ကနေ ဒီနေ့ထိ ကိုယ့်ရယ်မောမှုတိုင်းမှာ ငိုသံနည်းနည်းပါနေတာ။

ရယ်ရတယ်မလား၊ မင်းတစ်ယောက်ပဲ သတိထားမိမယ့် အပြုအမူတွေကို မင်းမဟုတ်တဲ့လူတွေအပေါ် ကိုယ်သုံးစွဲမိတဲ့အခါ သတိတရ ဖြစ်ရတဲ့ နာကျင်မှုဟာ နှစ်ဆ။

အလွယ်တကူမပျော်ဝင်နိုင်တဲ့ စိတ်ခံစားမှုပုံဆောင်ခဲနဲ့ ကိုယ်ပဲ။ အနားရောက်လာတဲ့လူတွေကို ကိုယ်ငြင်းရတဲ့ အကြောင်းပြချက်က တစ်ခုပဲ။ မင်းမဟုတ်တဲ့ လူတွေကို ကိုယ်မချစ်ဘူး။ မင်းဆီလည်း ကိုယ်ပြန်မရောက်နိုင်တော့ဘူး။ မရောက်နိုင်တာထက်ထပ်မလိုချင်တော့တာကပိုမှန်နေပါတယ်။

image
1 y - Translate

Air Cooler အသုံးပြုသူများ အဓိက သိထားရမည့် အချက်ကြီး (၅)ချက် ♨️♨️♨️

✅ဘယ် Air Cooler အမျိုးအစားမဆို ဒီအချက်တွေကို လိုက်နာလို့ရနိုင်ပါကြောင်း သတင်းစကားပါးရင်း

✅Air Coolerမှာ ပါတဲ့ Water Tank (ရေကန်) ကို ရေဖြည့်ခြင်း

✅Air Cooler မှာ ပါတဲ့ Water Tank (ရေကန်) တိုင်းမှာ Full, Max, Min စသဖြင့် အတိုကောက်နဲ့ ရေကန်ရဲ့ ရှေ့မှာ ဖြစ်စေ၊ နောက်မှာ ဖြစ်စေ၊ အောက်မှာဖြစ်စေ၊ ဘေးမှာဖြစ်စေ ရေးထားတတ်ပါတယ်။

✅ဒါက ဘာကို ပြောချင်တာလဲ ဆိုရင် ရေထည့်ရမယ့် level အတိုင်းအတာကို ပြောတာပါ။ MaMaximum), Full ဆိုရင် အဲဒီ့အထိ အမြင့်ဆုံးထည့်ရမှာဖြစ်ပြီး ကျော်လို့မရပါဘူး။ Mim(Minimum) ဆိုရင် အနည်းဆုံး ရှိကိုရှိရမယ့် ရေlevel ဖြစ်ပြီး လေအေးရချင်ရင် အနည်းဆုံး အဲဒီ့လောက်တော့ ရှိကိုရှိရပါမယ်။

ရေခဲခြောက်ထည့်ခြင်း

✅Air Cooler တော်တော်များများမှာ ပိုအေးအောင် ရေခဲခြောက်တုံးလေးတွေ ပါကြပါတယ်။ တစ်ချို့က အထဲမှာ ရေခဲကို တာရှည်ထိန်းပေးတဲ့ အမှုန့် ပါပြီး ကိုယ်က ရေထည့် ရေခဲသေတ္တာ အပေါ်ထပ်ထဲထည့် ခဲပေးရတယ်။ တစ်ချို့ က Gel type ပါပြီးသားနဲ့ တစ်ချို့ကျ ရေခဲဖို့အတွက် ဗူးကြီး သက်သက်ပါတတ်ပါတယ်။

✅အဲဒါကို အပေါ်ကပြောခဲ့တဲ့ water tankထဲ ထည့်မယ်ဆို အရေးကြီးတာက အပေါ်မှာ ပြောခဲ့တဲ့ အမှတ် Level (Max, Min) လေးတွေပါ။

✅ရေကိုတော့ ဟုတ်ပြီ အပေါ်က ပြောတဲ့ အတိုင်း ထည့်ပြီးပြီဆိုပြီး နောက်မှ ရေခဲခြောက်ဗူးကို ရေကန်ထဲထည့်လိုက်ရင် ရေရဲ့ ရှိရမယ့် (Full,Max) level ကို ကျော်သွားမှာ ဖြစ်ပါတယ်။

✅ဒီတော့ ရေခဲခြောက်ထည့်မယ်ဆိုရင် ရေကို တစ်၀က်လောက်ပဲအရင်ထည့်ပြီးမှ ရေခဲခြောက်ထည့်ပါ။ Full,Max level ချိန်ပြီး လိုသလို ရေထပ်ထည့်လည်းရနိုင်ပါတယ်။

အမှတ်ကျော်သွားရင် ဘာဖြစ်တတ်လဲ?

ရေယိုတတ်ပါတယ်။ ဒါကတော့ များသောအားဖြင့် Air Cooler က ရေယိုတယ်လို့ ပြန်ကြားရတဲ့ Complaint တစ်ခု ပါပဲ။

✅ဒါပေမယ့် တစ်ခါတစ်လေ Factory Errorလည်း ရှိတတ်ပါတယ်။

ဒါက အဓိက အချက်ပါ ... ရေမရှိပဲနဲ့ လုံး၀ Cool, Cold, Cooling စသည်ဖြင့် ရေးထားတဲ့ ခလုတ်ကို မနှိပ်ပါနဲ့

✅ဘာကြောင့်ဆို ရေကို စုပ်ပေးတဲ့ ပန့်မော်တာလေးက ရေမရှိပဲ ရုန်းရသလို ဖြစ်လို့ အပျက် မြန်ပါလိမ့်မယ် ...

✅တစ်ချို့ ဈေးများသွားပြီး Functionအစုံပါတဲ့ Brand တွေဆို ရေမရှိတာနဲ့ ပန့်မော်တာက အလုပ်မလုပ်တော့တဲ့ စနစ်မျိုးပါတတ်ပါတယ်။

✅Air Cooler သန့်ရှင်းရေး

✅Air Cooler သုံးတဲ့ အကိုတွေ အစ်မတွေတိုင်း ကျေးဇူးပြုပြီး အနည်းဆုံး နှစ်ပတ်တစ်ခါလောက် အနောက်မှာ ပါတဲ့ ဇကာလေး ကို ဖြုတ်ဆေး၊ ခါ၊ နေလှမ်းပြီး ပြန်တပ်ပေးဖို့ ပြောပေးပါရစေ။

✅ဘာကြောင့်ဆို ဒီဇကာကပဲ လေတွေကိုစစ် ရေကိုဖြတ်ပြီး လေအေးထုတ်ပေးလို့ပါ။ ဖုန်တက်မြန်သလို ဖုန်တွေကြောင့် လေထွက်အားလည်း လျော့လာနိုင်ပြီး ကျန်းမာရေးအတွက်ပါ အဆင်ပြေဖို့အတွက်ပါ။

✅ဇကာဖြုတ်ရတာ တကယ် မခက်ပါဘူး။ တစ်ချို့က ကလစ်ကလေးတွေနဲ့ တစ်ချို့က screw driver နဲ့ လှည့်ဖြုတ်ရုံပါပဲ။

#knowledge

1 y - Translate

အသင်းလိုဂိုမှာ ကြယ်တစ်လုံးတိုးသွားတဲ့ အင်တာမီလန်

ကမ္ဘာ့ဖလားချန်ပီယံ နိုင်ငံလက်ရွေးစင်အသင်းများ၏ လိုဂိုများတွင် ချန်ပီယံဆုဖလားရရှိမှုအပေါ်အခြေခံ၍ လိုဂိုအပေါ်၌ ကြယ်ပွင့်များထားရှိသကဲ့သို့ စီးရီးအေချန်ပီယံအသင်းတချို့၏ လိုဂိုများတွင်လည်း ကြယ်ပွင့်များကို တွေ့ရမည်ဖြစ်သည်။သို့သော် ပြည်တွင်းအမှတ်ပေးချန်ပီယံဆုမှာ ကမ္ဘာ့ဖလားချန်ပီယံဆုကဲ့သို့ (၄)နှစ်မှတစ်ကြိမ် ချီးမြှင့်ခြင်းမဟုတ်ဘဲ နှစ်တိုင်းချီးမြှင့်နေသလို၊ အသင်းတစ်သင်းတည်းက အကြိမ်ကြိမ်ဆွတ်ခူးခြင်းများလည်းရှိရာ အချို့အသင်းများ၏ချန်ပီယံဆုအရေအတွက်မှာ ဆယ်ဂဏန်းဖြစ်နေသည်။ချန်ပီယံဆု ဆယ်ခုပြည့်လျှင် လိုဂိုတွင် ကြယ်တစ်လုံးတပ်ဆင်ခွင့်ရှိပြီး ယခု ချန်ပီယံဆု(၂၀)ကြိမ်မြောက် ဆွတ်ခူးခဲ့သော အင်တာမီလန်အသင်းက လိုဂိုတွင် ကြယ်(၂)လုံးတပ်ဆင်ခွင့် ရသွားခဲ့ပြီဖြစ်သည်။အင်တာမီလန်အသင်းသည် မီလန်ဒါဘီတွင် (၂-၁)ဂိုးဖြင့် အနိုင်ယူပြီးနောက် ဒုတိယနေရာမှ အေစီမီလန်ကို လက်ကျန်ပွဲ(၅)ပွဲကျန်နေချိန်တွင် (၁၇)မှတ်အထိဖြတ်ပြီး ချန်ပီယံဆုကိုအကြိမ်(၂၀)မြောက် ဆွတ်ခူးရရှိခြင်းဖြစ်သည်။ မူလက အင်တာမီလန်နှင့် အေစီမီလန်၏ စီးရီးအေ အောင်မြင်မှုမှာ ချန်ပီယံ(၁၉) ကြိမ်၊ ဒုတိယ(၁၆)ကြိမ်ဖြင့် တူညီနေပြီး ယခုရာသီ၌ အင်တာမီလန်အသင်းက မြို့ခံပြိုင်ဘက်အသင်းကို ချန်ပီယံဆုတစ်ကြိမ်အသာရခဲ့ခြင်းဖြစ်သည်။

image
1 y - Translate

အမေကမှာလိုက်တယ်
စျေးရောင်းရင် ပြုံးပြုံးရွှင်ရွှင်
ကာစတန်မာဆားဗစ်စ် ကောင်းကောင်းနဲ့ရောင်းရမယ်တဲ့ 😁😁

image