ကယားပြည်နယ် ပြည်သူ့ပါတီ(KySPP) နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထား

နိုဝင်ဘာ ၁၂၊ နေပြည်တော်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော ကယားပြည်နယ် ပြည်သူ့ပါတီ(KySPP) သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို ယမန်နေ့တွင် လာရောက်လျှောက်ထားခဲ့ ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

ယခုလျှောက်ထားသည့်အဖွဲ့အား ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယမန်နေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၁၈ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၅၀၊ စုစုပေါင်း ၆၈ ပါတီရှိပြီဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image

ရုရှားက မြောက်ကိုရီးယားကို ပဲ့ထိန်းဒုံးကျည်နည်းပညာ ပေးဖွယ်ရှိ

နိုဝင်ဘာ ၁၂၊ နိုင်ငံတကာ

ရုရှားက မြောက်ကိုရီးယား၏ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM)အစီအစဉ်ကို အဆင့်မြှင့်တင်ရန် စစ်ဘက် ဆိုင်ရာ နည်းပညာကို ထောက်ပံ့ပေးသွားနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းသုံးသပ်ထားသည်ဟု Korea Times မှ ဖော်ပြခဲ့သည်။

အောက်တိုဘာလက မြောက်ကိုရီးယား၏ ICBM စမ်းသပ် ပစ်လွှတ်မှုတွင် ဒုံးအင်ဂျင်သစ် စမ်းသပ်မှု မပါဝင် ခဲ့ပြီးနောက် ယင်းခန့်မှန်းချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ မြောက်ကိုရီးယား၏ ICBM နည်းပညာတွင် ရုရှား ထောက်ပံ့ပါဝင်မှုကို အတည်ပြုနိုင်ရန် စောလွန်းသေးသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

ထိုပူးပေါင်းဆောင်ရွက်မှုသည် မြောက်ကိုရီးယားက ယူကရိန်းတွင် ရုရှားတပ်များကို ကူညီရန် စစ်သားများ စေလွှတ်နိုင်ဖွယ်ရှိသည့် အခြေအနေနှင့် လဲလှယ်မှုတစ်ရပ် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားသည် စီးပွားရေး အကူအညီ၊ နည်းပညာ သို့မဟုတ် ထိုနှစ်ရပ်လုံးကို ရရှိနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသော်လည်း အသေးစိတ်ကိုမူ လျှို့ဝှက်ထားဆဲဖြစ်သည်။

အောက်တိုဘာ ၃၁ ရက်က မြောက်ကိုရီးယား၏ Hwasong-19 ICBM စမ်းသပ် ပစ်လွှတ်မှုသည် အဆင့်မြှင့်ထား သော ဗားရှင်းထက် အသစ်တီထွင်ထားသော မော်ဒယ် ဖြစ်ဖွယ်ရှိသည်ဟု တောင်ကိုရီးယား၏ အာဏာရပါတီ ဖြစ်သည့် People Power Party မှ လွှတ်တော်အမတ် ယူးယောင်းဝမ်(Yoo Yong-won)က ပြောကြားခဲ့သည်။

ဒုံးကျည်တွင် ကိုယ်ထည် အရွယ်အစား၊ အကျယ်နှင့် အမြင့်ကို တိုးမြှင့်ထားပြီး ထိုဒုံးကျည်သည် လက်ရှိ Hwasong-18 ကို အဆင့်မြှင့်တင် မွမ်းမံထားသည့်ပုံစံ မဟုတ်ကြောင်း ၎င်းက သုံးသပ်ထားသည်။

မြောက်ကိုရီးယားက ပိုမိုအဆင့်မြင့်သော ICBM ကို မလွှတ်တင်မီ ပုံမှန်အားဖြင့် ပြုလုပ်ရန် လိုအပ်သော ဒုံးအင်ဂျင်အသစ် စမ်းသပ်မှုအဆင့်ကို ကျော်ခဲ့သောကြောင့် Hwasong-19 စမ်းသပ် ပစ်လွှတ်မှုသည် အာရုံစိုက်မှု ကို ပိုမိုရရှိခဲ့သည်။

မြောက်ကိုရီးယားကမူ ၎င်းတို့သည် တာလတ်ပစ် အသံထက်မြန်သည့် ပဲ့ထိန်းဒုံးကျည်သစ်အတွက် လောင်စာ တောင့်သုံး ဒုံးအင်ဂျင်တစ်ခုကို စမ်းသပ်ခဲ့သည်ဟု ထုတ်ပြန်ထားသော မတ်လနောက်ပိုင်း လောင်စာတောင့်သုံး ဒုံးအင်ဂျင်သစ်ကို စမ်းသပ်ခြင်း မရှိတော့ကြောင်း တောင်ကိုရီးယားစစ်တပ်က အတည်ပြုထားသည်။

လတ်တလောတွင် ထင်ကြေးပေးမှုများ ပိုမိုမြင့်တက်လာသောကြောင့် ကျွမ်းကျင်သူများက ၎င်းတို့သည် ရုရှားနှင့် မြောက်ကိုရီးယားကြား ဒုံးကျည်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု နောက်ထပ် လက္ခဏာရပ်များကို ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: Korea Times

ပုံ - ဒုံးကျည် ဆင်ဆာကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

သွင်းကုန်လုပ်ငန်းရှင်များအား ထိုင်းဘတ် ၁၅ သန်း ရောင်းချပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအား ထိုင်းဘတ် ၁၅ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီနှင့် အခြားသွင်းကုန်များ တင်သွင်းရန်အတွက် အဓိကလိုအပ်သည့် ဒေါ်လာအပြင် တရုတ်ယွမ်နှင့် ထိုင်းဘတ်တို့ကို ထုတ်ရောင်းပေးလျက်ရှိသည်။

ထိုကဲ့သို့ ထုတ်ရောင်းပေးရာတွင် ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ သုံးလကျော်တွင် ဒေါ်လာ ၂၅၆ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၀၇၅ ဘီလျံနှင့် တရုတ်ယွမ် ၅၃ သန်းကျော်အထိ ထုတ်ရောင်းပေးထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဒေါ်လာဈေးနှုန်း ပြန်မြင့်တက်လာခဲ့၍ ဗဟိုဘဏ်မှ ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များ ဆက်တိုက်ထုတ်ရောင်းပေးမှုအပြင် ယခုဘဏ္ဍာနှစ် ခုနှစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံကျော် ထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်ချက်အရ သိရသည်။

image
1 y - Translate

ကိုယ့်တွင်း ကိုယ်ယက်
တကောင် ကြွက်ပဲ

သိမ်ငယ်လည်း အပိုပဲ
နှိမ်မယ်ဆိုတဲ့ လူ့ဘောင်အဖွဲ့ အစည်းမှာ
အလိမ်အလည် တွေချည်းပဲ

ကိုယ်လို ထင်ပြီး ဖေးမမယ် မထင်နဲ့
ဦးအောင် ဇာတ်နာပြချင်တဲ့ လူတွေက ဒုနဲ့ဒေး

ငွေ ဟေ့ ငွေ
လောကမှာ ၀တ်ဆံ ရှိမှ ပျားအုံ လာသလို
လောကမှာ ပိုက်ဆံ ရှိမှ လူပြုံ လာတာ

မင်း ခွက်ခေါက်နေကြည့်
တချက်လောက်တောင် လှည့်မကြည်မယ့်စာရင်းထဲ
ဆွေမျိုး တွေက နံပါတ်၀မ်းပဲ ။ ။

#ခွန်ဟိဏ်း(Yesagyo)

image
1 y - Translate

beach, food, and sunset. 🧡🌊✨️🥹

image
1 y - Translate

beach, food, and sunset. 🧡🌊✨️🥹

image
1 y - Translate

beach, food, and sunset. 🧡🌊✨️🥹

image
1 y - Translate

beach, food, and sunset. 🧡🌊✨️🥹

image
1 y - Translate

beach, food, and sunset. 🧡🌊✨️🥹

image
image
image
image
1 y - Translate

ကိုယ့်အား မလိုအပ်သူကို
တိတ်ဆိတ်ခြင်းဖြင့် ချစ်ပါသည် ။

ကိုယ့်အနား မနေလိုသူကို
လွတ်လပ်စေခြင်းဖြင့် ချစ်ပါသည် ။

ကိုယ့်အတွက် မဟုတ်သောသူကို
စွန့်လွှတ်ခြင်းဖြင့် ချစ်ပါသည် ။

ထို့ထက်ပို၍လည်း......
အလိုက်သိစွာ ချစ်ပါသည် ။

image