တာချီလိတ်မြို့နယ်ရှိ First Rate Mobile ဖုန်းဆိုင်အား လုယက်ရာတွင် အသုံးပြုခဲ့သည့် ဆိုင်ကယ်နှစ်စီးနှင့် လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ

နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်ရှိ First Rate Mobile ဖုန်းဆိုင်အား လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဆိုင်ကယ်နှစ်စီးနှင့် လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ First Rate Mobile ဖုန်းဆိုင်သို့ အမျိုးသား ၄ ဦး(စိစစ်ဆဲ) က သေနတ်များ ကိုင်ဆောင်ဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်း တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဆိုင်အတွင်းရှိ iPhone အမျိုးအစား လက်ကိုင်ဖုန်း ၂၀ လုံး၊ တန်ဘိုးငွေ ၁၁၂၁ သိန်းကျပ်ခန့်အား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် တာချီလိတ် မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ကာ တရားခံများဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လုယက်မှု ကျူးလွန်သူတရားခံများ ခိုအောင်းရောက်ရှိနေထိုင်လျက်ရှိသည့် အငှားနေအိမ်လိုင်းခန်းသို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ တရားခံများက သေနတ်များဖြင့် စတင်ပစ်ခတ်ကာ ထွက်ပြေးရန် ကြိုးစားသဖြင့် ပြန်လည်ခုခံပစ်ခတ်ဖမ်းဆီးခဲ့ရသည်။

လုယက်မှုကျူးလွန်ခဲ့သူ တရားခံ ဖန်လီ(၃၄)နှစ် (ဘ)ဦးဖန်ကျင်းလျှမ်ပါ အမျိုးသား ၄ ဦးအား လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် ပစ္စတို သေနတ် ၄ လက်နှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ်တစ်စီး၊ လုယက်မှုကျူးလွန်ရာမှရရှိသည့် လက်ကိုင်ဖုန်း ၁၂ လုံးတို့နှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်းကို သက်ဆိုင်ရာက သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အမှုမှ လူသတ်လုယက်မှုကျူးလွန်စဉ် တရားခံများအသုံးပြုခဲ့သည့် ဆိုင်ကယ်နှစ်စီးအား သိမ်းဆည်းရမိနိုင်ရေး နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီတွင် တာချီလိတ်မြို့၊ ရန်အောင်မြေ ရပ်ကွက်ရှိ ဒေါ်တွမ်ရွှေရှန်း(စိစစ်ဆဲ) ပိုင်ဆိုင်သည့် အိမ်အမှတ်(ပလ-၂/၆၆၂)အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ်၌ လူနေထိုင်ခြင်း မရှိဘဲ ဧည့်ခန်းအတွင်းမှ လုယက်မှုကျူးလွန် ရာတွင် အသုံးပြုခဲ့သည့် SHN/10109 Wave-110 ဆိုင်ကယ်နှင့် SHN/10543 Wave-110 ဆိုင်ကယ် ၂ စီးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

နေအိမ်အား အသေးစိတ်စစ်ဆေးရှာဖွေခဲ့ရာ အိပ်ခန်း အတွင်းရှိ အိမ်သာမျက်နှာကြက်ပေါ်မှ အမေရိကန်နိုင်ငံ ထုတ် M-4 Carbine CAL 5.56 MM အမျိုး အစားသေနတ် ၄ လက်၊ ၎င်းကျည် ၁၃၀ တောင့်၊ ကျည်အိမ် ၂ ခု၊ ချက်နိုင်ငံထုတ် CZECH REPUBLIC 9MM CZ အမျိုးအစားသေနတ် ၁ လက်၊ ၎င်းကျည် ၁၇ တောင့်၊ ကျည်အိမ် ၁ ခု၊ AK- 47 အမျိုးအစားသေနတ် ၁ လက်၊ ၎င်းကျည် ၇၈ တောင့်၊ ကျည်အိမ် ၃ ခု၊ လက်ထိပ် ၃ ကွင်း၊ ပြောက်ကြားအစိမ်းရောင်ယူနီဖောင်း ၃ စုံ၊ ပြောက်ကြား ဦးထုပ်ဝိုင်း ၅ လုံး၊ အစိမ်းရောင်လည်တို ဖိနပ် ၂ ရံ၊ ပြောက်ကြားအစိမ်းရောင်မိုးကာ ၅ ထည်၊ အနက်ရောင်ခေါင်းစွပ် ၂ ခု၊ သေနတ်တိုက်တံ ၂ ချောင်း၊ သေနတ်တိုက်ဆီ ၄ ဘူးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#centralnewsnayptitaw

image
51 w - Translate

👑Miss Universe Crown ကို ရရှိခဲ့တဲ့ Denmark အလှမယ်အကြောင်း👑
မက္ကဆီကိုနိုင်ငံတွင် ပြုလုပ်ခဲ့သည့် Miss Universe 2024 ပြိုင်ပွဲတွင် ဒိန်းမတ်အလှမယ် Victoria Kjær Theilvig ကအနိုင်ရရှိခဲ့ပြီး Miss Universe သရဖူကိုဆောင်းနိုင်ခဲ့တဲ့ ပထမဆုံ: ဒိန်းမတ်အလှမယ်တစ်ဦးလဲ ဖြစ်ပါတယ်။
Victoria Kjær Theilvig ဟာ Lyngby Handelsgymnasium ကို တက်ရောက်ခဲ့ပြီး စီးပွားရေးနှင့် စျေးကွက်ရှာဖွေရေးတို့ကို လေ့လာခဲ့ပါတယ်။ နောက်ပိုင်းမှာ Kjær Theilvig ဟာ Profesional အကသမားတစ်ဦးဖြစ်လာပြီး စိ-တ်ကျန်းမာရေးအသိပညာပေးခြင်း၊ တိ-ရိ-စ္ဆာန်အခွင့်အရေးနှင့် အလှကုန်လုပ်ငန်းတွင် စွန့်ဦးတီထွင်မှုများအတွက် ထောက်ခံအားပေးသူဖြစ်လာတယ်။
သူမဟာ Miss Denmark 2022 မှာ second runner up ဆုရခဲ့ပြီး . Miss Grand International 2022 ကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာမှာ Top 20 ထိ ပါဝင်နိုင်ခဲ့တယ်...
ယခု မက္ကဆီကိုတွင် ပြုလုပ်သည့် Miss Universe 2024 အလှမယ်ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၁၂၀ ကျော်ကို ကျော်ဖြ-တ်ကာ သူမက အနိုင်ရရှိခဲ့ပါတယ် ။
အသက် ၂၁ နှစ်အရွယ်သာ ရှိသေးတဲ့ Victoria Kjær Theilvig ဟာ Miss Universe Crown 👑 ကို ထိုက်တန်စွာ ရယူနိုင်ခဲ့တယ်...
သူမရဲ့အလှကို အခုပုံတွေမှာ မြင်နိုင်ပါတယ်👑

#zinschannel
#missuniverso2024
#credit

image

လှိုင်သာယာ သမကုန်းမီးပွိုင့်အနီးတွင် BOX ကား ယာဥ်တိုက်မှုဖြစ် အမျိုးသားတစ်ဦးဒဏ်ရာရ

နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့ နယ်တွင် ယနေ့ နိုဝင်ဘာ ၁၇ ရက်ည ၈ နာရီ ၂၀ မိနစ်ခန့်က BOX ကား ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရပါတယ်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရန်ကုန်-ပုသိမ်သွားလမ်းမပေါ်ရှိ သမကုန်းမီးပွိုင့်အနီးတွင် BOX ကား ယာဥ်တိုက်မှုဖြစ်ပွားကာလူညပ်နေသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြပါတယ်။

ကားအတွင်းညပ်နေသည့် အမျိုးသားအားကယ်ထုတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိထားသဖြင့် မေတ္တာအလင်းရောင်လူမှုကူ ညီရေးအသင်းက လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Credit - Myanmar Update Newss

#သတင်းဟင်းလေးအိုးကြီး

image
image
image

မန်းလေးဟိုတယ်တခုတွင် သေဆုံးနေသော တရုတ်ကျောက်ကုန်သည်တစ်ဦးအားတွေ့ရှိ

နိုဝင်ဘာ ၁၈

မန္တလေးတိုင်း​ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၄ လမ်း၊ ၃၃-၃၂ လမ်းကြားရှိ ဟိုတယ်တစ်ခုတွင် သေဆုံးနေသောနိုင်ငံခြားသားတစ်ဦး ရုပ်အလောင်းတွေ့ရှိမှု နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း အလောင်းကို သွားရောက်သယ်ဆောင်ကူညီပေးသည့် မဏီစလ လူမှုကူညီရေးအသင်း (မန္တလေး)ထံမှ သိရပါတယ်။

သေဆုံးသော နိုင်ငံခြားသားမှာ အသက် ၄၃ နှစ်အရွယ် တရုတ်နိုင်ငံသား အမျိုးသား Mo.ZHI JUN ဖြစ်ပြီး ကျောက်ကုန်သည်တစ်ဦးလည်းဖြစ်တယ်လို့ဆိုပါတယ်။သေဆုံးသူ အမျိုးသားမှာ ဟိုတယ်တွင် ရက်ရှည်တည်းခိုနေသူလည်းဖြစ်ကာ နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ ၄ ရက်ကြာသည်အထိ အခန်းထဲမှ ထွက်မလာခဲ့ရာအခန်းတွင်း သန့်ရှင်းရေးလုပ်​ဆောင်ရန်သွားရောက်သည့် ဝန်ထမ်းမှ တည်းခို​နေသည့် တရုတ်နိုင်ငံသား သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

သေဆုံးသူ၏ရုပ်အလောင်းကို မဏီစလ လူမှုကူညီရေးအသင်း(မန္တလေး)မှ အသင်းဝင်များက မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

#centralnewsnaypyitaw

image
image
image
51 w - Translate

ကျွန်တော်ရိုးသားစွာ
ဝန်ခံနိုင်သည်မှာ
တစ်ချက်သာရှိသည်၊
ဤအချက်မှာ ကျွန်တော်သည်
ချစ်နေသူတစ်ဦးဖြစ်သည်။

🌻🌻

image
51 w - Translate

အသိအမပြောတာလေး သဘောကျလို့

အမပြည့်စုံလာရင် အမကောင်လေးဖြစ်ချင်တာတွေကို ဘေးနားကနေ အကုန်ဖြည့်ဆည်းပေးမှာတဲ့
ဘာလို့လဲဆိုတော့ အမမရှိတုန်းကလည်း
အမကိုဦးစားပေးပြီး
အမအတွက်ပဲ တွေးပေးခဲ့တာတဲ့

ချစ်ခြင်းမေတ္တာတွေက တန်ဖိုးထားတတ်တဲ့သူတွေနဲ့ကျ တန်ဖိုးကြီးလိုက်တာနော်
မရှိလည်း အတူရှိလည်း အသစ်မမြင်ပဲ ဒီလူပဲ
ဆိုတာမျိုးက အခုခေတ်မှာက ရှားနေပါပြီ

ချစ်ခြင်းမေတ္တာကို တန်ဖိုးထားတတ်တဲ့သူတွေ
အများကြီးရှိလာရင် ကောင်းမှာပဲ

#crd

image
51 w - Translate

ပွဲပယ်ပြစ်ဒဏ်ခံထားရသည့် ကွင်းလယ်လူ လွင်မိုးအောင် လက်ဘနွန်နှင့် ခြေစမ်းပွဲတွင် ဝင်ရောက်ကစားမည်

ပွဲပယ်ပြစ်ဒဏ်ခံထားရသည့် ကွင်းလယ်လူ လွင်မိုးအောင်အနေဖြင့် နိုဝင်ဘာ ၁၉ ရက်တွင် ယှဉ်ပြိုင်ကစားမည့် လက်ဘနွန်နှင့် ခြေစမ်းပွဲစဥ်အတွင်း ပြန်လည် ဝင်ရောက်ကစားမည်ဖြစ်ကြောင်းသိရသည်။

၎င်းသည် နိုဝင်ဘာ ၁၄ ရက် က စင်ကာပူနိုင်ငံ အမျိုးသားအားကစားကွင်းအတွင်း အိမ်ရှင်စင်ကာပူအသင်းနှင့် ယှဉ်ပြိုင်ကစားစဉ် ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်လာသည့် ကစားသမားစာရင်းတွင် လွင်မိုးအောင်အနေဖြင့် သီရိလင်္ကာနှင့် ပွဲစဉ်အတွင်း အနီကတ် ပွဲပယ်ပြစ်ဒဏ်ထိထားသည့်အတွက် ပါဝင်နိုင်ခြင်းမရှိသလို ဒဏ်ရာရကစားသမားအချို့လည်း ပါဝင်နိုင်ခြင်းမရှိဟု အသိပေးထားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူနှင့် ခြေစမ်းပွဲစဉ်အတွင်း ၃ဂိုး ၂ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

ပြိုင်ဘက် လက်ဘနွန်အသင်းမှာ ဖီဖာ
ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၁၅ ၌ရပ်တည်နေပြီး မြန်မာအသင်းမှာ ဖီဖာအဆင့် သတ်မှတ်ချက် ၁၆၅ တွင် ရပ်တည်‌နေသည်။

image
51 w - Translate

ဖားတွေနဲ့အလုပ်မလုပ်ချင်တော့ဘူး😣လူတွေနဲ့ပဲအလုပ်လုပ်ချင်တယ်လို့🤧

image
51 w - Translate

ဘဝက အတိုင်းအတာတစ်ခုထိ ဆိုးဝါးပြီးရင်
ဒီထက်ပိုပြီး ဆိုးဝါးနိုင်စရာအကြောင်းမရှိတော့လို့
ပြန်ကောင်းလာတတ်ပါတယ်။
ခက်ခက်ခဲခဲကြိုးစားပြီးတဲ့နောက်
ကိစ္စတော်တော်များများဟာ
တောင့်ခံရင်း တောင့်ခံရင်း
ဖြတ်ကျော်နိုင်ခဲ့တာချည်းပဲဆိုတာကို
နောက်ဆုံးမှာ ငါတို့သိလိုက်ရတယ်။

image
51 w - Translate

ထိတ်လန့်ခြောက်ခြားဖွယ် သရဲကားကြီး 🫣🫣

image