ကျောနာ၊ ခါးနာတွေကိုပျောက်ကင်းစေနိုင်တဲ့အိပ်စက်နည်း အနေအထား (၄)မျိုးတင်ပေးလိုက်ပါတယ်။
ကျောနာ၊ ခါးနာတွေကို အများဆုံး ခံစားရစေတာကတော့ မွေ့ရာကြောင့် နဲ့ အိပ်စက်ပုံမမှန်တာကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် ညဘက်အိပ်တဲ့အခါမှာသေချာ ဂရုတစိုက်နဲ့ အိပ်ပေးတာဖြစ်ဖြစ် ၊ အိပ်ပုံအနေအထားမှန်အောင် အိပ်တာဖြစ်ဖြစ် လုပ်ပေးပါ။
အိပ်ပုံအနေအထားမှန်ရက်နဲ့ မခံမရက်နိုင်အောင် နာနေရင် နားလည်တတ်ကျွမ်းသော သမားတော် နဲ့ ပြကြည့်ပေးဖို့ တိုက်တွန်းပေးပါတယ်။
(၁) လည်ပင်း နဲ့ ကျောအပေါ်ဘက်
မွေ့ရာကို နောက်ကျောပေးအိပ်တာက နောက်ကျောနဲ့ ခါးကို တစ်ကိုယ့်လုံးရဲ့ ဝိတ်က ပိနေတတ်ပါတယ်။
ဒီနည်းဆိုရင်တော့ လည်းပင်းနဲ့ ဒူးအောက်မှာ ခေါင်းအုံးအသေးစား ခုပေးဖို့လိုပါတယ်။ ဒီလိုခုပေးလိုက်တာက ခါးနဲ့ နောက်ကျောကို သ.က်သာသွားစေနိုင်ပါတယ်။
(၂) ကျောရိုး
ပက်လက်မှောက်အိပ်မယ်ဆိုရင်တော့ ဗိုက်အောက်မှာ ခေါင်းအုံးကို ခုအိပ်ပေးတာ ပိုကောင်းပါတယ်။
ခုထားတဲ့ ခေါင်းအုံးက (၃)လက်မထက် မထူရပါဘူး ဒီလိုအိပ်တာက ခါးနဲ့ နောက်ကျောကို လုံး၀ မထိခိုက် မနာကျင်စေပါဘူး။
(၃) ကျောအောက်ဘက်
ဘေးဘက်လှည့်ပြီး အိပ်တတ်တယ်ဆိုရင် ဖက်လုံးဖက်ပေးရပါမယ်။ ခါးနာတတ်သူတွေက ဖက်လုံးမဖက်တတ်သူတွေအဖြစ်များကြပါတယ်။
အကြောင်းကတော့ တစ်ဖက်ကို လှည့်အိပ်တဲ့အခါ ဖက်လုံးကို မဖက်ထားရင် တစ်ဖက်ရဲ့ အလေးချိန်က ခါးကို ပိနေသလိုဖြစ်နေတာကြောင့်ပါ။ဒါကြောင့် ဖက်လုံးရဲ့ အကူအညီနဲ့ လှည့်အိပ်ပေးတာက ခါးနာတာတွေကို သ.က်သာစေနိုင်ပါတယ်။
(၄) ခါးပိုင်း
တကယ်လို့ ကျောအောက် ခါးနေရာနားမှာ နာနေတယ်ဆိုရင် ဒီလို အနေအထားမျိုးက အထောက်အကူဖြစ်စေမှာပါ။
ခေါင်းအုံး နဲ့ ကူရှင် တို့ကို ကျောနောက်နဲ့ လည်ပင်းနောက်မှာ ခံပေးပါ။ ပိုပြီးသ.က်တောင့်သ.က်သာရှိစေဖို့ဆိုရင် နောက်ထပ် ခေါင်းအုံးနဲ့ ကူရှင်တို့ကို ဒူးအောက်နဲ့ ခြေဖနောင့်အောက်မှာ နေရာချထားပေးပါ။
..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်
#credit
