17 ပတ် - ဘာသာပြန်ပါ။

ထိုးမုန့် နှင့် ဟာလဝါ ကြိုက်သူများအတွက် အရမ်းလွယ်တဲ့ ထိုးမုန့်/ဟာလဝါ ပြုလုပ်နည်းလေးပါ 😋
1 ထိုးမုန့် စိမ့်စိမ့်လေး
================
ပါ၀င်ပစ္စည်းများ
ကောက်ညှင်းမှုန့် - 200g
သကြားဖြူ - 50g
ဆီ - 50g
ထောပတ် - 200g
ဘိန်းစေ့ - လက်ဖက်ရည်ဇွန်း တ၀က်
မြေပဲလှော် - အစေ့ ၂၀ခန့်
အုန်းနို့ - 200ml
ရေ - 50ml
အုန်းသီးမှုန့် - လက်ဖက်ရည် အကြမ်းပန်းကန် တလုံး
ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံး (အုန်းသီးမှုန့်ကြော်ရန်)
ပြုလုပ်ပုံ
အရင်ဆုံး ရေနှင့်အုန်းနို့ကို ပူတယ်ဆိုရုံလေး အပူပေးလိုက်ပါ
ပူလာတာနဲ့ကောက်ညှင်းမှုန့်ကိုထည့်ပြီး သမသွားအောင် မွှေပေးပါ
နောက်ထပ်အိုးတလုံးနှင့် ဆီနှင့် ထောပတ်ကို အပူပေးပြီး ထောပတ်ပျော်အောင် မွှေပေးပါ
ထောပတ်ပျော်လာတာနဲ့ ကောက်ညှင်းအိုးထဲထည့်ပြီး မွှေပေးပါ
မွှေနေစဉ် အဆက်မပြတ်မွှေပေးပြီး သကြားကို ထည့်မွှေပေးပါ
လက်အားသန်သန်နှင့် ၁၀မိနစ်လောက်မွှေပေးပြီး မုန့်သားကြည်လာတာနဲ့ ဘိန်းစေ့နှင့် မြေပဲကို ထည့်မွှေပေးပါ
မုန့်သားလဲကြည်ပြီး ဘိန်းစေ့နှင့် မြေပဲလဲ သမသွားတာနဲ့ ထောပတ်ဆီများလဲ ပြန်ထွက်လာပါလိမ့်မယ်
မုန့်ဗန်းတခုထဲပြောင်းထည့်ကာ ဆီများပါထည့်ပြီး အအေးခံထားပါ
နှစ်ရက် သုံးရက် ကြာရင်တော့ ကောက်ညှင်းတို့ ထုံးစံအတိုင်း မာသွားတတ်တဲ့အတွက် မိုက်ခရိုဝေ့ထဲမှာ ၃မိနစ်လောက် အပူပေးပြီးမှ စားသုံးပါ။
အုန်းသီးကြော်ပုံ
ဆီကို အပူပေးလိုက်ပါ ဆီပူလာတာနဲ့ အုန်းသီးဖတ်များကို ထည့်ကြော်ပေးပါ
အုန်းသီးဖတ်များ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
ဆီစစ်ပြီး အေးသွားတာနဲ့ အအေးခံထားသော ထိုးမုန့်အပေါ်မှာ ဖြူးပြီးစားသုံးနိုင်ပါပြီ။
2 ပုသိမ် ဟာလဝါ (အလွယ်နည်း)
==========================
(လက်ညောင်းတာ တ၀က်ကျော်ကျော်လောက်သက်သာတဲ့နည်း)
ပါ၀င်သောပစ္စည်းများ (ဗန်း အသေး ၁ ဗန်းစာ)
၁။ ကောက်ညှင်းမှုန့်- ၃ ခွက်
၂။ ရေ - ၄ ခွက်
၃။ အုံးနို့- ၁ ဗူး (400 ml)
၄။ နွားနို့- အုံးနို့နှင့် ဆတူ (အုံးနို့ထည့်ပြီး အဲ့ဒီသံဗူးနဲ့နွားနို့ကို ချိန်ထည့်ပါ။)
၅။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
၆။ သကြား - ၁ ခွက်
၇။ ညောင်စေးကျအောင် ကျိုထားသော ကြံသကာရည် - ၁ ခွက်
၈။ ဆီ - ခွက် တ ၀က် (သို့) ထမင်းစားဇွန်း ၈ ဇွန်း
၉။ အရည်ပျော်နေသော ထောပတ် - ခွက်လေးပုံ သုံးပုံ (သို့) ထမင်းစားဇွန်း ၁၂ ဇွန်း
၁၀။ ဘိန်းစေ့- ခွက် လေးပုံ တ ပုံ (သို့) ထမင်းစားဇွန်း လေးဇွန်း
ပြုလုပ်နည်း
၁။ ထမင်းပေါင်းအိုးထဲကို ကောက်ညှင်းမှုန့်၊ရေ နှင့် ဆားကို ထည့်ရ်ျ ကောက်ညှင်းမှုန့်ကို အရည်ဖျော်ပါ။ ထို့နောက် ထမင်းချက်သလို ချက်ပါ။
၂။ ကျက်လျှင် ထမင်းပေါင်းအိုးထဲသို့အုံးနို့၊နွားနို့၊ ကြံသကာရည်၊ဆီ၊ ထောပတ်၊သကြားတို့ကို ထည့်ရ်ျ သမအောင်မွှေ ပြီး နောက်တခေါက် ထပ်ချက်ပါ။
၃။ ဒုတိယတခါကျက်လျှင် မကပ်သော ဒယ်အိုးထဲသို့ပြောင်းရ်ျ မီးဖိုပေါ် တင်ပါ။ ဘိန်းစေ့ထည့်ပြီး ဆီပြန်လာသည်အထိ မွှေပါ။ (၁၅ မိနစ်ခန့်မွှေ၇ပါတယ်။)
၄။ ဆီပြန်လာလျှင် အအေးခံပြီး သုံးဆောင်နိုင်ပါပြီ။
( ၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
#crd
#မြိန်မြိန်

image