51 w - Translate

ကလပ်ကမ္ဘာ့ဖလားအတွက် အင်ဖန်တီနို စိတ်လှုပ်ရှား
-----------------
(၂၀၂၅)ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့်အပေါ် စိတ်လှုပ်ရှားမိတယ်လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောကြားလိုက်ပါတယ်။ ပုံစံသစ်ပြောင်းလဲလိုက်တာကြောင့် ပြိုင်ပွဲဝင်အသင်းပေါင်း (၃၂)သင်းအထိ ကစားသွားကြမယ့် (၂၀၂၅)ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့တာပါ။

အမေရိကန်နိုင်ငံမှာရှိတဲ့ ဘောလုံးကွင်းတွေက ပရိသတ်တွေရဲ့စိတ်ကို ဖမ်းစားနိုင်မှာ သေချာသလို ပရိသတ်တွေ အနေနဲ့လည်း ဘောလုံးကွင်းအတွင်း စိတ်လှုပ်ရှားမှု အပြည့်အဝ ရမှာဖြစ်တာကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်အားပေးကြဖို့အတွက် အင်ဖန်တီနိုက ဖိတ်ခေါ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

(၂၀၂၅)ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို နယူးဂျာစီအသင်းရဲ့ အိမ်ကွင်းမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ လည်း အင်ဖန်တီနိုက တရားဝင် အတည်ပြုခဲ့ပါတယ်။ အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် လာမယ့် (၂၀၂၅)ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ(၁၅)ရက်နေ့က စတင်ကာ ဇူလိုင်လ(၁၃)ရက်နေ့အထိ ကျင်းပသွားမှာ လည်း ဖြစ်ပါတယ်။

image
51 w - Translate

လကုန်ခါနီး မိမိအခြေနေ 😕😕

image

ဝက်ပင်စိမ်းကြော်နည်းလေးမျှဝေလိုက်ပီနော်😊
==========

ဝက်ကြိတ်သားကို သို့မဟုတ် ဝက်သားကိုအတုံးသေးလေးတွေတုံးပါ
ဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်တို့ဖြင့်နှယ်နှပ်ထားပါ။
ပဲတောင့်ရှည်သီး၃တောင့်လှီးထား
ငရုတ်သီး စိမ်း၂တောင့်လှီးထား
ပင်စိမ်းရွက်သို့မဟုတ် ဖက်ကဖောင်းရွက်
အနည်းငယ်ကို ရေဆေးထား။
ကြက်သွန်နီ၊ ဖြူ အနည်းငယ်လှီးထား။
ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်၊
ကော်မှုန့်အနည်းငယ်စီကို ရေဖြင့်ဖျော်ထားပါ။
ကြက်သွန်နီ၊ ဖြူ ကိုအရင်ထည့်ကြော်
ဝက်ကြိတ်သားထည့်မွှေ၊
ပဲသီးနှင့်ငရုတ်သီးထည့်၊
ကျက်ခါနီး ဖျော်ထားသောကော်ရည်လောင်းထည့်၊
ပင်စိမ်းရွက်အုပ်ပြီး ချနိုင်ပါပြီ။သုံးဆောင်နိုင်ပါပြီ။

#ဖိုးသက်kitchen
Credit မူးရင်း

ဝက်ပင်စိမ်းကြော်
==========

ဝက်ကြိတ်သားကို သို့မဟုတ် ဝကျသားကျုလိုသလိုအတုံးသေးတုံး
ဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်တို့ဖြင့်နှယ်နှပ်ထားပါ။
ပဲတောင့်ရှည်သီး၃တောင့်လှီးထား
ငရုတ်သီး စိမ်း၂တောင့်လှီးထား
ပင်စိမ်းရွက်သို့မဟုတ် ဖက်ကဖောင်းရွက်
အနည်းငယ်ကို ရေဆေးထား။
ကြက်သွန်နီ၊ ဖြူ အနည်းငယ်လှီးထား။
ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်၊
ကော်မှုန့်အနည်းငယ်စီကို ရေဖြင့်ဖျော်ထားပါ။
ကြက်သွန်နီ၊ ဖြူ ကိုအရင်ထည့်ကြော်
ဝက်ကြိတ်သားထည့်မွှေ၊
ပဲသီးနှင့်ငရုတ်သီးထည့်၊
ကျက်ခါနီး ဖျော်ထားသောကော်ရည်လောင်းထည့်၊
ပင်စိမ်းရွက်အုပ်ပြီး ချနိုင်ပါပြီ။သုံးဆောင်နိုင်ပါပြီ။

image
51 w - Translate

ဝေလီဝေလင်းကျိုက်ထီးရိုးရှုခင်းပါ

တစ်နှစ်တခေါက်အမြဲရောက်ဖူးတဲ့နေရာလေး🍀

တစ်နှစ်ကိုဘယ်နှစ်ကြိမ်ရောက်ဖူးလဲ❤️

image
51 w - Translate

ဘယ်သူတွေလဲဆိုတော့ ဘယ်သူမှ မဟုတ်ဘူး
Me:

image
51 w - Translate

Me : 😀

image
51 w - Translate

ဓာတုစက်ရုံမီးလောင်မှုကြောင့် လူအစုလိုက် ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရ
-----------------------
အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က ဓာတုဗေဒစက်ရုံတစ်ခုမှာ မီးလောင်ပေါက်ကွဲမှု တနင်္ဂနွေနေ့က ဖြစ်ပွား ခဲ့လို့ လူအများအပြား နေရာရွှေ့ပြောင်းပေးခဲ့ရပြီး အဝေးပြေးလမ်းမကြီးတစ်ခုကိုလည်း ပိတ်ထားခဲ့ရပါတယ်။ စက်ရုံမီးလောင်ပေါက်ကွဲမှုကနေ မီးညွှန့်မီးလျှံတွေနဲ့အတူ မီးခိုးတွေ ထွက်ပေါ်လာတကို ဗီဒီယိုဖိုင်မှာ အခုလို တွေ့ရပါတယ်။

အစပိုင်းမှာ အဲဒီမီးကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ စက်ရုံရဲ့ Biolab နေရာမှာ ထပ်မံ လောင်ကျွမ်းခဲ့တာလို့ အတ္တလန္တာဂျာ နယ်က ရေးသားဖော်ပြပါတယ်။ စက်ရုံမီးဟာ Sprinkler head (စပရင်ကလာ ဟတ်ဒ်) လို့ခေါ်တဲ့ စက် အစိတ် အပိုင်းတစ်ခု ချို့ယွင်းမှုဖြစ်ရာကနေ ဒေသစံတော်ချိန် မနက် (၅)နာရီ ခွဲလောက်မှာ မီးထတောက်တာလို့ စက်ရုံ တည်ရှိရာ ရော့ခ်ဒေးလ်ခရိုင် မီးသတ်တပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

အဲဒီ ဓာတုစက်ရုံ မီးလောင်မှုကြောင့် ရော့ခ်ဒေးလ် ခရိုင်တစ်ခုလုံးက ဒေသခံ(၁၇၀၀၀)ကို ဘေးလွတ်ရာကို ရွှေ့ ပြောင်းဖို့ ညွှန်ကြားခဲ့ရပါတယ်။ လက်ရှိမှာတော့ မီးလောင်မှုဖြစ်ခဲ့တဲ့ အဲဒီစက်ရုံနေရာကို သဘာ၀ပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီနဲ့ ဂျော်ဂျီယာပြည်နယ် အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက တာဝန်ရှိသူတွေက ကွင်းဆင်း စစ်ဆေးနေပြီးတော့ မီးခိုးကနေ ထွက်ပေါ်လာနိုင်တဲ့ အဆိပ်အခိုးအငွေ့တွေရဲ့ ဘေးရန်ကိုလည်း သတိပြုကြဖို့ တာဝန်ရှိသူတွေက လမ်းညွှန်ထားပါတယ်။

image
51 w - Translate

မူဆယ်၌ ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၃၁၃ ယောက်အား ဖမ်းမိပြီး တရုတ်နိုင်ငံသို့လွှဲပြောင်း ခဲ့
----------------------------------

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ပေါ်မှာ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား တရားခံပြေး ၄၅ ဦးအပါအဝင် တရုတ်နိုင်ငံသားစုစုပေါင်း ၃၁၃ယောက်ကို စက်တင်ဘာလအတွင်းက ဖမ်းမိခဲ့ပြီး စက်တင်ဘာ၂၆ ရက်က တရုတ်နိုင်ငံကို ပြည်နှင်လွှဲပြောင်းပေးခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အဲ့ဒီတရုတ်နိုင်ငံသားတွေနဲ့အတူ မြန်မာနိုင်ငံသား ၅၅၇ ယောက်ကိုပါ ဖမ်းမိခဲ့တာဖြစ်ပြီး အွန်လိုင်းလိမ်လည်မှုပြုလုပ်ရာမှာ အသုံးပြုတဲ့ သက်သေခံပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့တဲ့အတွက် အမှုဖွင့်အရေးယူဆောင်ရွက်နေသလို ဒုစရိုက်မှုတွေ အခြေပြုဆောင်ရွက်နေတဲ့ အဆောက်အဦတွေကိုလည်း ချိတ်ပိတ်သိမ်းဆည်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းမိခဲ့တဲ့ တရုတ်နိုင်ငံသား ၃၁၃ယောက်ကိုလည်း တရုတ်နိုင်ငံအနေနဲ့ ဆက်လက်အရေးယူဆောင်ရွက်နိုင်ဖို့အတွက် လုံလောက်တဲ့အစောင့်အရှောက်တွေနဲ့ စက်တင်ဘာ၂၆ရက်က ယူနန်ပြည်နယ်၊ ရွှေလီမြို့ နယ်စပ်ဝင်/ထွက်ပေါက်ကတစ်ဆင့် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတွေမှာ အွန်လိုင်းလိမ်လည်မှုတွေ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ တားဆီးကာကွယ်တိုက်ဖျက်နိုင်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ပူးပေါင်းပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

image
51 w - Translate

Trendy Layered Haircuts 😍❤

image
51 w - Translate

Trendy Layered Haircuts 😍❤

image