နေမာနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို အေးဂျင့် ငြင်း

နိုဝင်ဘာ ၁၈

ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းထံ ပြန်မယ်ဆိုပြီး ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို သူ့ရဲ့အေးဂျင့် ဖြစ်သူက ငြင်းခဲ့ပါတယ်။

အေးဂျင့် ဇဟာဗီက “နေမာဟာ အယ်လ်ဟီလယ်အသင်းကနေ ထွက်ခွာဖို့ ဆွေးနွေးမှုတွေမပြုလုပ်ခဲ့ပါဘူး။ သူဟာ အယ်လ်ဟီလယ်အသင်းနဲ့ စာချုပ်ရှိနေပြီး သူ ဒီမှာ အလွန်ပျော်ရွှင်နေပါတယ်။ နေမာရဲ့ဖခင်နဲ့ ကျနော်ဟာ သူ့ရဲ့ အနာဂတ်အကြောင်းကို ပြောနိုင်တဲ့ တစ်ဦးတည်းသောသူတွေပါ။ အခုထွက်ပေါ်နေတဲ့ ကောလာဟလတွေက ဘယ်ကနေလာလဲဆိုတာတော့ ကျနော်မသိဘူး”လို့ ဖာဘရီဇီယိုရိုမန်နိုကို ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက နေမာဟာ သူ့ရဲ့ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိ ထားတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

နေမာဟာ ပီအက်စ်ဂျီအသင်းကနေ အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ပြီးကတည်းက ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာဖြစ်ပြီး ဆော်ဒီကလပ်က သူ့ကို စာချုပ်ဖျက်သိမ်းဖို့ စဉ်းစားနေတယ်လို့လည်း သတင်းတွေထွက်နေခဲ့တာပါ။

ဒါပေမယ့် နေမာရဲ့အေးဂျင့် ဇဟာဗီက ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ငြင်းခဲ့တာဖြစ်ပါတယ်။

ဆန်းတို့စ်အသင်းဟာ ဘရာဇီးလ်စီးရီးအေပြိုင်ပွဲထံ တန်းတက်ပြီးနောက် နေမာကို ပြန်လည်ခေါ်ယူနိူင်ဖို့ ပစ်မှတ်ထားနေတာပါ။

ဒူးအရွတ်(ACL)ဒဏ်ရာကြောင့် တစ်နှစ်ကြာအနားယူခဲ့ရတဲ့ နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် လူစားဝင် အဖြစ် ၂ ပွဲပါဝင်ကစားအပြီးမှာ နောက်ထပ်ဒဏ်ရာရရှိခဲ့လို့ ရက်သတ္တပတ်အနည်းငယ် အနားယူရဦးမှာ ဖြစ်ပါတယ်။

အယ်လ်ဟီလယ်အသင်းဟာ နေမာရဲ့ ဒဏ်ရာအခြေအနေပေါ်မူတည်ပြီး ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ ဒုတိယရာသီဝက် မှာ အသင်းလူစာရင်းထဲ ထည့်သွင်းဖို့ စဉ်းစားနေတာပါ။ အသက် ၃၂ နှစ်အရွယ်ရှိ နေမာဟာ အယ်လ်ဟီလယ် အသင်းအတွက် ၇ ပွဲသာပါဝင်ကစားထားပြီး ၁ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။


Source - Goal

Credit - Myanmar Sport Report

#သတင်းဟင်းလေးအိုးကြီး

image

စက်သုံးဆီ လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၅ သန်း ရောင်းချပေးမည်

နိုဝင်ဘာ ၁၈

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီ တင်သွင်းသောလုပ်ငန်းရှင်များသို အမေရိကန်ဒေါ်လာ (၃၅) သန်း ရောင်းချပေးမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

ဗဟိုဘဏ်အနေဖြင့် သွင်းကုန်လုပ်ငန်းရှင်များအဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာအပြင် တရုတ်ယွမ်နှင့် ထိုင်းဘတ်တိုကို ထုတ်ရောင်းပေးလျက်ရှိရာ ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာ (၁၁) ရက်အထိ (၃)လခွဲအတွင်း ဒေါ်လာ (၂၅၆)သန်းကျော်၊ ထိုင်းဘတ် (၁)ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၄) သန်းကျော်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဒေါ်လာဈေးနှုန်း ပြန်မြင့်တက်လာခဲ့၍ ဗဟိုဘဏ်မှ ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များ ဆက်တိုက်ထုတ်ရောင်းပေးမှုအပြင် ယခုဘဏ္ဍာနှစ် ၇ လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံကျော် ထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

#centralnewsnaypyitaw

image
51 w - Translate

လေယာဉ် ကွင်းရောက်တဲ့ ခါ
လေယာဉ်နဲ့ ပတ်သက်တဲ့ အဂ်လိပ်လို အခေါ်ဝေါ်တွေ

#crd

image
51 w - Translate

လေယာဉ် ကွင်းရောက်တဲ့ ခါ
လေယာဉ်နဲ့ ပတ်သက်တဲ့ အဂ်လိပ်လို အခေါ်ဝေါ်တွေ

#crd

image
51 w - Translate

လေယာဉ် ကွင်းရောက်တဲ့ ခါ
လေယာဉ်နဲ့ ပတ်သက်တဲ့ အဂ်လိပ်လို အခေါ်ဝေါ်တွေ

#crd

image
51 w - Translate

လေယာဉ် ကွင်းရောက်တဲ့ ခါ
လေယာဉ်နဲ့ ပတ်သက်တဲ့ အဂ်လိပ်လို အခေါ်ဝေါ်တွေ

#crd

image
51 w - Translate

လေယာဉ် ကွင်းရောက်တဲ့ ခါ
လေယာဉ်နဲ့ ပတ်သက်တဲ့ အဂ်လိပ်လို အခေါ်ဝေါ်တွေ

#crd

image
51 w - Translate

လေယာဉ် ကွင်းရောက်တဲ့ ခါ
လေယာဉ်နဲ့ ပတ်သက်တဲ့ အဂ်လိပ်လို အခေါ်ဝေါ်တွေ

#crd

image
image
image
image
image

ပေးစာ

အကြောင်းကြားအပ်ပါသည် ကျောက်ဆောက်ဦးသာနိုး ….
မောင်ဇော်သိန်းဖြင့် လက်ဆောင်ပါးလိုက်သော ရတုကဗျာ ဖြစ်ထွန်း တိုးတက်လာပုံ လေ့လာချက်စာတန်းကို ၁၉၈၂ ခုနှစ် ဩဂုတ်လ ၅ရက်နေ့တွင် ရခဲ့ပါသည်။ရပြီးသည်နောက် မေ့မေ့ပျောက်ပျောက်နေသည် ကျေးဇူးမသိတတ်ဟု မထင်မှတ်စေလိုပါ။
ရပြီးသည်နောက် တစ်အုပ်လုံးကို တစ်ခေါက်ဖတ်ကြည့်ပါသည်။ ထိုနောက်စိတ်ဝင်စားစရာအပိုင်းကိုရွေးပြီး တစ်ပိုင်းစီ မြည်းကြည့်၊ စားကြည့်ပါသည်။ အရသာရှိသည်လည်းရှိ၊ လျှာနှင့်မတွေ့သည်လည်းရှိ။ ထိုနောက် အားသည့်အခါ၊ စိတ်ပါသည့်အခါ ဟိုအကွက်၊ သည်အကွက်များကို လက်ထောက်ဗေဒင်ကဲ့သို့လုပ်ပြီးလေ့လာလိုလေ့လာ သုံးသပ်လိုသုံးသပ်ခဲ့ပါ၏။ သို့နှင့် ယခုအခါ နှစ်ခေါက်ပင်ဖတ်ပြီးသွားပါပြီ။ ခေါင်းထဲ စာတမ်း၏ရုပ်ပုံ ထင်နေပါပြီ။ သိုသည့်အခါမှ စာတမ်းလက်ဆောင်ထည့်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ရေးအပ်ပါသည်။ သာဓုသုံးကြိမ် ခေါ်ပါသည်။
ဤစာတမ်းသည် အလွန့်အလွန် လက်ဝင်သည်နှင့်အမျှ အတော့်အတော်ကိုလေးနက်သည်ဟု ဆိုချင်ပါသည်။ ရတုဆရာများ ရတုများကို အသေးစိတ်လေ့လာသုံးသပ်ထားသည်မှာ ဆိုစရာမရှိပါ။ ကာရန်စနစ် ဆွေးနွေးတင်ပြရာ၌ အသံကျ၊ အသံကျဲစသည်တို့ကိုပါ စိစစ်ခဲ့သည်မှာ သစ်သောအမြင်ဟု ဆိုရပါမည်။ Word Frequency ကိုလည်း မည်သူတစ်ဦးတစ်ယောက်မျှ မလုပ်ပြခဲ့ဖူးသေးဟု ထင်ပါ၏။ အတပ်မပြောနိုင်ပါ။ ရတုသမိုင်းကို နောက်ခံကားအဖြစ် ပထမရေးပြခဲ့ပါမူရတုနှင့် မေးထူးခေါ်ပြော မလုပ်ခဲ့ဖူးသူတို့အတွက် အကျိုးရှိပေလိမ့်မည်။
စာတမ်းသည် အတန်ငယ်ရှည်သွားသည်ဟု သဘောရပါသည်။ တိုတုတ်သွားအောင် တည်းဖြတ်ပြီး စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေပါက သုတေသီနှင့် ပညာရှင်တို့အဖို့ အကျိုးများမည်သာ မကသေး၊ ဘာသာ၊ စာအေ၊ ယဉ်ကျေးမှု လောကီရတနာသုံးပါး ပြတိုက်ထဲ အဆင်တန်ဆာတစ်ခု ထည့်ပြပေးသည်နှင့်လည်း တူပါပေလိမ့်မည်၊
ဦးသာနိုးနှင့် မိသားစုအာလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
လှဘေ ၂၁-၆-၁၉၈၅

တရုတ်နိုင်ငံအရှေ့ပိုင်း ကောလိပ်ကျောင်းဝင်းတစ်ခုအတွင်း ဓားနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ၈ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

နိုဝင်ဘာ ၁၈၊ နိုင်ငံတကာ။

တရုတ်နိုင်ငံ အရှေ့ပိုင်းက ကောလိပ်ကျောင်းဝင်းတစ်ခုမှာ စနေနေ့ (နိုဝင်ဘာ ၁၆ ရက်နေ့) က ဓားနဲ့ တိုက် ခိုက်ခဲ့တဲ့အတွက် လူ ၈ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။

တရုတ်နိုင်ငံ၊ ဂျန်းဆူပြည်နယ်၊ ယီစင်းမြို့မှာရှိတဲ့ ဝူရှီ သိပ္ပံနဲ့ နည်းပညာ သက်မွေးဝမ်းကျောင်းအင်စတီကျုမှာ ညနေ ၆ နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

CNN က ကြည့်ခဲ့ရတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ လူလေးငါးဦး လဲကျနေပြီး အဲဒီလူတွေ ပတ်ပတ်လည်မှာ လမ်းသွား လမ်းလာတွေက ရပ်ကြည့်နေတာကို တွေ့ရပါတယ်။

အခင်းဖြစ်နေရာမှာ သံသယတရားခံအဖြစ် ထိန်းသိမ်းထားတဲ့သူဟာ မကြာသေးခင်က ကျောင်းပြီးသွားပေမဲ့ စာ မေးပွဲကျခဲ့တဲ့အတွက် ဘွဲ့လက်မှတ်မရရှိခဲ့မှုနဲ့ ကျောင်းလုပ်ငန်းခွင် ထောက်ပံ့ကြေးနဲ့ပတ်သက်ပြီး မကျေနပ်မှုတို့ ကို အရင်းခံပြီး ပြစ်မှုကျူးလွန်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အမှုနဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

လက်နက်ကိုင်ဆောင်မှု တင်းကျပ်စွာတားမြစ်ထားပြီး စောင့်ကြည့် ထောက်လှမ်းမှုကို စေ့စေ့စပ်စပ်ဆောင်ရွက် ထားတဲ့အတွက် ကမ္ဘာပေါ်မှာ ရာဇဝတ်မှုအနည်းပါးဆုံးနိုင်ငံဖြစ်တဲ့ လူဦးရေ သန်း ၁၄၀၀ ရှိတဲ့ တရုတ်နိုင်ငံမှာ အခု တိုက်ခိုက်မှုဟာ နောက်ဆုံးပြစ်မှုဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့ (နိုဝင်ဘာ ၁၁ ရက်နေ့) က တရုတ်နိုင်ငံတောင်ပိုင်း ဂျူးဟိုင်းမြို့မှာ လေ့ကျင့်ခန်းလုပ်နေတဲ့ လူအုပ်ထဲကို ကားတစ်စီးက ဝင်ရောက်တိုက်ခဲ့တဲ့အတွက် လူ ၃၅ ဦး သေဆုံးပြီး ၄၀ ဝန်းကျင် ဒဏ်ရာရခဲ့ပါ တယ်။

အောက်တိုဘာလအတွင်းက ကလေးသူငယ် ၃ ဦး အပါအဝင် လူ ၅ ဦး ဒဏ်ရာရခဲ့တဲ့ ဘေဂျင်းမြို့ အခြေခံ ပညာမူလတန်းကျောင်းတစ်ကျောင်းက ဓားထိုးမှုအပြီးမှာ အသက် ၅၀ အရွယ် လူကြီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

စက်တင်ဘာလအတွင်းကလည်း ရှန်ဟိုင်းမြို့ ဆင်ခြေဖုံးရပ်ကွက်က ဆူပါမားကက်တစ်ခုမှာ ဓားထိုးမှုဖြစ်ပွားခဲ့ ရာ လူ ၃ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

အဲဒီစက်တင်ဘာလအတွင်းမှာပဲ ဘတ်စ်ကားတစ်စီးက ကျောင်းသားတွေနဲ့ မိဘတွေပါဝင်တဲ့ လူအုပ်ကို ဝင် တိုက်ခဲ့ရာ ၁၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ပေမဲ့ ဘာ့ကြောင့် ဖြစ်စဉ်ဖြစ်ပွားခဲ့ရတယ်ဆိုတဲ့အကြောင်းကို တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ခြင်းမရှိပါဘူး။

Ref: Eight killed and 17 injured in mass stabbing in eastern China: CNN

Credit - NV Media

#သတင်းဟင်းလေးအိုးကြီး

imageimage