Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ငါတို့ဟာ အချိန်မှန်
နေရာမှန်ကို မရောက်သေးတဲ့ အခါ
လူတွေရဲ့ ချိုးတာ နှိမ်တာကို ခံကြရမှာပဲ
မင်း မကျွမ်းကျင်တဲ့ နယ်ပယ်မှာ
မင်း အသုံးမကျ ဘူး လို့ အစော်ကား ခံလာရရင်
ပြုံးပြီးသာ ရင်ဆိုင်လိုက်ပါ
လောကကြီးကို အပြစ်မဖွဲ့နဲ့
ဘဝရဲ့ အခြေခံလိုအပ်ချက်တွေကြောင့်
ငရဲလိုနေရာမှာ ငါတို့ ရှင်သန် နေ ကြ ရ တာပါ။
#ခွန်ထွန်း #crd #whizzwave
ကစားသမားဘဝနေ အနားယူပြီးရင် နည်းပြလုပ်ရန် အစီအစဉ်မရှိဟု စီရော်နယ်ဒို ပြော
ကစားသမားဘဝကနေ အနားယူပြီးရင် နည်းပြလုပ်ဖို့ အစီအစဉ်မရှိကြောင်း ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက ပြောသွားပါတယ်။
အသက် ၄၀ ပြည့်တော့မယ့် ရော်နယ်ဒိုဟာ အနားယူရတော့မယ့်အချိန် နီးစပ်လာခဲ့ပေမဲ့ စိတ်ရှိသလောက် ကစားသွားဦးမှာဖြစ်ကြောင်း၊ နောက်ထပ် ၁ နှစ် ၂ နှစ်အတွင်း အနားယူဖြစ်မလားဆိုတာ မသိရှိနိုင်ကြောင်း ရော်နယ်ဒိုက ပြောပါတယ်။
အနားယူပြီးနောက်မှာ ဘောလုံးအသင်းတသင်းကို စီမံခန့်ခွဲမယ်လို့ ကိုယ့်ကိုယ်ကိုယ် မမြင်မိဘဲ အဲဒီလို အစီအစဉ်မရှိကြောင်း၊ ဘောလုံးလောကပြင်ပက တခြားတနေရာမှာပဲ ရှိနိုင်ပြီး အချိန်က စကားပြောသွားမှာ ဖြစ်ကြောင်း စီရော်နယ်ဒိုက ပြောသွားပါတယ်။
ရော်နယ်ဒိုဟာ ပိုလန်နဲ့ နေးရှင်းလိဂ်ပွဲမှာ ဘိုင်စကယ်ကစ်နဲ့ သွင်းဂိုးအပါအဝင် စုစုပေါင်း ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပေါ်တူဂီအတွက် ၁၃၅ ဂိုးအထိ သွင်းယူထားပါတယ်။
DVB