Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ထရမ့်ပ်သမ္မတဖြစ်ပြီးမကြာခင်စစ်ပွဲအဆုံးသတ်လိမ့်မည်--ဇလန်းစကီး
၂၀၂၅ ခုနှစ်တွင် ဒေါ်နယ်ထရမ်ပ့် သမ္မတရာထူးတာဝန်ထမ်းဆောင်လိုက်သည်နှင့် သူ့နိုင်ငံအပေါ် ရုရှားကဆင်နွှဲနေသော စစ်ပွဲသည် ဆောလျင်စွာ အဆုံးသတ်သွားလိမ့်မည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက နိုဝင်ဘာ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
“အခု အိမ်ဖြူတော်ကို ဦးဆောင်မယ့် အဖွဲ့ရဲ့ မူဝါဒတွေကြောင့် စစ်ပွဲက အဆောတလျင် ပြီးသွားမယ်ဆိုတာ သေချာပါတယ်။ ဒါက သူတို့ရဲ့ ချဉ်းကပ်မှု နည်းလမ်းနဲ့ သူတို့နိုင်ငံသားတွေအပေါ် ပေးထားတဲ့ ကတိကဝတ်ပါ” ဟု ယူကရိန်းမီဒီယာတစ်ခုဖြစ်သော Suspilne နှင့် အင်တာဗျူးတွင် မစ္စတာ ဇလန်စကီးက ပြောကြားခဲ့သည်။
“နေ့ရက်အတိအကျတော့ မသိပေမယ့် စစ်ပွဲကတော့ အဆုံးသတ်မှာပါ” ဟုလည်း သူက ဆိုခဲ့သည်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲအပြီး အနိုင်ရခဲ့မှုနှင့်ပတ်သက်၍ ထရမ့်ပ်နှင့် ဖုန်းဆက်သွယ် ပြောဆိုရာတွင် အပြုသဘောဆောင်သော အပြန်အလှန်သဘောထားရှိခဲ့သည်ဟု မစ္စတာ ဇလန်စကီးက ပြောဆိုသည်။
“ကျွန်တော်တို့ ရပ်တည်ချက်နဲ့ ကွဲလွဲတာမျိုး မကြားခဲ့ရပါဘူး” ဟု သူက ဆိုခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ရုရှား၏ ကျူးကျော်မှုစတင်ပေါ်ပေါက်ခဲ့ပြချိန်မှစတင်၍ ယူကရိန်းကို ဒေါ်လာဘီလျံ ဆယ်နှင့်ချီ၍ ပံ့ပိုးကူညီခဲ့မှုများအတွက် ရွေးကောက်ပွဲ မဲဆွယ်ကာလတလျှောက်လုံး ထရမ့်ပ်က ဝေဖန်ထားခဲ့ပြီး အဆိုပါ ပဋိပက္ခကို ၂၄ နာရီအတွင်း သူဖြေရှင်းသွားမည်ဟု ကတိပြုခဲ့ကာ မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်ကိုမူ ပြောဆိုခဲ့ခြင်း မရှိပေ။