52 w - Translate

Calm and Peaceful room🩷

image
52 w - Translate

Calm and Peaceful room🩷

image
52 w - Translate

Calm and Peaceful room🩷

image
52 w - Translate

Calm and Peaceful room🩷

imageimage
+6
52 w - Translate

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် (၂) သိန်း ထပ်မံတင်ပို့နိုင်ရေး ဆွေးနွေး

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအစိုးရတို့အကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ သဘောတူညီမှု MoU အရ ၂၀၂၄ -၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဆန်တန်ချိန် (၂)သိန်း တင်ပို့နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ (၁၃)ရက်၊ ညနေပိုင်းက Online ဖြင့်ပြုလုပ်ခဲ့ကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန်(၂)သိန်း ထပ်မံတင်ပို့နိုင်ရန် အရောင်းအဝယ်စာချုပ်(Sale Contract)စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ဈေးနှုန်းဆိုင်ရာ ကိစ္စရပ်များအား အသေးစိတ်ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှဥက္ကဋ္ဌနှင့်တကွ တာဝန်ရှိသူများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ministry of Food မှ အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရအကြား ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး စာချွန်လွှာအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်ဆန်ဖြူတန်ချိန် (၂) သိန်းခွဲနှင့် ပေါင်းဆန်တန်ချိန် (၅၀၀၀၀) ကို တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

image

image
52 w - Translate

တရုတ်-ထိုင်း ရထားလမ်း ဖောက်လုပ်ရေး အရှိန်မြှင့်ဖို့ ရှီတောင်းဆို

လီမာ၊နိုဝင်ဘာ ၁၅

တရုတ်နှင့်ထိုင်းတို့သည် နှစ်နိုင်ငံမီးရထားလမ်း တည်ဆောက်မှုကို အရှိန်မြှင့်သင့်ပြီး စွမ်းအင်သစ်၊ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဉာဏ်ရည်တုကဲ့သို့သော ထွန်းသစ်စနယ်ပယ်များ၌ပါ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သင့်သည်ဟု တရုတ်သမ္မတကပြောကြားခဲ့သည်။

၃၁ ကြိမ်မြောက် အေပက်စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး ပြင်ပတွင် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နှင့်တွေ့ဆုံစဉ် ၎င်းကယခုလိုပြောကြားခဲ့ခြင်း လည်းဖြစ်သည်။

တရုတ်နှင့်ထိုင်းတို့သည် ရင်းနှီးသည့်မိတ်ရင်းနိုင်ငံများဖြစ်ကြပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း နှစ်နိုင်ငံအသိုက်အဝန်းတည်ဆောက်ရေး၌ ထိုင်းနိုင်ငံခေါင်းဆောင်များနှင့် အရေးကြီးသောသဘောတူညီချက်ကို ရရှိခဲ့ကြောင်းလည်း ၎င်းကပြန်လည်ပြောကြားခဲ့သည်။

လာမည့်နှစ်သည် တရုတ်နှင့်ထိုင်းတို့၏ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်သည့်နှစ်ဖြစ်ကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးရွှေနှစ်အဖြစ် တရုတ်-ထိုင်း နှစ်နိုင်ငံ၏အစဉ်အလာချစ်ကြည်ရင်းနှီးမှုကိုရှေးရှုပြီး ဖွံ့ဖြိုးတိုးတက်ရေးဗျူဟာများ ခိုင်မာစေရန်အတွက်လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်းလည်းပြောကြားခဲ့သည်။

ယင်းနောက် အုပ်ချုပ်မှုဆိုင်ရာအတွေ့အကြုံများကိုဖလှယ်ခြင်း၊နယ်ပယ်အသီးသီးတွင် အပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ နှစ်နိုင်ငံခေတ်မီတိုးတက်ရေးကို ပံ့ပိုးပေးပြီး တရုတ် - ထိုင်း အသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေးမည်ဟုလည်းဆိုခဲ့သည်။

image
52 w - Translate

နိုဝင်ဘာလ၁၆ရက်နိုင်ငံတကာသတင်းတိုများ

၁။ အိန္ဒိယနိုင်ငံ၊ဥတာပရာ​ဒေရှ်ပြည်နယ်တွင်​ဆေးရုံမီး​လောင်မှုဖြစ်ပွားရာ​မွေးကင်းစက​လေးငယ်ဆယ်ဦးမီး​လောင်​သေဆုံးသွားသည်။

၂။အာရှပစိဖိတ်ထိပ်သီးအစည်းအ​ဝေးသိုတက်​ရောက်လာသည့်အ​မေရိကန်သမ္မတဘိုင်ဒင်အားထိုင်ဝမ်ကိုယ်စားလှယ်ကထိုင်ဝမ်ကျွန်းသိုလာ​ရောက်ရန်ဘိုင်ဒင်ကို​သောကြာ​နေ့ကဖိတ်ကြားလိုက်သည်။

၃။ဖိလစ်ပိုင်သမ္မတကလက်မှတ်​ရေးထိုးထုတ်ပြန်လိုက်​သောပင်လယ်​ရေ​ကြောင်းဥပ​ဒေကိုမ​လေးရှားကကန့်ကွက်လိုက်သည်။ဖိလစ်ပိုင်၏ဥပ​ဒေတွင်နှစ်နိုင်ငံအငြင်းပွား​နေ​သောကျွန်းကိုဖိလစ်ပိုင်ကသူ့ပိုင်နက်အဖြစ်ထည့်သွင်းလိုက်​သော​ကြောင့်ဖြစ်သည်။

၄။ရုရှားကအ​မေရိကန်သိုအနုမြူ​လောင်စာရည်များတင်ပို​ရောင်းချမှုကိုပိတ်ပင်လိုက်သည့်အတွက်​လောင်စာရည်တစ်​ပေါင်လျင်၄​ဒေါ်လာမှ၈၄​ဒေါ်လာအထိ​စျေးတက်သွားသည်။

၅။ဆလိုဗက်ဝန်ကြီးချုပ်​ရောဘတ်ဖီကိုကသူဝန်ကြီးချုပ်အဖြစ်ရှိ​နေသမျှယူကရိန်းကို​နေတိုးဝင်ခွင့်ဆန့်ကျင်မည်ဟု​ပြောလိုက်သည်။

NOM

52 w - Translate

BREAKING RUMORS 👉

မန်စီးတီး နည်းပြ ဂွာဒီယိုလာ နဲ့ စီးတီးကြား စာချုပ်သက်တမ်း ၁ နှစ်တိုးဖို့ မူအားဖြင့်သဘောတူညီမှုရခဲ့ပြီလို့သိရပါတယ်။

image
52 w - Translate

ကားဆရာရယ် ကားပဲမောင်းပါလားဗျာ
ဒီမှာမခံစားနိုင်တော့ဘူး

image