အစ္စရေးနဲ့အပစ်ရပ်ရေး လက်ဘနွန်ဆုံးဖြတ်ချက်မှန်သမျှ ထောက်ခံတယ်လို့ အီရန်အချက်ပြ

နိုဝင်ဘာ ၁၇

အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ လက်ဘနွန်ရဲ့ ဆုံးဖြတ်ချက်မှန်သမျှကို ထောက်ခံကြောင်း အီရန်အစိုးရ ထိပ်တန်းတာဝန်ရှိသူတယောက် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒါဟာ အစ္စရေးနဲ့ပဋိပက္ခအတွင်း အီရန်မဟာမိတ် လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ အပြင်းအထန် တိုက်ခိုက်ခံနေရချိန်မှာ ပဋိပက္ခကို အီရန်က အဆုံးသတ်လိုကြောင်း အချက်ပြလိုက်တာလို့ အကဲခတ်တွေက ဆိုပါတယ်။

အစ္စရေးဟာ ဟဇ်ဘိုလာတို့ ထိန်းချုပ်ထားတဲ့ ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးတွေမှာ မကြာသေးမီက လေးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်ဦးဆောင်တဲ့ သံတမန်ရေးလှုပ်ရှားမှု အရိပ်အယောင်တွေရှိနေစဉ်မှာ ဟဇ်ဘိုလာပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေတာဖြစ်ပါတယ်။

လက်ဘနွန်ဆိုင်ရာ အမေရိကန်သံအမတ်ဟာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆိုပြုချက်မူကြမ်းကို လက်ဘနွန်လွှတ်တော်ဥက္ကဌ နာဘစ်ဘာရီကို ပြီးခဲ့တဲ့နေ့က တင်ပြပေးအပ်ခဲ့တယ်လို့ လက်ဘနွန်အစိုးရ သတင်းရင်းမြစ်နှစ်ယောက်က ပြောပါတယ်။

စေ့စပ်ညှိနှိုင်းမှုတွေအတွက် အမေရိကန်သံအမတ်ဟာ ဟဇ်ဘိုလာအဖွဲ့ကိုထောက်ခံတဲ့ အီရန်ထိပ်တန်းအရာရှိ အလီလာရီဂျာနီနဲ့လည်း မနေ့က တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ မိမိတို့အနေနဲ့ ဘာမှဖျက်ဆီးဖို့ မစဉ်းစားကြောင်းနဲ့ ပြသနာတွေကို ဖြေရှင်းဖို့ အဖြေရှာနေပါတယ်လို့ လာရီဂျာနီက သတင်းစာရှင်းလင်းပွဲတခုမှာ လက်ဘနွန်အရေးနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။

Ref:Reuters
Photo:Reuters

Credit - VOA

#သတင်းဟင်းလေးအိုးကြီး

image
52 ပတ် - ဘာသာပြန်ပါ။

တောင်ကြီးတန်ဆောင်တိုင်က ပြန်လာတဲ့ကား ရပ်ထားတဲ့ကားကိုဝင်တိုက်လို့ သုံးယောက်သေပြီး ၁၀ ယောက် ဒဏ်ရာရ

နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်မှာ ဒီနေ့နိုဝင်ဘာလ ၁၆ ရက်နေ့မနက်ပိုင်းက ယာဥ်တိုက်မှုဖြစ်ပြီး သုံးယောက်သေကာ ဆယ် ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

တောင်ကြီးကနေ ပင်ဖြစ်ရွာကို မောင်းနှင်လာတဲ့ ခြောက် ဘီးကားက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရပ်ထားတဲ့ ၂၂ ဘီး ကုန်တင်ကားကိုဝင်တိုက်မိရာကနေ ကားပေါ်ပါသူတွေထဲမှာ သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

" မနက်အစော ၄ နာရီလောက်ကြီးဖြစ်တာ။ တောင်ကြီးတန်ဆောင်တိုင်ကပြန်လာတဲ့ကားလို့တော့သိရတယ်။ ကားကအရှိန်များပြီး မထိန်းနိုင်ဘဲ ကုန်ကားဝင်တိုက်မိတာပေါ့။တိုက်တဲ့ကားပေါ်ကပဲ ေသဆုံးနဲ့ဒဏ်ရာရတယ်။သေတာက အမျိုးသမီးသုံးယောက်ပါ။ဒဏ်ရာရတာက အမျိုးသားလေးယောက်နဲ့အမျိုးသမီးခြောက်ယောက်ပါ။ " လို့ ဒေသခံက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသမီးသုံးယောက်ရုပ်အလောင်းနဲ့အတူ ဒဏ်ရာရရှိခဲ့သူ ဆယ်ယောက်ကို တောင်ကြီးစဝ်စံထွန်းဆေးရုံကိုပို့ဆောင်ထားပြီး ဒဏ်ရာရသူတွေကတော့ စိုးရိမ်ရတဲ့ အခြေအနေမရှိဘူး လို့သိရပါတယ်။

တန်ဆောင်းမုန်းလပြည့်နေ့ နိုဝင်ဘာ ၁၅ရက် ညပိုင်း ၁၂ နာရီကျော်လောက်ကလည်းမွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မော်လမြိုင် - ရေး ကားလမ်းမှာ ခြောက်ဘီးကားနဲ့ ဆိုင်ကယ်တို့ တိုက်မိပြီး အမျိုးသားနှစ်ယောက်နဲ့အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Photo:CJ

#centralnewsnaypyitaw

image

နိုဝင်ဘာ ၁၇ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
52 ပတ် - ဘာသာပြန်ပါ။

နိုဝင်ဘာ ၁၇ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

image
52 ပတ် - Youtube

52 ပတ် - ဘာသာပြန်ပါ။

တောင်ကြီး တန်ဆောင်မုန်းလပြည့်ည ရိုးရာမီးပဒေသာ ပူဇော်ပွဲ

52 ပတ် - ဘာသာပြန်ပါ။

တောင်ကြီး တန်ဆောင်မုန်းလပြည့်ည ရိုးရာမီးပဒေသာ ပူဇော်ပွဲမြင်ကွင်း

#centralnewsnaypyitaw

52 ပတ် - ဘာသာပြန်ပါ။

မနက်ဖြန်တွင် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၅)ခု၌ မိုးရွာသွန်းနိုင်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နိုဝင်ဘာ ၁၆ ရက်ည ၇ နာရီထုတ်ပြန်ချက်အရ မနက်ဖြန် နိုဝင်ဘာ ၁၇ ရက်တွင် ရန်ကုန် တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၅)ခု၌ မိုးရွာသွန်းနိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးရွာသွန်းနိုင်ပြီး ရွာရန်ရာနှုန်းမှာ ၆၀ ဖြစ်ကြောင်း သိရသည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တ လေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် က ယားပြည်နယ်တို့တွင်အများအားဖြင့် သာယာပြီး ကျန်တိုင်းနှင့်ပြည်နယ်များတွင် တိမ်အသင့်အတင့်ဖြစ်ထွန်းမည်ဖြစ်ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်လျက်ရှိ၍ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း ၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

image
52 ပတ် - ဘာသာပြန်ပါ။

လေးလုံးသူငယ်ချင်း မျက်မှန်ချွတ်လိုက်တဲ့အခါ

image