52 w - Translate

🎀

image
52 w - Translate

🎀

image
52 w - Translate

🎀

image
52 w - Translate

🎀

image
52 w - Translate

🎀

image
image
image
image
image
52 w - Translate

တောင်ကြီး တန်ဆောင်မုန်းလပြည့်ည ရိုးရာမီးပဒေသာပူဇော်ပွဲ 🤗

image

တောင်ကြီး တန်ဆောင်မုန်းလပြည့်ည ရိုးရာမီးပဒေသာပူဇော်ပွဲ မြင်ကွင်းများ

ဓာတ်ပုံ - Lin Lin(TGI)

#centralnewsnaypyitaw

imageimage
+8

ပဲခူးမြို့တွင် ကျင်းပသော တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် MSMEs စျေးရောင်းပွဲတော်မြင်ကွင်း

နိုဝင်ဘာ ၁၆ ရက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် MSMEs စျေးရောင်းပွဲတော်မြင်ကွင်းကို တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၁၅ ရက်) က မြင်တွေ့ရသော ပုံရိပ်များဖြစ်ပါသည်။


#centralnewsnaypyitaw

imageimage
+10

ဘိုင်ဒန်အစိုးရ ယူကရိန်းကို ထောက်ပံ့မှု ရပ်သင့်ဟု ဟန်ဂေရီပြော

နိုဝင်ဘာ ၁၆

သမ္မတသက်တမ်း ပြည့်တော့မည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်(Joe Biden) ဦးဆောင်သည့် အစိုးရအဖွဲ့ အနေ ဖြင့် ယူကရိန်းအား စစ်ရေးအကူအညီ ပေးနေမှုကို ရပ်တန့်သင့်ပြီဖြစ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော် ဘန် (Viktor Orban) က ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

အမေရိကန်တွင် ယူကရိန်း စစ်ပွဲနှင့်ပတ်သက်ပြီး အနာဂတ်မူဝါဒများ ချမှတ်ရေးအတွက် ငြင်းခုံမှုများ ရှိနေသည် ဟုလည်း အော်ဘန်က ဆိုသည်။

"ကျနော်က ဘာလုပ်ပါ၊ ဘာမလုပ်ပါနဲ့ဆိုပြီး မပြောနိုင်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ဟာ ကျနော့်အတွက် နည်းနည်းထူးဆန်းနေပါတယ်။ သမ္မတက နိုဝင်ဘာမှာ ရွေးကောက်ခံရပေမယ့် သူဟာ ဇန်နဝါရီ ၂၀ ကျမှ သမ္မတရာထူးကိုရမှာ ဖြစ်ပါတယ်။ အဲဒီလောက်အချိန်တွေ ကွာဟနေတဲ့ အတောအတွင်း အများကြီး ဖြစ်ပျက်သွားနိုင်ပါတယ်။ လက်ရှိ အမေရိကန်အစိုးရအဖွဲ့ထဲမှာ စစ်လိုလားသူတွေပါနေပါတယ်။ ရွေးကောက်ပွဲ အနိုင်ရသွားတဲ့ ဒေါ်နယ်ထရမ့် (Donald Trump) ရဲ့ အဖွဲ့ထဲမှာတော့ ငြိမ်းချမ်းရေး လိုလားသူတွေပါပါတယ်" ဟု အော်ဘန်က ပြောသည်။

သက်တမ်း ကုန်တော့မည့် ဘိုင်ဒန်အစိုးရအဖွဲ့အတွက် တစ်ခုတည်းသော မျှတသည့် နည်းလမ်းမှာ အာဏာ လွှဲပြောင်းချိန်တွင် ယူကရိန်းအတွက် စစ်ရေးအကူအညီများကို လျှော့ချရေးဖြစ်သည်ဟု အော်ဘန်က ဆိုသည်။

"သူတို့အနေနဲ့ ရန်လိုမှုတွေကို မြင့်တက်လာအောင် မလုပ်သင့်တော့ပါဘူး။ သူတို့ဟာ ငြိမ်းချမ်းရေး လိုလားတဲ့ သမ္မတသစ်ကို သူ့ရဲ့ ကတိကဝတ်တွေ အကောင်အထည်ဖော်ခွင့်ပေးသင့်ပါပြီ" ဟု ဟန်ဂေရီဝန်ကြီးချုပ်က ပြောသည်။

အစောပိုင်းကလည်း အော်ဘန်က အမေရိကန်ရွေးကောက်ပွဲတွင် ထရမ့် အနိုင်မည်ဆိုပါက ယူကရိန်းအရေးသည် ငြိမ်းချမ်းစွာ ပြေလည်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ဖူးသည်။


Source: တာ့စ်

ပုံ - ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

ပေါ့ဘာနဲ့ ဂျူဗင်တပ်စ် စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီမှုရရှိ

နိုဝင်ဘာ ၁၆

ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီမှုရရှိခဲ့တာကြောင့် နိုဝင်ဘာ ၃၀ ရက်မှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ပွဲကစားခွင့် ၄ နှစ်ကြာ ပိတ်ပင်ထားတဲ့ ပြစ်ဒဏ်ကို အယူခံဝင်ခဲ့တာမှာ ၁၈ လ လျှော့ချခံခဲ့ရတာပါ။

အဲဒါကြောင့် ပေါ့ဘာဟာ ၂၀၂၅ ခုနှစ်၊ဇန်နဝါရီလမှာ လေ့ကျင့်မှုတွေပြုလုပ်ပြီး မတ်လမှာ ပွဲတွေပြန်ကစားလို့ရပြီ ဖြစ်ပါတယ်။

ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့အတွက် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းသစ်တစ်သင်းထံ ပြောင်းရွှေ့လို့ရပြီဖြစ်တာပါ။

ဂျူဗင်တပ်စ်အသင်းက ပေါ့ဘာရဲ့ ပရော်ဖက်ရှင်နယ်အနာဂတ်အတွက် အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းကြောင်း ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ပေါ့ဘာကလည်း ဂျူဗင်တပ်စ်အသင်းနဲ့ လုပ်ဆောင်ခဲ့တဲ့ အမှတ်တရတွေကို အမြဲတမ်းမြတ်နိုးနေမှာဖြစ်ပြီး အခုအချိန်မှာ နောက်ထပ်အခန်းကဏ္ဍအသစ်ကို စောင့်မျှော်ကာ အသင်းသစ်နဲ့အတူ ကွင်းထဲကို ဝင်ရောက်ချင်နေပြီလို့ ပြောခဲ့ပါတယ်။

ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းကို ၂၀၂၂ ခုနှစ်နွေရာသီက ပြန်လည်ရောက်ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်၊ဇွန်လအထိ စာချုပ်ချုပ်ခဲ့တာပါ။

ဒါပေမယ့် ပေါ့ဘာဟာ ဒဏ်ရာတွေ၊တားမြစ်ဆေးကြောင့် ပွဲကစားခွင့်ပိတ်ပင်ခံခဲ့ရပြီး ဂျူဗင်တပ်စ်အသင်းအတွက် ၁၂ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာဟာ လက်ရှိအချိန်မှာ အသင်းသစ်ရရှိဖို့အတွက် သီးသန့်လေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။

အသက် ၃၁ နှစ်အရွယ်ရှိ ပေါ့ဘာဟာ ပြင်သစ်အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ စိတ်ဆန္ဒပြင်းပြနေတယ်လို့ သိရပါတယ်။

ပေါ့ဘာဟာ ပြီးခဲ့တဲ့၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲတွေမှာ ပြင်သစ်အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိတာပါ။

ပေါ့ဘာဟာ ပြင်သစ်အသင်းအတွက် ၉၁ ပွဲကစားထားပြီး ၁၁ ဂိုးသွင်းယူကာ ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ ၂၀၂၀-၂၁ နေးရှင်းလိဂ်ဖလားတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:BBC

#သတင်းဟင်းလေးအိုးကြီး

image